Sunday, November 21, 2010

The Donation Medallion


Blood Donation Milestones


Medallion for the 5th Donation


Medallion for the 10th Donation

စင်္ကာပူမှာ သွေးလှူခဲ့တာ ၁၄ ကြိမ် ရှိခဲ့ပြီးပါပြီ။ ဒီတစ်ခေါက် လှူရင်တော့ ၁၅ ကြိမ်ပေါ့။ အရင်တုန်းကတော့ ၂၅ ကြိမ်မြောက် သွေးလှူပြီးရင် စင်္ကာပူကြက်ခြေနီက ကြေးတံဆိပ် ချီးမြှင့်ပါတယ်။ ဒါပေမယ့် ဒီနှစ်က စပြီး ၅ ကြိမ်မြောက်နဲ့ ၁၀ ကြိမ်မြောက် သွေးလှူထားပြီးတဲ့သူတွေကိုလည်း အမှတ်တရ ဂုဏ်ပြုတံဆိပ်တွေ ပေးအပ် ချီးမြှင့်ဖို့ စီစဉ်နေတယ်ဆိုတာ ကြားသိထားခဲ့ပေမယ့် ဆုတံဆိပ်တွေ ပေးတာကို တစ်ခါမှ မကြုံခဲ့ဖူးပါဘူး။ ၅ ကြိမ်မြောက်နဲ ၁၀ ကြိမ်မြောက် သွေးလှူဒါန်းမှုအတွက် အမှတ်တရ ဂုဏ်ပြုတံဆိပ်တွေကို လာယူဖို့အတွက် ရှေ့အပတ်ထဲမှာ စင်္ကာပူကြက်ခြေနီက SMS ပို့တာနဲ့ သွေးဘဏ်မှာ သွားယူခဲ့ပါတယ်။ သွေးလှူရှင်တွေရဲ့ အရေးပါမှုကို တုန့်ပြန် အသိအမှတ်ပြုပေးတဲ့အတွက် နှစ်ထပ်ကွမ်း ပီတိဖြစ်မိပါတယ်။

ကျန်းမာရေး ကောင်းမွန်နေသရွေ့၊ သွေးလှူဖို့ အရည်အချင်း ပြည့်မိနေသရွေ့ ပုံမှန်သွေးလှူဒါန်းသွားဖို့ ဆုံးဖြတ်ထားတဲ့ ကျွန်တော်အတွက် အားသစ်တစ်ခု ဖြစ်စေခဲ့တာ အမှန်ပါပဲခင်ဗျာ။

6 comments:

  1. စကာင်္ပူမှာ ရှိနေသ၍ လှူ ဖြစ်နေမှာပါဗျာ။

    အဲဒီတံဆိပ်တွေကိုလည်းဂုဏ်ယူစရာအနေနဲ့ လိုချင်ပါတယ်။ =)

    ReplyDelete
  2. Sadu.. Sadu, Sadu...

    အများကြီး လှူနိုင်တာ အားကျပါ့ဗျာ...

    အကိုတော့ နှစ်ကြိမ်ပဲ လှူဖူးသေးတယ်...
    သွေးမြင်ရင် မူးတတ်တာရယ်.. ဆေးထိုးအပ်က အကြေနားကပ်လာတိုင်း အကြောတွေက ဘာဖြစ်မှန်းမသိ တောင့်တောင့်သွားတတ်တာရယ်ကြောင့် အရင်က မလှူဖြစ်ခဲ့ဖူး..။ ခုတော့ သွေးလှူရတာကြည်နူးပီတိဖြစ်စရာမို့ သုံးလပြည့်တိုင်း တစ်ခါ သွားလှူမယ် စိတ်ကူးထားတယ်

    ReplyDelete
  3. ဒါဆိုနောက်ထပ်နှစ်ကြိမ်ဆို ကျနော်လည်း ၅ကြိမ်ပြောက် ရတော့မှာပေါ့နော်

    ReplyDelete
  4. သာဓု ခေါ်မိပါတယ်ဗျာ

    ခင်တဲ့
    ရွှေစင်ဦး

    ReplyDelete
  5. တကယ်လေးစားမိပါတယ် အကို။ ဒီပတ်ဝန်းကျင်မှာ ကျင်လည်နေပြီး တခါမှ လုပ်ကြည့်ဖို့ မကြိုးစားခဲ့ဖူး တဲ့အတွက် ကိုယ့်ကိုယ်ကို တောင် ရှက်မိတယ်။

    မိုးချစ်သူ

    ReplyDelete
  6. သူများတွေ သွေးလှူမယ်ဆို လာလာမေးတယ် .. နာလားတဲ့ ..
    အကိုတခါပြောတုန်းကလိုပဲ ပြောလိုက်တယ် .. ထုံဆေးထိုးတယ်လို့ အပ်သေးသေးနဲ့လို့ .. ထုံဆေးထိုးပြီးရင်တော့ ဆေးထိုးအပ်နဲ့ ထိုးတာမပြောနဲ့ ဓါးမနဲ့ ခုတ်တောင် မနာတော့ဘူးလို့ .. :P

    ReplyDelete