Thursday, October 22, 2009

A viper at dusk



လူတွေအများကြီး မသိချင်ဘူး
နားလည်မှုတွေပဲ ရှိစေချင်တယ်
အကျိုးရှိတဲ့စာလေးတွေ ရေးချင်ပေမယ့်
စိတ်လွတ်ကိုယ်လွတ်လည်း နေချင်မိတယ်
ဒဏ်ရာအပြည့်နဲ့ ငြိမ်ငြိမ်လေးခွေနေတဲ့
အဆိပ်ပြင်းမြွေဟောက် တစ်ကောင်ဟာ
မှောင်စပျိုးချိန်ကို ချစ်ကြိုးသွယ်မိတယ်
ထိမိတဲ့သူ အမှားလား...
ပေါက်မိတဲ့မြွေ အမှားလား...
မှောင်စပျိုးချိန်ကိုပဲ အပြစ်တင်မလား...

14 comments:

  1. ဘာလို့ မြွေက လူသွားလမ်းမှာ သွားခွေလဲ
    လူကရော မှောင်ကြီးထဲ ဘာလို့ လျှောက်သွားလဲ
    အချိန်တန်ရင်တော့လည်း မှောင်လာမှာပဲ
    ဘယ်သူအပြစ်ရှိလဲ .. ????
    မသိတော့ပါဘူး ...

    ReplyDelete
  2. အမှောင်ထဲမသွားရဘူးတဲ့ လူကြီးတွေ အမြဲပြောတယ် မြွေပါးကင်းပါးတဲ့ :P

    ReplyDelete
  3. အားလုံးမှာအပြစ်ရှိတာလည်း ဖြစ်နိုင်တယ် ... နောက်တခုက ကိုမှန်တယ်ထင်ရင် ဘယ်သူ့မှ အပြစ်မရှိပါဘူး ... နောက်ပြီး ကံကြမ္မာကိုပဲ အပြစ်ပုံချလိုက်တာကောင်းပါတယ်ဗျာ ...

    ReplyDelete
  4. လက်နိပ်ဓါတ်မိးကလေးနဲ့ သွားပေါ့။ နောက်တစ်ခ

    ReplyDelete
  5. ဟို စာလေးရေးပါလား ဒီစာလေးရေးပါလားလို့ သူငယ်ချင်းမို့ စေတနာနဲ့ ပြောမိခဲ့ဖူးလို့
    ဒီစာလေး ဖတ်ရတာ စိတ်မကောင်းဘူး။
    ရေးချင်တာရေးပါ သူငယ်ချင်းရေ...
    စေတနာနဲ့ မှန်လို့ အကျိုးကောင်းရမှာပါ။
    မှောင်မိုက်မိုက်ကိုလည်း ကြိုက်ချင်ကြိုက်ပေါ့ :P

    ReplyDelete
  6. ဘယ်သူအမှားမှ မဟုတ်ပါဘူး ကံတရားက သတ်မှတ်ထားတယ်မလား ဖြစ်ချိန်တန်လို့ ဖြစ်သွားတယ် သဘောထားး)


    လေးစားလျက်
    တောင်ပေါ်သား

    ReplyDelete
  7. ချစ်သူလေးနဲ့  စိတ်ဆိုးဒေါသထွက်နေလား အကို
    ဖြစ်တတ်ပါတယ် ။

    ReplyDelete
  8. ဖြစ်တတ်ပါတယ် ကိုဇူလိုင်။ ဘယ်သူ့ကိုမှ အပြင်မတင်ရက်ပါဘူး လို့ပဲ ပြောချင်တော့တယ်။း)

    ခင်မင်လေးစားလျှက်

    ReplyDelete
  9. "အဆိပ်ပြင်းမြွေဟောက် တစ်ကောင်ဟာ
    မှောင်စပျိုးချိန်ကို ချစ်ကြိုးသွယ်မိတယ်..."

    ခံစားချက်တွေရှိလာရင် စာတွေက ဖတ်ရတာလှတယ်။

    ReplyDelete
  10. ဖိနပ်မစီး၊ လက်အိပ်မစွပ်တတ်တဲ့ မြွေဆရာများရဲ့အမှား လို့ပြောရင် ဖြစ်မလား .....

    ReplyDelete
  11. ဖြစ်ချိန်တန်လို့ ပါ..
    ဘယ်သူ့ မှာမှ အပြစ်မရှိဟု
    တွေးတောမိပါသည်။ ။
    နေရာကို မူတည်၍
    မှားသည် မှန်သည်
    ငြင်းခုန်နိုင်ပါသည်။ ။

    ReplyDelete
  12. ကြိုက်သလိုသာ အပြစ်တင်လိုက်ပါ... အဆိပ်ပြင်းတဲ့ မြွေကတော့ သူ့ကို လာထိလို့ ထပေါက်ပြီးပါပြီ။ =)

    ReplyDelete
  13. ဘယ်သူ့ ကိုမှ အပြစ်မတင် သင့်ပါဘူးလေ။
    ကံကြမ္မာကိုသာ အပြစ်ပုံချလိုက်တာပေါ့။
    အေးရော... ဟုတ်ဘူးလားးးးး
    အကိုရေ.. ဖတ်လို့ကောင်းတယ်ဗျ။

    ReplyDelete