Saturday, July 11, 2009

When I fall in Love



ဘတ်စ်ကားမှာ လက်မှတ်ဖြတ်ရမှာကို မေ့ပြီး ခပ်တည်တည်နဲ့ ကားအပေါ်ထပ်ကို တက်သွားလို့ ဒရိုင်ဘာက အပေါ်ထိတက်လာပြီး လက်မှတ်ဖြတ်ဖို့ခေါ်မှ နဂိုအသိပြန်ကပ်တာမျိုး...

သောက်ရေဘူးထဲကို ရေအေးထည့်ရမှာကို ရေသန့်စက်မှာ ရေပူခလုတ်ကြီး ဖိထားမိလို့ ရေဗူးပူလာတော့မှ နဂိုအသိပြန်ကပ်တာမျိုး...

သောက်ပြီးသားကော်ဖီခွက် ဆေးတုန်းက ရေပူနဲ့ ခွက်ကို ကျင်းပြီး သွန်တဲ့အချိန်မှာ လက်ပေါ်တည့်တည့် သွန်မိလို့ အပူလောင်တော့မှ နဂိုအသိပြန်ကပ်တာမျိုး...

ရေချိုးခန်းထဲ ခေါင်းလျှော်တဲ့အချိန်မှာ ခေါင်းလျှော်ရည် မသုံးမိပဲ ကိုယ်တိုက်ဆပ်ပြာရည်နဲ့ ခေါင်းကို ပွတ်မိပြီး အရင်လောက် ဆပ်ပြာမြှုပ် မထွက်မှန်း သထိထားမိလိုက်မှ နဂိုအသိပြန်ကပ်တာမျိုး...

မျက်နှာသစ်တဲ့အချိန် မျက်နှာဆေးကရင်မ်ဘူးကို လှမ်းမယူမိပဲ သွားတိုက်ဆေးဘူးကို ညှစ်ပြီး ထွက်လာတဲ့ သွားတိုက်ဆေးနဲ့ မျက်နှာသစ်မိလို့ စပ်ဖျင်းဖျင်းဖြစ်မှ နဂိုအသိပြန်ကပ်တာမျိုး...

ဓါတ်လှေခါးထဲ ၀င်ပြီး တက်မယ့်အထပ်ကို ခလုတ်မနှိပ်မိပဲ အတွေးတွေ လွင့်မျှောနေချိန်မှာ အပေါ်ထပ်က အောက်ဆင်းမယ့်သူ ခလုတ်နှိပ်ခေါ်လိုက်လို့ ဓါတ်လှေခါး တက်သွားပြီး တံခါးပွင့်သွားတဲ့အခါ ကိုယ်သွားမယ့် အထပ်မဟုတ်တာ တွေ့လိုက်ရမှ နဂိုအသိပြန်ကပ်တာမျိုး...

ညဘက်ပိုင်း လေ့ကျင့်ခန်းလုပ် ပြေးနေတဲ့အချိန် လှတပတ တရုတ်မလေးတွေ ဖျက်ကနဲမြင်လို့ ငေးမိပြီး တစ်စုံတစ်ယောက်ကို လွမ်းလွမ်းနဲ့ သတိလက်လွှတ် ပြေးနေမိလိုက်တာ ပလက်ဖောင်းပေါ်ကနေ မြက်ခင်းထဲ ရောက်နေမှ နဂိုအသိပြန်ကပ်တာမျိုး...

အဲဒီလိုမျိုးတွေ ဖြစ်ရင်ရော ချစ်မိနေပြီလို့ ပြောလို့ရမလားပဲနော်။

~~~~~~~~~~~~~~~~

မျောက်နှစ်ဖွား မရီတာက ချစ်မိပြီဆိုရင်မှာ လက်ဆော့ထားတာကို ဖတ်လို့ကောင်းကောင်းနဲ့ အားရပါးရ သွားဖတ်မိလိုက်တာ စာတစ်ပုဒ်လုံး ဖတ်ပြီးတော့မှ နောင်တရလိုက်တယ်။ သူက အသက် ၂၀ နှစ်အောက် လူငယ်များအတွက်ပဲ ရေးထားတာဆိုပဲ။ ကျွန်တော်တို့လို အိုကြီးအိုမတွေ ခြင်္သေ့သစ်လို ကလေးအဖေတွေ ဖတ်ဖို့မဟုတ်ဘူးဆိုတော့လည်း ကိုယ့်ဘ၀နဲ့ ကိုယ် ရှိပါစေတော့လေပေါ့ဗျာ။ ဒါပေမယ့် သူတစ်ယောက်ပဲ ချစ်တတ်သလားနော်။ ကျုပ်တို့တွေလည်း ချစ်တတ်ပါတယ်လေ။ အဲဒီတော့ အားကျမခံ ကိုယ့်ပုံစံနဲ့ ကိုယ် ပြန်ရေးလိုက်တာပေါ့ဗျာ။

အရွယ်တော် တစ်စိတ်ဟိုင်း လူပျိုသိုး အပျိုသိုးကြီးများ ဖတ်ရန်လို့ မှတ်ချက်ထား ရေးချင်မိပေမယ့်လည်း တကယ်တမ်းကတော့ ကလေးမသာမျက်နှာနဲ့ ရုပ်ရှိချိန်ပါ ဖိုးသင်္ကြန် အတွက် ရည်စူးပါတယ်ဗျာ။

23 comments:

  1. အဲဒါမျိုးဆိုရင်တော့ သွားသင့်နေပြီ။
    စိတ်ကူးယဉ်ဆေးရုံကို...

    ReplyDelete
  2. ကိုဂျူလှိုင် ရေ
    လုပျိုသိုးကြိးတွေ ချစ်မိရင် ၂၀ ကျော်တွေထက် ပိုစိတ်ကူးယဉ်မလားမသီဘူး

    ReplyDelete
  3. ဟဟဟဟ ရီရတယ်...။ အချစ်ကြောင့် မဟုတ်တဲ့ တခြားစိတ်လွင့် ခြင်းတွေ ကြောင့်လဲ ....ခု ကိုဂျုလိုင်ရေးသလို ဖြစ်တတ်ပါတယ်ရှင်..။း)

    ReplyDelete
  4. နဒီ..အချစ်နဲ့ စတွေ့ တဲ့နေ့ က..
    ငါးဟင်းနဲ့ ထမင်းစားနေတဲ့အချိန်..
    အရိုးစူးသွားတယ်..ဟီးးးး
    ဖြစ်တတ်ပါတယ်..ရှင်

    ReplyDelete
  5. ကိုယ်တိုင်ခံစားချစ်ဒုက္ခများကို ဖတ်သွားပါကြောင်း

    ReplyDelete
  6. ဘီလူးကိုဘာဖြစ်လို့ချမ်းသာပေးထားတာလဲ။

    ReplyDelete
  7. ချစ်တာ ဘာဟုတ်သေးလဲ
    အသဲကွဲတာ ပိုဆိုးတယ်
    နဂိုစိတ်ကို ပြန်မကပ်တော့ဘူး
    အင်းလေ
    ခဏခဏ စွံ့နေတဲ့လူတွေဆိုတော့
    ဘယ်ကိုယ်ချင်းစာတက်ပါ့မလဲ

    ReplyDelete
  8. အော်.. မောင်လေး ဂျူလိုင်.
    မောင်လေး ဂျူလိုင်..

    အလုပ်ထဲ မှာ မတ်တပ်ကြီးလွမ်းနေလို့
    ဘော့စ် ဆီ အဆူခံ မထိသေးရင်

    အွန်လိုင်းပေါ် ကောင်မလေး ရောက်လာမလားလို့
    မျှော်ရင်း မျှော်ရင်း အလုပ်တွေ မပြီးတော့
    ဘော့စ် က ခေါ်ဆူတာ မခံရသေးရင်..

    အင်း..
    နဲနဲ တော့ လိုသေးတယ်..း)

    ReplyDelete
  9. လက်မှတ် ဖြတ်ဖို့ မေ့လို့ လူလည်ခေါင် သူ့အကြောင်းတွေး၊ ကားသမား တက်လို့ လိုက်ခေါ်ရသောအခါ ...

    ရောဂါ

    ReplyDelete
  10. ဒီ post လေးကို အထူးကြိုက်သွားပြီ။ :P
    ဆက်ချစ်နိုင်ပါစေ....နောက်နောင်အဆုံးတိုင်...

    ReplyDelete
  11. ဒီပိုစ့်က ကိုယ်တွေ အတွက် မဟုတ်ပါ

    မရီတာ ဆီသွားဖတ်မည် ၂၀ အောက် ဆိုသကိုး

    စိတ်သက်ပြောပါတယ်

    နောက်တာပါ

    ပျော်ရွှင်ပါစေ

    ReplyDelete
  12. လာဖတ်သွားပါတယ်. ဒီလိုပါပဲ အချစ်နဲ့တွေ့သွားရင်လူတွေဟာ အယောင်ယောင်အမှားမှားဖြစ်သွားတတ်တယ်ထင်ပါတယ်. ကိုယ်တွေ့ ။ ;))

    ReplyDelete
  13. အေးလေ ဒေါ်ရီတာ ကြီးမှ ချစ်တတ်မှ မဟုတ်ပါဘူး
    :D
    ဟောင်ကောင်မင်းသားကြီး ကိုကိုJuly လည်းချစ်တတ်ပါတယ်
    :P

    အင်း သံယောဇဉ် အပူမီးတွေပေါ့ကွယ် :)

    ခင်မင်စွာဖြင့်
    new lion

    ReplyDelete
  14. အူကိုနာရောပဲ ရယ်လိုက်ရတာ။ မျက်နှာသစ်ဆပ်ပြာနဲ့ သွားတိုက်ဆေးများ မှားရတယ်လို့ မျက်စိထဲကို ကွင်းကွင်း ကွက်ကွက်ကိုမြင်တာ။
    ပျော်ရွှင်ပါစေ
    ခင်မင်လေးစားလျှက်
    ညီမလေး ပါးလုံး

    ReplyDelete
  15. ကောင်လေးနဲ့ကောင်မလေးပုံ မရှိဘူးလား။ ကစ်စ်ပေးနေတဲ့ပုံလေး။

    ReplyDelete
  16. သြော်အချစ်အချစ်
    နုနယ်သူများသာ ခုလို ခံစားကြရပါလား
    ဟိဟိ

    ReplyDelete
  17. ဟားဟား.။
    လက်ထပ်ဖို့ကိစ္စထပ်သိချင်တယ်ဆိုရင်တော့အဟမ်း...အဟမ်း။။ myatmhanlay@gmail.com ကို add လိုက်ပါနော်။ဟီး၂

    ReplyDelete
  18. ချစ်မိပီဆိုရင် အဲလိုတွေ ဖြစ်တတ်တာလားးး

    ReplyDelete
  19. နဂိုအသိ ပြန်ကပ်သေးတယ်ဆိုတော့ သိပ်အဆိုးကြီးလို့ ပြောလို့ မရသေးဘူး...

    ဆေးစား ဆေးသောက်ရုံနဲ့တင် ပျောက်နိုင်ပါတယ်...

းP

    ReplyDelete
  20. ကျောင်းကန်တင်းထဲမှာထိုင်နေတုန်း ကောင်မလေးက ကန်တင်းရှေ့က ဖြတ်သွား စားပွဲပေါ်က ထမင်းချိုင့်မဆွဲဘဲ ရေနွေးအိုးကြီးဆွဲ အပြေးလေးလိုက်သွား သူ့ရှေ့ရောက်မှာ ရေနွေးအိုးကြီး ဆွဲလာမှန်းသိ အလှောင်ခံရတာမျိုး....

    ReplyDelete
  21. ကားသမားဆဲမှ လန့်အော်မိသောအခါ ရောဂါ...

    ReplyDelete
  22. “အရွယ်တော် တစ်စိတ်ဟိုင်း လူပျိုသိုး အပျိုသိုးကြီးများ ဖတ်ရန်လို့ မှတ်ချက်ထား ရေးချင်မိပေမယ့်လည်း...” ဖတ်လို့ရတဲ့ အထဲပါလား မပါလား မသိပေမယ့် ဖတ်မိသွားပြီ။ ရေးထားတာတွေက (လက်တွေ့ကို အခြေခံလို့ ထင်ပါရဲ့)... တကယ်ကို ပြောင်မြောက်တယ် ကိုဂျူလိုင်ရေ။ ဒါလည်း Default Setting ကို present လုပ်နည်းတမျိုးပဲး))

    ReplyDelete
  23. တော်တော်လက်သွက်နေပါလား ဖိုးဂျူလိုင် လိုင်းပေါ်အမမတက်ဖြစ်တဲ့ အတွင်း ပို့စ်တွေတောင်စတိုင်ပြောင်းကုန်ပြီ။

    ReplyDelete