Wednesday, August 19, 2009

Hand in hand

တွဲလက်များ

တွဲလက်နှစ်ဖက်မှာ
ယုံကြည်မှုတွေ စီးဆင်းနေတယ်
ခိုင်မြဲမှုတွေ ရှင်သန်နေတယ်

လက်နှစ်ဖက်ခိုင်ခိုင်တွဲလို့
ဘ၀လမ်းဆုံးတဲ့ထိ
တူတူတွဲလျှောက်မယ်

ချစ်သူ...
မင်းလက်တွေသာ ခိုင်မြဲပါစေ
အောင်မြင်တဲ့အနာဂတ်ကို
ရောက်အောင်သွားမယ်….

ရေးသားသူ ကြယ်ဖြူစင်

အသည်းအသန် လိုချင်တဲ့ စာသားတချို့ကို လိုက်ရှာနေတဲ့အချိန် အဲဒီကဗျာလေးကို မတော်တဆ ဖတ်မိရင်း ရင်ခုန်သံ ထပ်တူညီတာနဲ့ ပိုင်ရှင်ဆီက ခွင့်ပြုချက် တောင်းပြီး ချော်လဲရောထိုင်လိုက်ပါတယ် ခင်ဗျာ။

တစ်ယောက်သောသူကို နှစ်နှစ်ကာကာ ပြောပြချင်နေတဲ့စကားတွေက အဲဒီအတိုင်းပဲလေ။

13 comments:

  1. ချစ်သူလေးရေ...အေ့

    ReplyDelete
  2. အော် တယောက်သော သူကို ဒီနည်းလေးနဲ့ ပြောလိုက်တယ်ပေါ့ ...

    ReplyDelete
  3. ကျွန်တော်ကျတော့ ပြောစရာလူ အသည်းအသန် လိုနေတယ်ဗျ။ အဲဒါ ဘယ်နား ချော်လဲရောထိုင် လုပ်လို့ရမလဲဟင်။

    ReplyDelete
  4. အော်...ကိုဇူလိုင်က နှစ်နှစ်ကာကာ ပြောချင်တာကိုး...

    yu ya

    ReplyDelete
  5. သြော်...ပြောချင်တာများ ပြောလိုက်ပေါ့နော်... အဟိ..အဲ့ဒီ ကြယ်ဖြူစင် ကဗျာလေးကို သွားပေးဖတ်လိုက် ပြီတော့ အောက်မှာ ငါ ပြောချင်တာ ဒါပဲ လို့ ရေးပြီး လက်မှတ်ထိုးပေးလိုက်... ဟိဟိ

    ReplyDelete
  6. ကဗျာတွေ မခံစားတတ်ပါဘူး ဆိုတဲ့ ဆရာ
    ခုတော့ ဘယ့်နှယ် ရှိစ..း)

    အချစ်နဲ့တွေ တော့... မပြောတော့ ပါဘူးလေ
    ကိုယ့်မောင်လေး ကို...း)

    ReplyDelete
  7. အော်.. တစ်ယောက်သောသူ ကို ပြောချင်တာ ၀င်ဖတ်မိသွားပြီ..အဲ..ကဗျာလေးက ကောင်းတယ်..တွဲလက်များတဲ့လား..

    ReplyDelete
  8. ကိုယ်တိုင် ကဗျာမရေးတတ်တဲ့သူတွေများ သနားစရာ

    ReplyDelete
  9. ချစ်သူလေးရေ... ဂေ့..............

းP

    ReplyDelete
  10. Hand in hand ပြီးလို့
ံHeart to heart ဆိုရင်တော့
    ရေးသားသူ
    JulyDream
    ဖြစ်လောက်ပါတယ်နော့

    ReplyDelete
  11. ချစ်သူလေးနဲ့မြန်မြန်နီးပါစေဗျာ
    အဲခါကျ 8 ကျကျပြောတတ်တာတွေ ပျောက်ကုန်မလားမသိ

    ReplyDelete
  12.း)
    အားလုံးက ပြောကုန်ကြဘီ
    အဆင်ပြေ ပျော်ရွှင်စေဖို့ ဆုတောင်းပေးပါတယ် ကိုဇူလိုင်ရေး)

    ReplyDelete
  13. တွဲလက်တွေ ခိုင်မြဲစေဖို့ ဆုတောင်းပေးပါတယ်ဗျား။

    ReplyDelete