Monday, August 24, 2009

The man in the box



တကယ်တော့ ငါဟာ လူတော့ လူ... သို့ပေမယ့်
ရင်မှာ နာကျည်းစရာတွေ များလွန်းနေတဲ့
အလွမ်းဒဏ်ရာများနဲ့လူ...
ဒါဆို ငြိမ်းချမ်းမှုတွေ ဝေးနေတဲ့
စည်းဘောင်အတွင်းက ရုပ်ဝတ္ထုမဟုတ်တဲ့
လူသားတစ်ယောက်ပေါ့...
ဒါကို တခြားသူ သိဖို့ လိုသလားဟေ့...

14 comments:

  1. အင်း အားလုံးဘောင်ထဲမှာပဲ အတူတူ ရှိနေကြတာများလားလို့ အတွေးပေါက်မိတယ် ကိုဂျူလိုင်ရေ...

    ဓာတ်ပုံကတော့ အယူအဆတော်တော်လေးကို ကောင်းတယ်...

    ReplyDelete
  2. တခြားသူ သိဖို့မလိုပါ
    ချစ်သူလေး သိအောင်သာ ပြောလိုက်ပါ
    :)

    ခင်မင်စွာဖြင့်
    သီဟသစ်

    ReplyDelete
  3. လူရယ်ဖြစ်လာမှတော့ သူ့ဘောင်နဲ့သူရှိနေကြတာပါဘဲ...
    အကျဉ်းအကျယ်ဘဲကွာမယ်လို့ထင်ပါတယ်..
    ပြီးတော့ ကိုယ်ခတ်ကြည့်တဲ့အကွာအဝေးက ကိုယ့်စည်းဘောင်မဟုတ်လားနော်..း)

    ReplyDelete
  4. ဘယ့်နှယ် အလွမ်းဒဏ်ရာ က
    ချက်ချင်း ရနေရတာလဲ

    အဲဒီစကားလုံး က ခု မသုံးသင့်ဘူး
    ထင်တာပဲ မောင်လေး ရ

    ReplyDelete
  5. လိုမလို မဆုံးဖြတ်တတ်ကြောင်းပါ။ :)

    ReplyDelete
  6. ဘောင်ထဲက ကိုရင်ပါ

    ReplyDelete
  7. စိတ်ကူးကောင်းတယ်ဗျ။

    ReplyDelete
  8.ီDancing Lady အကြောင်းပြီးတော့ အလွမ်းဒဏ်ရာနဲ့ ဘောင်ထဲကလူဆိုတော့ အင်း...........အားလုံးသောလူတွေဟာ ဘောင်ဆိုတဲ့အထဲမှာ ပုံစံမျိုးစုံနဲ့ ရှိနေကြတာပါပဲ

    ReplyDelete
  9. ဘာတွေပေါက်ကွဲနေတာလဲ။ ခုတလော ဟိုက ပေါက်လိုက်၊ ဒီက ကွဲလိုက်နဲ့ အထိတ်တလန့်ရှိရတဲ့အထဲ

    ReplyDelete
  10. ဟာ....

    ဓါတ်ပုံ ကအရမ်းရည်ရွယ်ချက်ကောင်းတယ်

    တစ်မျိုးလေး ထူးဆန်းနေတယ်.

    ReplyDelete
  11. အင်းးး လူတော့ဖြစ်နိုင်တယ်ထင်တာပဲ..
    တခါတလေလည်းတွေးမိပါတယ်..စကားပြောရင့်သီး
    လွန်းလို့ လူတော့လူပဲ စိတ်ရော ၁၀၀မှပြည့်ရဲ့လားလို့.
    မကျေနပ်ရင်လာအော်လို့ရပါတယ်။
    အဲလိုပဲ မကြာခဏ မှတ်ချက်ချဘူးခဲ့ပါတယ်.
    တို့က စကားပြောရင့်သီးတဲ့သူတွေကို အပေါင်းအသင်း
    မလုပ်တတ်ဖူး၊ဘယ်သူ့ကိုမှလည်း ရင့်ရင့်သီးသီးမပြော
    ဘူးဘူး။ကိုယ့်ကိုပြောရင်လည်း လုံးဝမခံဘူး.ပြန်ပြော
    တတ်တယ်...ဒါပေမယ့် ကိုယ်နဲ့ အဆင့်အတန်းမတူဘူး
    ထင်ရင်တော့ ဥပေက္ခာပြုတတ်ပါတယ်။အဆင့်အတန်း
    လို့ သုံးလို့တော့ တမျိုးမထင်နဲ့ဦးပေါ့ကွယ်..လူဂန်လန့်
    ဆိုတော့ဘုတောဘို့စကားလုံးတွေထွက်လာလိမ့်မယ်ဆိုတာကို တွေးမိပြီးသားပါ။တို့ပြောချင်တာက စိတ်ဓါတ်
    အဆင့်အတန်းပဲ။ဒါပေမယ့် မောင်ဇူလိုင်ကိုတော့ မိတ်ဆွေတစ်ဦးဖြစ်နေတာမို့ ဥပေက္ခာ မပြုနိုင်ပါဘူး။
    ကိုယ်တတ်နိုင်သလောက်တော့ ဆရာကြီးလုပ်ပါရစေ။

    လူတွေအားလုံရဲ့ရင်ထဲမှာ တစ်ခုမဟုတ်တဲ့ ဒဏ်ရာတွေ
    များစွာ ကိုယ်နဲ့ထပ်တူရှိနေနိုင်ကြပါတယ်။အားလုံးကို အ
    ဆင်ပြေအောင်ဆက်ဆံတတ်ရင် လူတွေကမရိုင်းတတ်
    ကြပါဘူး။စိတ်တွေကိုလျှော့..စိတ်အေးအေးထား၊ ဖြစ်နိုင်
    ရင် ၀ိပဿနာလေးလုပ်ကြည့်ပါ မောင်ဇူလိုင်။သူတစ်ပါး
    အပေါ်ငြိမ်းချမ်းစွာဆက်ဆံချင်ရင် ကိုယ်တိုင်ငြိမ်းချမ်းနေ
    မှဖြစ်မှာပါ။သူတစ်ပါးအပေါ် ငြိမ်းအေးချမ်းသာစေလိုတဲ့
    စိတ်စေတနာလေးတွေနဲ့ ယဉ်ကျေးသိမ်မွေ့စွာ ပြောဆို
    ဆက်ဆံတတ်မယ်ဆိုရင် ဒီထက်မက ခင်မင်စရာကောင်း
    တဲ့ တန်ဘိုးရှိတဲ့ မိတ်ဆွေတွေတိုးပွားပျော်ရွှင်နိုင်မှာပါ။
    အခုတော့ အားလုံးလိုလိုကပြောနေကြတယ်..မောင်ဇူလိုင်က လူဂွစာတဲ့။ဘာလဲ အဲနာမည်ကို ကြိုက်လို့
    လား။လူတွေကိုဂန်လန့်လုပ်ရတာ ၀ါသနာပါသွားရင်
    ငြိမ်းချမ်းမှုတွေနဲ့ဝေးနေဦးမှာပါ။အစ်မက မင့်ကိုလည်း
    ကိုယ့်မောင်ငယ်တစ်ယောက်လို ခင်ပါတယ်.မင်းကလည်း ကိုယ်ပြောတာကို ကြီးကျယ်လိုက်တာလို့
    တွေးမိသွားရင် ကိုယ့်ကို ရန်သူအဖြစ်သတ်မှတ်လိုက်ပါ။
    ကိုယ် မင့်ကို နောက်ဘာမှမပြောတော့ပါဘူး။
    အိုကေနော်.
    ကဗျာလေးဖတ်ပြီး ကွန်မန့်တိုတိုလေးရေးပြီးသားပါ။
    ဒါပေမယ့် ရေးချင်စိတ်အရမ်းပေါက်လို့ အရှည်ကြီးရေး
    သွားရပါတယ်. ဂျီတော့မှာမပြောချင်တာက တွေ့ရင် ရန်
    စကားလုံးတွေပဲကြားနေရလို့ အကုသိုလ်များလို့ပါ။ကိုယ်
    အတတ်နိုင်ဆုံး စိတ်ချမ်းသာအောင်ကြိုးစားပြီး နေတတ်
    ပါတယ်။သူတစ်ပါးတွေကိုလည်း ငြိမ်းချမ်းမှုတွေ၊စိတ်
    ချမ်းသာမှုတွေနဲ့ ပြည့်စုံစေချင်ပါတယ်.. ကိုယ့်မှာအပူတွေရှိနေရင်တောင် လူတွေက ကိုယ့်ကို အ
    ပူအပင်ကင်းတယ်လို့ထင်ရအောင် အတတ်နိုင်ဆုံး ကိုယ်နေတတ်ပါတယ်.ဒါပေမယ့် ကိုယ့်မှာလည်း သူများမသိတဲ့ အပူတွေရှိနေပါတယ်..ကိုယ်တစ်ယောက်
    တည်း နာကျည်းစရာတွေများနေတယ်.ငြိမ်းချမ်းမှုတွေ
    ဝေးနေတယ်လို့ မထင်ပါနဲ့။

    ငြိမ်းချမ်းပျော်ရွှင်နိုင်ပါစေ။
    လူဆိုတာ အခုသေမလား၊မနက်ဖြန်သေမလားမသိနိုင်
    ဘူးလေ. မသေခင်လေးမှာ သူများတွေကို စိတ်ချမ်းသာ
    မှုလေးတွေပေးနိုင်ပြီး ကိုယ်တိုင်လည်း စိတ်ချမ်းသာ
    ပျော်ရွှင်နိုင်အောင် ကြိုးစားနိုင်ပါစေကွယ်။

    ကိုယ်ဥပေက္ခာပြုတဲ့သူဆိုရင်တော့ ဒီလိုစာအရှည်ကြီး
    ရေးစရာအကြောင်းလုံးဝမရှိဘူးဆိုတာ သိလိမ့်မယ်ထင်
    ပါတယ်။

    ငြိမ်းချမ်းပါစေ။

    မကြီးဝါ

    ReplyDelete
  12. ပုလုကွေးရေ...
    ငါ့ကို တရားထိုင်ခိုင်းနေတယ် ဟ... အဟက် အဟက်...

    ReplyDelete
  13. သိဖို့လိုမယ် ထင်တာပဲဗျ။ ဒါမှလဲ ပြဿနာကို အဖြေရှာလို့ရမှာပေါ့ဗျာ.။

    ReplyDelete
  14. တိုတိုလေးနဲ့ ထိနေပါလားး)
    TGRmg

    ReplyDelete