Sunday, June 14, 2009

WBDD 2009

ဒီနေ့က ဇွန်လ ၁၄ ရက်နေ့ ကမ္ဘာ့သွေးလှူရှင်နေပေါ့။ သွေးလှူဖို့ ရက်ပြည့်နေတာ လဆန်းပိုင်းကတည်းက။ ဒါပေမယ့် အလုပ်မအားတာနဲ့ မလှူဖြစ်လိုက်ဘူး။ နောက်လ ဇူလိုင်မှာ ရောက်မယ့် မွေးနေ့အထိ စောင့်ပြီး လှူဖို့ကျတော့လည်း အချိန်တွေ နှမြောစရာ။ ဒါနဲ့ ကမ္ဘာ့သွေးလှူရှင်နေ့ အထိမ်းအမှတ်အနေနဲ့ ဒီနေ့မှာ သွားလှူဖို့ ဆုံးဖြတ်ထားလိုက်တယ်။

ဒီတစ်ခေါက် သွေးလှူတာက န၀မအကြိမ်မြောက်ပါ။ သွေးလှူတာ ၂၅ ကြိမ်ပြည့်ရင် စင်္ကာပူကြက်ခြေနီက ကြေးတံဆိပ် ချီးမြှင့်မှာဆိုတော့ နောက်ထပ် ၁၆ ကြိမ် ထပ်လှူဖို့ လိုသေးတယ်။ အကြိမ် ၅၀ ပြည့်ရင်တော့ ငွေတံဆိပ် ရမယ်။ ၇၅ ကြိမ်ဆို ပတ္တမြားတံဆိပ်၊ အကြိမ် ၁၀၀ ဆိုရင် ရွှေတံဆိပ်။ အဲဒီလောက်ထိ လှူနိုင်ဖို့ ကျန်းမာရေး ကောင်းနေတယ် ဆိုရင်တော့ ဆက်လက် ချီတက်သွားအုံးမှာပါ။ လောလောဆယ် အချိန်မှာ အနီးဆုံးက ကြေးတံဆိပ်ဆိုတော့ အဲဒီဟာကိုပဲ အဓိက ပစ်မှတ်ထားထားတယ်။ အဝေးကြီးကို မျှော်နေရတာ မောလွန်းလို့ပါ။

မနေ့ကလည်း ၀ိုင်တီယူရွာသားနဲ့ ကျွန်တော်ဇူလိုင် ဂျူရောင်းငှက်ခြံထဲမှာ တနေကုန် အပေါက်ချောင်းလိုက် အဖုနှိပ်လိုက်နဲ့ လက်မလည်လိုက်ပုံများ ညနေလည်း ရောက်ရော နှစ်ယောက်စလုံး ရုပ်မထွက်တော့ဘူး။ နဂိုကတည်းက ရုပ်ဆိုးရတဲ့ကြားထဲ ပင်ပန်းတာတွေ စုလိုက်တော့ ဘီလူး သံပုရာသီး ငုံထားတဲ့ပုံ ဖြစ်ကုန်တယ်။ ရွာသားက ဓါတ်ပုံတွေ မတင်ပါနဲ့ဆို့လို့ ကျွန်တော် ဓါတ်ပုံ မတင်တော့ပါဘူး။ ဒါကြောင့် ဘီလူး သံပုရာသီး ငုံရင် ဘယ်လိုပုံမျိုးလဲဆိုတာ သိခွင့်မရလိုက်တာကို စိတ်မကောင်းပါဘူး။

မနေ့က ငှက်ခြံပွဲကို ဘောနပ်တတ်တဲ့ ကိုသီဟသစ်နဲ့ ဖိုးသင်္ကြန်လည်း လာသေးတယ်။ ကင်မရာတစ်လုံးနဲ့ မျောက်အုန်းသီး ရနေတဲ့ ကျွန်တော့်ကို ဟောင်ကောင်မင်းသားနဲ့ တူတယ်နော်ဆိုပြီး မြှောက်ပါသေးတယ်။ စိတ်ထဲမှာ ရွာသားကိုတောင် အားနာမိသေးတယ်။ တကယ်တော့ သူက ကျွန်တော်ကို ဟောင်တယ်လို့ သွယ်ဝိုက် ပြောသွားတာနေမှာပါ။ ကျွန်တော်က ဟောင်တဲ့အပြင် ကိုက်တတ်သေးတယ်။ သူ မသိလို့ပဲ ပြောတာပဲလို့ သဘောထားလိုက်ပါတယ်။ သူတို့ခမျာ ညနေစောင်းအထိ ထမင်းမစားရရှာတဲ့ ကျွန်တော့်ကို သနားသွားပြီး ထမင်းဗူးလေး လာပို့သွားကြတယ်။ ကျွန်တော့်ပုံကို မြင်ပြီး အစားကြီးတယ်များ မှတ်နေလား မသိပါဘူး။ ထမင်းဗူးကို ၂ ဗူးတောင် ၀ယ်လာပေးတယ်။ သူတို့က စားပါ စားပါ ဆိုပြီး အတင်းကျွေးလို့ စားလိုက်ပါတယ်။

ကျွန်တော်က ရှပ်ပြာရှပ်ပြာ ခလေးလိုပဲလို့ ရွာသားက ပြောပါသေးတယ်။ သူက ဆပ်ပြာသည်ကို သတိရလို့ ပြောတာ ထင်ပါတယ်။ သူ ပြောလည်း ပြောစရာပါပဲလေ။ ကျွန်တော် မနေ့က ပွဲမှာ ချော်လဲသေးတာကိုး။ ငှက်ခြံမှာ မိုးရွာထားတော့ ရေတွေ အိုင်နေပါတယ်။ ဓါတ်ပုံရိုက်ရတာကလည်း တစ်နေရာတည်း မဟုတ်ပြန်ဘူး။ အဲဒီတော့ တစ်နေရာကနေ တစ်နေရာအကူး အလျှင်စလို သွားမိတော့ ဖင်ထိုင်ရက်ကို လဲပါလေရော။ လူ ဖြစ်ချင်ရာ ဖြစ် ကင်မရာ ဘာမှ အဖြစ်မခံနိုင်ဘူး ဆိုတော့လည်း ကင်မရာက ဘာမှ မဖြစ်ပါဘူး။ လူကတော့ လက်ထောက်မိတဲ့ အရှိန်နဲ့ ညာဘက်လက်လေး နည်းနည်း နာသွားပါတယ်။ တနေကုန် အလုပ်ပိနေတော့ သတိမထားမိပါဘူး။ ညဘက်ရောက်မှပဲ အအေးဒဏ်ကြောင့် လက်ချောင်းလေးတွေ ကိုက်ပါတော့တယ်။ အခုတော့ ပျောက်သွားပါပြီလေ။ ပို့သတဲ့ မေတ္တာတွေကြောင့် မဟုတ်ပါဘူး။ မျက်စိနဲ့ နှာခေါင်း အပူဟပ်ပြီး လက်ချောင်းတွေ ကိုက်တာ ပျောက်သွားတာပါ။ အဲဒါကို သိတဲ့သူတွေ သိကြပါတယ်။ သိရဲ့နဲ့ ဖွတဲ့သူတွေ ဟိုဝှာဖြစ်ပါစေဗျာ။ ဒါပါပဲလေ။

31 comments:

  1. ၀င်းဦးသီချင်း ပဲလာဆိုနိုင်တော့တယ်

    ReplyDelete
  2. ပွဲပြီးတော့ နောက်ဆက်တွဲ အပေါက်ချောင်းတာလေးကော ထပ်ရေးဦးမှာဟုတ်

    ReplyDelete
  3. ကိုJulyရေ

    ကျမ်းပြုစုတာလေး ပြီးရင် မြန်မြန်တင်ပါဗျို့
    :)

    ခင်မင်စွာဖြင့်
    သီဟသစ်

    ReplyDelete
  4. အဟမ်း
    ကျွန်တော်ကတော့ မပြောမိပေါင်။
    ကိုသီဟသစ် ပြောတဲ့ကျမ်းကြီးကိုပဲ အကြီးအကျယ် စိတ်ဝင်စားနေပါသည်။

    ReplyDelete
  5. 15 Jun 09, 00:51
    kom: ကိုအံ့ကျော်ကို မပြောရက်ပါဘူးကွယ် လှည်းကလေးအနောက်မှာမျက်ရဘ်စက်လက် ဖြစ်နေတယ်။
    15 Jun 09, 00:50
    kom: ဟောင် ဟောင် လို့ပြန်ပြောလိုက်ပေါ့. နိဟောင်မားဆိုရင် ဟောင် လို့ပြောရတယ် မဟုတ်လား
    15 Jun 09, 00:49
    kom: သူမျများက အကောင်းကျွေးတာ ကို ဘာဖြစ်လို့ ဆဲတယ်ထင်ရတာလဲ မြန်မာစကားမတတ်ဘူးလား။
    15 Jun 09, 00:49
    kom: နောက်နစ်ယောက်ကျန်သေးတယ် ဘယ်သူတွေ လဲ။
    15 Jun 09, 00:48
    kom: ၀ိုင်တီယူရွာသားကျွန်တော်ဇူလိုင် ဘောနပ်တတ်တဲ့ ကိုသီဟသစ်နဲ့ ဖိုးသင်္ကြန နောက်နစ်ယေ
    15 Jun 09, 00:46
    kom: ဝဝတုတ်တုတ်ကလေက ဘယ်သသူလဲ အမည်မဖော်ုလိုသူ . ကိုဂျုလိုင်လား
    15 Jun 09, 00:46
    JulyDream: မီးသတ်ဆေးဗူးတွေ အဆင်သင့် ယူထားအုံး။
    15 Jun 09, 00:45
    JulyDream: ခေါင်းမီးလောင် သွားအုံးမယ်
    15 Jun 09, 00:45
    kom: သိချင်လိုက်တာ..
    15 Jun 09, 00:44
    kom: သေချာစဉ်းစားနေတယ်
    15 Jun 09, 00:43
    kom: လာဖတ်နေတယ်

    ReplyDelete
  6. အဲဒီ ကျမ်းကြီးက ရွာသားလေး Tag ထားတဲ့ နှစ် ၂၀ အတွက် ဗျ။ ဒေတာတွေ စုနေတယ်။ ဒါပေမယ့် ပြောင်းဖူးရိုးတွေ၊ အုတ်ခဲကျိုးတွေနဲ့ အပေါက်ခံရမှာ မြင်နေလို့ စာကို ဘယ်ပုံစံနဲ့ ဇာတ်စင်ပေါ် တင်ရမလဲ စဉ်းစားနေတယ် ခင်ဗျ။

    တကယ်တော့ အစွယ်လိုသူ ၀ိုင်တီယူရွာသား... အသွားစေခိုင်းသူတွေက သီဟသင်္ကြန်... ငမိုက်သားက ကျွန်တော် ဇူလိုင်ပါ။ =)

    ReplyDelete
  7. ပြာင်းဖူးရိုးတွေ၊ အုတ်ခဲကျိုးတွေ များစုထားသည်။

    ReplyDelete
  8. သွေးပိုက်တွေ ကောင်းကောင်းစီးလား လာကြည့်တာ။
    ဘာကျမ်းဆိုလား.. အဲတာပါ စိတ်ဝင်စားတွားဘီ။
    ဘာမှန်းမသိ အကိုလဲ ဖတ်ချင်၏။

    ReplyDelete
  9. ဘီလူး သံပုရာသီး ငုံထာတဲ့ရုပ်တွေ ကြည့်ချင်ပါတယ်.း)

    ဒါနဲ့ရွာသားလေးနဲ့ ဘယ်အပေါက်ကိုချောင်းကြတာပါလဲ.
    :D

    ReplyDelete
  10. ကျနော်လည်းရောက်လာပါတယ်ဗျာ

    မတွေ့လို့နေမှာပါ။

    ရီနိုမာန်

    ReplyDelete
  11. သာဓုခေါ်သွားပါတယ်.. တွဆပိတွေထက် သူတပါးအသက်အတွက် သွေးလှူလိုတဲ့စေတနာကသာ အဓိကလို့ထင်ပါတယ်...

    ReplyDelete
  12. တံဆိပ်တွေ လို့ရေးတာစာလုံးပေါင်းမှားသွားလို့

    ReplyDelete
  13. သြော်.. ဖင်ထိုင်ရက်ချော်လဲတာ လက်ချောင်းကလေး နာသွားတယ်တဲ့... ကျွတ်စ်..ကျွတ်စ်
    (ဥုံဖွလုပ်ပေးလို့ကောင်းတဲ့နေရာလေးရွေးနာသွားသလိုပဲနော်.... ခွိ)

    သွေးလှူကြပါ... လှူကြပါ....။
    သွေးလှူခွင့်မရပဲ သူတို့ပေးတဲ့ ဆေးထုတ်ကြီးဟူပြီး ပြန်ခဲ့ရတယ်.. အရင်အပတ်က... ရွှတ်...)

    ReplyDelete
  14. နောင်များခါ အခွင့်သာရင် ကျွန်တော်လဲ ပါဝင်ချင်ပါသေးတယ် အကိုရေ

    ReplyDelete
  15. ပုံက ကို july လား???
    ၁၆ နှစ်လောက်လို့ ထင်ရတယ် (နောက်တာနော်)

    ReplyDelete
  16. သရဲ ကြောက်တတ်တဲ့ သူတွေ မလာပဲ နေမှာစိုးလို့ ကျွန်တော့် ဓါတ်ပုံတွေ တင်လေ့ မရှိပါဘူးဗျာ။ စိတ်မပူပါနဲ့။ အဟား...

    ကျွန်တော်က လူကြမ်းပါဗျ။ သိရဲ့သားနဲ့။

    ReplyDelete
  17. လာေ၇ာက်ပါတယ် တကယ်ငယ်တယ်လို့ထင်ရတယ်

    ReplyDelete
  18. စကားထာတွေများလွန်းလို့
    ဘာမှသိပ်နားမလည်လိုက်ဘူး
    ပြန်ရှင်းပြပါဦး..း)

    ReplyDelete
  19. စကားထာတွေများလွန်းလို့
    ဘာမှသိပ်နားမလည်လိုက်ဘူး
    ပြန်ရှင်းပြပါဦး..း)

    ReplyDelete
  20. အင်းလေ
    စကားထာတွေကများ
    ဘာကျမ်းတွေလဲတော့မသိဘူး
    ?????????????????
    ညီမလည်းချော်လဲတယ်း(
    မိုးလင်းလင်းချင်း အိမ်ကထွက်တည်းက .. ကံမကောင်းပါလားနှော် :P

    ReplyDelete
  21. ပို့စ်ကိုလာဖတ်သွးပါတယ်... သာဓုပါကိုဂျူလိုင်

    ReplyDelete
  22. ရေးတဲ့သူတော့ သိဘူး.. ဖတ်ရတဲ့သူတော့ တော်တော်မောသွားပြီ.. အပေါက်ချောင်းတာရော... ဖင်ထိုက်လျက်ကျတာရော.. အပူဟပ်တာရော.. ဟူး



    နေ့အိပ်မက်

    ReplyDelete
  23. ကြေးတံဆိပ် မရခင်ကပဲ
    ကုသိုလ်တွေကရနှင့်နေပါပြီ
    မောင်လေးရေ..
    အများကို သိစေအောင်လို့
    စည်းရုံးရေး လုပ်တာက ပိုတောင် ကုသိုလ်ရအုံးမှာ
    မွန်မြတ်တဲ့ စိတ်ထားကောင်းသူလေး
    မိန်းမ မြန်မြန် ရပါစေ...း)

    ReplyDelete
  24. ကြေးတံဆိပ်မြန်မြန်ရပါစေဗျာ။ မျက်စိနဲ့နှာခေါင်းက ဘာလို့ အပူဟပ်သွားတာလည်းဟင် မီးဖိုနားမှာပါ ဓါတ်ပုံသွား၇ိုက်ရလို့လား အဟိ ပျော်ရွှင်ပါစေကိုဟောင်ကောင်ရေ
    ညီမလေး ပါးလုံး

    ReplyDelete
  25. ;-P တော်တော်လှမှာပဲနော်

    ReplyDelete
  26. ကြေးတံဆိပ် ဆုရှင်လောင်း မောင်ဇူလိုင် ကိုယ်တိုင်ပါဝင် ရိုက်ကူး သရုပ်ဆောင် ရေးသားသည်။

    ReplyDelete
  27. ဟယ်...
    အဲဒီမျောက်မှန်ကြီးနဲ့က ကိုဂျူလိုင်လားဟေ

    ReplyDelete
  28. Blog မှာ ဘယ်တော့မှ ကျွန်တော့် ဓါတ်ပုံတင်လေ့ မရှိပါ။ ရုပ်ဆိုးတော့လည်း အားငယ်မိတယ်လေ။ နားလည်ပေးကြပါဗျာ။

    ReplyDelete
  29. “ပင်ပန်းတာတွေ စုလိုက်တော့ ဘီလူး သံပုရာသီး ငုံထားတဲ့ပုံ ဖြစ်ကုန်တယ်။” ပြောလည်း ပြောတတ်တယ် ကိုဂျူလိုင်ရေ။ ပရဟိတအလုပ်တွေကို ခုလို တက်တက်ကြွကြွ လုပ်နိုင်လွန်းတာကို လေးစားမိပါတယ်။ သွေးလှူတာကိုလည်း ကိုယ်ကလည်း မလှူနိုင်တော့ တကယ် အားကျမိပါတယ်။ ရွှေတံဆိပ်မက ချီတက်နိုင်ပါစေ...

    ReplyDelete
  30. ဟားဟား အစ်ကိုရေ..ခုမှဒီPostကိုဖတ်မိတယ်...၀ယ်လာတဲ့ ထမင်းဗူး၂ဗူးက ၁ ဗူးကို သမီးစားလိုက်တယ်။နောက်လည်း ပရဟိတ လုပ်အားပေးတွေရှိရင် ပြောပါအုံးဗျို့....

    ReplyDelete