Thursday, July 9, 2009

Monkey Mind


လူ့စိတ်ဆိုတာ ခက်တော့လည်း ခက်သားဗျ။ တခါတလေမှာ စိတ်ရူးပေါက်ရာလေးတွေလည်း ဟိုဟိုဒီဒီ လုပ်ချင်မိပါတယ်။ စိတ်ကူးနဲ့ စိတ်ရူး မတူပါဘူး။ စိတ်ရူးဆိုတာ အရည်မရ အဖတ်မရ အရူးထတာမျိုးပေါ့။ ကလေးမဟုတ် သူငယ်မဟုတ် ချိုမိုင်မိုင် ကချင်တာမျိုးလည်း စိတ်ရူးထတာလို့ ထင်တယ်။ အသက်ကြီးမှ သနပ်ခါး လိမ်းချင်တာလည်း စိတ်ရူးထတာဖြစ်မယ်။ စိတ်ရူးပေါက်တယ်ဆိုတာ မျောက်စိတ်လိုပဲလား မသိဘူး။ ဒါပေမယ့် ဘ၀မှာ ဘုရားဒကာ ကျောင်းဒကာလိုမျိုး အချိန်ပြည့် အတည်အတန့်ကြီးပဲ နေပေးရမှာလားဗျ။ ပေါ့ပေါ့ပါးပါးလေးတွေလည်း ရှိစေချင်မိတယ်။

တခါတလေတော့လည်း အလေးအနက်ထား လုပ်ချင်မိတာလေးတွေ ရှိတယ်။ လုပ်သင့်ပြီ ထင်လို့ လုပ်ရမယ့် အရာတွေမှာ စိတ်တူကိုယ်တူ ဖြစ်နိုင်မယ်လို့ ယူဆရတဲ့ လူတချို့ကို ပြောဆို တိုင်ပင်မိတယ်။ လူများတော့ ပွဲစည်တယ်ဆိုပြီး တွဲလက်တွေ များစေချင်မိခဲ့တယ်။ နှမ်းတစ်စေ့နဲ့တော့ ဆီမဖြစ်မှန်း သိတာပေါ့။ ဒါပေမယ့် ကျွန်တော်က ဆီဖြစ်ချင်တာမှ မဟုတ်တာဗျ။ ဆီဆိုတာ ချောမွေ့တဲ့ သဘောမှာ ရှိတယ်လေ။ ကျွန်တော်က ဆူးတွေ အပြည့်နဲ့ စိတ်ကောင်းဝင်နေတဲ့ မာရ်နတ်လို့ပဲ ပြောရမလားပဲ။ ဆိုးလိုက် ကောင်းလိုက်ပါပဲ။

လူတကာကို အလွယ်တကူ မခင်တတ်ပါဘူး။ အသက် ဘယ်လောက်ရှိပြီလဲ။ အမည်ရင်းက ဘယ်လိုခေါ်လဲ။ ဘယ်မှာ နေလဲ။ ဘာလုပ်နေလဲ။ ဘယ်က ကျောင်းပြီးတာလဲ။ အဲဒါတွေကို တခါမှ မသိဖူး မမြင်ဖူးတဲ့ သူတွေ လာလာမေးရင် ကျွဲမြီးတိုပါတယ်။ အဲဒါတွေ သူတို့ သိတော့ရော ဘာလုပ်လို့ ရမှာလဲ။ ဇူလိုင်ကို ဇူလိုင်လို့ပဲ မှတ်ထားလိုက်ပေါ့။ သူတို့အကြောင်းကျတော့ ဘာတစ်ခုမှ မသိထားရပဲ ရဲစခန်းမှာ အမှုစစ်ရဲက စစ်သလိုမျိုး တစ်ခုပြီး တစ်ခု မေးမြန်း စစ်ဆေးနေတော့ လူက စိတ်မရှည်တော့ဘူး။ အဲဒီလိုအချိန်မှာ စိတ်ရူးပေါက်ပေါက်နဲ့ ပြန်ဘုတောမိတော့ ရိုင်းလိုက်တာတဲ့။ ဘယ်လိုလူလည်း မသိဘူးတဲ့။ ချိုချိုသာသာလေး ပြောဆိုတတ်ပါတယ်။ ငယ်ငယ်တုန်းကပေါ့။ အခုတော့ အသက်က ဦးအရွယ် ဖြစ်နေတော့ စိတ်က လက်တစ်ဆစ်ဖြစ်နေပါပြီ။

သတင်းကြီးတဲ့ မာမီကိုတော့ ခင်ပါတယ်။ ဒါပေမယ့် မာမီက လူသိမခံတဲ့ ရောဂါရှိတယ်။ သူ့ရောဂါကို သူလည်း သိတယ်။ သိရဲ့သားနဲ့ကို ပျောက်အောင် မကုပဲ ပိုဆိုးလာအောင် လုပ်နေသလားပဲ။ မာမီကို facebookက သူငယ်ချင်းစာရင်းထဲမှာ လက်မခံထားပါဘူး။ သူငယ်ချင်းလို့ ပြောလိုက်ရင် ရိုင်းများသွားလေမလားလို့ပါ။ အခင်အမင်တွေ မပျက်စေချင်တော့လည်း တိုးတိတ်စိုးထိတ်မိတယ်။ ဒါပေမယ့် အစ်မလို့တော့ ခေါ်ပါတယ်။ လူကြီးသူမဆိုတာ ရိုသေရမယ်လေ။

အဲဒီလိုပဲ လူ့စိတ်ဆိုတာ ခန့်မှန်းရ ခက်တယ်။ ခင်တာတော့ ခင်ပါတယ်လေ။ တကယ့်ကို မဟားတရားကို ခင်လွန်းမက ခင်လွန်းအားကြီးလို့... ခင်သထက်ခင် မင်သထက်မင်... ခင်မင်မှုတွေ မလျော့ပါးရလေအောင် ခင်မင်မှုတွေကို ဂုဏ်ပြုထားချင်မိတယ်။ ကလေးမဟုတ် သူငယ်မဟုတ်... အရည်မရ အဖတ်မရဆိုတာ သိပေမယ့် စိတ်ရူးထမိတာပါ။ ခွေးလွှတ်ပြီးသာ ကိုက်ခိုင်းလိုက်ပါလေ။ အဲဒီတော့လည်း ဆေးထိုးအပ် တုံးတုံးနဲ့ ချက်ပတ်ပတ်လည် ဆေးထိုးခံရပြီပေါ့။ သနားကြပါခင်ဗျာ။ ၀ဋ်ရှိသရွှေ့တော့ ကျေအောင် ဆပ်ရပြီပေါ့။

အင်း... စိတ်ရူးပေါက်နေတဲ့ အချိန်မှာ တွေးမိပြီး မျောက်လက်နဲ့ ရေးမိပါတယ်။

14 comments:

  1. Monkey mind
    ကို monkey mood နဲ့ဖတ်သွားပြီ

    ကိုယ့်ပုံကိုယ်ပါ တင်ပါအုံး
    နူတ်ခမ်းမွှေးလေးနဲ့လေ
    :D

    ခင်မင်စွာဖြင့်
    သီဟသစ်

    ReplyDelete
  2. Monkey mind ကိုနှစ်ခေါက်ဖတ်မှပဲ အတည့်ဖြစ်သွားတော့တယ်။ အင်းပါးလုံးလည်း ရူးနေတယ်ထင်ပ။
    ခင်မင်လျှက်
    ညီမလေး ပါးလုံး

    ReplyDelete
  3. မျောက်နှစ်ဖွား

    စိန်မျောက်မျောက်လဲ

    ခေါင်းလေးကုတ်လို့

    မျက်စိကလည်ကလည်

    ခြေဆော့ လက်ဆော့ ဖတ်တွားပါတယ်

    ကိုဇူလိုင်


    ချစ်ခင်လေးစားစွာဖြင့်

    ဖိုးစိန်

    ReplyDelete
  4. ခုမှ လာဖတ်မိတယ်။
    ကိုယ် ဘယ်လို တွေးနေမိတယ်ဆိုတာကို တွေးမိတဲ့ အချိန်ဖြစ်တော့ တိုက်ဆိုင်နေသလားလို့။
    အကျင့်ပါနေလို့ ဆရာဝင်လုပ်ရရင် self-awareness က ကောင်းပါတယ်။
    ဥပမာ အခုလို ချရေးဖြစ်တာမျိုးပေါ့။
    သူများ ကိုယ့်အတွင်းစိတ်တွေကို သိသွားတာမျိုး ဖြစ်တာက တစ်ပိုင်း (တစ်ချို့ ကအဲဒါ မကောင်းဘူးလို့ ပြောလို့ပါ) ကိုယ့်ကိုယ်ကို ပြန်မြင်တာက တစ်ပိုင်း
    writing is a therapy လို့ ယုံကြည်ထားတယ်။
    ကိုယ်ရေးတဲ့စာတွေလောက် ကိုယ့်ကို ပြန်မြင်စေတာ မရှိဘူးလို့ ထင်မိတယ်။
    ကိုယ်တွေ့ ၀ိပဿနာကို ရေးတဲ့ ဂိုးလစ်တိန်း ရဲ့ စကားထဲမှာ " ကျွန်တော်တို့က ပိုမှောင်တဲ့ ဘက်ကို မသွားချင်ပါဘူး .. အလင်းဘက်ကိုပဲ သွားချင်တာပါ" တဲ့။
    တစ်ခုခုကို မြင်မိတိုင်း ပိုကောင်းတဲ့ ဘက်ကို ရောက်ဖို့ပဲလို့ ယူဆမိတယ်။

    ReplyDelete
  5. နဒီ..လဲ..အခုမှ..တွေ့ ဖူးပြီး..
    အမူစစ်သလို..စစ်နေရင်..အားကြီး.စိတ်ဆိုးတယ်.
    ကိုယ်တိုင်ကလဲ..အမေးအမြန်းမထူဖူးလေ..
    ဟုတ်တယ်..လူစိတ်ဆိုတာ..ပြောရခက်တယ်ကော..
    ပျော်ရွှင်ပါစေ...

    ReplyDelete
  6. dun know why! I keep on reading 'monkey' as 'money'... ha ha...

    ReplyDelete
  7. ပြုံးမိတယ်ဗျ။ တစ်ခါတစ်ခါတော့လဲ ကိုဇူလိုင်လို တွေးမိသား။ ရေးချလိုက်ရမှာ အားနာတယ်။ ဟီးဟီး။

    ReplyDelete
  8. ဘာအမှုမှန်း မသိဘူး။ ဒါပေမဲ့ ငါးပိပို့လိုက်တယ်

    ReplyDelete
  9. ဒီတခါတွေ့ရင် တင်ပါးကို သေချာကြည့်ဦးမှ

    ReplyDelete
  10. :) ... စုံစမ်းမေးမြန်းခြင်း သီးခံပါ..။ ကောင်းပါတယ်... လူဆိုတာ စိတ်လိုရင်တစ်မျိုး မလိုရင်တစ်မျိုး ကြီး တွေပဲမဟုတ်လား..။ အဲ့ဒါ လူပဲ..။

    ReplyDelete
  11. တစ်ခုခုအတွက် ရေးထားမှန်းတော့သိသလိုပါ

    ကိုယ်လည်းသေသေချာချာ မသိသမို့ မသိသလို နေလိုက်ပါသည်

    ရည်ရွယ်သူ ဖတ်မိပါစေ

    ပျော်ရွှင်ပါစေ

    ( ဦးအရွယ် မို့ စိတ်တိုတယ် ဆိုတာတော့ အင်း ဦးအရွယ်မို့ မကျေမနပ်များ ခံစားမိသွားလား ဘာသာ လည်းနားမလည် နောက်တာပါ )

    ပျော်ရွှင်ပါစေ

    ReplyDelete
  12. cbox မှာတုန်းက မျောက် မဟုတ်ပါဘူး။ ကြက်ဖကြီးလို့ လာအော်သွားဖူးလားလို့။ ဘ၀ပြောင်းတာ မြန်လိုက်တာ။

    တချို့ကိစ္စတွေလဲ serious လို့ မမှတ်ပါနဲ့လေ။ ပြောတဲ့လူက ဘာမှ မဟုတ်ဘဲ မျောက်လက်နဲ့ ရိုက်သွားတာလဲ ဖြစ်နိုင်တာပဲ။ ဒါကို ကိုယ်က အတည်ယူနေရင်"ဟား" စရာကြီး ဖြစ်သွားဦးမယ်။

    ကိုယ့်လို blog မှာ open ထားတဲ့လူကိုတောင် AMMK ဆိုတာ ဘာလဲ လို့ လာမေးခံရသေးတယ်။ သေချာတော့ ဖတ်မကြည့်ဘဲနဲ့။ ကိုယ်ကတော့ ကိုယ့်စိတ်နဲ့နှိုင်းပြီး အတည်မေးတာ မဟုတ်ဘူးလို့ပဲ ယူဆပါတယ်။

    (မှတ်ချက်။ အတည်မယူပါနှင့်။ မျောက်လက်နှင့် ရိုက်သွားခြင်းသာ ဖြစ်ပါသည်။)

    ReplyDelete
  13. ညီမလည်း မျောက်မိုင်းပါပဲ
    ဟဲဟဲ
    လူက မျောက်က ဆင်းသက်တယ်ဆိုတာ ကိုယ့်ကို မှန်ထဲမြင်ပြီး လက်ခံထားပါတယ် ..
    အဆင်ပြေပါစေကိုဇူလိုင်ရေး)

    ReplyDelete
  14. ဖတ်သွားပါတယ်..း)

    ReplyDelete