Friday, April 10, 2009

Whatever you are

ဘာဖြစ်ဖြစ်ချစ်တယ်

တဒင်္ဂလေးအတွင်းပိုင်းမှာ
တခဏလေးအတွင်းပိုင်းမှာ
မယုံနိုင်အောင် ဆွဲဆောင်သူပါ
နင်လိမ္မာလည်း ချစ်ပါ့မယ်
အပေအတေဆိုလည်း ချစ်ပြမယ်
မင်းဘက်က အမြဲရပ်တည်မှာ...

နင်ဘာပဲဖြစ်ဖြစ် ချစ်မယ်
မလိမ်မညာပါ ကျိန်ပြောရဲတယ်...

ဆံပင်ရှည်လေးနဲ့ လိုက်တယ်
ဆံပင်အတိုထားလည်း ကြိုက်တယ်
ဘယ်လိုပြင်ပြင် လှနေတာပဲ
အာရုံနောက်လည်း ချစ်ပါ့မယ်
အနိုင်ယူနေလည်း ချစ်ပြမယ်
မင်းဆိုးသမျှ သည်းခံပါ့မယ်...

နင်ဘာပဲဖြစ်ဖြစ် ချစ်တယ်
မလိမ်မညာပါ ကျိန်ပြောဝံ့တယ်...


ဆံပင်တွေဖြူတဲ့အထိ ချစ်မယ်
ပါးရေတွေတွန့်သွားလည်း ချစ်မယ်
ကိုယ့်အချစ်က ရိုးမြေကျပဲ
ဖေဖေဆူလည်း ကြိုးစားမယ်
မေမေဆူတော့ ခိုးပြေးမယ်
ကိုယ့်အချစ်က ပြတ်သားပါတယ်...

နင်ဘာပဲဖြစ်ဖြစ် ချစ်မယ် ကလေးရယ်
မင်းဘက်က လိုက်လျောရုံပဲ

နင်ဘာပဲဖြစ်ဖြစ် ချစ်တယ် ကလေးရယ်
မင်းဘက်က လိုက်လျောသင့်တယ်...


တေးရေး/တေးဆို ဟဲလေးပါ။ သီချင်းခေါင်းစဉ်က ဘာဖြစ်ဖြစ်ချစ်တယ် ဆိုပဲ။ Youtube မှာလည်း အဲဒီသီချင်း ရှိပါတယ်။ ဟဲလေးရဲ့ သီချင်းတွေ အတော်များများကို သဘောကျမိတယ်။ သူဆိုထားတဲ့ ကြင်ယာဖက်ဆိုတဲ့ သီချင်းလေးလည်း ကောင်းတယ်။ ဟဲလေးပါတဲ့ TEEN အဖွဲ့ကိုလည်း စကတည်းက သဘောကျမိတယ်။ သူတို့သီချင်း အေးအေးလေးတွေက နားထောင်လို့ ကောင်းတယ်။ နောက်ပိုင်းမှာတော့ ဟဲလေးတစ်ယောက်ပဲ ချွန်ထွက်လာတယ်။ ကျန်တဲ့သူတွေ သိပ်မတွေ့မိတော့ဘူး။

အဲဒီသီချင်းက ထွက်တာ ကြာနေပြီဖြစ်ပေမယ့် ကျွန်တော် နားမထောင်ဖူးသေးပါဘူး။ တစ်ယောက်သောသူက ရှေ့မတ်လလေးတင် ဂျီမေးလ်နဲ့ ပို့ပေးလိုက်တဲ့အတွက် အဲဒီသီချင်းကို ကျွန်တော် နားထောင်ဖူးသွားတာပါ။ သီချင်းစာသားတွေက အတော်ကောင်းလွန်းလို့ အဲဒီသီချင်းကို သဘောကျမိတယ်။ သူ့ကို ပြောပြချင်နေတဲ့ ရင်တွင်းစကားတွေက သီချင်းထဲမှာ ပါပြီးသားဖြစ်နေလို့ ရင်ခုန်သံ ထပ်တူဖြစ်တယ်လို့ ပြောလို့ရတယ်။ ဖေဖေဆူလည်း ကြိုးစားမယ်။ မေမေဆူတော့ ခိုးပြေးမယ်တဲ့။ တခါတည်း နည်းလမ်းပါ ပေးထားသလိုပဲ။ ဒါပေမယ့် သီချင်းထဲမှာ ဆံပင်ရှည်ရော ဆံပင်အတိုရော ပါပေမယ့် ကတုံးဖြစ်နေတယ်ဆိုရင်ရော ချစ်လား မချစ်ဘူးလားဆိုတာတော့ မပါထားဘူး။ ဘာရယ်တော့ မဟုတ်ပါဘူး။ သတိထားမိတာပါ။

21 comments:

  1. ကြံကြံဖန်ဖန် သူ့ရင်ထဲကဟာတွေ အန်ထုတ်ချင်တာနဲ့ ကတုံး ရောချစ်သလားတွေ ဘာတွေ လျှောက်စဉ်းစားနေတယ်။ မသိတာ မှတ်လို့။ ဖြည့်ဆိုပါလား။ သနပ်ခါးလေးနဲ့လဲ ချစ်တယ် တို့ဘာတို့..

    ReplyDelete
  2. ကိုJulyရေ
    ချစ်ပါ ချစ်ပါ ဗျာ
    အစ်မချိုသင်းပြောသလို ထပ်ဖြည့်ဆိုပြီး
    ကိုJulyရဲ့ version ထပ်ရေးပါဗျို့

    ReplyDelete
  3. :)
    အမောင် ဂျူလိုင်နဲ့  အကြံချည်းလာတူနေပါလား လို့  အံ့သြစွာ သိလိုက်ရတယ်။
    အဲဒီသီချင်းကြားထဲက ကြိုက်လို့  စာထဲနည်းနည်းထည့် ရေးဖို့  တွေးတောင်ထားမိတာ။
    အဲ ကတုံးဖြစ်လည်း ကြိုက်တယ်လို့  တော့ မတွေးမိဘူး။ :)

    ReplyDelete
  4. တချို့ကတော့ အထာပေးရင် ဆရာလေးတောင် မချန်ဘူးဆိုတော့ ကတုံးလဲ ချစ်မဲ့သဘောရှိတယ်

    ReplyDelete
  5. အချစ်က ပြတ်သားပါတယ် .. :D

    ReplyDelete
  6. ကိုကိုjuly သည်းလေးက ဂိလေးပေါ့

    ဂတုန်းမလေးကို (ဂိလေးလို့ အတိုကောက်ခေါ်သည်)

    ဂိလေး ရင်ခွင်ထဲတိုးရင် အသည်းယားလှချည်ရဲ့လို့ ကိုယ့်လူအော်နေမှာ မြင်ယောင်တယ်။ :P

    ReplyDelete
  7. ဆံရှည်လေးပဲ ချစ်မယ်..
    ကတုံးလေးတော့ တစ်မျိုးပဲကွယ်..
    (စိတ်ကူးထဲမှာ မအီမလည်ကြီး.. :P)
    ချစ်ပြီးရင်တော့.. ချစ်ပြီးမှတော့ ဘာပဲဖြစ်ဖြစ် ချစ်မှာပါပဲ..

    ReplyDelete
  8. ဒို့လိုက်လျောပြီးသားပါကွယ်...

    ReplyDelete
  9. မချိုသင်း...
    ကတုံးက တမင် ရေးထည့်လိုက်တာ။ ထင်တဲ့အတိုင်းပဲ လူတိုင်း အဲဒီကတုံးကိုပဲ လာလာ ထိနေကြတယ်။ သနပ်ခါးလေးနဲ့က ချစ်ဖို့ကောင်းတာ အမှန်ပဲနော်။ အဟား...

    ကိုသီဟရေ...
    ကျွန်တော့် ဗားရှင်းအသစ်က မရှိနိုင်ဘူး ထင်တယ်။ အဲဒီဘက်မှာ ပါရမီနည်းပါတယ်။ ဒါကြောင့် မမျှော်လင့်နဲ့တော့နော်။ အဟက်...

    မယ်ကိုး...
    တို့တွေက တချို့နေရာမှာ သူများ မမြင်တာ မတွေးတာကို ရှာကြံ တွေးကြတယ်လေ။ အဲဒါမှပဲ ဒီဇိုင်းဆန်းဆန်းတွေ ရတာပေါ့။ အဲ... နောက်ဆုံးတော့လည်း ဂျုရီမှာ အဆူခံရတာပဲလေ။ အဟား...

    ReplyDelete
  10. ကလူသစ်...
    အမလေး မလုပ်ပါနဲ့ဗျာ။ သတိထားမိတာလေးပဲ ရေးမိတာပါ။ ဆရာလေးတွေ မပါလာစေနဲ့လေ။ နေရင်းထိုင်ရင်း ငရဲအိုး ဂျိုးကပ်နေအုံးမယ်။

    မိုးခါး...
    ကိုယ့်အချစ်က ပြတ်သားပါတယ်။ ကြိုးစားလို့ မရရင် ခိုးပြေးမယ် ဆိုတာကြီးပဲ အဟား...

    ဖြိုးမော်ရေ...
    ဂိလေးလို့ လုံးဝ မပြောမိဘူးနော်။ ကျွန်တော် ပြောထားတာက သတိထားမိပါတယ် လို့ပဲ။

    ReplyDelete
  11. ရည်းစားရှိဖို့ လိုအပ်ပါသည်။
    ကြိုးစားပန်းစား ကျနော်လိုက်ရှာမည်။

    အချစ်က ဆန်းကြယ်ပါတယ်လေ။
    တစ်ကယ်ချစ်လာရင် ချဉ်ကို ချဉ်တယ် ကိုယ့်ငါးချဉ်လေးပါ။
    နားအေးအောင်ဆုတောင်းတာမဟုတ်ဘူး။
    မြန်မြန် ရပါစေ။

    ReplyDelete
  12. အော်...ဂတုံးမလင်ကိုး

    ReplyDelete
  13. ပိတုန်းရောင်ကေသာ ဖြစ်လည်း ချစ်ပါ့မယ်။
    ကတုံးပြောင်ကေသာ ဖြစ်လည်း ချစ်ပါ့မယ်...။

    ReplyDelete
  14. ဟယ်. စထရိုက် အဲသလိုမပြောပါနဲ့။

    ReplyDelete
  15. ဟယ်. စထရိုက် အဲသလိုမပြောပါနဲ့။

    ReplyDelete
  16. ပါလေးဖောင်းတုံးတော့ပြောဦးပေါ့။ပြီးမှ..တဆင့်ပြီးတဆင့်..

    ReplyDelete
  17. Strike
    ကွန့်မန့်ကို ရေးလိုက် ဖျက်လိုက် မလုပ်နဲ့လေ။ ဒီအတိုင်း ထားလိုက်ပါလားဗျ။ မိုးရဲရင် ဆောင်းရဲရမယ်လေ။ ဂတုံးမလင် ဆိုတာ ဘယ်သူလဲ။ Strike မဟုတ်ဘူးလား။

    Rita
    အဟမ်းဆိုတော့ ချောင်းဆိုနေပုံပဲ။ ရုံးအတွက် ဆေးခွင့်ယူချင်လို့လား ဟင်။

    အယ်ဂျူနို...
    နားငြီးနေရှာပြီ ထင်တယ်။ အဟား...

    မစင်...
    မထင်ရဘူးနော်။ ဒါမျိုးတွေလည်း ရတာပဲ။ ကဗျာလိုလို စာလိုလိုနဲ့။ အဟက်...

    ဆြာမKOM...
    ပါးဖောင်းလို့ ပြောတာ မဟုတ်ပေါင်။ မယုံရင် စောင့်ကြည့်နေပါ။ အခုတော့ သီချင်းလေးက ကောင်းလွန်းလို့ သီချင်းဆိုကြည့်တာ။ အဟ...

    ReplyDelete
  18. အင်း သနပ်ခါးပင်တော့ အမြစ်ကလှန်နေပြီ

    ReplyDelete
  19. ရွာသားကြီး...
    သနပ်ခါး လက်ဆောင်ပေးဖို့အတွက် အမြစ်က လှန်နေတာလား။ အဲဒါဆိုလည်း ကျေးဇူးပဲဗျာ။ =)

    ReplyDelete
  20. ထင်တော့ ထင်သား ဒီစာသားနားထောင်ဖူးသလိုလိုလို့
    ဒါနဲ့ စကားမစပ် အေအိုင်ဒီအက် ဖြစ်နေရင်ရော
    ချစ်မှာပဲလားဗျ...။ အဟစ်ဟစ်ဟစ်

    ReplyDelete