Sunday, October 11, 2009

Buck in musth



မလေးရှား မလက္ကာကို အလည်တခေါက်သွားတုန်းက ဆိတ်ခြံထဲ ရောက်သွားတယ်။ ဆိတ်ခြံထဲမှာ ဆိတ်မတွေ အများကြီးပဲ။ နို့ထွက်ပစ္စည်း ရောင်းဖို့အဓိကဆိုတော့ ဆိတ်မတွေ များတာ မဆန်းလှပါဘူး။ ဆိတ်မတွေရယ် ဆိတ်ကလေးတွေရယ် အခန်းလေးတွေ ခွဲကန့်ပြီး ထားထားတယ်။ ဆိတ်ပေါက်စနလေးတွေ အရမ်းငယ်ရင် ဆိတ်အမေနဲ့ တွဲထားတယ်။ နည်းနည်းကြီးတဲ့အရွယ်ဆို နို့ခွဲထားပြီး တခြားခြံမှာ အကုန်စုထည့်ထားတယ်။

အဲဒီမှာ ဆန်းတာက ဆိတ်ထီးကြီးက တစ်ကောင်တည်း။ ဆိတ်သိုးကြီးလို့ပဲ ပြောရမယ် ထင်တယ်။ တကယ့်ကို အကြီးကြီးပဲ။ ခန္ဓာကိုယ် ထွားကြိုင်းတယ်။ အရိုးအဆစ် သန်မာတယ်။ ဆိတ်သိုးကြီးကို တစ်ကောင်တည်း ခြံခတ်ထားတယ်။ မျိုးသန့် ဆိတ်မတွေကို လှမ်းမြင်နေရပြီး မကြင်ရတဲ့ ဆိတ်သိုးကြီးခမျာ မုန်ယိုနေသလားပဲ။ စည်းတစ်ဘက် ခြားသလိုပေါ့။ ခြံစည်းရိုးပေါ် ပတပ်ရပ်ပြီး ဆိတ်မတွေကို လှမ်းမျှော်လိုက်... ခြံထဲမှာ ဟိုဟိုဒီဒီ လျှောက်လိုက်။ နှာတွေကလည်း မှုတ်နေသေးတယ်။ အော်ကလည်း အော်သေးတယ်။ ဆိတ်ဘာသာစကားနဲ့ ဆဲနေတာလား မသိဘူး။

ဆိတ်မတွေနဲ့ ဆိတ်လေးတွေကို လူတွေက အစာကျွေးတော့ သူက မကြိုက်ဘူး ထင်တယ်။ ဆိတ်မတွေကို လူတွေက ဓါတ်ပုံရိုက်ရင်လည်း မကြိုက်ပြန်ရှာဘူး။ အဲဒီဘက်ကို မျက်ထောင့်နီကြီးနဲ့ လှမ်းကြည့်တတ်တယ်။ ဒါပေမယ့် သူ့ကို ဓါတ်ပုံ လာရိုက်ရင်တော့ သဘောကျပုံပဲ။ သူ့ကို အရေးတယူ ဆက်ဆံရင်တော့ ပျော်ပုံပဲ။ ကြည့်ရတာ... သူ့ရဲ့ အခြွေအရံ အပေါင်းအသင်းတွေကို ဘယ်သူမှ လာမထိနဲ့။ လာ မဆက်နွယ်နဲ့။ လာ မပတ်သက်နဲ့။ အဲဒါကို သူပဲ ပိုင်တယ်... သူပဲ ဆိုင်တယ်လို့များ အထင်တော် ရောက်နေသလားပဲ။

ဆိတ်သိုးကြီးနဲ့ပတ်သက်ရင် အထူးသတိထားမိတာ ဂွေးစေ့ပဲ။ ဆိတ်ဂွေးစေ့က တကယ့်ကို နံမယ်ကြီးတယ်။ ရပ်ကွက်ထဲမှာ စိတ်မမှန်တဲ့ သာကူးတွေကို ဆိတ်ဂွေးစေ့ပဲလို့ အမည်ပေးဖူးတယ်။ ဟိုအဖွဲ့မှာလည်း ပါတယ်။ ဒီအဖွဲ့မှာလည်း ပါတယ်။ စားစရာရှိတဲ့ ပွဲဆို ကျော့ကျော့လေး ရှိုးအပြည့်နဲ့ ပွဲတက်တယ်။ လုပ်စရာရှိတဲ့ပွဲဆို တခြားအဖွဲ့က အရေးတကြီး ကိစ္စရှိတယ် အကြောင်းပြပြီး ခေါင်းရှောင်တယ်။ အခွင့်အရေးသာ ရမယ်ဆိုရင် ဟိုးပြေးကပ် ဒီပြေးကပ်ပေါ့။

အသေအချာ အချိန်ပေးကြည့်မိရင် ဆိတ်ဂွေးစေ့က ဟိုဘက်ရမ်းလိုက် ဒီဘက်ရမ်းလိုက်ပဲ။ ဟိုဘက်ကပ်လိုက် ဒီဘက်ကပ်လိုက်ပဲ။ ဒါကြောင့် စိတ်နေစိတ်ထား မမှန်တဲ့သူတွေကို ဆိတ်ဂွေးစေ့လို့ ခေါ်တာ မှန်သလိုလိုပဲ။ မိန်းမလိုလို ယောကျာ်းလိုလို ကောင်တွေလည်း ဆိတ်ဂွေးစေ့ပဲဖြစ်မယ်။ ယောကျာ်းဖြစ်ပြီး မိန်းမလို မိန်းမရ လက်သီးပုံးပြနေတဲ့ မဟာသတ္တိရှင် ပညာတတ်ကြီးတွေပေါ့။ သတင်းစာတွေမှာ ဆောင်းပါးရေးနေတဲ့သူတွေလို ပလီပလာ လန်ကြုပ်ဇာတ်လမ်းတွေ ရှေ့နောက်မညီ ရေးတတ်တဲ့ ကောင်တွေလည်း ဆိတ်ဂွေးစေ့စာရင်းထဲမှာ ထည့်ထားရမယ်။

စဉ်းစားမိတာက မုန်ယိုနေတဲ့ ဆိတ်သိုးတစ်ကောင်အကြောင်းပါ။ ရေးမိရင်း ရောက်သွားတာက ဆိတ်ဂွေးစေ့ ဖြစ်သွားတယ်။ အဲဒီတော့ ခေါင်းစဉ်တောင် ပြောင်းရမလားလို့ တွေးမိတယ်။ အပျိုအအိုတွေ အမြင်မတော်ရင် ကျော်သွားဖတ်ကြပါဗျာလို့ အနူးအညွှတ် တောင်းပန်လိုက်ပါတယ်။

Credit:
ဆိတ်သိုးကို Buck လို့ ခေါ်ကြောင်း ပြောပြတဲ့ ရွှန်းမီနဲ့ မုန်ယိုတာကို Musth လို့ သုံးရကြောင်း ပြောပြတဲ့ စင်ဒန်လားကို ကျေးဇူးတင်ပါတယ်။ ကျွန်တော်က အင်္ဂလိပ်လို ညံ့ပါတယ် ဆိုတာ ၀န်ခံပါတယ်။

26 comments:

  1. တိရစ္ဆာန်ကို အငြိမ်ရိုက်ဖို့ ခက်တယ်..
    shutter speed ဘယ်လောက်လဲ?

    ReplyDelete
  2. တစ်ကောင်ထဲပဲ.. ဒါပေမယ့် ဆိတ်သိုး....။

    ReplyDelete
  3. ကျေးဇူးတင်လွှာက ခုန မတွေ့သလိုပဲ...။
    တို့လည်း ဘုတ်အုပ်ကြီး ကြည့်ပြောတာပါ..ငှဲငှဲ

    ReplyDelete
  4. ကျေးဇူးတင်ထိုက်တဲ့သူကို ကျေးဇူးတင်ကြောင်းလေး မှတ်တမ်းတင်ထားတာပါ။ ရှဲ့ရှဲ့နီပါ။

    တော်ကြာ မသိတဲ့သူတွေက ဂျူလိုင်တစ်ယောက် အီးကောင်း လှချည်လားလို့ အထင်တွေ ကြီးနေမှာကို စိုးမိတယ်လေ။

    ReplyDelete
  5. ဘလော့လောကထဲမတော့ ဆိတ်သိုးလိုတောင် အသုံးမ၀င်တဲ့ တိရိစ္တာန် တကောင်ဝင်နေတယ်။ အရောမ၀င်မိဖို့လိုတယ်။

    ReplyDelete
  6. တော်သေးတာပေါ့...။
    ခေါင်းစဉ်အောက်ကျမှ သိလို့။
    Fighting Ball ဆို စာဖတ်သူနဲ့ ပိုရင်းနှီးမလားလို့ဗျ။
    ပြောရင်း မဆလာနံ့တောင်ရလာသလိုပဲ။
    ဟဲ

    ReplyDelete
  7. အဟိ......ဆိတ်သိုးကြီးအကြောင်း ဖတ်သွားပါတယ်ဗျိုးးးးးးးးးးးးး

    ReplyDelete
  8. မဆာလာထည့်မပြောပါနဲ့ ဖိုးသင်္ကြန်.။

    ReplyDelete
  9. ထင်တာကတော့စိတ်ဝေဒနာပေါ့။ မပြည့်စုံခြင်း။ ကိုယ့်ကိုယ်ကို ပြည့်စုံတယ်လို့ ထင်နေရပြီး မပြည့်စုံနေတဲ့ဘဝ။ အဲဒါကို ဖုံ့းကွယ်နေရင်းနဲ့ ဘဝကို ဟန်ဆောင်ကာနေ။ ပျော်ရွင်သလိုနဲ့။ စိတ် ရဲ့ ခံစားချက် ကို အပြည့်အဝမရတဲ့ အချိန်မှာ မြင်တဲ့ အရာအားလုံးက တိုက်ခိုက်ဘို့ဘဲဖြစ်မယ်။ အမှန်တော့သနားစရာကောင်းပါတယ်။
    (တို့ကတော့ဆိတ်သိုးကြီးကို ပိုစိတ်ဝင်စားတယ်။ အဲဒီဟိုဟာထက်စာရင်။)

    ReplyDelete
  10. Fighting Ballနဲ့ ချစ်တီးထမင်းတောင် စားချင်လာပြီ..:P

    ReplyDelete
  11. Fighting Ballနဲ့ ချစ်တီးထမင်းတောင် စားချင်လာပြီ..:P

    ReplyDelete
  12. မမ ပြောသလိုပဲ။

    တကယ် စိတ်ဝေဒနာဆိုရင် ပစ်ထားလိုက်ဖို့ မသင့်ဘူး။
    စကတည်းက မသိရင်တဲ့သူဆိုရင်လည်း ကောင်းသားပေါ့။

    ReplyDelete
  13. အပူတွေနဲ့လောင်မြိုက်နေတဲ့ ဆိတ်သိုးကြီးလည်း ခုလောက်ဆို အမွှေးအမျှင်တောင် မရှိလောက်အောင်ပြောင်နေလောက်ပြီ ။ ဇာတ်လမ်းတွေကိုမအိပ်မနေ စဉ်းစားနေရတာ ကြာလာရင် သွပ်သွပ်ခါတဲ့ဘ၀ကိုရောက်တော့မယ် ဆိတ်သိုးရေ......

    ReplyDelete
  14. ပစ်ထားလိုက်ဖို့၊ တိုက်ခိုက်ဖို့၊ ဝင်မရောဖို့ ကိုယ်တော့ အဲဒါတွေ တစ်ခုမှ မဆီလျော်ဘူးပဲ မြင်တယ်။

    ဘာဖြစ်လို့ဆိုတော့ တိရိစ္ဆာန်မဟုတ်ဘဲ လူဖြစ်နေလို့ပါ။

    နောက်တစ်ခုက သူ့ပတ်ဝန်းကျင်က လူတွေအတွက်လဲ အရေးပါတဲ့လူ ဖြစ်နေခဲ့မယ် ဆိုရင်ပါ။

    လောကမှာ ဘယ်သူရှိမှ ဖြစ်မယ် ဆိုတာမျိုးတော့ မရှိဘူးပေါ့။ သူနဲ့ ပတ်သတ်တဲ့လူတွေမှာ၊ သူ့ပတ်ဝန်းကျင်မှာ သူမရှိလဲ ဖြစ်မှာပဲပေါ့။

    ဒါပေမဲ့ ကိုယ်ပြောချင်တာက လူပိုသက်သက် မဟုတ်တဲ့လူ၊ ပတ်ဝန်းကျင်မှာ တနည်းအားဖြင့် အသုံးကျနေတဲ့လူ၊ အဲဒီလိုလူမျိုးကို ကိုယ့်ကြောင့် ပိုပြီး ဆိုးဝါးသွားစေတာမျိုးကို မဖြစ်စေချင်တာ။

    ဒီဇာတ်လမ်းမှာ ကိုယ်က ခံရတဲ့သူမဟုတ်ဘဲ ဒီလိုပြောတာ နည်းလမ်းမကျဘူးဆိုတာတော့ သိပါတယ်။

    ReplyDelete
  15. ဟုတ်ပါတယ်ဗျာ လူ့ဘောင်ထဲမှာ မရှိသင့်တဲ့ လူတွေဟာ သာကူးတွေပဲဗျ
    ကိုဇော်

    ReplyDelete
  16. ဆိတ်သိုးကြီးအကြောင်း ဖတ်သွားပါတယ်နော့်။ သာကူး ဟုတ်ပါ့ ခေါ်ဝေါ်ပုံလေးကိုပါ မှတ်သွားတယ်။

    ReplyDelete
  17. မောင်ဂျူလိုင် ရယ်
    မင်းမို့လို့ ကြံကြံဖန်ဖန် တွေးတတ်လေခြင်း ..း)

    ReplyDelete
  18. ဖေးဖေးမမ ဆက်ဆံတဲ့နည်းကလည်း အရာမထင်ပါဘူး..
    ဘုန်းကြီးတစ္ဆေကို ကမ္မဝါရွတ်ပြသလို ဖြစ်နေမှာပေါ့.။

    ReplyDelete
  19. ကုသဘို့လိုမယ်။

    ReplyDelete
  20. အကျိုးနည်းတာပဲ။ အားအားယားယား ဘာတွေလျှောက်လေ့လာနေသတုံး

    ReplyDelete
  21. အပျိုနဲ့ အအိုအမြင်မတော်မှတော့ ဘာကျန်သေးလို့လဲ မပျို့တပျိုတို့ မအို့တအိုတို့များ ရှိသေးလားဟမ် .. (မှတ်ချက် ဖတ်တော့ ဆိတ်လစေ့ ဟု အသံထွက်ပါသည်) ဟီဟိ - ကျေးဇူးတင်မလားလို့ ဝင်ပွားကြည့်တာ။

    ReplyDelete
  22. တချို့ comment တွေက post နဲ့ မဆိုင်သလိုပဲနော်..
    ဘယ်ဆိတ်ကို မွေးစားကြမလို့လဲ..

    ReplyDelete
  23. မတူး...စေ့မဟုတ်ပါ။ စိပါ :D

    ReplyDelete
  24. ကျနော်လည်း ဆိတ်ဝှေးစေ့ လုပ်ရင်ကောင်မလားဟင်။ နာမည်နောက်မှာ အမြီးရှည်တာပေါ့။ ဗီလိန်ဆိုတာလည်း လူအမြင်ကပ် သတ္တဝါပဲ။ ဆိတ်ဝှေးစေ့လည်း လူအမြင်ကပ် သတ္တဝါပဲ။ ညီအစ်ကိုတွေ ထင်တယ်။ :P

    ဗီလိန် (ဆိတ်ဝှေးစေ့)

    ReplyDelete
  25. တောက်.... ဆိတ်သိုးသာ ဖြစ်ချင်စမ်းပါဘိဗျာ... ဟိ...။
    ဟုတ်တယ်လေ နတ်ပြည်အထိတောင် သွားစရာမလိုတော့ဘူး.. ဒီမှာတင် ပွဲသိမ်းပဲ.. အဟေဟေ...။
    ဒါပေမဲ့နော် စိတ်ဓာတ်ကတော့ ဆိတ်လစေ့မဟုတ်ဘူး ကျားဆိုကိုက် တုန်းဆိုတိုက်ရဲတဲ့ ကောင်ပါ.

    ReplyDelete
  26. ဆိတ်လစိ ဆို ပိုမှန်တယ်

    ကိုရင်ဂျူလိုင် ကလဲ မိန်းမလိုမိန်းမရလို့ မသုံးနဲ့လေကွာ

    မိန်းမတွေထဲမှာ မြင့်မြတ်တဲ့မိန်းမတွေရှိတယ် အခြောက်ဆိုလည်း
    အခြောက်အလျောက် ထူးချွန်တဲ့ အခြောက်တွေရှိတယ်
    ယောက်ျားဆိုလည်း ယောက်ျားအလျောက် ထက်မြက်တဲ့ ယောက်ျားတွေရှိတယ်

    ပြောသင့်တာက လူဖြစ်ပီး ဆိတ်လစိ တပ်ထားတဲ့သူ မုန်ယိုတော့ လူစိတ်ပျောက် မျောက်စိတ်ပေါက် အဲ့လိုဖြစ်သင့်တယ် :)

    ReplyDelete