Thursday, August 14, 2008

Man and Coat

လူနဲ့အင်္ကျီ

ကျွန်တော်ဟာ ငယ်ငယ်တုန်းက အဖြူရောင် အင်္ကျီလေးကို
တကယ်စိတ်စွဲနှစ်သက်စွာ အမြဲတမ်း ၀တ်တတ်တယ် (ဒီလိုနဲ့)
အချိန်တွေ ကုန်လွန်ခဲ့တော့ ကျွန်တော်လည်း အရွယ်ရောက်ပြီ
ဖြူစင်လှသော အင်္ကျီလေး ၀တ်ဖို့ရှက်လာတယ်

လူ ရယ် ခေါ်နိုင်တဲ့အခါ နာကျင်တတ်ပြီး စိတ်မှာ
ပြန်လည်လျှော်ဖွတ် မရတော့ဘူး ဘ၀က ညစ်ပတ်တယ်
အမှန်ကိုလည်း မမြင်နိုင်သေးတော့ ဒီအညစ်အကြေးတွေ စွန်းဆဲ
ဖြူစင်လှသော အင်္ကျီလေး မင်းအတွက် အားနာတယ်

အင်္ကျီဖြူဖြူလေးရယ် မင်းလောက် တို့ မသန့်စင်တယ်
စိတ်မှာ ဒီအညစ်အကြေးတွေ ဆေးကြောလိုက်ချင်တယ်
လိပ်ပြာမလုံချင်ဘူးကွယ် အဖြူရောင်မြင်ရင် ရင်မှာနာကျင်ခဲ့

တခါတရံ မြင်နိုင်လိမ့်မယ် အဖြူရောင် အင်္ကျီအောက်မှာ
နာကျင်ညစ်ထေး စွန်းပေသော ဘ၀တစ်ခု ရှိနေတယ်။



ကိုငှက်ကြီးရေ...
အခုတလော ကျွန်တော်တစ်ယောက်
အင်္ကျီဖြူလေးကို လွမ်းမိနေတယ်ဗျာ။
၁၄.၈.၂၀၀၈

Image Credit: http://www.htooeainthin.com/

6 comments:

  1. ညီရေ ... အကိုလည်း အဲဒီအင်္ကျီအဖြူရောင်လေးကို လွမ်းတယ်ကွ။ ဒါပေမယ့် ထုတ်မ၀တ်ရဲလောက်အောင် အင်္ကျီမှာ အစွန်းအထင်းတွေ များနေပြီကွာ။ :(

    ReplyDelete
  2. ကိုဇူလိုင်ရေ..
    အမကတော့ ထူးအိမ်သင် သတိတရပို့စ်ကို မရေးတော့ဘူးလို့ ဆုံးဖြတ်ထားတယ်။
    တကယ်တော့ အမရေးမယ်ဆိုရင်....
    မရေးတော့တာပဲ ကောင်းပါတယ်..
    ဒီမှာပဲ ရင်လာဖွင့်လိုက်မယ်... တကယ့်ကို သတိရတယ်..

    ReplyDelete
  3. ကိုရုပ်ဆိုးရေ..
    ဒီလိုပါပဲ... အသက်တွေ ကြီးလာသလို ဘ၀ခရီးလမ်းမှာ ၀တ်ခဲ့တဲ့ အင်္ကျီဖြူလေးမှာ အစွန်းအထင်းတွေလည်း များလာကြပါတယ်။ လွမ်းလက်စနဲ့ ဆက် လွမ်းကြတာပေါ့ဗျာ။

    ဘာဖြစ်လို့လဲဟင်... မခင်မင်းဇော်...
    ရေးစရာရှိရင် ရေးပါဗျာ။ မရေးပဲနဲ့တော့ မနေပါနဲ့အုံး။ သတိရရင် ရသလိုလေး ရပါဗျာ။ အားပေးနေပါတယ်။

    ReplyDelete
  4. ဂျပ်ဆင်ထိပ်က လရိပ်ပြာကို လွမ်းမိတယ်။

    ReplyDelete
  5. ဒီလိုပါပဲဗျာ။ လွမ်းတတ်တဲ့လူတွေ အတွက် ကိုငှက် သီချင်းတွေက လွမ်းစရာလေးပါပဲ။

    ReplyDelete