Tuesday, August 14, 2007

Remembrance

ပြန်မလာတော့ဘူးကွယ်

ပြန်မလာတော့ဘူးကွယ် ကိုယ်ထွက်သွားတော့မယ်
ကြင်နာသူနဲ့ဝေးရာ ဟိုး အဝေး ... အဝေး ...ဝေး
နှလုံးသားက နာကျင်စွာနဲ့ နောက်ဆုံးနှုတ်ဆက်ခဲ့တယ်
ကိုယ်အလိုချင်ခဲ့ဆုံးအရာ ဘ၀မှာ ချစ်ခြင်းမေတ္တာ
ရယူပိုင်ဆိုင်ခွင့်မရှိတော့ ကိုယ်ဆွေး .. အဆွေး ... ဆွေး
မမေ့တတ်ခဲ့သူသာ ရင်ထဲ အို ... တမ်းတနေမယ်

ရင်ဆိုင်ရင်း ရှုံးနိမ့်ရင်း ကိုယ့်ဘ၀မှာ
ဖျောက်ဖျက်မရတဲ့ အမှားများ
မျှော်လင့်ရင်း ဆုံးရှုံးရင်း နှလုံးသားမှာ
ဒဏ်ရာတွေ ပြည့်နှက်နေခဲ့ ကြေကွဲ (ကိုယ့်ရင်ထဲ)

မဆုံနိုင်တော့ဘူးကွယ် မင်းကို ကိုယ်သိပ်ချစ်ခဲ့တယ်/လည်း
တို့ရင်ခုန်သံများ အဝေးမှာ ဝေးမြဲ ဝေးဆဲ အေးခဲ
ရက်စက်တဲ့ ကံကြမ္မာကိုပဲ ဟင် သိပ်စိတ်နာတယ်
ရက်စက်တဲ့ ကံတရားကိုပဲ ကိုယ် သိပ်နာကြည်းတယ်

နောက်ဆုံး နှုတ်ဆက်ခဲ့ပါတယ် အချစ်ရယ်
ကိုယ်သွားပြီကွယ်
အဝေး ...



၁၄.၈.၂၀၀၇ ...
ကိုငှက်ကြီး ပြန်မလာတာ ၃ နှစ်ပြည့်သွားပြီ။
တကယ် လွမ်းမိတယ်ဗျာ။

1 comment:

  1. ဒီသီချင်းလေးကို အရမ်းကြိုက်ပါတယ်။
    (ခံစားချက် ခြင်းတူလို့ပါ)

    ReplyDelete