Tuesday, December 1, 2009

Don’t hate me in silence


Photo Credit: www.uniview.co.uk

ကျွန်တော် ဘယ်သူလဲဆိုတော့... ကျွန်တော်ဟာ ကျွန်တော်ပါ။ အသက် ၂၈ နှစ်ကျော်နေပြီဖြစ်တဲ့ ကိုဇူလိုင်ပါ။ အိတ်ခ်ျအိုင်ဗွီ ပေါ့စတစ်ဗ်ပေါ့။ ကျွန်တော်ဟာ ဘယ်သူဘယ်ဝါဆိုတာ ကျွန်တော်ကိုယ်တိုင် ပြောပြရဲတာကိုပဲ ကျွန်တော့်ဘာသာ ဂုဏ်ယူမိနေတယ်။ အဲဒီတော့ ကျွန်တော်ဟာ ကျွန်တော်ဖြစ်နေလို့ ကျွန်တော့်ကို ချစ်ကြ မုန်းကြမလား။ ဘယ်လိုပုံစံပဲ တုန့်ပြန်ကြပါစေ... ကျွန်တော်ဟာ ကျွန်တော်ပါပဲ။ အဲဒီအတွက်နဲ့ ခင်ဗျားတို့ တွေဝေနေမလား၊ စိတ်ရှုပ်နေမလား။ မသေချာ မရေရာတာတွေ ရှိနေရင်လည်း ကျွန်တော့်ကိုပဲ မေးလိုက်ပါ။ ဒါပေမယ့် ကျွန်တော့်ကိုတော့ တိတ်တိတ်လေး မုန်းမနေကြပါနဲ့ဗျာ။
World AIDS Day - 2009

32 comments:

  1. ဘာပြောရမှန်းတောင် မသိတော့ဘူး...

    ReplyDelete
  2. ဟမ်... ပြောမလို့ပဲ.. စာရိုက်လိုက်... ပြန်ဖျက်လိုက်နဲ့... အခုတော့ ဘာပြောရမှန်းမသိတော့ဘူး...

    ReplyDelete
  3. ဘာလို့ မုန်းရမှာလဲ
    မုန်းစရာမှမဟုတ်တာပဲလေ
    စာနာတတ်ပါတယ် ကိုယ်သာအဲ့ဒိနေရာဆို
    လူတွေမုန်းရင် ဘယ်လိုခံစားရမလဲ
    သေခြာဂရုစိုက်ပြီးလိုက်နာပါ
    အဆင်ပြေလာပါလိမ့်မယ်
    တခါ သတင်းတခုဖတ်ဖူးတယ်
    လူငယ်လေးတယောက် အသက် ၂၃ နှစ်တဲ့
    သေခြာတာ အာရှာကတော့မဟုတ်ဖူးပေါ့လေ
    သူ့ မှာ HIV ရှိနေပြီ လို့ ဆရာဝန်ကပြေားခဲ့တယ်
    သူ အရမ်းစိတ်ဓါတ်တွေ ကျနေခဲ့တယ်
    သေခြာတာက သူ့ ဘ၀မှာ ဘာအမှားအယွင်းမှ
    မဖြစ်ခဲ့ဖူးတဲ့ ဒါပေမဲ့ သူ့ မှာ HIV ရှိနေတယ်
    သူဟာ ဘာဆေးမှမကုပဲ နေတာ နောက် ၃ နှစ်မှာ
    ပြန်စစ်ဆေး တာ အကုန် ကောင်းပြီး
    သူ့ ရောဂါတောင် ရှာမရဘူးတဲ့
    ကျမ ကတော့ ကံကိုလည်းယုံး
    လောကမှာ မယုံလို့ မရတဲ့ အရာတွေ
    ရှိနေတတ်တယ်လေ...ကိုဇူလိုင့် ဘလော့မှာ ကောမန့် ပေးဖူးတာ ဒီဟာနဲ့ဆို ၂ ကြိမ်ပဲရှိသေးတယ်
    ဘာမှ အားငယ်စရာမရှိဖူး ကိုယ်လည်းတနေ့ မဖြစ်လာနိုင်ဖူးမပြေားနိုင်ဖူး ထိုင်းမှာ ခင်ခဲ့ရတဲ့ အကိုကြီး
    တယောက်ရှိခဲ့ဖူးတယ် အခုတော့ အမေရိကားမှာ
    BOXTON ,NY မှာနေတယ် သူထိုင်းမှာ
    HIV ပေါ့စတစ်ဗ် ဆိုလို့  အရေးပေါ် အမေရိ ကားပို့ လိုက်တာ အခု ၈ နှစ်ရှိပြီ ဘာရေားဂါမှ မဖြစ်ဖူး
    လူလူချင်းအတူတူ ဘာဖြစ်လို့ တော့ မုန်းလိုက်မယ်ဆိုတာတော့ မကောင်းပါဘူး
    ခင်တယ်.....နေကောင်းအောင်နေနော်
    ကျမထက်တော့ ကြီးလို့  ကိုကြီးလို့ ပဲခေါ်မယ်
    အခု အသေခြာခင်ချင်သွားပြီ

    လေးစားစွာဖြင့်
    မဟော်

    ReplyDelete
  4. ဟုတ်သည် ဖြစ်စေ မဟုတ်သည်ဖြစ်စေ ခင်မင်လျှက်ပါ လိုင်လိုင်ရာ....မပြောင်းလဲပါဘူးကွယ်

    ReplyDelete
  5. ဒါဟာ ရှက်စရာလည်း မဟုတ်ဘူး၊ မုန်းစရာလည်း မဟုတ်ပါဘူး။ လူသားချင်း စာနာ နားလည်တတ်လို့ ဒီပိုစ့်လေးအတွက် ဂုဏ်ယူမိပါတယ်။ စိတ်ဓါတ်ကျစရာလည်း မရှိပါဘူး။ အခုဆိုရင် ဆေးတွေဟာ အရမ်းကို တိုးတက်နေပါပြီ။ လက်ရှိပိုးကို ဆက်ပြီး မပွားအောင် တားဆီးနိုင်နေပါပြီ။ အဓိကက ကျန်းမာရေးကို ဂရုစိုက်ပါ။ ဆရာဝန်တွေရဲ့ ညွှန်ကြားချက်အတိုင်း နေပါ။ ကိုဇူလိုင်ကို
    အမြဲတမ်း ခင်မင်လျှက်ပါ။

    ခင်မင်လေးစားလျှက်

    ReplyDelete
  6. ဟမ်
    ထင်ယောင်ထင်မှားတွေ ဖြစ်အောင် မလုပ်နဲ့နော်။
    ရုပ်တည်ကြီးနဲ့။ ဒါ နောက်စရာမဟုတ်ဘူး။

    ReplyDelete
  7. မုန်းစရာအကြောင်း ဘာမှ မရှိပါဘူးဗျ ကိုယ်ချောင်းဆိုးနေလို့ ကိုယ့်နားလူမကပ်ချင်ရင်တောင် ဝမ်းနည်းနေရတာပဲလေ အစ်ကို့လို လူမျိုးတစ်ယောက်ကို ကိုယ်ချင်းစာနာပါတယ် အဓိက က စိတ်ကိုမလျှော့ချလိုက်ပါနဲ့ ဘာမှမဖြစ်ဘူးလို့ ယုံကြည်ပြီး စိတ်ဓာတ်ပြင်းထန်လိုက်ပါ အစ်ကို သူများတွေ ဟာ ဟင် ဖြစ်ကုန်ပါလိမ့်မယ်

    ReplyDelete
  8. ဒီဇင်ဘာ ၁ ရက် AIDS day မှာမှ ဒီလိုတင်တာ တကယ်ကော ဟုတ်ရဲ့လား ဟင်... သိပ်တော့ မယုံလှပါဘူး...

    ReplyDelete
  9. တင်ပြပုံ..မိုက်တယ်ကွာ..း)

    ReplyDelete
  10. 28 နှစ်ကို 28 နှစ်ကျော်တာလား

    thinking ???

    ReplyDelete
  11. အသနားခံချင်တာလည်း လွန်လှချည်လား။
    ဘလောဂါ အချင်းချင်း လှည့်ပတ်ချင်း ကင်းဝေးကြပါစေ။
    ထင်ယောင်ထင်မှား ဖြစ်အောင်လုပ်တယ်။ စိတ်ပုတ်ကြီး။

    မုန်းတယ်ကွာ ဘာပြောချင်လဲ။

    မအယ်

    ReplyDelete
  12. သို့လော သို့လော...
    ချစ်သူလေးတော့ သနားစရာဗျာ
    ဟာဟ

    ReplyDelete
  13. နောက်နေတာလား၊ ရှေ့နေတာလား

    ReplyDelete
  14. ဘီလိုပါလိမ့် ကိုဇူလိုင်...

    ReplyDelete
  15. ကိုဂျူလိုင်ရဲ့  AIDS နေ့ကို ဂုဏ်ပြုပုံကတော့ အဆန်းသားဗျ .. ဒါမျိုးက ထိမိပါတယ် ... လူတွေအားလုံးဟာ အတူတူပါပဲ .. နေမကောင်းရင်လဲ လူ ... နေကောင်းနေရင်လဲ လူ ... ဆင်းရဲသားလဲလူ ....သဌေးလဲ လူ ... ဘုရင်လဲ လူ.... ပြည်သူလဲ လူ ... လူအားလုံးဟာ တန်းတူပါပဲ ... HRs က လဲ အားလုံး အတွက် အတူတူပါပဲ ...

    ကျန်းမာရေး တခုကြောင့် လူတယောက်ကို မုန်းရမှာ တရိစ္ဆာန်တွေမှာတောင် ရှားပါးမယ်လို့ ထင်မိပါတယ် .. အသိညာဏ်ရှိတဲ့ လူက ဒီထက်တော့ ပိုလို့ တန်ဖိုးရှိရမှာပေါ့ ..

    ဒါပေမယ့် တခုတော့ ရှိတယ် မြန်မာပြည်ကို အုပ်ချုပ်နေတဲ့ အစိုးရများက ပြစ်ပယ်ထားတဲ့ ရောဂါသည်တွေကိုတော့ မဖြူဖြူသင်းလို အာဂ အမျိုးသမီးတယောက် က ကြည့်ရှုနေတယ် ..
    မတူတဲ့ လူ... တွေကတော့ ဒီလိုလူတွေပါပဲ ...
    စဉ်းစားကြည့်ကြပေါ့ ....

    ReplyDelete
  16. တော်လိုက်တာ။ ရေးတတ်လိုက်တာ။ မိုက်တယ် သူငယ်ချင်းရေ...ဂုဏ်ယူတယ်။

    ReplyDelete
  17. ကိုဂျူလိုင် တကယ်ကော ဟုတ်ရဲ့လား။ နောက်တယ်ထင်တယ်။ တကယ် မဟုတ်ဘူးဆိုရင်တော့ Attention seeker ဖြစ်သွားမယ်နော့်။ တကယ်ဆိုရင်တော့ ကျန်းမာသူကို မကျန်းမာသူထက် စိတ်ရင်းစေတနာရင်း အမှန်နဲ့ ပိုခင်တတ်ပါတယ်။ မိမိ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ရှောင်လွဲလို့ မရတဲ့ ပြဿနာတွေ လူတိုင်းမှာ ရှိတတ်ပါတယ်။ လောကကို စိတ်က ဦးဆောင်တယ်လို့ ဘုရားဟောထားတာ ရှိတဲ့အတွက် ရှော်လွဲလို့ မရတဲ့ အခြေအအနေကို ရင်ဆိုင်ဖို့ မိမိစိတ်ထားကို ဘယ်လိုပဲ ထားထား ရင်ဆိုင်ရမှာချင်အတူတူ တည်တည်ငြိမ်ြုငိမ်နဲ့ ပကတိ ရှိတာကို အရှိအတိုင်း လက်ခံပြီး ရင်ဆိုင်နိုင်ဖို့ သိပ် အရေးကြီးပါတယ်။ စိတ်ဓါတ်အင်အား ပြည့်ဝလျက် ရွှင်လန်းချမ်းမြေ့ပါစေ။

    ReplyDelete
  18. Aids day ကို ဂုဏ်ပြုပုံလေး အရမ်းလေးစား သွားပါပြီဗျာ... လူသားချင်းစာနာစိတ်များ ပြန့်ပွားကြပါစေ...

    ReplyDelete
  19. အမှတ်တရလုပ်ပြတာတော့ မိုက်တယ်ကွာ..

    ReplyDelete
  20. သေမယ် ဆိုလည်း သေပျော်ပါပြီလေ။

    ဒါနဲ့ ဘာပစ္စည်းတွေများ ကျန်ခဲ့မှာလဲ။
    ဘလော့ဂါ အချင်းချင်း သေတမ်းစာနဲ့ လွှဲပေးခဲ့ဖို့များ ရှိသလား။

    ReplyDelete
  21. လေးစားတယ် မောင်လေး
    စိတ်ကူးလေး ကောင်းတယ်

    ReplyDelete
  22. သယ်ရင်း ဂျူလိုင် အတွက်ဆိုရင် ARV ဆေးလှူမဲ့ သူတွေ အများကြီးပါ။ ဘလောဂါ အပေါင်းရဲ့ အချစ်ကို ခံယူထားသူဆိုတော့...

    ဘာပဲပြောပြော တင်ပြပုံ မိုက်တယ်

    ReplyDelete
  23. မသနားပေါင်... လိမ်လူ.... လိုးဆူ

    ReplyDelete
  24. ကိုဂျူလိုင်လှူထားတဲ့ သွေးပုလင်းပေါင်းများစွာအတွက် တရားစွဲချင်လို့ပါ...။

    ReplyDelete
  25. အဲဒီလို နာမည်ရင်းနဲ့ ရဲရဲဝံ့ဝံ့ ရင်ဆိုင်ရဲတဲ့တစ်နေ့ တော့ ဒီရောဂါလည်း ကာကွယ်ရလွယ်သွားမယ်။ ဒါက ဂျူလိုင်ရဲ့ အိပ်မက်လေးပေါ့။

    ReplyDelete
  26. ပြောချင်တာကို လင်းကနဲရေးပြသွားနိုင်တာ သိပ်ကို သဘောကျမိပါတယ်။

    (တကယ်မဟုတ်မှန်းက အသိသာကြီး။ ချစ်သူလေးမှ ချစ်သူလေး ဖြစ်နေတဲ့ သူကများး)

    ReplyDelete
  27. Myo ကို တစ်ခုလောက် ပြောချင်ပါတယ်။ HIV သမားတွေလည်း သွေးလှူလို့ရပါတယ်။ HIV ရှိသူရဲ့ သွေးကို HIV ပိုးရှိတဲ့သူတွေ လိုရင် သွင်းပေးပါတယ်။

    ReplyDelete
  28. ဒါနဲ့ ပတ်သတ်လို့ တီချမ်းကိုလည်း လေးစားမိတယ်။

    ReplyDelete
  29. ကိုဇူလိုင်တို့ အတွေးတွေ ပေးလိုက်ပုံကတော့း)
    TGRmg

    ReplyDelete
  30. မလေးစားဘဲမနေနိုင်လို့ ဝင်ပြီးလေးစားသွားပါတယ်။

    ReplyDelete