Wednesday, June 3, 2009
High voltage warning!
Credit: The Voice
ကျေးဇူးတင်လိုက်တာဗျာ။ ကျွန်တော်တို့ ရန်ကုန်သားတွေ ပျော်လိုက်ကြမယ်ဖြစ်ခြင်း။ ကြည့်စမ်းပါအုံး... ဇူလိုင်လ ရောက်ရင် ၂၄ နာရီ မီးလာတော့မယ်တဲ့ဗျာ။ မီးကို ၂၄ နာရီ ရမယ်ဆိုတာ နည်းတဲ့ကုသိုလ်လား။ ရှေးဘ၀ဘုန်းကံနည်းခဲ့ပေလို့ ရပ်ကွက်အလိုက် ကိုယ်ရောင်ကိုယ်ဝါ မှောင်ခဲ့ပေမယ့် ရှေ့အရင်လတွေမှာ ဆီမီးအလင်းတိုင် ထွန်းညှိလှူခဲ့တဲ့ အကျိုးတွေကို ချက်ချင်းလက်ငင်း ဘ၀မကူးခင် စံစားရတော့မယ်။
အရင်နှစ်တွေကလည်း ဇူလိုင်လဆို မီးတွေ ပုံမှန်ပြန်မှန်ပေးလေ့ ရှိတယ်ဆိုပဲ။ ဂျာနယ်ထဲမှာ ဖတ်လိုက်ရတာ။ ဇူလိုင်လကို အဲဒီလောက်ထိ ဂုဏ်ပြုထားမှန်း ကျွန်တော် သတိမထားမိဘူး။ ဇူလိုင်မှာ မွေးတဲ့ ကျွန်တော်တောင် ခြေဖျားတွေ ကြမ်းနဲ့မထိပဲ လွှတ်နေသလိုလိုပဲ။ လမ်းလျှောက်ရင်လည်း လူက မြောက်ကြွ မြောက်ကြွနဲ့။ မနေ့ကမှပဲ ဂျာနယ်လေး ဖတ်မိပြီး အသိတစ်ခု တိုးသွားတာဗျ။ သြော်... ဇူလိုင်လဆိုတာ ၂၄ နာရီ လျှပ်စစ်မီး ပုံမှန်စရစေတဲ့လကိုး။ အခုတော့ ကျွန်တော် သိပြီ။
အမှတ်(၁) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန လက်အောက်က လျှပ်စစ်ဓါတ်အားပေး စက်ရုံတွေကနေ ၁၄၄၁ မဂ္ဂါဝပ် ထုတ်ပေးနေသလို အမှတ်(၂) လျှပ်စစ်စွမ်းအးဝန်ကြီးဌာန လက်အောက်က လျှပ်စစ်ဓါတ်အားပေး စက်ရုံတွေကနေ ၇၂၃.၆၂ မဂ္ဂါဝပ် ထုတ်လုပ်ပေးနေတာ နိုင်ငံပိုင်သတင်းစာထဲမှာ ရေးထားတယ်ဆိုပဲ။ ဖတ်မိသလိုလို ရှိပေမယ့် အဲဒီလောက်ထိ သေချာ မမှတ်ထားခဲ့မိဘူးဗျာ။ နောင်တတောင် ရမိတယ်။ ဒီလောက် လျှပ်စစ်ဓါတ်အားတွေ ထုတ်ပေးနေမှန်း အခုမှ သိရတာပါ။
ဒါတောင် ရွှေလီ(၁)စီမံကိန်းမှာ စက်တစ်လုံး ထပ်တပ်ပြီးရင် မဂ္ဂါဝပ် ၁၀၀ ထပ်တိုးလာအုံးမယ် ဆိုပဲဗျ။ ၂၀၁၀ ကိုရောက်ရင် ရဲရွာစီမံကိန်းက မဂ္ဂါဝပ် ၇၉၀၊ ကွန်ချောင်းစီမံကိန်းက မဂ္ဂါဝပ် ၆၀၊ ဖြူးချောင်းစီမံကိန်းက မဂ္ဂါဝပ် ၄၀နဲ့ ရွှေကျင်စီမံကိန်းက ၇၅ မဂ္ဂါဝပ် ထပ်ထုတ်နိုင်မယ်ဆိုပဲ။ အဲဒီအတိုင်းသာ တကယ် ထုတ်နိုင်ရင် ၂၀၁၀ မှာ ၁၀၆၅ မဂ္ဂါဝပ် ထပ်တိုးလာမှာပေါ့။ အဲဒါကိုလည်း နိုင်ငံပိုင် သတင်းစာတွေထဲမှာ ရေးထားတယ်တဲ့ဗျာ။ ၂၀၁၀ ဆီကို မြန်မြန် ရောက်ချင်စိတ် ပေါက်သွားတယ်။ နဂိုကတည်းကလည်း ၂၀၁၀ ကို မြန်မြန် ရောက်ချင်နေတာ။ အခုလို မီးတွေမှန်မယ်ဆိုတော့ ၂၀၁၀ကို ရောက်ချင်စိတ်တွေ ဆည်ကျိုးသလို တားမရ ဆီးမရ ဒလဟောကို ဖြစ်သွားပါလေရောကွယ်။
ပိုင်ဆိုင်မှုတစ်ခုကို ဆုံးရှုံးမှ သိရသလို မီးပြန်လာလို့ ပျော်တဲ့ ခံစားမှုကို မီးပျက်ဖူးမှ သိရတာပါ။ ညဘက် မီးပျက်တဲ့အချိန် သူငယ်ချင်းတွေနဲ့ လက်ဖက်ရည်ဆိုင် ထိုင်၊ ပဲခြမ်းသုတ်လေး စားလိုက် လက်ဖက်ရည်လေး သောက်လိုက်၊ ဖြတ်သွားဖြတ်လာ အပျိုအအို အရွယ်ပေါင်းစုံကို ငေး၊ တစ်နေ့လုံးမှာ ထိုင်ဆော့ခဲ့သမျှ ဂိမ်းတွေအကြောင်း စမြုံပြန်၊ ပေါက်တက်ကရ ဟာသတွေ ပြော၊ တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန် ချောက်ချ၊ ပျော်ဖို့ ကောင်းတာများ မီးပျက်နေတာတောင် မေ့သွားတယ်။ စပါယ်ရှယ် အလှမီးသီးမျိုးစုံ တပ်ထားတဲ့ စက်ဘီးတွေနဲ့ မီးပျက်တဲ့ ညအမှောင်ထဲမှာ အကြွားပိုခဲ့ရတာလည်း အရသာတစ်ခုပဲ။ ဒီမှာတော့ မီးတွေ ၂၄ နာရီ ပုံမှန် လာနေတော့ အရင်လို မီးပျက်နေတဲ့ဘ၀လေးကို လွမ်းမိသား။ မီးမှောင်မှောင်မှာ ငေးကြောင်ကြောင်လေး ဖြစ်ခဲ့ရတာ သတိရမိသား။
သြော်... ဘာလိုလိုနဲ့ မြန်မာနိုင်ငံသားတွေ ၂၄ နာရီ ပုံမှန် မီးလင်းလင်းထင်းထင်း နေရတော့မယ့်ဘ၀တွေ မကြာမီ လာမည်... မျှော်.... မျှော်.... မျှော်....
သတိ... ဓါတ်လိုက်တတ်သည်။
25 comments:
  1. လွယ်ပါတယ် မီးတွေအကုန်ပိတ် ဖယောင်းတိုင်လေးနဲ့ ငုတ်တုတ်ထိုင်နေပေါ့။
    သတိ မဟားဒရား ဗို့အားပြင်းသည်
    ReplyDelete
  2. တပတ်ကို ၂၄ နာရီလား၊ တလကို ၂၄ နာရီလား ...ဟဟ
    အဲလိုပဲ သူတို့ကို မေးလိုက်ချင်တော့တယ်။
    ( စင်္ကာပူလို နေ့ညမပြတ်မီးပေးသလို ပေးထားရင် နှစ်ပေါင်း ၄၀ သုံးလို့ရမယ့် ဂတ်စ် တွင်းတွေကိုတော့ သူများနိုင်ငံကိုရောင်း ရတဲ့ ပိုက်ဆံနဲ့ သူတို့က သုံးဖြုန်း လူသတ် ဘုန်းကြီးသတ် အော် တရားကျစရာ။)
    ReplyDelete
  3. ကောင်းတာပေါ့ဗျာ...
    သတိ...
    သတင်းစာမကိုင်ရ... တီဗွီလှိုင်းရှိသည့် နေရာ မနေရ... ဓာတ်လိုက်တတ်သည်။
    ReplyDelete
  4. စာလုံးပေါင်းအမှန်မြင်ရပါပြီ ..
း)
    အင်း ကျားသား မိုးကြိုး..
    စောင့်ကြည့်ရတာပေါ့ကွယ်...
    ၂၄ နာရီ ဓါတ်အားလောက်များ.. ပေးချင်ရင်
    ရခဲ့တာကြာပေါ့............
    အမ တာဝန်ကျခဲ့ဖူးတဲ့ နယ်မြို့လေးမှာ ၁၉၉၄ လောက်တုန်းက
    တနေ့ကို ညဉ့်ဦး ၄ နာရီ မနက် ၂ နာရီ နေ့စဉ်ပုံမှန်
    လာခဲ့တာ..
    နောင် နှစ်ပေါင်း ရွေ့လျားလာတော့..
    ခု အဲဒီက လူတွေ ပြောတာက တော့..
    ၄ ရက်မှာ ၁ ကြိမ်. တခါလာတော့ ၂ နာရီခွဲ တဲ့..း)
    တိုးတက်ပုံများ..
    တခုတော့ ရှိတာပေါ့လေ..
    အမတို့ ရဲ့ ရွှေမျိုးပေါက်ဖော်တွေဆီက
    အိမ်သုံးမီးစက်တွေရဲ့ ရောင်းအား တက်ခဲ့သလို..
    ရေနံဆီ၊ ဓါတ်ဆီ ရောင်းသူတွေ.. ရောင်းခွင့်ရှိတဲ့ဌာနတွေ
    အလုပ်ဖြစ်ကြ သပေါ့...
    အကောင်းဖက်က လှည့်တွေးတာ ပါ....း)
    ReplyDelete
  5. ဒီစကားလေးပြောတဲ့ ဦးမောင်မောင်လတ်ကို ဦးစွာပထမ ကျေးဇူးတင်ရှိပါတယ်...
    သတိ။ ။ ၂၄နာရီလို့ပဲပြောထားသည်။ တရက်လား တလလားမပြောထားပါ။
    ReplyDelete
  6. မမြင်ချင်ယောင်ဆောင်ပြီး မသိသလိုပဲ လုပ်သွားတယ် ..
    ၂၄ နာရီအပြည့်က ရနေကျပါ .. ၁ရက်လား ၁လ လား .. ကြိုကြားကြိုကြားပျက်တာတော့ နားလည်ပေးရမှာပေါ့ ..
    နားလည်ပေးလက်စနဲ့ နောက်ပိုင်း တိုးတိုးပျက်ပျက်ပြီး မီးအားတွေဇောက်ထိုးဖြစ်နေတာလဲ နားလည်ပေးလိုက်ပါတယ်လေ .. :D
    ReplyDelete
  7. ဘာလို့ 'နဂိုကတည်းကလည်း ၂၀၁၀ ကို မြန်မြန် ရောက်ချင်နေတာ" လဲ။
    ReplyDelete
  8. ဒီပို့စ်ဖတ်ရင် ဓာတ်လိုက်မည် သတိထား...။ :)))
    ReplyDelete
  9. ဂယ်ဆိုရင် ပျော်စရာကြီးပေါ့။ :D
    ReplyDelete
  10. ဇူလိုင်လမွေးတဲ့ အရူးတွေကိုဂုဏ်ပြုတဲ့ အနေနဲ့ ၂၄ နာရီ မီးလာပါမယ် မျှော့ :P
    ReplyDelete
  11. ဇူလိုင်လရောက်ရင် ရန်ကုန်ပြန်ပြီး ဂုဏ်ပြုပွဲ တက်လိုက်ဦးလေး)
    ReplyDelete
  12. ရှော့ဖြစ်မှာကိုတော့စိုးရိမ်မိသား
    ReplyDelete
  13. 2010 မျှော်တယ် ဆိုတာ စဉ်းစားစရာပဲ။
    ReplyDelete
  14. ဒုက္ခပဲ။ ပိုက်ပိုက်လေးစုပြီး ဖယောင်းတိုင်ကုမ္ပဏီ ပြန်ထောင်မလို့စဉ်းစားထားတာ၊ ခုတော့ ရေစုံမျှောပြီ။
    မီးအားမြှင့်စက်ကုမ္ပဏီပဲ ပြောင်းထောင်ရကောင်းမလား၊ မီတာခလိုက်ဖတ်တဲ့ Servicing ပဲလုပ်ရ ကောင်းမလား။
    ReplyDelete
  15. တစ်နှစ် တစ်ကြိမ် ဇူလိုင် လ မြန်မာ့ ........
    ReplyDelete
  16. အမလေး ဓါတ်လိုက်တယ်ဟ ဒီပို့ စ်က :)
    ReplyDelete
  17. စောင့်ကြည့်အုံးမယ် ကိုဂျူလိုင်ရေ။ Seeing is believing !
    ၂၄နာရီရမယ်ဆိုတာ သူ့အဘတွေ နေတဲ့ ရပ်ကွက်တွေပဲ ဖြစ်နေပါအုံးမယ်။
    (အံတိုနေပါပြီကွ..သိရဲ့လား၊ ပါးစပ်ဟ ပြသွားသည်)
    ReplyDelete
  18. ((((((((( ဇစ် ))))))))))))))))))))
    ReplyDelete
  19. is it real? i don't want to beleive it. i think you are making a joke.
    ReplyDelete
  20. ပြည်သူအများအတွက်
    တနှစ် ၂၄ နာရီ ဖြစ်ပြီး
    ဟိုမသာများအတွက်
    တနေ့ ၂၄ နာရီ ဖြစ်ပါသည်... လို့
    မပြောသွားဘုးလား... ဟင်...
    ReplyDelete
  21. ကိုအောင်သာငယ်းးးး မသာများအတွက်လား?မေးသွား
    မမဖြိုးကြီးးးးးးးးးးးးးးမယုံပါပြောသွား
    မိုးချိုးသင်း ပါးစပ်ဟပြသွား
    ကလူသစ် ဇစ် ဖြုတ်သွား?
    ချိုကို သဇင် ဓါတ်လိုက်သွား
    စောဖိုးနု တနှစ်တကြိမ် ပြော
    ဖိုးသင်္ကြန် ဒုက္ခ တသွား
    ရီတာ စဉ်းစားသွား
    မမခင်ဦးမေ စိုးရိမ်သွား
    တောင်ငူ ဂုဏ်ပြုပွဲ တက်မည်ပြောသွား
    တူးတူးသာ အရူးတွေ အတွက်ဟု ပြောသွား
    အမဲရောင် အိမ်မက် သို အိမ်မက် အမဲ ဂလိုလား မေးသွား
    စင်ဒန်လား သတိပေးထား
    ဇွန်ဝမ်း ဘာလို့ မေး
    မိုးခါး နားလည်ပေး
    နွေးနေခြည် တရက်လား တလလား
    မမသီရိ အကောင်းဖက်ကလှည့်တွက်ပုံရ?
    ပီတိ သတိပေးသွား
    မခင်မင်းဇော် တခုခုပြောပုံရ
    ရွာသား နှစ်ခွရေး အယ်လေ နှစ်မျိုးရေးပေးသွား
    အယ်ဇီးးးးးးးးးးးးးးးးးကော့မန် များက ပြောသောစကား ကို လေ့လာသွား
    မအယ်
    ReplyDelete
  22. ဧပရယ်ဖူးလားလို. ပထမတော့
    ကျွန်တော်ကြားဖူးတာလေးပေါ့နော်
    တစ်နေ.၀န်ကြီးများ အစည်းအဝေးပြီးတဲ့အခါ
    အဲဒီတုန်းကလွန်ခဲ့တဲ့ ၄ ၊ ၅ နှစ်ပေါ့
    နောင်နှစ်ကျရင် မြန်မာတစ်နိုင်ငံလုံး မီးတွေ ထိန်ထိန်လင်း ပြီဆိုပေါ့ ၊ မေးပြောလေးပေါ့ ၊ အားရ
    ReplyDelete
  23. အင်းးးးးးးး ကျွန်တော်တို့ တသက်တော့........ မထင်......
    ReplyDelete
  24. ဖိုးသူတော် ကြေးစည်ထုတော့ ဘာသံထွက်လာလဲ သိလား ......................
    မထင်..မထင်....မထင်......နဲ့ကိုထွက်တာဗျ...
    မီးတွေ၂၄နာရီ လာနေတာပဲ။. အဲဒါဘယ်သူတွေလဲ သိလား.. သူတို့ လူကြီးပိုင်းတွေနဲ့ ကိုယ်ပိုင်မီးစက်ရှိသူတွေပေါ့ဗျ။
    ကိုယ်တွေ့ တနေကုန်မီးလာတာ ကြုံရင်တောင်မှ
    ကိုယ့်အသားကို အပ်နဲ့စိတ်ကြိုက်ထိုးပြီး ရစရာ
    မရှိအောင် အသားတွေ ပေါက်ပြဲသွားမှယုံမယ်။
    ဒါတောင် မသေချာဘူး ကိုယ်အပ်နဲ့ထိုးတဲ့ တနေ့ပဲ တနေကုန်လာရင် သေပြီဆရာပဲ ဟားဟားဟား
    ReplyDelete