Friday, November 23, 2007

YTU Poem - 2

အမိအိုသို့တမ်းတခြင်း

မနေ့က
နေခြည်နုအောက်မှာ
တောက်ပနေတဲ့
ငါတို့ရဲ့
အမိကျောင်းတော်ကြီးကို
အိပ်မက်ခဲ့ ...

နွေးထွေးမှုတွေ
တက်ကြွမှုတွေ
လတ်ဆက်မှုတွေ
ခွန်အားတွေ
နိုးထလာချိန်ထိ
ခံစားနေရဆဲ ...

ခုတော့
လှပတဲ့ အရိပ်ကောင်းတွေ ပေးတဲ့
စွယ်တော်ပင်ကြီးတွေ
လတ်ဆတ်နေတဲ့
ရင်သွေးသစ်တို့ရဲ့
ရယ်သံတွေ
အမိကျောင်းအိုကြီး အနားမှာ ကင်းမဲ့ ...

အားမငယ်ပါနဲ့ အမေ
ကမ္ဘာတလွှား
ပညာရှင်တွေ ကြားထဲ
အမေ့ရင်သွေး စစ်စစ်တွေ
အမေတာဝန်ကျေခဲ့ကြောင်း သက်သေအဖြစ်
များလှပေါ့ ....

ပြောင်းလဲမှုနဲ့ ရပ်တည်နေတဲ့
ကမ္ဘာကြီးအတွက်
ပညာတွေကို မွမ်းမံခဲ့ရပေမဲ့
ခိုင်မြဲလှတဲ့ အုတ်မြစ်တစ်ခုက
အမေ တည်ဆောက်ပေးခဲ့တာလေ ....

ကျေးဇူးတွေ တမ်းတ
အဝေးက အကြိမ်ကြိမ် ဦးခိုက်
သားဆန္ဒ တစ်ခုပြုပါရစေ
အမေကျောင်းအိုကြီး
တစ်ဖန် ပျိုမျစ်နိုင်ပါစေလို့ ...

နည်းပညာတက္ကသိုလ် ကျောင်းသားဟောင်းများ၏ ဆရာကန်တော့ပွဲ အမှတ်တရထုတ် စာအုပ်မှတဆင့် ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။

No comments:

Post a Comment