Thursday, October 15, 2009

On the road

ဖြူနီကျားဆိုတာ လမ်းပေါ်ယာဉ်မရပ်ရဆိုတဲ့ နေရာပေါ့။ အဖြူတစ်ကွက် အနီတစ်ကွက် ဆေးသုတ်ထားတဲ့ နေရာလေးပါ။ အများအားဖြင့် မီးပွိုင့်တွေအနားမှာ ရှိတတ်ပါတယ်။ အဲဒီမှာ ယာဉ်ရပ်မိရင် လှည့်ကင်းက ဖမ်းပါတယ်။ ဒါပေမယ့် လှည့်ကင်းကားကတော့ ရပ်လို့ရပါတယ်။ မှန်အနက်နဲ့ ကားကြီးတွေလည်း အဲဒီမှာ ရပ်လို့ရတယ်။ ဥပဒေရဲ့အထက်မှာ ဘယ်သူမှ မရှိရဘူးဆိုတော့ အခုလိုကိစ္စတွေမှာ ဥပဒေဘက်တော်သားတွေ မပါဘူးလို့ ယူဆရပါမယ်။ ခင်ရာဆွေမျိုးတွေလည်း မပါဘူးပေါ့။ ကြောက်တတ်ရမယ် ဆိုတာက ခေတ်စနစ်ရဲ့ အားနည်းချက်တစ်ခုလား။

မျဉ်းကျားကနေ လမ်းကူးဖို့ လူကူးမီးပွိုင့်တွေ လုပ်ပေးထားပါတယ်။ လူကူးဖို့ မီးစိမ်းသွားရင် ကားတွေကို ရပ်ခိုင်းဖို့ မီးနီပေးတယ်။ အစပိုင်းမှာတော့ အဲဒီလူကူးမီးပွိုင့်တွေမှာ ရဲတွေ တာဝန်ချပေးထားတယ်။ ရဲတွေ ရှိတုန်းကတော့ လူကူးဖို့ မီးပွိုင်စိမ်းနေရင် ကားတွေ ရပ်ပေးတယ်။ နောက်ပိုင်းတော့လည်း လူတွေကလည်း မီးပွိုင့်ကို မသုံးသလို ကားတွေကလည်း မီးပွိုင့်မှာ မရပ်ပေးတော့ဘူး။ အရင်လို ကားတွေကြားမှာ ကူးချင်သလို ကူးပြန်ဖြစ်သွားတယ်။ တချို့တွေများ ကားလမ်းကူးတာ ကားလာနေတဲ့ဘက်ကိုတောင် မကြည့်ဘူး။ ဒီအတိုင်း ကူးချသွားတာများ မကြောက်မရွံ့ပဲ။ စနစ်က ကောင်းသလိုလို ရှိပြန်တော့လည်း လူတွေက မလိုက်နာကြဘူး။

ကားလမ်းကူးဖို့ မိုးပျံတံတားကြီးတွေ ဆောက်ပေးထားတယ်။ ဒါပေမယ့် လူတွေက တံတားပေါ် တက်ရမှာကို မလိုလားဘူး။ ကားလမ်းကပဲ ဖြစ်သလို ဖြတ်ကူးကြတယ်။ အလွယ်လိုက်ချင်တာလား။ လှေခါးတက်ရမှာ ပျင်းလို့လား။ ဒါမှမဟုတ် ရေညှိတွေရှိနေတဲ့ တံတားဟောင်းကြီးကိုပဲ စိတ်မချလို့လား။ အခုနောက်ပိုင်းတော့ မိုးပျံတံတားကြီးတွေကို ပြန်လည် ပြင်ဆင်တာတွေ လုပ်လာကြတယ်။ ကားလမ်းကနေ ဖြတ်ကူးလို့မရအောင် သံစည်းရိုးတွေ ကာပစ်လိုက်တယ်။ လူတွေကိုလည်း တံတားပေါ်ကနေ လမ်းကူးခိုင်းနေတာမျိုး တွေ့ရတယ်။ အဲဒီလိုမျိုး စနစ်တကျလေး ဘယ်အချိန်ထိ ရှိနေအုံးမလဲ ဆိုတာ မသိသေးဘူးပေါ့။ အချိန်ကာလတစ်ခုအထိ စောင့်ကြည့်ရအုံးမယ်။

လမ်းပေါ်က လူတွေ လူတွေ... ပညာတွေ ဥစ္စာတွေ ပြည့်စုံကြပေမယ့် အဆင့်အတန်းတစ်ခုမှာ ၀င်ဆန့်ဖို့ အသိတရားတွေ လိုနေသေးတယ်။ ပညာမဲ့တဲ့သူ ဥစ္စာနည်းတဲ့သူလည်း စည်းကမ်းရှိဖို့ အသိပညာတွေ လိုနေပြန်တယ်။ ကားပေါ်က လူကလည်း လီဘာနင်း ဂွေကိုင်ထားပြီးရင် လမ်းပေါ်လျှောက်နေတဲ့ လူတွေကို ကိုယ်ချင်းမစာဘူး။ လမ်းလျှောက်နေတဲ့ လူတွေကလည်း ကားသမားတွေကို မငဲ့ညှာဘူး။ စည်းလွတ်ဝါးလွတ် အတ္တတွေ ကြီးနေကြတာများ အပြိုင်အဆိုင်ပဲ။ အကျိုးဆက်တွေ ခါးစည်းခံရမှာကိုတော့ မမြင်ဘူး။ ကိုယ့်အတ္တ ကိုယ်ကြီးတာ ကိစ္စမရှိပါဘူး။ ခံနိုင်ရည်ရှိတာ ကောင်းပါတယ်။ ဒါပေမယ့် ကိုယ်ကြောင့်တော့ သူတစ်ပါး ဒုက္ခ မရောက်စေနဲ့ပေါ့။

ကိုယ်ဖြစ်ကိုယ်ခံ ဘယ်သူမှ ဒုက္ခမပေးနဲ့လေ။ အခုတော့...

17 comments:

  1. သင့်ကြောင့်မီးမလောင်ပါစေနှင့်။

    ReplyDelete
  2. ဖြူနီကျားတွင် ယာဉ်မရပ်ရ .. အချဉ်ဖမ်းခံရမည် :P

    ReplyDelete
  3. စောစောက နောက်ပြောတာ.. မလေးစားသလိုဖြစ်သွားရင် တောင်းပန်ပါတယ်။
    ခုတလော Accident တွေ များတယ်နော်.. သွေးတွေလှူလို့ လုံလောက်ပါစေ..

    ReplyDelete
  4. ကိုယ့်ကြောင့် သူတစ်ပါး ဒုက္ခမရောက်စေနဲ့ ဆိုတဲ့ စကားလေး မှတ်သားသွားပါတယ်။ စည်းကမ်းလေးနဲ့ သူတစ်ပါးကို နားလည်မှု၊ ကိုယ်ချင်းစာမှု ထားတတ်ဖို့ ခုထိကြိုးစားတုန်းပဲ။
    ပြန်အသိပေးတဲ့ အကို့ ပိုစ့်အတွက် ကျေးဇူး။

    ReplyDelete
  5. ဖြူနီကျားရပ်ချင်ရင် နည်းလမ်းရှိပါတယ်။ ရပ်ပြီးပြီးချင်း ကားစက်ဖုံးဖွင့်။ ဒါဆို ဖြစ်တယ်။ :P လုပ်နေကြ။

    ReplyDelete
  6. ဟုတ်ပါတယ် ကိုဂျူလိုင်ရေ ... မြန်မာပြည်ကြီးမှာ ဖြစ်ပျက်နေတာက ... အုပ်ချုပ်သူလည်း စည်းကမ်းမရှိ တိုင်းသူပြည်သားလည်း စည်းကမ်းမရှိ ... လူတွေကို နားလည်မှုတွေရှိအောင် စနစ်တကျနဲ့ ငယ်စဉ်တောင် ကျေး ဘ၀ထည်းက သင်ကြားပေးမှု မရှိကြဘူး... လူကြီးဖြစ်နေတဲ့ မိဘတွေကမှ ဒီလိုမျိုး စည်းကမ်းတွေ မရှိတော့ သားသမီးတွေကို ဘယ်လိုလုပ် သင်ပေးလို့ ရမှာလည်း ထိုနည်းတူပဲ အုပ်ချုပ်သူလူတန်းစားကိုယ်တိုင်တွေက စည်းကမ်းမရှိမှတော့ အုပ်ချုပ်ခံ လူတန်းစားတွေကို ဘယ်လို စည်းကမ်းတွေထုတ်လို့ ရမှာလည်း .. ဒီလိုမျိုးဖြစ်ဖို့က စည်းကမ်းရှိတဲ့ အစိုးရတရပ်တော့ အမြန်လိုအပ်နေပီဗျ ....

    ReplyDelete
  7. ဘာမှ မမြင်ရရင် ကောင်းမယ်။

    မြင်ရရင် (လမ်းလျှောက်နေတဲ့လူတွေက ဘယ်လို၊ ကားမောင်းနေတဲ့လူတွေက ဘယ်လို၊ ဝင်တိုက်တဲ့လူက ဘယ်လို၊ အတိုက်ခံနေတဲ့ လူတွေကဘယ်လို နဲ့) ဝင်ပါမိမှာစိုးလို့။

    ဂူအောင်းပြီးနေရင်ကောင်းမလား တွေးမိတယ်။

    ReplyDelete
  8. ကိုယ်ချင်းစာတယ် နားလည်တယ်ဆိုတာ ပြောတော့သာ လွယ်တာ။ တစ်ကယ်တမ်းကျတော့ တော်တော်ခက်တာနော့..။ လမ်းပေါ်ကလူလည်း လမ်းပေါ်ကမို့လို့။ လမ်းပေါ်ကနေ ကားပေါ်ရောက်သွားပြန်ရင်လည်း စိတ်က တစ်မျိုးပြောင်းသွားပြန်ရော။

    ReplyDelete
  9. ဥပဒေနဲ့ စည်းကမ်းဆိုတာ လူပေါ်မူတည်တာ ထင်တယ်နော်။

    မှန်အနက်နဲ့ကားတောင် ၀ယ်စီးရမယ်။း))
    ပြေးပြီ ........

    လေးစားလျှက်
    ရောင်

    ReplyDelete
  10. မနက်ကတောင်တွေ့ ခဲ့သေးတယ်
    ရဲစခန်းရှေ့မှာ“ No Vehicles Allow To Park “ တဲ့
    ပြီးတော့ရဲကားကြီးကရပ်လို့ ရယ်တော့ရယ်ရတယ် စာသားကမှားနေတယ် " No Unauthorized Vehicles Allow To Park " ဆိုတော်သေး
    အဲဒါမှရယ်စရာမကောင်းတော့မှာ..

    ReplyDelete
  11. ကိုယ့်ကြောင့်လည်း ကိုယ်ဒုက္ခ မရောက်ချင်ဘူး
    သူတပါးကြောင့်လည်း ကိုယ်ဒုက္ခ မရောက်ချင်ဘူး
    ခံနိုင်ရည် မရှိလို့ ပါ။ အတ္တကြီးတယ် ဆိုချင်ဆိုပါ။



    ဘယ်နိုင်ငံက ကားလမ်းလည်း။ ဂုံးကျော်တံတားဆိုတော့ ဗမာပြည်လား။
    လာဖြေပေးပါ။


    မအယ်

    ReplyDelete
  12. လူခင်လို့ မူပြင်တာ တို့နိုင်ငံရဲ့လမ်းစဉ်ပဲလေ။

    ReplyDelete
  13. မန္တလေးမှာကျတစ်မျိုး... ရှိရှိသမျှလမ်းအကုန် ဖြူနီတား..ပြီးရင် ဆိုင်တွေရှေ့မှာလည်း ကားကရပ်လို့မရ ကားရပ်စရာနေရာရှိလည်းဆိုတော့လည်း နတ္ထိ... ၀ယ်သူတွေက ဆိုင်ကယ်/ကားရပ်မရတော့ မလာ၊ ဆိုင်တွေကမရောင်းရ...

    ရှုးတိုးတိုး... အဲဒီခုံးကျော်တံတားတွေမှာ ခါးပိုက်နှိုက်တယ်တဲ့...

    နေ့အိပ်မက်

    ReplyDelete
  14. ဆူးလေမီိးပွိုင့်မှာ အဖမ်းခံရမှာဆိုးလို့ ဂုံးကျော်တံတားကနေ လမ်းကူးခဲ့တာနော့် ဟွင်းဟွင်းး

    ReplyDelete
  15. လမ်းစည်းကမ်း တွေလိုက်နာဖို့လိုပါသည်
    ယာဉ်စည်းကမ်း တွေလိုက်နာဖို့လိုပါသည်
    ခင်မင်စွာဖြင့် သီချင်းဆိုသွားသည် :))

    ReplyDelete
  16. မီးပွိုင့်ဆိုတဲ့ ဒတ်ဖနေးရှင်းကို ဖွင့်ဆိုရရင်တော့ မီးပွိုင့်ဆိုတာ လမ်းပြပုလိပ်တွေ လုပ်စားဖို့ ဖန်းတီးပေးထားတဲ့ အရာ တခုပါ။

    လူကူးကုန်းကျော် တံတားတွေကတော့ လူကြီးတွေ ပြောပုံအရက သံဃာအေ၇းအခင်းလိုမျိုး၊ ၈၈ လိုမျိုး ပေါ်ပေါက်ခဲ့ရင် အပေါ်စီးကနေ ပစ်ခတ် သတ်ဖြတ်ရန် အတွက်ပါလို့ ပြောခဲ့ကြတာ ကြားဖူးပါတယ်။

    လူတွေစည်းကမ်းမရှိတာကတော့ ရှေ့ဆောင် နွားလား ဖြောင့်ဖြောင့် မသွားတော့ နောက်နွား ဖြောင့်ဖြောင့် မလိုက်တာ မဆန်းပါဘူး။

    ReplyDelete
  17. ကိုယ်စီ အသိတရားရှိပြီး စည်းကမ်းတကျ လိုက်နာနိုင်ရင်တော့ .......

    ReplyDelete