Monday, September 21, 2009

Snow from winter

ဆောင်းရယ် နှင်းရယ် ကိုယ့်ချစ်သူရယ်

ဆောင်းမှာ မွေး၍ နှင်းမှာ သန္ဓေတည်
ကိုယ်ချစ်သော ဆောင်းမင်းသမီးရယ်ကွယ်
ဆောင်းရယ် နှင်းရယ်
ကိုယ့်ချစ်သူရယ် အတူတူပါပဲကွယ်...

ဆောင်းရယ် နှင်းရယ်
ကိုယ့်ချစ်သူရယ် အတူတူပါပဲ
အသည်းမှာအမြဲ တင်စားကမ္ပည်းခြယ်...

ဆောင်းဆိုသည်က
အေးမြခြင်းကို သရုပ်ဆောင်တယ်
ငွေနှင်းမြူက
သန့်စင်တယ်လို့ အဓိပ္ပါယ်ကိုယူမယ်
ချစ်သူကကွယ်
ဆောင်းနှယ်အေး၍ နှင်းလိုဖြူတယ်
ဆောင်းရယ် နှင်းရယ်
ကိုယ့်ချစ်သူရယ် အတူတူပါပဲကွယ်...

နှင်းမြူနှယ် အဆင်းဖြူတယ် ယမင်းနှယ်
အချစ်ရဲ့အသည်းနှလုံးက နှင်းလိုဖြူစင်တယ်
ပုလဲလိုကွယ် အမြဲကိုယ် တကယ်
အသည်းဝယ် ယုယချစ်မယ်
ချစ်သူရယ် လှစ်ကြူတယ် စကားရယ်
ဆောင်း၌သွေး ညင်းလေပြေနှယ်
ကိုယ့်ရွှေဘ၀င် အသည်းမှာကွယ်
အမြဲတကယ် အေးမြလှတယ်...

ဆောင်းဆိုသည်က
အေးမြခြင်းကို သရုပ်ဆောင်တယ်
ငွေနှင်းမြူက
သန့်စင်တယ်လို့ အဓိပ္ပါယ်ကိုယူမယ်
ချစ်သူကကွယ်
ဆောင်းနှယ်အေး၍ နှင်းလိုဖြူတယ်
ဆောင်းရယ် နှင်းရယ်
ကိုယ့်ချစ်သူရယ် အတူတူပါပဲကွယ်...

တေးရေးဆရာက စန္ဒရားလှထွတ်ပါ။ ဆိုတဲ့သူက တွံတေးသိန်းတန်လည်း ဆိုဖူးသလို စန္ဒရားလှထွတ်လည်း ဆိုပါတယ်။ တစ်ယောက် တစ်မျိုးစီ နားထောင်လို့ ကောင်းပါတယ်။ အဲဒါကို အမေတို့ခေတ်က သီချင်းလို့ ပြောရမလားပဲ။ ငယ်ငယ်တုန်းက ညီအငယ်ကို ပုခက်ထဲ ထည့်သိပ်ရင် မာမားက အဲဒီသီချင်း ဆိုလေ့ရှိတာ မှတ်မိနေတယ်။ တခါတလေ သနပ်ခါး သွေးရင်းနဲ့လည်း ဆိုလေ့ရှိပြန်တယ်။ ထမင်းအိုး ငှဲ့ရင်းနဲ့လည်း အဲဒီသီချင်း ငြီးတတ်ပြန်တယ်။

လမ်းထိပ်က ဆွမ်းလောင်းဓမ္မာရုံလည်း ၀ါတွင်းကာလ အာရုံဆွမ်းလှူဖို့အတွက် ဥပုသ်နေ့တိုင်း အလှူခံမဏ္ဍပ် ဖွင့်လေ့ရှိတယ်။ လော်စပီကာ အော်လံကြီး ၂ ခုကို ဟိုဘက်ထိပ် ဒီဘက်ထိပ်မှာ ချိတ်ပြီး အဲဒီလို သီချင်းတွေကို တနေကုန် နေစောင်းတဲ့အထိ ဖွင့်ထားကြတယ်။ အော်လံတစ်ခုက အိမ်ရှေ့တည့်တည့်ကို ချိန်ထိုးထားသလို ဖြစ်နေတော့ ဥပုသ်ရက်လေး ကျောင်းပိတ်လို့ အိမ်ထဲမှာများ အေးအေးလူလူ ဆော့ရမလား မှတ်တယ်။ သီချင်းသံကြားမှာ ကုန်းအော်တောင် အသံမကြားရဘူး။ မဆော့ရလို့ တီဗွီဖွင့်တော့လည်း အသံဂိတ်ဆုံး ဖွင့်ပေမယ့် အော်လံအသံကို မကျော်နိုင်ရှာပါဘူး။ အဲဒါကြောင့် ငယ်ငယ်တုန်းကတော့ တောသီချင်းတွေဆိုပြီး အတော့်ကို နားငြီးခဲ့ အမြင်ကပ်ခဲ့မိပါတယ်။

အခုတလော အဲဒီ ဆောင်းရယ် နှင်းရယ် ကိုယ့်ချစ်သူရယ်ကို ပြန်နားထောင်ဖြစ်မိနေတယ်။ စန္ဒရားလှထွတ် ဆိုထားတဲ့ သီချင်းက စက်ထဲမှာ ရှိနေတော့ အိမ်မှာ ရှိနေတဲ့အချိန် ဖွင့်ဖြစ်တယ်။ စာသားတွေကို သေချာ ဂရုစိုက်မိရင် ဂွတ်ရှယ်ပဲလို့ ပြောမိမှာပဲ။ အဲဒီသီချင်းကို နားထောင် ကောင်းလို့ ကြိုက်မိပါတယ်။ စာသားတွေ လှလွန်းလို့ သဘောကျမိပါတယ်ဗျာ။

20 comments:

  1. စာသားတွေက တကယ်လှတယ်ဗျ .. ဒီခေတ် ဟစ်ဟောပ့် အဆိုတော်တွေ တွေ့သွားရင် ပြန်ပြီး ဟစ်ဟောပ့် လို ပြန်ဆိုနေအုံးမယ်ဗျ ..

    ReplyDelete
  2. အဟွတ် အဟွတ်
    အအေးမိသွားလို့

    ReplyDelete
  3. hi.hi..this is old song, but it's still new :)

    ReplyDelete
  4. kom: စနိုးဓါတ့်ပုံတွေပြမယ်ထင်လို့။

    ReplyDelete
  5. ကလေးမလေးက စာလာဖတ်တယ် ထင်ပါရဲ့။
    အဟမ်း အဟမ်း..

    ReplyDelete
  6. ဒီသီချင်းတွေလည်းရတာပါပဲလား။
    ဆောင်းမှာ မွေး၍ နှင်းမှာ သန္ဓေတည်....။ နှင်းလိုတော့မအေး မဖြူပါဘူး။ နွေမှာ သန္ဓေတည်ပြီး ဆောင်းမှာမွေးတာလေ :D
    ကြော်ငြာ လာဝင်သလိုဖြစ်နေပြီ။ ဒီသီချင်းလေးကြိုက်၏။

    ReplyDelete
  7. သီချင်းစာသားလေးတွေ အရမ်းမိုက်တယ်နော်။
    တစ်ခါမှ မကြားဖူးဘူးရယ်။

    ReplyDelete
  8. ဒီနေ့မနက် တအားအေးတာ..နှင်းကျတော့မလားလို့ ငိုချင်သွားတယ်။
    သူကျတော့ နှင်းအကြောင်း သီချင်းတောင်ဆိုလို့။

    ReplyDelete
  9. ဆောင်းတွေနှင်းတွေက သီချင်းထဲမှာဘဲ ကောင်းတယ်ဗျ...ဒီသီချင်းလေးကြိုက်ပါတယ်...
    ဒါပေမယ့် ဒီက ဆောင်းရောနှင်းရော တခုမှ မကြိုက်ချင်ဘူးလေ... နှင်းကျရင် စိတ်ညစ်တယ်...အနွေးထည်တွေ အထပ်ထပ်ဝတ်ရတာလည်း စိတ်ပျက်တယ်...

    mie nge

    ReplyDelete
  10. ခုထိ ဆိုနေမိတတ်တဲ့ အကြိုက်ဆုံး သီချင်းတပုဒ်ပေါ့ဗျာ..

    ReplyDelete
  11. ကျွန်မလည်း ဒီသီချင်းကို သိပ်ကြိုက်တယ်။

    ReplyDelete
  12. စလုံးမှာတော့ ဆောင်းရာသီမရှိသေးဘူးကွယ် ပူလိုက်တာလည်း လွန်ရောပဲ
    အေးမြတဲ့အချိန်မှာ ဒီသီချင်းလေးကတော့ အံကိုက်ပဲပေါ့

    ReplyDelete
  13. ဂန္ဓ၀င်သီချင်းတွေပဲကွာ၊ ကောင်းတာပေါ့။
    ဒီမှာ ဆောင်းမရှိတော့ လွမ်းရတာ မပီပြင်ဘူးပေါ့။

    ReplyDelete
  14. ဟုတ် ပါတယ် ကိုဂျူလှိုင် ရေ တော် တော် လေး ကို လှလွန်း ကောင်း လွန်းတဲ့ သီ ချင်း ပါ။

    ဒါပေမဲ့ ရောသမမွှေရန် က ကင်းဝေး ပါစေလို့ဆုတောင်း ပေး လိုက် ပါ ဦး

    ငြိမ်း ချမ်း ပါစေ

    ဥပသကာ

    ReplyDelete
  15. snow from summer အကြောင်းလည်း ရေးစေချင်ပါသေးတယ်...

းဝ)

    ReplyDelete
  16. ကိုဂျူလိုင်...ဆောင်းတွင်းကလိုပါသေးတယ်
    နော်...ဟင်းဟင်း တစ်ခုခုပဲဗျ...မရိုးသားဘူး
    :P

    ReplyDelete
  17. အင်း..အိမ်မှာကတော့ ဖေဖေက တွံတေးသိန်းတန်သီချင်းတွေကြိုက်တတ်တော့အဲဒီသီချုင်းတွေကိုကြိုက်တယ်
    ပြီးတော့ ထွေးညိုသီချင်းလည်းကြိုက်တယ်။

    ReplyDelete
  18. သများက လွမ်းနေပါတယ် ဆိုမှ သူက ဒီသီချင်းဆိုပြနေတယ်။ မျက်ရည်တွေ ဘူးသီးလုံးလောက် ကျပြီး ပြန်သွားပြီ။

    ReplyDelete
  19. snow from winter တဲ့လား...
    ဒို့လဲ အဲဒီ သီချင်းကို ကြိုက်တယ်။

    ReplyDelete
  20. သီချင်းလေးကြိုက်တယ် ဝင်းဦးလည်း ဆိုတယ်။ ဟေမာနေဝင်းတို့ စိုးစန္ဒာထွန်းတို့လည်း ပြန်ဆိုတယ်။တမျိုးစီကောင်းတယ် ။ ကျေးဇူးပဲ သီချင်းကူးသွားတယ် စာသားကြိုက်လို့။ အင်းးးးပိုစ့်တင်သူက ဆောင်းကာလ မရောက်ခင် ကြိုလွမ်းနှင့်တာကိုး

    ReplyDelete