Sunday, December 9, 2007

Dear Yesterday - 4

မနေ့က သင်တန်း တက်စရာရှိတော့ မနက် ၈ နာရီလောက် အိပ်ရာထလိုက်တယ်။ အိမ်ကနေ ၉ နာရီ လောက်မှာ ထွက်လာခဲ့တယ်။ သင်တန်းက ၁၀ နာရီမှ စမှာ ဆိုတော့ အချိန်မှီပါတယ်။ စင်္ကာပူကြက်ခြေနီရုံးကို ၉ နာရီ လေးဆယ်မိနစ်လောက်မှာ ရောက်သွားတယ်။ ကင်မရာ ယူသွားတော့ အပေါ်ထပ် မတက်ခင် ကြက်ခြေနီ အဆောက်အဦးကို ဓါတ်ပုံတွေ ရိုက်လို့ပေါ့။ သင်တန်းခန်းမထဲ ရောက်တော့ အမည်စာရင်း ပေးရတယ်။ အမည်မှာ စာလုံးပေါင်းမှားနေလို့ ပြန်ပြင်ခိုင်းရသေးတယ်။ သူတို့ပေးတဲ့ စာရွက်စာတမ်းတွေ လက်စွဲစာအုပ်တွေ ယူရင်း ခုံတစ်ခုမှာ ထိုင်နေလိုက်တယ်။ ခန်းမထဲမှာတော့ ဆိုင်ရာလုပ်ငန်းတွေက ပြပွဲလေးတွေ ခင်းကျင်းထားပါတယ်။

တာဝန်ရှိသူတစ်ဦးက သွေးလှူရှင်စုဆောင်းတာ ကိုင်တဲ့ မန်နေဂျာနဲ့ မိတ်ဆက်ပေးတယ်။ သူနဲ့ စကားစမြည် ပြောနေဖြစ်လိုက်တယ်။ သူက သူတို့ကြက်ခြေနီတွေ သွေးလှူရှင် စုဆောင်းတဲ့ လုပ်ငန်းတွေ ရှင်းပြတာပေါ့။ ကျွန်တော်ကလည်း ကျွန်တော် လုပ်ဖူးတာတွေ ပြောပြတာပေါ့။ အသက်တွေ ဘာတွေ မေးတော့ ဖြေလိုက်တော့ ငယ်သေးတာပဲတဲ့။ အဲဒါ တကယ်ကို သူပြောတာနော်။ ညာဘူး အဟဲ...။ အဲဒါနဲ့ Youth Donor Camp ၀င်ဖို့ အချိန်ပေးနိုင်မလား ဆိုပြီး မေးလာပါလေရော။ ဘယ်နေ့တွေလဲ မေးကြည့်တော့ ဒီနှစ်အကုန်ဖြစ်တဲ့ ဒီဇင်ဘာ ၂၈ ကနေ ၃၀ အထိပါ။ ရုံးမှာလည်း စုထားတဲ့ ခွင့်ရက်တွေက ရှိတော့ ၀င်မယ်လို့ ပြောလိုက်တယ်။ ဒီက ကြက်ခြေနီတွေ ဘယ်လို စခန်းသွင်းလည်း သိချင်တာကိုးဗျ။

နောက် သင်တန်း အစီအစဉ်တွေ စပါတယ်။ စစချင်း ခုံလုတဲ့ ကစားနဲ့ ကစားပြီး စိတ်တင်းကြပ်မှုတွေကို ဖြေဖျောက်ပေးပါတယ်။ ခုံမရလိုက်တဲ့သူက ကိုယ့်ကိုကိုယ် မိတ်ဆက်ရတာပေါ့။ ဒီကစားနည်းတွေက ယူနီဆက်ပွဲတွေမှာ ကစားနေကြဆိုတော့ ကျွန်တော့်အတွက် အခက်အခဲ မရှိပါဘူး။ အမြဲတမ်း အလှည့်တိုင်း ခုံရနေပါတယ်။ ဒါပေမယ့် အဲဒီလို ခုံအမြဲရနေလို့ ထိုင်နေရင် ကိုယ်အကြောင်း သူတို့သိမှာ မဟုတ်ဘူးဆိုဘူး ခုံမရအောင် ဆော့လိုက်ပါတယ်။ အဲဒီတော့ စကာင်္ပူကြက်ခြေနီတွေကြားမှာ မြန်မာကြက်ခြေနီ တစ်ဦးအနေနဲ့ အပီအပင် မိတ်ဆက် ကြွားခွင့်ရတော့ပါတယ်။ ဘာတွေ လုပ်ခဲ့တယ် ညာတွေ လုပ်ခဲ့တယ်ပေါ့ဗျာ။

ကစားနည်းလေး ပြီးတော့ ထုံးစံအတိုင်း စကာင်္ပူကြက်ခြေနီအကြောင်း ရှင်းပြတာတွေ လုပ်တာပေါ့။ ကြက်ခြေနီ သမိုင်းကြောင်း၊ အခြေခံမူ ခုနစ်ချက်တွေကို ရှင်းပြပါတယ်။ ပြီးတော့ စကာင်္ပူ ကြက်ခြေနီရဲ့ လုပ်ငန်းတွေကို တစ်ခုချင်း ရှင်းပြပါတယ်။ လုပ်ငန်းတွေကို ကိုင်တွယ်နေတဲ့ မန်နေဂျာတွေနဲ့လည်း မိတ်ဆက်ပေးပါတယ်။ ပြီးတော့ ကိုယ်စိတ်ဝင်စားရာ လုပ်ငန်းတွေမှာ စာရင်းပေးသွင်းနိုင်ကြောင်း ပြောပြီး နိဂုံးချုပ်လိုက်ပါတယ်။ ကြက်ခြေနီကဒ်တွေကိုတော့ စာတိုက်နေ ပို့ပေးမှာလည်း ဗော်လန်တီယာ စုဆောင်းတဲ့ဌာနက နောက်ဆက်တွဲ ရှင်းပြပါတယ်။

အစားအသောက်နဲ့ ဧည့်ခံထားတာတွေကို စားသောက်ရင်း ပြခန်းထဲမှာ လှည့်လည်ကြည့်ကြပါတယ်။ အသေးစိတ်ကို ဆိုင်ရာမန်နေဂျာတွေက ရှုင်းပြကြပါတယ်။ အချိန်ပေး စကား လက်ခံပြောပေးကြပါတယ်။ ကျွန်တော်လည်း သွေးလှူရှင် စုဆောင်းတဲ့ လုပ်ငန်းမှာ ပါဝင်ဖို့ နဂိုကတည်းက စာရင်းပေးထားတော့ အဲဒီလုပ်ငန်းမှာ အလိုအလျှောက် စာရင်းဝင်ပြီးသားပါ။ အဲဒါနဲ့ အခြား ကြက်ခြေနီလုပ်ငန်းတွေကို လိုက်လံ စပ်စုပါတော့တယ်။

ရှေးဦးပြုစုခြင်း သင်တန်းဌာနက မန်နေဂျာက လာမိတ်ဆက်ပြီး သူ့ဌာနမှာ နည်းပြဆရာအဖြစ် လုပ်ပေးစေချင်တယ်ဆိုပြီး ပြောပါတယ်။ ကျွန်တော်က မြန်မာပြည်မှာ ကြက်ခြေနီ သင်တန်းတွေ ပေးဖူးကြောင်း မိတ်ဆက်တုန်းက ပြောခဲ့တာကို သူက မှတ်ထားပြီး အခုလို လာပြောတာပါ။ ကျွန်တော်က မြန်မာပြည်မှာ ဗမာလိုပဲ သင်ရတဲ့အတွက် အဆင်ပြေကြောင်းပေါ့။ ဒီမှာ အင်္ဂလိပ်လို သင်ရမယ်ဆိုရင် ကျွန်တော် အဆင်ပြေမယ်လို့ မထင်သေးကြောင်း ရှင်းပြတော့ သူက အဲဒါတွေအတွက် မပူပါနဲ့ပေါ့။ သူတို့အနေနဲ့ နည်းပြသင်တန်းတွေ ဖွင့်ပေးမှာဖြစ်တဲ့အတွက် အဆင်ပြေနိုင်ကြောင်း ဘာသာစကား အခက်အခဲက အလိုလို အဆင်ပြေသွားနိုင်ကြောင်း ပြောပါတယ်။ အဲဒါနဲ့ပဲ စကာင်္ပူကြက်ခြေနီ နည်းပြအဖြစ် ပါဝင်လှုပ်ရှားဖို့ စာရင်းပေးလိုက်ပါတယ်။ သြော်... ဘာလိုလိုနဲ့ စကာင်္ပူမှာ နည်းပြ ဖြစ်အုံးမှာပေါ့။

ကျန်တဲ့လုပ်ငန်းတွေမှာ ပါဝင်ချင်တာတွေ ရှိပေမယ့် အလုပ်တစ်ဘက်နဲ့ဆိုတော့ စစချင်းနှစ်မှာ အများကြီး စာရင်းမပေးရဲပါဘူး။ စိတ်ဝင်စားမိတဲ့ လုပ်ငန်းတစ်ခုက ဆေးတပ်ဖွဲ့ပါ။ အဲဒီအဖွဲ့က ယူနီဖောင်းဝတ်ရတဲ့ အဖွဲ့ပါ။ ရာထူးတံဆိပ်တွေ တပ်ဆင်ရပါတယ်။ ပွဲလမ်းသဘင် အခမ်းအနားတွေမှာ First Aid Cover ဆေးအကူအညီ ပေးရတဲ့ အလုပ်ကို လုပ်ပေးရပါတယ်။ နောက်တစ်ခေါက် ၂၀၀၉ နှစ်ကျမှပဲ အဲဒီအဖွဲ့မှာ ပါဝင်ဖို့ ရည်ရွယ်ထားလိုက်ပါတယ်။

အဲဒါနဲ့ ပြန်ဖို့ အောက်ထပ်ကို ဆင်းလာပြီး ဟိုဟိုဒီဒီ ဓါတ်ပုံတွေ ရိုက်ပါတယ်။ ခဏကြတော့ င်္ကညျွိငျေငညါ ရံပုံငွေရှာဖွေတဲ့ လုပ်ငန်းအဖွဲ့ခေါင်းဆောင် မန်နေဂျာက အောက်ထပ်ကို ဆင်းလာပြီး လာမိတ်ဆက်ပါတယ်။ ကျွန်တော်နဲ့ စကားစမြည် ပြောဖြစ်ပါတယ်။ သူက ကျွန်တော်ကို မြန်မာပြည်မှာ ကြက်ခြေနီလုပ်သက် ဒီလောက်ကြာခဲ့တဲ့အတွက် အတွေ့အကြုံရှိသူ တစ်ယောက်အနေနဲ့ သူတို့အဖွဲ့ရဲ့ လုပ်ငန်းတွေမှာ ကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သူတို့လုပ်ငန်းတွေမှာ ကျွန်တော် ပါဝင်နိုင်မယ့် လုပ်ငန်းအနေအထားတွေ ရှင်းပြပါတယ်။ စာရင်းပေးဖို့ တိုက်တွန်းလွန်း အားကြီးတာနဲ့ ရံပုံငွေ ရှာဖွေရေးမှာလည်း လုပ်အားပေးဖို့ စာရင်းပေးခဲ့လိုက်ပါတယ်။

သွေးလှူရှင် ရှာဖွေစုဆောင်းတဲ့ လုပ်ငန်းရယ်... ရှေးဦးပြုစုခြင်း သင်တန်း နည်းပြဆရာအဖြစ် ပါဝင်မှာရယ်... ရံပုံငွေရှာဖွေတဲ့အဖွဲ့မှာ လုပ်အားပေးတစ်ယောက် အနေနဲ့ရယ်... စကာင်္ပူကြက်ခြေနီအဖွဲ့အစည်းမှာ ၂၀၀၈ တစ်နှစ်မှာတော့ ပါဝင်လှုပ်ရှားရတော့မှာပေါ့။ မနေ့က ဘ၀တစ်ဆစ်ချိုး မှတ်တိုင်လေးတစ်ခုပေါ့။

9 comments:

  1. ဂုဏ်ယူပါတယ် ဇူလိုင်ထဲက အကိုကြီးရေ။ ကြိုးစားထား ကြိုးစားထား ;P
    နည်းနည်းကြွားတတ်တာ ခက်နေတာ ။ အဟားးးး

    လေးစားလျှက်
    မွန်းသက်ပန် (ဆေး-၁)

    ReplyDelete
  2. ကောင်းပေါ့...အဆင်ပြေပါစေဗျာ :)

    ReplyDelete
  3. ကိုဇူလိုင်ရေ...လာမယ့် ၂၀၀၈ မှာ စင်္ကာပူကြက်ခြေနီအဖွဲ့မှာ ပါဝင်လှုပ်ရှားမယ်ဆိုတော့ နှစ်သစ်လေးက ကောင်းမွန်တဲ့ ရည်ရွယ်ချက်တွေနဲ့ မင်္ဂလာရှိနေပြီပေါ့...၂၀၀၉ မှာလဲ ဆေးတပ်ဖွဲ့မှာ ပါဝင်ဖို့ ရည်ရွယ်ထားတယ် ဆိုလို့လဲ ချီးကျူးပါတယ်...လူမှုရေးလုပ်ငန်းတွေမှာ စိတ်ပါလက်ပါ လှုပ်ရှားနေတဲ့ ကိုဇူလိုင့်အတွက် အသက်ရှင်နေထိုင်ရတဲ့ နှစ်တွေက ကိုယ့်အတွက်ရော သူများတွေအတွက်ပါ တန်ဖိုးရှိနေမှာ သေချာပါတယ်။

    ReplyDelete
  4. ကျေးဇူးတင် ပါတယ် ခင်ဗျ။ ကျွန်တော် ၀ါသနာပါရာ လုပ်ငန်း ဖြစ်တဲ့အပြင် ဖြူစင်သန့်ရှင်းတဲ့ နိုင်ငံရေး အသွေးအရောင် ဘာသာရေး အသွေးအရောင် လူမျိုးရေး အသွေးအရောင်တွေ မပါတဲ့ အဲဒီလို ကြက်ခြေနီ အဖွဲ့အစည်းမှာ ပါဝင်ခွင့်ရဖို့ အမြဲစိတ်ကူး နေမိပါတယ်။ မြန်မာပြည်မှာ လုပ်ခဲ့သလို အခု ပြည်ပ ရောက်နေပေမယ့် ဆက်လက် လုပ်ဆောင်ခွင့် ရဖို့ ကြိုးစားနေတာပါ။ အခုတော့ အိမ်မက်အချို့ တကယ်ကို အကောင်အထည် ဖော်ခွင့်ရပြီပေါ့ဗျာ။

    ReplyDelete
  5. သာဓုခေါ်ပါတယ် အစ်ကိုရေ။ ပျော်ရွှင်ပါစေဗျာ။

    ReplyDelete
  6. ကိုဇူလိုင် ဆားချက်ထားပါသည်။

    ဓါတ်ပုံလေးဘာလေးနဲ့လုပ်မှပေါ့။

    ကြုံတုန်းလည်း ကြွားထားသေးတယ်။ ဟဟ

    မှတ်မိလောက်ပြန်ရေးထားပါတယ်။
    ဒီကွန်းမန့်ရေးပြီးမှ ဆားချက်တဲ့ပိုစ့် တင်တာဆိုတော့
    သိပ်တော့မသင်္ကာဘူး။ ဟင်းဟင်းဟင်း

    ReplyDelete
  7. ဂုဏ်ယူပါတယ်ကိုဇူလိုင် .. အများမလုပ်နိုင်တာကို လုပ်နိုင်လို့ပါ ..

    ReplyDelete