Friday, November 11, 2011

11-11-11



11-11-11 က တိုက်တိုက်ဆိုင်ဆိုင် တန်ဆောင်မုန်း လပြည့်ညနဲ့ တိုက်ဆိုင်နေတယ်။ ဆေးပေါင်းခတဲ့ညမှာ မဲဇလီဖူးသုပ် စားကြတယ် ဆိုပေမယ့် အခုချိန်ထိ တခါမှ မစားခဲ့ဖူးဘူး။ ကျွေးတဲ့သူက ကျွေးပေမယ့် မစားချင်လို့ မစားခဲ့တာဆို ပိုမှန်မယ်။ ရန်ကုန်မှာဆိုရင်တော့ ဒီညကတော့ သူခိုးကြီးည၊ ကျီးမနိုးပွဲ ကျင်းပတဲ့ ညပါပဲ။ ချစ်လို့ ခင်လို့ ကျီစယ်တဲ့ သဘောနဲ့ ဆိုင်းဘုတ်တွေ ဖြုတ်ပြီး တခြားအိမ်မှာ တပ်၊ ပန်းအိုးတွေ ခုံတွေ နေရာရွေ့၊ လူငယ်တွေ သူခိုးလုပ်တမ်း ကစားကြတယ်။ ကျီးမနိုးပွဲမှာ ဆော့တဲ့သူတွေ ရှိသလို တကယ်ခိုးတဲ့သူတွေလည်း ရှိတတ်ပါတယ်။ ဒါပေမယ့် အဲဒီလိုမျိုး တကယ်ခိုးသွားတယ် ဆိုတာက ရှားပါတယ်လေ။

ဒီနှစ်ကျီးမနိုးပွဲမှာ ခိုးချင်သပ... နေရာရွှေ့ချင်သပ ဆိုတဲ့သူတွေအတွက် အိမ်ရှေ့မှာ ဘတ်စ်ကားဟောင်းတစီး ထားပေးလိုက်မယ်။ ရှေးဟောင်းဆိုပေမယ့် ကားအသစ်သွင်းဖို့ ပါမစ်လျှောက်လို့ရတဲ့ ကားနော်။ ကားမှာ နံပါတ်ပြားတောင် မတပ်ထားတော့ဘူး။ ကဲ... ခိုးချင်သလို ခိုးတော့... ယူချင်သလိုသာ ယူပေတော့ဗျို့။

4 comments:

  1. လာပြီး ... ခေတ်မှီတဲ့ ကျီးမနိုးပေါ့လေ

    ReplyDelete
  2. LOL.. good post!
    It reminds me of the stolen bus with 5 wheels. :P

    ReplyDelete
  3. ညီမတို့ ငယ်ငယ်က စီးတဲ့ ကျောင်းကားနဲ့တူတယ်။း)

    ဒါနဲ့စကားမစပ် ပြီးခဲ့တဲ့ သောကြာက စီးတီးလင့်ခ်ထဲမှာ ညီမလေးနဲ့ ကိုဂျူလိုင်ကို တွေ့လိုက်တယ်။ ကျော် ကျော် လို့ အော်ပြီး ကျော်တက်သွားတယ်။း)

    ReplyDelete
  4. ဘတ်စ်ကားဟောင်းတစီး
    No! It is not a bus for public.
    BINO

    ReplyDelete