Monday, August 10, 2009

In joy & In sorrow

အေးအတူ ပူအမျှ...

အေးအတူ ပူအမျှ တို့ဘ၀လေးမှာ
သာယာစိုပြေ ချမ်းမြေ့တစ်လှည့်နဲ့

ပူပင်ဆူလောင် ပွက်ပွက်ညံခြင်းရယ်
သွားတစ်လှည့် လာတစ်လှည့်နဲ့
ခဏခဏ ကြုံမှာပဲမို့
စိတ်မညစ်နဲ့လေ အားပေးရင်းပေါ့
အေးအတူ ပူအမျှ တို့ဘ၀လေးရယ်
အေးအတူ ပူအမျှ တို့ဘ၀လေးရယ်

အေးအတူ ပူအမျှပေါ့ကွယ်...

ပူပင်စရာတွေ ထားရစ်ခဲ့ကွယ်
မစဉ်းစားနဲ့တော့လေ
ရင်မှာခိုဝင် နားစက်ရင်းနဲ့
ချွေးသိပ်ဖြေပါဦး
ကံကြမ္မာဆိုတာ မမြင်နိုင်ဘူးကွယ့်
မမြင်နိုင်တာ အမှန်ပဲကွယ်...

တွေ့ကြုံလာသမျှ တို့ဘ၀ထဲမှာ
ပျော်စရာဆိုရင် မင်းအနားတိုးလို့
ပူပင်စရာဆို ဖုံးဖိကွယ်ထားမယ်
ပြုံးတစ်လှည့် ရယ်တစ်လှည့်နဲ့
အမြဲတမ်း ကြုံစေတော့လို့
အရိပ်တစ်ခုကဲ့သို့ နောက်ကလိုက်ကာ
အေးအတူ ပူအမျှ တို့ဘ၀လေးရယ်
အေးအတူ ပူအမျှ တို့ဘ၀လေးရယ်
အေးအတူ ပူအမျှပေါ့ကွယ်...


တေးရေးက အဉ္ဇလီမောင်မောင်ပါ။ အတော်ကို တော်တဲ့ တေးရေးဆရာတစ်ဦးပေါ့။ တေးဆိုက ကိုတိုးကြီးလို့ ခေါ်တဲ့ ခင်မောင်တိုးပါ။ ကျွန်တော် ကြိုက်တတ်တဲ့ ကိုယ်ပိုင်သံစဉ် သီချင်းအေးအေးလေးတွေ အများကြီး ဆိုထားတဲ့ အဆိုတော်ပေါ့။ ထူးအိမ်သင်ကို ကြိုက်သလို ခင်မောင်တိုးလည်း ကြိုက်တယ်။

သီချင်းစာသားတွေက တကယ့်အနှစ်တွေပါပဲ။ “ဆင်းရဲသည်ဖြစ်စေ... ချမ်းသာသည်ဖြစ်စေ... နာသည်ဖြစ်စေ... အိုသည်ဖြစ်စေ... တစ်ယောက်ကိုတစ်ယောက် သေတပန်သက်တဆုံး ချစ်ခင်ပါမည်ဟု ကတိပြုပါသည်” ဆိုပြီး ခရစ်ယာန်ဘာသာဝင်တွေ လက်ထပ်ထိမ်းမြားတဲ့အခါမှာ မင်္ဂလာမောင်နှံတွေ အပြန်အလှန် ဂတိက၀တ်ပြုကြတဲ့ စာသားလေးနဲ့ ဒီသီချင်းလေးနဲ့ အဓိပ္ပါယ် ခပ်ဆင်ဆင်လေးပါပဲ။

သီချင်းက ဘ၀ရဲ့ အတက်အကျ အလှည့်အပြောင်းတွေကို စိတ်အညစ်မခံပဲ အတူလက်တွဲ ရင်ဆိုင် ကျော်လွှားကြဖို့ တွန်းအားပေးနေတယ်။ လောကမှာ ပူပင်စရာတွေ စိတ်ညစ်စရာတွေ အများကြီး ရှိပေမယ့် အဲဒါတွေကို တွေးတောနေရရင် ဘ၀ဆိုတာ နေပျော်မှာတောင် မဟုတ်တော့ဘူး။ ရှေ့ရေးကို မျှော်တွေးပြီး ရင်လေးရတာ မတန်လှပါဘူး။ ဒါကြောင့် တခါတလေ အဲဒါတွေကို မေ့ထားလိုက်ရတာလည်း အေးချမ်းပါတယ်။ ချစ်ရတဲ့သူကို ပြုံးပျော်နေစေချင်တာ အမှန်ပါပဲ။ ပူပင်စရာတွေကို ဖုံးဖိဝှက်ထားမိတာလည်း သဘာဝပါပဲ။ ဘာပဲဖြစ်ဖြစ် ဘ၀ကို အေးအတူ ပူအမျှ ပြုံးတစ်လှည့် ရယ်တစ်လှည့် ဖြတ်သန်းနိုင်ကြဖို့ပဲ ရည်သန်မိတယ်။

ကဲ... အေးအတူ ပူအမျှပေါ့နော်...


Credit: Pinkgold for sharing Mp3.

18 comments:

  1. ကိုဇူလိုင်ရေ.. ဘ၀ကို အေးအတူ ပူအမျှ ဖြတ်ကျော်နိုင်ပါစေဗျာ..

    yu ya

    ReplyDelete
  2. This comment has been removed by the author.

    ReplyDelete
  3. အေးအတူကတော့ ဟုတ်ပါပြီ။ ပူအမျှက ဘာလဲဗျ။ ဟေ့လူကြီး.. မနောက်နဲ့နော်။ ဟဲဟဲ...။ ဘာပဲဖြစ်ဖြစ် နှစ်ယောက်တွဲပြီး ပေါက်ကွဲနိုင်ပါစေဗျာ။ ပျော်ရွင်မှုတွေကိုနော်။ ဟင်းဟင်း။

    ReplyDelete
  4. ကိုဇူလိုင်ရေ... “Through Thick and Thin” ဆိုရင် အေးအတူပူအမျှဆိုတဲ့ အဓိပ္ပာယ်ကို တိုက်ရိုက် ရောက်စေတယ်ဗျ။

    yu ya

    ReplyDelete
  5. မင်္ဂလာပြန်ဆောင်တယ် ဆိုရင်လဲ ဖိတ်စာလေးတော့ တင်ပေးသွားဖို့ ကောင်းပါတယ်။
    (ဒါပေမဲ့လည်း မထင်ပါလေ)

    ReplyDelete
  6. သာယာစိုပြေ ချမ်းမြေ့တစ်လှည့်နဲ့
    ပူပင်ဆူလောင် ပွက်ပွက်ညံခြင်းရယ်
    သွားတစ်လှည့် လာတစ်လှည့်နဲ့
    ခဏခဏ ကြုံမှာပဲမို့
    စိတ်မညစ်နဲ့လေ အားပေးရင်းပေါ့

    သိပ်ကောင်းတဲ့ စာသားလေးတွေပါပဲ။

    ReplyDelete
  7. ကိုမောင်မောင်တို့...
    ကိုနေဝင်းတို့ကို
    အခုထိလဲ ကြိုက်တုန်း... လေးစားတုန်း

    ReplyDelete
  8. အပေါ်က ကိုမောင်မောင်နဲ့ ကိုနေဝင်းဆိုတာ
    သီချင်းရေးဆရာတွေကို ဆိုလိုပါတယ်...

    နှဖူးပြောင်ပြောင် လူတယောက်နဲ့
    မိုးပေါ်ထောင်မပစ်တတ်သူတို့ကို မဆိုလိုပါ...

းP

    ReplyDelete
  9. ကိုဇူလိုင်ရေ.. ညီမလေး ဒီဇင်ဘာ သီချင်းစာသားလေး လာခံစားပါတယ်နော်။
    သမီး အရမ်းကြိုက်တဲ့ သီချင်းထဲက တပုဒ်ပါပဲ။
    ဘ၀ကို အေးအတူပူအမျှ ပြုံးကာ ရယ်ကာ ဖြတ်သန်းနိုင်ပါစေ။

    ReplyDelete
  10. ကွန်မန့်ရေးပြီး ပြန်ဖျက်သွားပါတယ်..
    အဆင်ပြေပါစေ။ :D
    ချစ်တဲ့သူနဲ့ အေးအတူပူအမျှ ဘ၀ကိုလက်တွဲပျော်ရွှင်နိုင်ပါစေ။း)

    ReplyDelete
  11. ကြည့်ရတာ အဆင်ပြေနေပုံ ပဲ..း)

    ReplyDelete
  12. အေးရင် အတူတူ
    ပူရင်တော့ အမျှဝေလိုက်မယ် ဆိုပါလား...

    ReplyDelete
  13. Default Setting ကို... (အဲ မှားလို့) သီချင်းလေးအကြောင်းကို ဖတ်သွားပါတယ်း) အဆင်ပြေနေတဲ့ သူတွေကို ကြည့်ရတာ တကယ် စိတ်ချမ်းသာပါတယ် (မုဒိတာပေါ့း))

    ReplyDelete
  14. အင်း အေးအတူ ပူအမျှ နဲ့ အချစ်ငှက်များ အမြဲပျံနိုင်စေသော်..

    ခင်မင်စွာဖြင့်
    သီဟသစ်

    ReplyDelete
  15. လှပသော နေ့ရက်များဆီသို့.....
    အေးအတူ ပူအမျှ... နားလည်မှုများနဲ့ အတူတကွ ... တွဲလက်များ ခိုင်မြဲပါစေ...

    လက်ဖွဲ့ဖို့ ပြင်ထားတော့မယ် ကိုကြီးဂဏန်းရေ:)

    ReplyDelete
  16. သြော်... ဒါကြောင့် သိနေသလိုပါပဲလို့ ထင်နေတာ... ကျနော်လဲ ကြိုက်တယ်ဗျာ့ ကိုခင်မောင်တိုးကို တခါတလေ အေးဆေးနားချိန်မှာ နားထောင်ရတာ အရမ်းကောင်းတယ်..။

    ReplyDelete
  17. အရမ်းကြိုက်.....

    ReplyDelete
  18. ဆန္ဒတွေ ပြည့်ဝပါစေ ...

    ReplyDelete