Tuesday, March 3, 2009

Merlion struck by lightning


ပြီးခဲ့တဲ့ စနေနေ့ ညနေပိုင်း ၄ နာရီကျော်မှာ စင်္ကာပူရဲ့ အထင်ကရ အမှတ်အသားဖြစ်တဲ့ Merlion ရုပ်တုကြီး မိုးကြိုးပစ်ခံခဲ့ရပါတယ်။ မိုးကြိုးဒဏ်ကြောင့် ရုပ်တုကြီးရဲ့ ခေါင်းပေါ် လည်ဆံမွှေးတွေ နေရာမှာ အပေါက်ကြီး ၂ ပေါက်ဖြစ်သွားပါတယ်။ မိုးကြိုးဒဏ်ကြောင့် Merlion ရုပ်တုကြီးရဲ့ အနားတ၀ိုက်မှာ လာရောက် လည်ပတ် ဓါတ်ပုံရိုက်နေတဲ့ ဧည့်သည်များ တစ်စုံတရာ ထိခိုက်ဒဏ်ရာ ရမှုတော့ မရှိခဲ့ပါဘူး။

အပူပိုင်းမုတ်သုံဒေသမှာ တည်ရှိနေတဲ့ စင်္ကာပူနိုင်ငံအဖို့ အခုလို မိုးကြိုးပစ်ခံရခြင်းကို မကြာခဏ ခံရလေ့ရှိတဲ့ နိုင်ငံစာရင်းထဲမှာ ပါပါတယ်။ ၁၉၈၂ ကနေ ၂၀၀၈ ခုနှစ်အတွင်း ပျဉ်းမျှအားဖြင့် ၁ နှစ်မှာ ၁၈၆ ရက်လောက် မိုးကြိုးပစ်ခံရကြောင်း National Environment Agencyရဲ့ မိုးလေ၀သဌာနက ပြောကြားပါတယ်။

ဥပဒေအရ လူနေထိုင်တဲ့ အဆောက်အဦးတွေတိုင်းမှာ မိုးကြိုးလွဲတွေ တပ်ထားပေမယ့် အခုရုပ်တုကြီးမှာတော့ မိုးကြိုးလွဲ မရှိခဲ့ပါဘူး။ အထပ်မြင့် မိုးမျှော် အဆောက်အဦးကြီးတွေ ၀န်းရံနေတဲ့ Merlion ရုပ်တုကြီးဟာ မိုးကြိုးဒဏ်ကို လုံလောက်စွာ အကာအကွယ်ပေးနိုင်မယ့် အနီးဆုံး အဆောက်အဦးဖြစ်တဲ့ One Fullerton building နဲ့ အကွာအဝေး အတော်ဝေးဝေးမှာ တည်ရှိနေခဲ့တာကလည်း အခုလို မိုးကြိုးပစ်ခြင်း ခံရတာပါလို့ NUSက ပါမောက္ခတစ်ဦးကလည်း ရှင်းပြပါသေးတယ်။

အခုတော့ ရုပ်တုကြီးကို ပြင်ဆင်မွမ်းမံနေပါပြီ။ Merlion ရုပ်တုကြီး ခြင်ကိုက်ခံရပြီး သွေးလွန်တုပ်ကွေးဖြစ်မှာ စိုးလို့ တာဝန်ရှိသူများက လောလောဆယ်မှာ ခြင်ထောင်ချပေးထားပါတယ် ခင်ဗျာ။

Photo Credit: www.asiaone.com

16 comments:

  1. ကမ္ဘာ့စီးပွားပျက်နေရတဲ့ကြားထဲ စလုံးသင်္ကေတကြီး မိုးကြိုးပစ်ခံရတယ်ဆိုတော့ နမိတ်မကောင်းဘူး။ ဘယ်တိုင်းပြည် ထပ်ကြွရရင်ကောင်းမလဲ ခုကထဲက စဉ်းစားထားမှထင်တယ် :(

    ReplyDelete
  2. အင်း ရုံးမှာလည်း နေ့လည် ထမင်းစားချိန်မှာ အဲဒီလိုပဲ ပြောကြတယ်။ စလုံးအတွက် နမိတ် မကောင်းဘူးတဲ့။ SG Flyer ကလည်း ဖုန်းရွှေနဲ့ ကြည့်ရင် မှားနေတယ်တဲ့။

    ဘယ်ကို လစ်ကြမလဲ ဆိုတော့ သြဇီ ပြေးကြရအောင်လား ဆိုပဲဗျ။

    ReplyDelete
  3. ဟုတ်တယ်ဗျ၊ အဆင်ပြေရင် သြဇီဖက် ရွေ့သင့်တယ်။

    ReplyDelete
  4. စိတ်ပူဖို့တော့ လိုမယ် မထင်..
    မြန်မာ ရာဇ၀င် တွေ ထဲ..မတော့
    မိုးကြိုးခ ရင်
    မင်းဖြစ်တာတို့..ဘာတို့ ကြားဖူး တယ်နော်..
    ဆိုတော့..
    စင်္ကာပူ က ထိပ်တန်း တက်လာမဲ့ သဘောပဲ..

    ReplyDelete
  5. အဟီး
    မသိလိုက်ဘူး..
    သိရင် အုန်းမှုတ်ခွက်နဲ့ မိုးကြိုးသွားကို သွား အုပ်ပြီး ဖမ်းပါတယ်...
    ဟီး ဟီး.....

    ReplyDelete
  6. တော်သေးတာပေါ့..မမသီရိ ကော်မန့်လေးကယ်ပေလို့...
    ဟူး...ရင်မောဒယ်...လတ်တလောဘယ်မှမရွေ့နိုင်သေးလို့လေ

    ReplyDelete
  7. သူလဲ JD အသီးကွဲသလိုထိပ်ကွဲပြီ။

    ReplyDelete
  8. :-) မိုးကြိုးပစ်သွားတာတောင် မမှုပဲ ပေပေတေတေရပ်နေတဲ့ မာလိုင်းရင်းလေးကိုများ .. ဘာတွေလာပြောနေကြမှန်းမသိဘူး။ သူများတွေလို မိုးခြိမ်းသံကြားတာနဲ့ ခုတင်အောက်ဝပ်နေတာမှ မဟုတ်တာ။ ခေါင်းပေါက်သွားတာတောင် မငိုဘူး။ သတ္တိရှိတယ်လေ. . . ။

    ReplyDelete
  9. အဲ့နေ့က တော်တော်မိုးချိမ်းတယ်နော် ဦးဦးချဲဗန်း...
    တနင်္ဂနွေနေ့လည်း မိုးက ဖွဲဖွဲလေး ရွာပီး အသံကျယ်ကြိးနဲ့ ခြိမ်းခြောက်နေတာ အကြာကြီးပဲ....

    သတင်းထူးလေးတွေ ဖတ်ရတယ်.. အခုမှ သိတာ..
    ကျေးဇူး...နော့်

    ဟင့်.. တော်ပြီ..စလုံးမှာတောင် မနေချင်တော့ဘူး ..တနေ့တနေ့ မိုးကြိုးထိမှာကို ကြောက်နေရတယ်... ဟင့်

    ReplyDelete
  10. JD ရေ KOM ဆီသွားရင်ကြည့်သွား၊KOM အခုတလောအသီး၊
    အနှံတွေခံတွင်းတွေ့နေတယ်။

    ReplyDelete
  11. ဘာရယ်တော့ မဟုတ်ပါဘူး။
    ဇော်ဝင်းထွဋ် သီချင်းလေး သတိရမိတယ်

    မိုးကြိုးပစ်သလို အချစ်တွေကို ရင်ခွင်ထန်းလက်နဲ့ ကာလို့မရ....ဆိုတာ
    ဘာမှတော့မဆိုင်ပါ။
    :)

    ReplyDelete
  12. ဒီလို ဖြစ်နိုင်တယ်။

    ReplyDelete
  13. စင်ကာပူရဲ့ မကောင်းတဲ့ ကြမ္မာဆိုးတွေ အတွက် Merlion က ရှေ့က ဝင်ကာပေးသွားတာ ဆိုပဲ။ အဲဒီလို ပြောနေကြတယ်။ ဟားဟား။ :D

    ReplyDelete
  14. တော်တော်ဆိုးတာပဲနော် ..... ပစ်စရာ ရှားလို့ ။ အမှန်တကယ်က အဲဒီအရုပ်ကို မပစ်ရဘူး။ နေပူတော်က အရူးဘုရင် မောင်သန်းရွှေအိမ်ကို သွားပစ်ရမှာ

    ReplyDelete
  15. အဲဒါတွေ မိုးကြိုးအပြစ်ခံရတာ ပြဿာနာ မဟုတ်
    ဘူး၊ ကိုယ့်အပြစ်မခံရဖို့ အရေးကြီးတယ် ဆရာရေ သတိထားသွားလာပေါ့ဗျာ။

    ReplyDelete