Tuesday, August 28, 2007

July Note 5

ကျွန်တော်ရဲ့ ဇူလိုင်မှတ်စု (July Note) တွေပါ။ စာအုပ်တွေက ဖတ်တာဖြစ်တာမို့လို့ ရှေးအယူအဆတွေ ပါလာနိုင်ပါတယ်။ အဲဒါကြောင့် စာအုပ်တွေထဲမှာ ဒီလို ဆိုထားတယ်.. ဆိုပေမယ့် ကိုယ့် ထင်ရာမြင်ရာ အယူအဆလေးတွေကိုလည်း မှတ်ချက်တွေမှာ ရေးသားပြီး ဆွေးနွေးပေးစေလိုပါတယ် ခင်ဗျာ။

ဒေါသဖြစ်လွယ်ချိန်

၁။ ခရီးမှ ပြန်ရောက်ခိုက်။
၂။ အိပ်ရာမှ နိုးထခိုက်။
၃။ ဆာလောင် မွတ်သိပ်ခိုက်။
၎။ ထမင်းစားရန် စတင်ခိုက်။
၅။ အနာရောဂါ နှိပ်စက်ခိုက်။
၆။ စိတ်ငြိုငြင်နေခိုက်။

ရယ်ခြင်း

၁။ နှုတ်ခမ်း အနေပျက်ရုံ ရယ်ခြင်း။
၂။ သွားပေါ်ရုံ ရယ်ခြင်း။
၃။ ပကတိ အသံထွက်ရုံ ရယ်ခြင်း။
၎။ ပခုံးလှုပ်အောင် ရယ်ခြင်း။
၅။ မျက်ရည်ထွက်အောင် ရယ်ခြင်း။
၆။ ခြေပစ်လက်ပစ် ရယ်ခြင်း။

ကျီး၏ ကောင်းသော အကျင့်

၁။ ရန်သူအား အခါမလပ် ကြည့်ရှူ အကဲခတ်ခြင်း။
၂။ အစာနှင့် ရန်သူတို့ကို တစ်ပြိုင်နက် ကြည့်ရှူတတ်ခြင်း။
၃။ လုံ့လရှိခြင်း။
၎။ မေထုန်မှုကို လျှို့ဝှက်စွာ ကျင့်ကြံခြင်း။

လောကီ အကျိုးများခြင်း

၁။ မယားကောင်းကို ရခြင်း။
၂။ သားလိမ္မာကို မွေးရခြင်း။
၃။ ဥစ္စာပစ္စည်း ပေါများခြင်း။
၎။ ဥာဏ်ပညာရှိခြင်း။
၅။ သီတင်းသီလမြဲခြင်း။
၆။ ရောဂါ ဝေဒနာ မငြိတွယ်ခြင်း။

အဲဒီစာတွေကိုတော့ စံမြင့်မှတ်စု ဆိုတဲ့ စာအုပ်ကနေ ဖတ်ခဲ့ရတာတွေပါ။ ဆရာကြီး ဦးစံမြင့်က ဆရာဦးသုခလိုပဲ ဗဟုသုတရဖွယ် စာအုပ်ကောင်း တစ်အုပ် မွေးဖွားခဲ့ပါတယ်။

No comments:

Post a Comment