Saturday, January 31, 2009
Snapshot on smile
လျှပ်တပြက် ဖမ်းမိတဲ့ အပြုံး...
မလက္ကာမြစ်ကြောင်းတစ်လျှောက် မော်တော်ဘုတ်စီးနေတုန်း အခြားမော်တော်ဘုတ်ပေါ်က တစ်ယောက်ကို လျှပ်တပြတ် ရိုက်လိုက်တဲ့ပုံလေးက ကောင်းနေလို့ တင်လိုက်တာပါ။ သူကတော့ သူ့ဘာသာသူ ပြုံးနေတာပါ။ ဓါတ်ပုံရိုက်နေမှန်း သိလို့ တမင်ပြုံးနေတာတော့ မဟုတ်ပါဘူး။ အဲဒီအပြုံးတစ်ခုကို မထင်မှတ်ပဲ ဖမ်းမိခဲ့တာပါ။ လူပုံတွေရိုက်ရင် အဆင်မပြေသေးတဲ့ ကျွန်တော့်အဖို့ ပုံကောင်းကောင်းလေးတွေ ရဖို့ ကြိုးစားနေရတုန်းပေါ့။ လူရုပ်တွေရိုက်ရင် ၀ါးနေတုန်းပဲဗျ။ အဟ...
ဒါနဲ့ ကိုဇူလိုင်ဗျာ... တင်မယ့်တင် ကောင်မလေးလှလှပုံလေး တင်ပါလားလို့ ပြောချင်ကြမယ့် ပရိသတ်ကြီးကို ပြန်ဖြေချင်တာကတော့... ကျွန်တော်ဆီမှာ ကနွဲ့ကလျကွန့်မန့်တွေ ဂွတီးဂွကျကွန့်မန့်တွေ အမြဲလိုလိုနီးပါး လာလာပေးနေတတ်တဲ့ Strike ဆိုတဲ့ အထူးစပါယ်ရှယ် ဗွီအိုင်ပီကြီးအတွက် အဓိက ရည်စူးပြီး ဒီပုံလေးကို တင်ပေးထားတာပါ။ အနည်းဆုံးတော့ သူရင်ခုန်သွားမယ်လေ။ သူပျော်သွားမယ်လေဗျာ။ :P
22 comments:
  1. တခါတလေ တမင်လုပ်ယူရတာထက် သဘာဝအတိုင်းလေးရှိနေတာက ပိုကောင်းတယ်နော် ဘယ်သူလဲတော့မသိဘူး အခုလိုပြောလို့ သဘောကျတယ်ဆိုရင် မုန့်ဝယ်ကျွေးနော် မနောက်ဘူးနော် တကယ်ကြည့်ကောင်းတယ် နှင်းပါ ဓါတ်ပုံကြည့်ပြီး ပြုံးသွားတယ်။
    ReplyDelete
  2. ဟင့်အင်း..ဟင့်အင်း
    တို့က ကိုဂျူလိုင် ကိုဘဲ ရင်ခုန်ချင်တာ..
    ပုံ
    strike
    ReplyDelete
  3. အားကျစေချင်လွန်းလို့
    http://www.pti31.com/2008/11/blog-post_08.html
    ReplyDelete
  4. လှေနံရံကို ကိုင်ထားပုံကိုက မချိသွားဖြဲလို့ ထင်တယ်။ ကြောက်ကြောက်နဲ့ လှေနံရံကို ကိုင်ထားတာများလား။ ကိုဂျူလိုင်တော့ မဟုတ်လောက်ပါဘူး။ ကိုဂျူလိုင်က ခန့်ချောကြီးပါ။
    ReplyDelete
  5. ဒီဇင်ဘာနှင်းရေ...
    ဘယ်သူလဲတော့ဆိုတော့ ကျွန်တော် မဟုတ်တာ သေချာပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်က ဓါတ်ပုံရိုက်တဲ့သူပါ။
    မခင်ဦးမေ...
    အဟမ်း အဟမ်း...
    ဘာမှ မပြောတော့ပါဘူးနော်။
    မခင်ဦးမေရေ...
    အစ်မရဲ့ အားကျစေချင်တဲ့ စေတနာကို နားလည် သဘောပေါက်မိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ အစ်မတွေကမှ သေချာ မသင်ပြ လမ်းမညွှန်ပဲ... ဆရာစားတွေ ချန်... ဟိုလိုဒီလို ဝေ့၀ှိက်ပြီး သဲလွန်စတွေ ပေးနေတော့ တုံးလွန်း အ..လွန်းတဲ့ ကျွန်တော် အခုတော့ အားပဲ ကျနေရပါတယ် ခင်ဗျာ။
    ဗေဒင်ဆရာလေး...
    သူများတွေ မမြင်တဲ့ ထောင့်ကနေ ကြည့်သွားတာပဲ။ ဟုတ်ပဗျာ။ လှေနံရံကို ကိုင်ပြီး မချိသွားဖြဲပုံလည်း ဖြစ်နိုင်တာပဲနော်။ သေချာတာ တစ်ခုက ကျွန်တော် မဟုတ်ဘူးဗျာ။ အဟား...
    ReplyDelete
  6. စာမဖတ်သေးဘဲ ပုံကို အရင်ကြည့်မိတော့ ကိုဂျူလိုင် ထင်ပြီး ဟယ်..ငါထင်ထားတာနဲ့မတူပါလား လို့ ဖြစ်မိသေး။ နောက်မှ သူများပုံဆိုတော့ ..။
    လူရုပ်ရိုက်ရင် ၀ါးတုန်းပဲ ဆိုတာကတော့ တို့က စောင်းပြောနေတာလားဟင်..
    ReplyDelete
  7. ဆောရီး..တို့ကို စောင်းပြောနေတာလားလို့ မေးတာ၊ တို့က စောင်းပြောနေတာလား ဖြစ်သွားလို့။ သတ်ပုံ ပြန်ပြင်တယ်။
    လျှပ်တပြက်အပြုံးများ ရိုက်စရာ ရှားလို့ ယောကျာင်္းတယောက်ရဲ့ အပြုံးကို ရွေးတင်ရတယ်လို့။ အချင်းချင်းကြီးကို..:)
    ReplyDelete
  8. မချိုရေ...
    လူရုပ်ကြီးတွေကို ရိုက်ရင် ၀ါးနေတုန်းပဲ ခင်ဗျာ။ အဟီး... သေသေချာချာ ဖတ်ပါနော်။ တချို့ ဘလော့ဂါတွေကို ကျွန်တော် ဓါတ်ပုံ ရိုက်ပေးဖူးပါတယ်။ အခုပုံကို ရိုက်ထားတဲ့ ကင်မရာနဲ့ပဲဗျာ။ ဒါပေမယ့် ပုံတွေက ၀ါးတယ်ဗျ။ ဒါကြောင့် လူရုပ်ကြီးတွေကို ဓါတ်ပုံရိုက်ရင် ၀ါးနေပါတယ် ခင်ဗျာ။ ကျွန်တော်ရဲ့ ညံ့ဖျင်းမှုပေါ့ဗျား။ အဟီး...
    ReplyDelete
  9. မချိုရေ...
    ကျွန်တော်က Strike အတွက် အထူးစပါယ်ရှယ် တင်ပေးလိုက်တာပါ။ အခုလို အားမလို အားမရ မေးခွန်းတွေ ပြောကြ မေးကြတော့မယ် ဆိုတာကို ကြိုပြီး တွေးမိထားပါတယ်။ ဒါပေမယ့် အစ်မရယ်... Strike ဆိုတာ Blog တွေရဲ့ VIP လေဗျာ။ သူ့အတွက် တကူးတက တမင်တကာ ရည်စူးပေးထားတာပါ ခင်ဗျာ။ အဟီး... :P
    ReplyDelete
  10. မီးမီးကကိုဂျူလိုင်များလာလို့...ထင်တော့ထင်သား တို့အကိုကဒီထက်ဝပါတယ်လို့.....ဟိဟိ
    ReplyDelete
  11. ကိုဂျူလိုင်...ခင်ဗျား ၀ါးတုန်းပဲဆိုရင်တော့.. လန့်တယ်ဗျာ... ဒီပုံကြီးကလဲ ခင်ဗျားဝါးချင်ချင်နဲ့များ ရိုက်ထားသလား.. ဂန်းကြီးပြောသလို.. ဓာတ်ပုံဆရာကိုလန့်လို့ မချိသွားဖြဲနေတာများလားဗျ...။
    ခင်မင်လျက်...
    မိုးမောင်
    ReplyDelete
  12. ထူးဆန်းတဲ့ ဗမာ စကားများ .. ပြောချင်ဖူး..ပြောချင်ဖူးနဲ့ ပြောစရာဖြစ်လာတယ်၊ ဂျူလိုင်အိပ်မက် မဟုတ်ဖူး ဆိုရင်တော့ အကြောင်း မဟုတ်ပါဖူး...ဟုတ်တော့ကော ဆိုရင် ..အခုတလော ကိုယ့်ကိုကိုယ် မဲပေး သတ်မှတ်တဲ့ အစိုးရတို့ ..ကိုယ်ကိုကိုယ် မဲပေး ပို့(စ်)တင်တဲ့ ဘလောက်ဂါများ ပေါ်လာပြီလားလို့ ...ခေတ်မီ လိုက်တာဗျာ..လို့... အာချောင်မလို့ပါ။
    ReplyDelete
  13. ပန်းကမ္ဘာရေ...
    ကျွန်တော် ဒီထက် ၀ပါတယ်ဆိုတာကို ဘယ်သူမှ လျှောက်မပြောပါနဲ့ဗျာ။ အဟား...
    ကိုမိုးမှောင်ရေ...
    ကျွန်တော် ၀ါးချင်ချင် ဖြစ်နေလို့ သူ မချိသွားဖြဲ ဖြစ်နေတာ မဟုတ်လောက်ဘူး ထင်တယ်။ သူ့ပုံက ကြည်နေလို့ ကျွန်တော်လည်း တင်လိုက်ပါတာပါ။ ဆိုလိုတာက မ၀ါးချင်ချင် ဖြစ်သွားတယ်ပေါ့။ ဟဟ...
    ကိုဒူကဘာရေ...
    ပြောပါဗျာ... ကိစ္စ မရှိပါဘူး။ အဲဒါမျိုးကို မျှော်လင့်ထားခဲ့ပါတယ်။ တိုက်ခန်း တစ်ခန်းတည်းမှာ တစ်ယောက်တည်း မနေနိုင်တဲ့ ဘ၀လို့ ပြောလို့ရသလို အင်တာနက်ကို တစ်ယောက် တစ်ခု မသုံးနိုင်တဲ့ ဘ၀ဆိုတော့ ဒီလိုမျိုးတွေ ဖြစ်သွားတတ်ပါတယ်။ :)
    ReplyDelete
  14. JDရေ reading glass ပျောက်နေတာ၃ရက်လောက်ရှိပြီ
    ဘာမှဖတ်လို့မရဘူးဖြစ်နေတယ်။နေကောင်းတယ်မဟုတ်လား၊စိတ်ပုတ်တွေလျှော့နော်.......အင့်
    ReplyDelete
  15. ဟဟ...လူလည် Strike ပဲကွ... အခုချိန်မှ လေးလုံးက ပျောက်ရသလားဗျာ။ ဒီစာဖတ်ဖို့ လေးလုံးပါ စပွန်ဆာ ပေးရမယ့် သဘောရှိနေတယ်။ အဟက်...
    ဟဲဟဲ... ကျွန်တော် စိတ်ပုတ်တာ မဟုတ်ပါဘူးဗျာ။ ဖြစ်စေချင်လို့ စီစဉ်ပေးတာပါ။ ဘာပဲဖြစ်ဖြစ် ရင်ခုန်သွားတယ် မဟုတ်လားဗျာ။ အဟား...
    (စတာနော် အတည်...) စိတ်မဆိုးကြေးပေါ့။
    ReplyDelete
  16. မဆိုးပါဘူး JD ရယ်၊reading glass ကပျောက်နေတုံးပဲလေ၊အခုတောင်စိတ်
    နဲ့ JD အတွေးတွေကိုမှန်းပြီးရေးလိုက်ရတာ။
    ReplyDelete
  17. ဓါတ်ပုံအယူအဆအရဆိုရင် ခုရိုက်တဲ့ပုံက ကင်မရာမှာ လူပုံကိုနေရာချထားတာ နည်းနည်းမှားနေသေးတယ်။
    လူရဲ့ မျက်လုံးရှေ့ရှုရာကို သုံးပုံ နှစ်ပုံထားပေးရမယ်လို့ အဆိုရှိပါတယ်။
    သီအိုရီအရဆိုရင်ပေါ့လေ ဟဟ
    (ဆရာကြီးလေသံဖြင့် ဖတ်ပါ)
    ReplyDelete
  18. မောင်းနေတဲ့ မော်တော်ပေါ်က လူကို မှီသလိုလေး လှမ်းရိုက်လိုက်ရလို့ပါ လို့ ဆင်ခြေမပေးတော့ပါဘူး ခင်ဗျာ။ (တပည့်ကလေး ပြန်ဖြေသံဖြင့် ဖတ်ပါရန်)
    ReplyDelete
  19. အဟမ်း အဟမ်း။
    စိတ်ဝင်စားတဲ့ပုံကျတော့ မ၀ါးတော့ဘူးပေါ့။
    ကွန်ဆန်ထရေးကောင်းနေတာကို။ ကိုစရိုက်ကြီး
    သတိထားပါ။
    ReplyDelete
  20. အင်း အမှတ်မထင် ပြုံးမိတဲ့ ငါ့အပြုံးဟာ
    အခုလို ကိုဂျူလိုင်ကြီးရဲ့ဘလောက်မှာပါပြီး သူ့ပရိတ်သတ်တွေ
    မတွေးမိပါဘူး ... အင်း လောက လောက နာမည်ကြီးချင်တော့လည်း ... ငါ ဘယ်သူဘယ်ဝါမှန်းမသိပဲနဲ့တောင် နာမည်ကြီးတော့တာပါကလား ... ဟင်းဟင်း .... ။
    (ဓါတ်ပုံထဲမှ အပြုံးပုဂ္ဂိုလ်၏ အတွေး တစ်စ .... )
    ReplyDelete
  21. strike က ကိုဂျူလိုင် ရင်ဘတ်ထဲ က အတွေးတွေ ကို မှန်းကြည့်နေတယ်လာ့။
    ရင်ခုန်လိုက်တာ။
    ReplyDelete
  22. နီမ...
    လူရုပ် မဟုတ်ရင် မ၀ါးဘူးထင်တယ်ကွ။ အဟား...
    အိပ်မက်ရှင်ကြီးရေ...
    မသိရင် ဓါတ်ပုံထဲက လူက အိပ်မက်ရှင်လိုလို ဘာလိုလိုပေါ့နော်။ အဲဒီလိုပဲ ထင်သွားကြရင်း နံမယ်ကြီးသွားရင် မမေ့ကြေးဗျာ။
    မခင်ဦးမေရေ...
    Strike က မျက်မှန် ပျောက်နေတော့ ရင်ဘတ် ဘယ်နားမှာရှိလဲ ဆိုတာ သိမှာ မဟုတ်ဘူးဗျ။ ရင်တွေ ခုန်မနေနဲ့ အစ်မရာ။ ခုန်မောကြီး ဖြစ်နေအုံးမယ်နော့်။ ဟဟ...
    ReplyDelete