Sunday, December 7, 2008

I got a coconut toy!!!


ဒီနေ့ Nikon D90 ၀ယ်ဖြစ်သွားပါတယ်။ Bugis က Sim Lim Square မှာ ၀ယ်ခဲ့တာပါ။ Audio House ရဲ့ Promotion လက်ကမ်းစာစောင်မှာ One set ကို စလုံး ၁၉၈၈ ဒေါ်လာနဲ့ ရောင်းထားတာ တွေ့လို့ Sim Lim Squareမှာ ဘယ်လောက် ပေးရမလဲဆိုတာ သိချင်တာနဲ့ Sim Lim Squareကိုပဲ အရင်သွားခဲ့တာပါ။ ပြီးခဲ့တဲ့ ကွန်ပျူတာပြပွဲတုန်းက D90 ကို စလုံး ၁၉၉၈ ဒေါ်လာနဲ့ ရောင်းထားတာကို တွေ့ရပေမယ့် ပစ္စည်းမစုံပါဘူး။ ဈေးမေးပေးခဲ့တဲ့သူပဲ သေချာ မမေးနိုင်ခဲ့သလားတော့ မသိပါဘူး။

နေ့လည် ၁ နာရီလောက် အိမ်မှာအတူနေတဲ့ အစ်ကိုတစ်ယောက်နဲ့ ထွက်ခဲ့ပါတယ်။ သူက သူ့ရဲ့ Laptop ကို ပြင်စရာရှိလို့ တခါတည်း ယူလာခဲ့သေးတယ်။ တစ်ဆိုင်ဝင် တစ်ဆိုင်ထွက်တော့ မလုပ်ဖြစ်ပါဘူး။ ဟိုတစ်ခါ လာကြည့်တုန်းက ဈေးအသက်သာဆုံး ပြောခဲ့ဖူးတဲ့ဆိုင်ကိုပဲ ပြန်လိုက်ရှာပြီး ဈေးဝင်မေးတာပါ။ အဲဒီဆိုင်က မြေညီထပ်မှာ မဟုတ်တာ တစ်ခုပဲ မှတ်မိတော့တယ်။ ဆိုင်ရှိတဲ့နေရာကို သေချာမမှတ်မိလို့ ၂ ခါလောက် တက်လိုက်ဆင်းလိုက် ပြန်ရှာရသေးတယ်။ နောက်ဆုံးတော့ တွေ့လေသတည်း။

Body နဲ့ Lens ကို ၁၆၀၀ ဒေါ်လာ ဈေးခေါ်ထားပါတယ်။ ခက်တာက အဲဒါကြီးပဲ ၀ယ်လို့မှ မရတာ။ အခြား အသေးအမွှားတွေလည်း လိုသေးတယ်လေ။ အဲဒါနဲ့ Dry Cabinet, Tripod, Memory Card, Battery, Flash light, Camera Case အကုန် လျှောက်မေးတော့ ဆိုင်က One set လိုချင်တာလားတဲ့။ အဲဒါဆိုရင် သူတို့ တွက်ပေးမယ်ဆိုပြီး တွက်ပေးပါတယ်။ Audio House မှာ ပေးထားသလောက် ပစ္စည်း မစုံပေမယ့် ဈေးက ၁၇၈၀ ဒေါ်လာပဲ ကျပါတယ်။ Battery Grip တစ်ခုနဲ့ 4GB memory card တစ်ခု မပါဘူးပေါ့။

ကင်မရာနဲ့ ပါတ်သတ်ပြီး သိချင်တာတွေကို ဓါတ်ပုံဆရာကြီး ဆိတ်ဖင်အလယ်စမ်းထားဆီကို ဖုန်းဆက် မေးလိုက်ပါတယ်။ နေ့လည့်ပိုင်းဆိုတော့ ကိုယ်တော်ချောက စက်တော်ခေါ်နေသလား မသိဘူး။ တော်တော်နဲ့ ဖုန်းလာမကိုင်ဘူး။ အခြေအနေကို ရှင်းပြလိုက်တော့ သူကလည်း ၀ယ်ဖို့ အားပေးပါတယ်။ တန်တယ်ဆိုပဲ။ တခြား သိချင်တာတွေကိုလည်း မေးမြန်းခဲ့သေးတယ်။ ဆောင်ရန် ရှောင်ရန် ဘာဘာညာညာပေါ့။

အဲဒါနဲ့ပဲ ကင်မရာတစ်လုံး ၀ယ်ဖြစ်လိုက်ပါတယ်။ မွဲဆေးကတော့ စ ဖော်လိုက်ပါပြီ။ နောက်ပိုင်းမှာ ထပ်ဝယ် ထပ်ဖြည့်ရမယ့် ပစ္စည်းတွေ တန်းစီနေတာ မြင်ယောင်နေပါတယ်။ ကိုယ့်စိတ်ကို သေသေချာချာ မထိန်းနိုင်ရင် ကုန်နီးကီးပါပဲ။ UV Protector မပါလို့ ထပ်ဝယ်ရပါသေးတယ်။ အဲဒါက ၄၉ ဒေါ်လာ ပေးရပါတယ်။ Screen protector က ၁၆ ဒေါ်လာ၊ Battery တစ်လုံးက ဒေါ်လာ ၇၀။ Flash light က ဒေါ်လာ ၁၂၀ ပေးရတယ်။ ဒါတောင် Nikon brand မဟုတ်ဘူး။ အားလုံးပေါင်းလိုက်တော့ စလုံး ၂၀၀၀ ကျော် ပြောင်သွားပါတယ်။ ဘာတွေ ရလိုက်လဲဆိုတော့ Nikon D90 Body & Lens, Nikon Tripod, Cleaning Kit, 8GB Memory Card, Nikon Camera Case, UV Protector, Screen Protector, Dry Cabinet နဲ့ Flash Light တို့ပါပဲ။

အင်း... မျောက်လက်ထဲ အုန်းသီးတော့ ရောက်နေပါပြီ။ ဒါပေမယ့် ဓါတ်ပုံကောင်းကောင်းတွေ ထွက်အုံးမှာ မဟုတ်သေးပါဘူး။ ဓါတ်ပုံပညာနဲ့ ပါတ်သတ်ပြီး လေ့လာသင်ယူတာတွေ လုပ်ရပါအုံးမယ်။ နောက်တစ်ခုက အုန်းသီးပဲ လက်ထဲရောက်နေတာပါ။ အဲဒီအုန်းသီးကို ဘယ်လိုခွဲစားရမလဲ ဆိုတာ သိသေးတာ မဟုတ်ပါဘူး။ ဒါကြောင့် လာမယ် ကြာမယ်ပေါ့ ခင်ဗျာ။

15 comments:

  1. ဘာပုံတွေလာမလဲ ကြည့်ရချည်သေးရဲ့

    ReplyDelete
  2. ကဲ ... ဆရာရေ လက်ရာကောင်းတွေကို မျှော်နေလေရဲ့နော်...

    ReplyDelete
  3. တန်တယ်ဗျာ၊12.3 Mega Pixel၊ဒီမှာ ပေါင် ၇၉၀ လောက်ရှိတယ်၊မိုက်တယ်(ကောင်းတာကိုပြောတာနော် :P)၊ဓါတ်ပုံအကြောင်းကတော့ "ဆရာဘောနက် tza" http://degolar.blogspot.com/ ကလဲပို့ချနေလေရဲ့။

    ReplyDelete
  4. သားလဲ လိုချင်တယ်။ သားလဲ လိုချင်တယ် ဟီး ဟီး :(

    ReplyDelete
  5. ရှေ့ရေးဆက်မအေးပါ. (both.. ရိုက်သူလဲ ပိုက်ဆံကုန်. ကြည့်သူလဲ အေးအေးမနေရ)

    ReplyDelete
  6. ရွာသားကြီးနဲ့ အိပ်မက်ရှင်ရေ...
    ပုံကောင်းကောင်းတွေ လာဖို့က ကြာအုံးမှာပါ။ လက်ရာကောင်းတွေ မမျှော်ကြပါနဲ့အုံး။ ကျွန်တော် ကြိုးစားဖို့ အများကြီး လိုပါသေးတယ်။

    Strikeရေ.. ဈေးတန်တယ်လို့ ပြောသံကြားရတာ စိတ်ချမ်းသာတယ်ဗျ။ ကျေးဇူးတင်ပါတယ်။

    ကိုလူသစ်ကြီး... ကင်မရာ ၀ယ်စရာရှိ ၀ယ်လိုက်တော့လေဗျာ။

    မခင်ဦးမေရေ... ရိုက်သူ ကြည့်သူ့ နှစ်ဘက်စလုံး ရတတ် မအေးရတော့ဘူးပေါ့နော်။

    ReplyDelete
  7. ဦးလေးရယ်

    အိမ်နားက Courts မှာ ၁၈၀၀ အထိချပြီး အရင်အပတ်က Promotion လုပ်နေတာ ကို Sim Lim Square အထိသွားဝယ်ရ သလားဗျာ။ အနည်းဆုံး ဈေးသိချင်ရင် သတင်းစာဖြစ်ဖြစ်၊ Courts website ဖြစ်ဖြစ်တစ်ချက်လောက် ကြည့်ပါလားဗျာ။ အခုတော့ ၁၀၀ တောင်ဈေးကြီးသွားပြီ။

    ReplyDelete
  8. သားလေး သန့်ဇင်ဦးရေ...
    ဦးလေးလည်း ကောက်ပါတယ်။ ကောက်မှာက ဈေးသာ ချထားတာ။ ပေးထားတဲ့ ပစ္စည်း မစုံဘူးကွဲ့။ ဒါကြောင့် ဟိုကို ရောက်သွားရတာပါကွယ်။

    ReplyDelete
  9. ဦးလေးရဲ့ Camera မနက်ဖြန် လာစမ်းပြီးရိုက်ကြည့်ဦးမယ်။ ဟဲ ဟဲ

    ReplyDelete
  10. ကိုဂျူလိုင်ကြီး နောက်တစ်ခါ အသစ်ဝယ်ကာနီးရင် ပြောနော်။ အဟောင်းကို အရှုတ်ခံပြီး သိမ်းမထားနဲ့  လွှင့်သာပစ်လိုက်။ လာကောက်မလို့  ဟီး။

    ReplyDelete
  11. ဟဟ... သေချာတယ်။ အသစ်က ထပ်ဝယ်စရာ မလိုလောက်တော့ဘူး။ ဒီဟာကြီးက နောက်ဆုံးပေါ် ဖြစ်နေတုန်းပဲလေ။ တော်တော်နဲ့ ခေတ်နောက်ကျမှာ မဟုတ်သေးဘူး ခင်ဗျ။ ထင်တာ ပြောတာပဲလေ။ အဟဲ...

    ReplyDelete
  12. ဓါတ်ပုံတွေ မျှော်နေတယ်ဗျို့ ဟီးးးးးးးးးးး ဈေးကလည်း ၂၀၀၀ လောက် များတယ်ဗျာ ၀ယ်နိုင်ဘူး အလကားလာပေး

    ReplyDelete
  13. Congrats ပါကိုNMA.. ကျတော်နဲ့လိုင်းတူသွားပြီပေါ့.. ကျတော်တုန်းက ၁၇၅၀ ပေးခဲ့ရပါတယ်.. body+kit lens 18-105mm, Hoya UV filter 2x4GB, cleaning Kits, lowepro bag, Tripod, 2xbatteries, HP photo printer.

    ကိုဆမအတွက်သွားဝယ်ပေးတော့ ၁၇၀၀ ကျတယ်.. သူကျတော့ printer, bag, tripod, battery အပိုမပေးတော့ဘူး


    Rainstealer

    ReplyDelete