Saturday, October 24, 2009

Get off my balls



ခြိမ်းခြောက်တာလား ကြုံးဝါးတာလား
ကျားနဲ့ဆင် လယ်ပြင်မှာတွေ့ရအောင်
ကိုယ်က ကျားဆိုရင် သူက ဆင်လား
အဲဒီတော့ ရှုပ်ပါတယ်လေ...
ဘီလူးနဲ့မျောက် တောင်ပေါ်မှာ တွေ့ကြမယ်
မင်းသားခေါင်း ဆောင်းထားတဲ့ ဘီလူးနဲ့
အငြိမ်မနေမိတဲ့ မျောက်ပေါ့...

မှတ်ချက်။ ဓါတ်ပုံက Esplanade ကိုသွားတဲ့ မြေအောက်လမ်းမှာ ချိတ်ဆွဲထားတဲ့ ပန်းချီကားတစ်ခုပုံပါ။

19 comments:

  1. ဟိဟိ..

    ဟုတ်တယ်.

    ဘီလူးနဲ့ မျောက်။

    ReplyDelete
  2. အကုန် မျောက်တွေချည်းပဲ

    :)

    ReplyDelete
  3. များက "ဆင်" ပါ... အဟီး...။

    ReplyDelete
  4. အသစ်အဆန်းပါလားဗျို့  မှတ်သားသွားပါတယ်ဗျာ ..

    ReplyDelete
  5. မရီတာရေ...
    မျောက်နှစ်ကောင်ပုံ မရှိဘူးခင်ဗျ။ ဘီလူးနဲ့ မျောက်ပုံပဲ ရှိလို့ ဘီလူးနဲ့ မျောက်လို့ ရေးလိုက်တာပါ ခင်ဗျ။

    ReplyDelete
  6. ဘီလူးနဲ့ မျောက်က ဘယ်သူနိုင်လဲ။ မျောက်မှာ အစွယ်မရှိလို့ ကိုက်ရင်တော့ ဘီလူးနိုင်မှာ သေချာပါတယ်။ ဒါပေမယ့် မျောက်က သွက်လက် ပေါ့ပါးတဲ့အတွက် ခုန်ပျံကျော်လွှားပြီး ဘီလူးကို မောအောင်၊ ခေါင်းမူးအောင် လုပ်ပြီးအနိုင်ယူလို့ ရနိုင်မယ်ထင်တယ်။

    ReplyDelete
  7. ၀ူခုန်းနဲ့ တခြားအကောင်တွေ ချကြတာတော့ ကြားဖူးပါတယ်. ဒီလိုဘီလူးနဲ့တော့ တစ်ခါမှမတွေ့ဖူးသလိုပဲ... နေ့အိပ်မက် ၀ူခုန်းရူး.. ဒီတော့ ၀ူခုန်းနိုင်ပါစေပေါ့..

    ReplyDelete
  8. ၀ူခုန်းနဲ့ တခြားအကောင်တွေ ချကြတာတော့ ကြားဖူးပါတယ်. ဒီလိုဘီလူးနဲ့တော့ တစ်ခါမှမတွေ့ဖူးသလိုပဲ... နေ့အိပ်မက် ၀ူခုန်းရူး.. ဒီတော့ ၀ူခုန်းနိုင်ပါစေပေါ့..

    ReplyDelete
  9. ကို JD ရေ..အဲဒါ မျောက်နှစ်ကောင်ဗျ...
    ဟာနုမာန် ကို ဘီလူး ထင်နေသလား..
    Rita ပြောတာမှန်တယ်....

    ReplyDelete
  10. ဟာနုမာန်မျောက်နဲ့ ၀ူခုန်းမျောက် လို့ထင်တယ်

    ReplyDelete
  11. အဲ့တာ မျောက်နဲ့မျောက်ပါ ..
    အဖြူက ဟာနုမာန်.. အဝါက စွန်းဝုခုန်း..
    အပေါ်မှာ မပန်ပြောသလိုပဲ =)
    ဘီလူးက ခြေထောက်ကြီး အဲ့လို မဟုတ်ဘူး.. ဖိနပ်ပါတယ်..

    ReplyDelete
  12. ဘီလူးဆို ဘီလူးပေါ့။

    ReplyDelete
  13. ပန်ချီကားကပေးတဲ့အတွေးလေးပေါ့

    ReplyDelete
  14. အခုမှ ပုံကို သေချာ ကြည့်မိတယ်။ ဘီလူး မဟုတ်ပါဘူး။ ဟာနုမာန်မျောက်ပါ။ တရုတ်မျောက်နဲ့ ကုလားမျောက်ပါ။

    အစက ဘီလူးထင်ပြီး ရေးမိတာပါ။ ဘီလူးက ဖိနပ်စီးပါတယ်။ အမြီး မပါပါဘူး။ အခု ကုလားမျောက်က ဖိနပ်မစီးထားပါဘူး။

    ရေးပြီးသား ဖြစ်နေမှတော့ မပြင်တော့ပါဘူးလေ။

    ReplyDelete
  15. ကျနော်နား လာတွေ့ပါနဲ့ဗျို့ မျောက်နှစ်ကောင် ကြောက်တယ်


    လေးစားလျက်
    တောင်ပေါ်သား

    ReplyDelete
  16. တို့ကတော့ ဟာနုမာန်မျောက်လို့ပြောတဲ့ မျောက်မှာ အမြီးမတွေ့ဘူး.. အရှေ့မှာကျနေတဲ့ အဖတ်(ဘာခေါ်လည်းမသိဘူး)လိုပဲ အနောက်ဖက်မှာကျနေတာကိုတော့ တွေ့တယ်..
    ဟာနုမာန်မျောက်လို့ ပြောသွားသူတွေကသေချာသိလို့ အထောက်အထားတွေရှိလို့ ပြောသွားတာဆိုလည်း မငြင်းပါဘူး.. ကိုယ်မမြင်မိတာကိုပဲ ပြောတာပါ။

    ReplyDelete
  17. jd လိုပဲ.. ဘီလူးလို့ပဲ မြင်တယ်

    ဟာနုမာန်ဆိုရင်တောင် ဘာလို့ လူကြမ်း (မျောက်ကြမ်း) ရုပ် ဖြစ်အောင် ဆွဲထားလဲ မသိဘူး၊ အစွယ်တငေါငေါနဲ့..

    ဘီလူးပဲ ထားပါ၊ ဟာနုမာန်က ဘရုတ်ကျပေမယ့် လူကောင်း၊

    (အိမ်ပြန်ရင် ပန်းချီရှိတဲ့ နေရာကို သွားကြည့်ဦးမယ်)

    ReplyDelete
  18. ကြည့်ချင်မိသားဗျ.... ဘီလူးနဲ့မျောက်ကို ဟိဟိ

    ReplyDelete
  19. ထူးထူးခြားခြားလေးပဲ ....:D

    ReplyDelete