Sunday, August 1, 2010

Demon gate-guardian



ကြောက်စရာလား အနုအရွလား
ကြည့်တတ်ဖို့ပဲ လိုပါတယ်...
ရှူထောင့်လေး ကွာရင်ကွာသလို
ခံစားချက်တွေလည်း ကွဲပြားမှာပေါ့။

အမြင်တွေ မတူတိုင်း
ဘီလူးဆိုင်း တီးကြေးဆိုရင်
နှစ်ပါးသွားဖို့ အချိန်မကျန်ပါ။

7 comments:

  1. ပြောချင်တာလား..
    ပြောတတ်လို့လား.

    ထိရောက်ဘို့လား။ ထိရှလို့လား.

    တစ်ခွဘို့လာ. နစ်ချိုက်ဘို့လား။း

    လိုသလား မလိုသလား
    စဉ်းစား

    ချစ်ခင်ဘို့လား. မုန်းချင်လို့လား

    ဘာဘဲဖြစ်ဖြစ်.
    မိုးမလင်းခင် ပွဲသိမ်း။

    ReplyDelete
  2. ဟုတ်ပဗျာ။ ကြည့်တတ်ရင် ဘီလူးတောင် လှသွားတယ်။ မယုံရင် ဗျတ္တကို သွားမေးကြည့်။ မယ်ဝဏ္ဏ ကိုတော် ကြိုက်သေးတာပဲ :-)

    ReplyDelete
  3. ဒီဘီလူးက လက်ထပ်ပြီးသားထင်တယ်။
    :D
    ဘီလူးမို့ ညာလက်ဝတ်တာဖြစ်မှာ....။

    ReplyDelete
  4. ကိုယ့်ဒူးကိုတောင် ကိုယ်မယုံကြည်နိုင်ရတဲ့ခေတ်ကြီးထဲမှာ အမြင်ချင်းတူနိုင်ဖို့က ခဲယဉ်းလိုက်ပါဘိ။
    အမြင်မတူတိုင်း ဘီလူးဆိုင်းတီးကြရင်တော့ လူသားအားလုံး အင်္ဂါမစုံဖြစ်မှာကိုတောင် စိုးလှသေး။

    ခင်မင်လျက်
    ကိုကိုမောင်(ပန်းရနံ့)

    ReplyDelete
  5. တည့်တည့်ပြောပါ.. ခုလိုစောင်းရိုက်တာ ကြည့်ရတာ သူ့သန်လျက်အောက် ကိုယ်ရောက်နေသလိုကြီး။
    (အရုပ်ကြီးမို့ မကြောက်ပါ :P)

    ReplyDelete
  6. လန့်တောင် လန့်သွားတယ်.. ဓာတ်ပုံရော စာပါ ကြိုက်တယ်။

    ReplyDelete
  7. ငယ်ငယ်တုန်းက ဘီလူးရုပ်ဆို တအားကြောက်တာ။ တကယ်အသက်ရှိနေသလို ခံစားရလို့။ ခုကြီးလာတော့ ဘီလူးက ကတာတွေ့ရင်တောင် လှလိုက်တာဆိုပြီး ထိုင်ကြည့်နေချင်တာ။ အမြင်က အရွယ်နဲ့လည်း ဆိုင်တယ်ထင်ပါရဲ့။

    ReplyDelete