Saturday, October 11, 2008

Quote of Love

အချစ်ဆိုသည်မှာ... ဘာလဲပေါ့ ??? အခုအချိန်အထိ ကျွန်တော် အဲဒီအချစ်ဆိုတာကို တကယ်သိထားတာလား မှုန်ရီေ၀၀ိုးတ၀ါး သိထားတာလားဆိုတာ ယတိပြတ် မဝေခွဲနိုင် မဆုံးဖြတ်နိုင်သေးပါဘူး။ အခုတလောမှာ မမကြီးတစ်ယောက်ကို အသည်းအသန် ချစ်မိနေသူ ကျွန်တော့် သူငယ်ချင်းတစ်ယောက်က ကျွန်တော့်ကို ပြောပါတယ်။ မင်းက ချစ်မှ မချစ်ဖူးသေးတာတဲ့။ ငါဖြစ်နေတာကို မင်း ဘယ်ခံစားနိုင်မလဲတဲ့။ သူ့စကားနဲ့တင် ကိုယ့်ဘာသာ ပြန်တွေးမိတယ်။ ကျွန်တော်ရော ချစ်တယ်ဆိုတာ တကယ်သိလို့လားပေါ့။

ရန်ကုန်မှာ နာဂစ်မုန်တိုင်းဝင်တဲ့နေ့မှာ မင်္ဂလာဆောင်ပြီး မင်္ဂလာဦးညကို မိုးထဲလေထဲ ရင်ခုန်ဖင်တုန်စွာ ဖြတ်သန်းခဲ့ရတဲ့ နေးတစ်မြန်မာဖိုရမ်က သူငယ်ချင်းတစ်ဦးကတော့ အချစ်ဆိုသည်မှာကို ဒီလို ရှားရှားပါးပါး အနက်ဖွင့်ဆိုပါတယ်။
"အချစ်သည် အီးပေါက်ခြင်းနှင့် အလားသဏ္ဍာန်တူလေ၏ ...
အီးသည် နံမှန်းသိပါလျှက် ရှုတတ်ကြသကဲ့သို့ အချစ်သည် ပူလောင်မှန်းသိပါရဲ့ ချစ်တတ်ကြလေသတည်း ...
အီးစော်က နံလိုက်တာဟု ပြောတတ်ကြသလို အချစ်က ပူလောင်လွန်းလိုက်တာဟု ပြောတတ်ကြလေ၏ ... သို့သော် မရှုဘဲ မနေကြသလို မချစ်ဘဲနဲ့လည်း မနေကြပြန်ပေ ..."
သူ့ရဲ့ အချစ်နိတိလေးကလည်း မှတ်သားထားသင့်ပါတယ်နော်။

"Gravitation is not responsible for people falling in love."
Albert Einstein ကလည်း အချစ်ဆိုတာကို အခုလို ဖွင့်ဆိုခဲ့ပြန်ပါတယ်။

ကျွန်တော် ခံယူလက်ခံထားတဲ့ အချစ်ဆိုသည်မှာက... ထာဝစဉ် ပေးဆပ်နိုင်ဖို့တဲ့ ရယူပိုင်ဆိုင်လိုတာပါ။ တချို့က အချစ်ဆိုတာ ပေးဆပ်ခြင်းလို့ ပြောကြတယ်။ တချို့ကျတော့ ရယူပိုင်ဆိုင်ရမှ အချစ်ဖြစ်တာလို့ ဆိုကြပြန်တယ်။ ကျွန်တော့်အဖို့ကတော့ သူမဘ၀လေးမှာ လိုအပ်တာမှန်သမျှကို ကွက်လပ်ဖြည့်ပေးဖို့ သူမအနားမှာ ထာဝစဉ် ရှိနေခွင့်လေး ရယူပိုင်ဆိုင်ချင်မိတယ်။ ကဗျာဆန်လား မဆန်လားတော့ မသိဘူး။ စိတ်ထဲက ရှိတဲ့အတိုင်း ရေးလိုက်တာပါပဲလေ။

တူးတူးသာ Tag လိုက်တဲ့အတွက် အချစ်ဆိုသည်မှာကို အခုလို ရေးဖြစ်သွားတာပါ။ တကယ်ဆို ကျွန်တော့် အဲဒီဘာသာရပ်မှာ အောင်မှတ်တောင် မရလိုက်ပါဘူး။ ၀င်ခွင့်စာမေးပွဲကို အောင်ပေမယ့် စာမေးပွဲကြီးမှာတော့ ကျွန်တော် ကျခဲ့ရပါတယ်။ ဒါကြောင့် အခုတလော့ ဂျီတော့ခ်မှာတောင် စိုးလွင်လွင်ရဲ့ သီချင်းစာသားလေးတွေ တင်ထားနေမိတယ်။
"ဟိုတစ်ချိန် အချစ်ရူးလေးအသည်းမှာ ရည်မှန်းချက်တို့ ရှိပါတယ်။ တိမ်လွှာတွေ လေနဲ့ ပျောက်ကွယ်။ ပျော်စရာဘုံ ပျောက်ခဲ့ရပါတယ်။"
"ကြင်နာတတ်ဆုံး နှလုံးသားမှာ နာကျည်းစိတ်တို့ ရှိပြီကွယ်။ အနိုင်မယူဘူး ကိုယ်အရှုံးပေးမယ်။ နေပူပူမှာ လမ်းဆက်လျှောက်နေမယ်။"

ဒါကြောင့် အချစ်ဆိုတာ မီးတောက်လိုပါပဲ။ အဲဒီအချစ်ကြောင့် အလင်းရောင်တွေ ရသလို ပူလောင်မှုလည်း ခံစားရပါတယ်။ လောကကြီးမှာ အဆိုးနဲ့အကောင်းက ဒွန်တွဲနေတာပါပဲဗျာ။

"Love is much like a wild rose, beautiful and calm, but willing to draw blood in its defense."
Mark Overby ကလည်း အချစ်ဆိုတာကို ဆူးတွေဝန်းရံထားတဲ့ နှင်းဆီပန်းရိုင်းကြီးနဲ့ တင်စားထားပြန်တယ်။ ဆူးများဝန်းရံနှင်းဆီပန်းဆိုတာ လွယ်လွယ်ခြွေခူးလို့ မရနိုင်ဘူးလေ။

အစဉ်အလာအရ အချစ်ဆိုသည်မှာကို လက်ဆင့်ကမ်းပါအုံးမယ်။ အချစ်ဆိုတာကို တကယ် သိကြမယ်လို့ ယူဆရတဲ့ တချို့တချို့ကို လက်ဆင့်ကမ်းချင်မိပါတယ်။ အချစ်နဲ့ပါတ်သတ်တဲ့ ရင်နှင့်အမျှ ခံစားချက်တွေကို ဖွင့်အန်ထုတ်စေချင်မိပါတယ်။
အတွေးရပ်ဝန်းထဲက ဂဏန်းမလေး ဆုဝေ
ရင်တွင်းဖြစ်တွေ ရေးရတော့ မခင်မမမျိုး
အချစ်ပန်းခင်း ဥယျာဉ်ထဲက ကြေးအိုး
ကျောင်းဆင်းဘက်ကြီး ပုလုကွေး

15 comments:

  1. အချစ်ဆိုတာ ကြီးကို လာရောက်ခံစားသွားပါတယ်။ အချစ်ရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်များကို မှတ်သားသွားပါတယ်. အချစ်သည် အီးပေါက်တာနဲ့တူ၏.

    ReplyDelete
  2. ဂလိုကျတော့လည်း မိုက်သားပါလားဟ။ အောင်မှတ်မရ ဘူးဆိုတော့ အမှတ်ပေးစည်းမျဉ်းက တော်တော်လေး မြင့်လို့ဖြစ်ရမယ်။ အီးပေါက်နိုင်ပါစေ ... အဲလေ ... အချစ်နဲ့ အမှန်အကန် ဆုံစည်းနိုင်ပါစေ။ ရေးပေးတဲ့ အတွက် ကျေးဇူးအထူးတင်ပါတယ်။

    ReplyDelete
  3. အချစ်က အီးပေါက်တာနဲ့ အလားတူရင်
    အလွမ်းကရော ....
    ဒါဆို ဖိုးဖိုးက အခုဘိုလိုခံစားနေတာလဲ
    ပြောပြ ပြောပြ ဟီးးးးးးးးးး

    ReplyDelete
  4. ပုလုကွေး ပုလုကွေး...
    နောက်ဆို အီးပေါက်တိုင်း ထိုင်ရှုနေမှာကို ကျုပ် မြင်ယောင်နေမိတယ်။ ပဲခူးသားရေ.. ရှူဟေ့ ရှူဟေ့။

    မတူးတူးသာ
    အမှတ်ပေး စည်းမျဉ်းက အရမ်းမြင့်လို့ မဟုတ်ဘူး။ ကျွန်တော်က over qualify ဖြစ်သွားလို့ပါ။ ဒါနဲ့ အစ်မလည်း အူရှီးနိုင်ပါစေဗျို့။

    မြေးလေးကြေးအိုး
    အဲဒါ ကျုပ်က ညည်းကို မေးရမှာလဲ။ အလွမ်းပျိုးပင်တွေ ဘယ်သူ ကြဲချသွားသလဲဆိုတာ ညည်းအော်နေတာပဲလေ။ ဒါကြောင့် အချစ်က အီးပေါက်တာနဲ့ တူရင် အလွမ်းက ဘာနဲ့တူလဲဆိုတာ ညည်းဖြေလိုက်ပေါ့ကွယ်။ အဲငှယ်။

    ReplyDelete
  5. အချစ်သည် အီးပေါက်ခြင်းနှင့် အလားသဏ္ဍာန် တူလေ၏။ မှတ်သားလောက်ပါ၏။ ကိုဂျူလိုင် ... စာမေးပွဲကြီးအောင်ဖို့  အသင်ကောင်းတဲ့ ဆရာမလေးနဲ့  ဟုမ်းကျူရှင် နှစ်ယောက်တည်း သင်ပါလား။ ဂုဏ်ထူးနဲ့  အောင်စေရမယ်တဲ့။ မအောင်ရင် သူတာဝန်ယူတယ် ဆိုလား။ ဒါပေမယ့် အဲဒီဆရာမလေး ကျနော်လည်း ဘယ်ရှာရမှန်း မသိသေးဘူး။ :P

    ReplyDelete
  6. ကိုဇင်ယော်...
    စာမေးပွဲ အောင်ဖို့အတွက် ဆရာကောင်းတွေကို သိထားတယ်ဆိုလို့ အားကိုးရမယ် ထင်တာဗျာ။ နောက်ဆုံးနားမှ အဖျားရှူးသွားတယ်။ ဟဟ...

    ReplyDelete
  7. Stop Dreaming and Start Living ..
    Love don't blossom for the Dreamers ...

    ReplyDelete
  8. အစ်ကို့သူငယ်ချင်းဖွင့်ဆိုတာက ပိုမိုက်တယ်ဗျာ တကယ်ပါ ရယ်ရတယ်။ အချစ်ဆိုတာ ဘာမှမဟုတ်ပါဘူးလို့ပဲထင်ပါတယ်။ ခကွေးလေးးကို ယပင့်နဲ့ စသတ်လိုက်တာပါပဲ။ ရှေ့က အလေးတော့ပါသပေါ့နော။

    ReplyDelete
  9. To Kalvin...
    Yes, I know u never dream.

    ဗေဒင်ဆရာလေးရေ...
    အဲဒါဆို အီးရှုဖို့ စာရင်းပေးတော့မယ်ပေါ့။ အဟက်...

    ReplyDelete
  10. အင်း တမျိုးစီ ချစ်နေကြပါလားနော်...။ ဒါကိုက အချစ်လို့ပဲ သတ်မှတ်ရတော့မှာပေါ့။

    ReplyDelete
  11. ဒီလိုပဲ ဖြစ်ရမယ်လေ ကိုဟန်သစ်ငြိမ်ရေ...
    ဂျူရီမှာ ဒီဇိုင်းတူနေရင် နောက်လူက ခိုးချတယ်ပဲ ထင်ခံရမှာလေ။ အဲဒီတော့ အနည်းဆုံး မတူအောင်တော့ လုပ်ရတော့တာပေါ့ဗျာ။ အဟဲ...

    ReplyDelete
  12. "မြင်လေရာမှာ အချစ် အချစ် အချစ်"

    ဟဲဟဲ သီချင်းဆိုသွားတာ။

    ReplyDelete
  13. ဆိုပါဗျာ ဆိုပါဗျာ။ အားပေးပါတယ် ခင်ဗျ။

    ReplyDelete
  14. အချစ် ဆိုတာအီး ပေါက်တာနဲ့ တူတယ်ဆိုပါလား..တော်ပြီ..မချစ်ချင်တော့ပါဘူး..
    ဟွန်း.. :P :P

    ReplyDelete
  15. သေချာလို့လား ချင်းမလေးရေ... နောက်မှ အဲဒီလို အီးနံ့တွေပဲ ရှုနေရရင် သေပျော်ပါပြီ ဆိုသလိုမျိုး သူ့ကိုပဲ ချစ်နေရရင် နေပျော်ပါပြီ ဖြစ်သွားအုံးမယ်နော်... ဟဟ...

    ReplyDelete