Thursday, March 20, 2008

Hlaing Tayar Fire...

ဖေဖော်ဝါရီ ၂၅ မှာ ရွှေမန်းလေး ရတနာပုံဈေး မီးလောင်နေတဲ့ပုံတွေကို အတော်များများ ကြည့်လိုက်ရပေမယ့် အဲဒီတစ်နေ့တည်းမှာ လောင်ကျွမ်းခဲ့တဲ့ လှိုင်သာယာ ရေဥက္ကံကျေးရွာ မီးလောင်နေစဉ်က ရိုက်ကူးခဲ့တဲ့ ဓါတ်ပုံများကို မြင်ဖူးကြမယ် မထင်ပါဘူး။ ရတနာပုံဈေးမှာ မီးလောင်တုန်းက အိုင်တီနယ်ပယ်က လူတွေ အများအပြား လက်လှမ်းမှီခဲ့လို့ သတင်းတွေ စုံတဲ့အပြင် ဓါတ်ပုံတွေကိုလည်း ဝေေ၀ဆာဆာ မြင်ခဲ့ ကြည့်ခဲ့ရပါတယ်။ ဒါပေမယ့် လှိုင်သာယာ ရေဥက္ကံကျေးရွာ မီးလောင်မှုမှာတော့ လူသူအရောက်အပေါက် နည်းတဲ့အတွက် ဓါတ်ပုံတွေကို မမြင်လိုက်ရပါဘူး။ အခု ကျွန်တော်တို့အနေနဲ့ မီးဘေးသင့် အိမ်ထောင်စု လူဦးရေစာရင်း အတိအကျအပြင် မီးလောင်နေစဉ် ရိုက်ကူးထားခဲ့တဲ့ ဓါတ်ပုံများကိုပါ လက်ခံ ရရှိခဲ့ပါတယ်။ ဒါကြောင့် လှိုင်သာယာမြို့နယ် ရေဥက္ကံကျေးရွာ မီးလောင်စဉ်က ရိုက်ကူးထားခဲ့တဲ့ ရှားပါးဓါတ်ပုံများကို ဝေမျှလိုက်ပါရစေ။


ပြေးကြလွှားကြ ငိုကြယိုကြ...



အဖွဲ့မရွေး လူမရွေး နေရာစုံက ၀ိုင်းကူပေး...



လောင်စာမီး မတားနဲ့တော့...



တိုင်းဦးစီးလည်း အသည်းအသန် ချွေးတွေပျံ...



မျှော်လင့်ချက်မဲ့ မျက်ဝန်းတစ်စုံ...



ဝမ်းနည်းပက်လက် ခေါင်းငိုက်စိုက်လျှက်...



သနားကြင်နာ ကိုယ်ချင်းစာ...

4 comments:

  1. ဓါတ်ပုံတွေ ကြည့်ပြီး သနားစရာ ကောင်းတာလေးတွေက မီးဘေး ဒုတ်ခသည်တင် မဟုတ်ဘူး။ မီးသတ်လဲ အတော်လေး ဆင်းရဲရှာ သကိုး။ မီးသတ် အကြီးအကဲ ၀တ်ထားတဲ့ ဖိနပ်ကို ကြည့်ပါအုံး။ မီးသတ်ရဲဘော် ၀တ်ထားတဲ့ဖိနပ်ကို ကြည့်ပါ။ ကျနော်ဆိုရင်တော့ ဒီလောက် ပစ်စည်းလေးတွေနဲ့ မီးလောင်ပြင်ထဲ ၀င်ရဲမယ် မဟုတ်ဘူး... မြန်မာပြည်မှာ မီးသတ်စနစ်တွေ ကိရိယာတွေ အခုထက် ပိုကောင်းအောင် လုပ်သင့်ပြီ။ နည်းပညာ လိုတယ်။ အထောက်အကူပြု ပစ်စည်းတွေ အများကြီးလိုတယ်။ မဟုတ်ရင်တော့ လောင်စာသိမ်း မီးငြိမ်း ဖြစ်ဖို့ များနေဦးမှာပါပဲ။

    ReplyDelete
  2. စုဆောင်း ဝေငှ ထားတာ နာကျင်စွာ ခံစား ကြည့်ရှုသွားပါတယ် :)

    ReplyDelete
  3. ko July yay,

    very sad to read for that news.

    How can they survive again.
    My country...
    my country....

    ReplyDelete
  4. ဖိုးလပြည့်ရေ...
    ဒါက ဒီလိုရှိတယ်။ ဟိုဝှါက ဟိုလို ရှိတယ် ဆိုသလိုပေါ့။ ရှိတာလေးနဲ့ ဖြစ်အောင် လုပ်နေရတဲ့ မြန်မာပြည်က ၀န်ထမ်းတွေရဲ့ ဘ၀က တကယ်ကို ခက်ခဲလွန်းလှပါတယ်။ ဒါကြောင့်လည်း လေးစားပါတယ်။
    ကိုစိုးထက်ရေ...
    နာကျင်မှုကို ကြင်နာမှုနဲ့ အစားထိုး ပေးနိုင်ပါစေဗျာ။ အခွင့်ရတဲ့ တစ်နေ့မှာပေါ့ ပီတိတွေ ခံစားကြရအောင်...
    မြတ်နိုးရေ...
    ကျွန်တော်တို့တွေက ရေခံမြေခံ မကောင်းပေမယ့် အသက်ရှင် ရပ်တည်ဖို့ အတော်လေး ကြိုးစားနိုင်ခဲ့တဲ့ ပင်ပုကျစ်လေး တွေပါ။ တခြား အပင်တွေလို ကြီးမား သန်စွမ်းမှု မရှိပေမယ့်လည်း ဖြစ်သလို နေရာမှာ ရတာလေးနဲ့ အသက်ရှင် ရပ်တည်နိုင်အောင် ကြိုးစားနေရတဲ့ ဘ၀မျိုးတွေပါ။ ဒါကြောင့် သူတို့ဘ၀တွေ စိမ်းလန်း စိုပြေဖို့အတွက် ကြုံရင် ကြုံသလို ခဏလေးပဲ ဖြစ်ဖြစ် နိုင်သလောက်လေးပဲ ဖြစ်ဖြစ် ရေလောင်း ပေးကြတာပေါ့ဗျာ။

    ReplyDelete