Wednesday, December 10, 2008

Just a stranger

သူစိမ်းတစ်ယောက်

မရေရာတာ အသေချာပဲ
မြင်နိုင်တယ် ဖြေရန် မလိုတော့ပါ
အချိန်တွေတာ လည်ပတ်ဆဲ
ကျန်နေသူ ဒီလူဟာ သူစိမ်းပါ
မဖြစ်နိုင်တဲ့ဘ၀မှာ
အရှုံးတာ နောက်ဆုံးပဲ
မဟုတ်လား...

ကြင်နာတယ်ဆိုပေမယ့်
အချိန်တန်ပြီဆိုရင် ပြန်သွားပါ
ဒီလူဟာ ဒီနေရာပဲ
အချိန်တန်ရင် ပြန်လာရအုံးမှာ...

ငြင်သာစွာတိုးတိတ်
နာကျင်လွန်းတဲ့စိတ်
မှောင်လွန်းတဲ့ဘ၀မှာ
သေတဲ့အထိ ဆက်ချစ်မှာ
ငါ့အသည်း ထောင့်တစ်နေရာမှာ
နေထိုင်ဆဲ...
သေသည့်တိုင် ဒီဘ၀ထဲ
ငါ... မင်းသာ အချစ်ဆုံးပဲ
ရင်မှာ အသက်နဲ့အမျှ ရှင်သန်ဆဲ

မှောင်လွန်းတဲ့ဘ၀မှာ
သေတဲ့အထိ ဆက်ချစ်မှာ
ငါ့အသည်း ထောင့်တစ်နေရာမှာ
နေထိုင်ဆဲ...
သေသည့်တိုင် ဒီဘ၀ထဲ
ငါ... မင်းသာ အချစ်ဆုံးပဲ
ရင်မှာ အသက်နဲ့အမျှ ရှင်သန်ဆဲ

ဆုံမှတ်တို့ လွှဲချော်ခဲ့
မျှော်လင့်ချက်မဲ့နေခဲ့
ဘယ်ဘ၀မှ တို့
ပြန်ဆုံတွေ့ခွင့်ရှိနိုင်မလဲ အခုတော့
သူစိမ်းတစ်ယောက်ပါ...

မရေရာတာ သေချာပေမယ့်
ဆုံနိုင်တယ် ဒီအိပ်မက်ထဲမှာ
ဒီလူဟာ ဒီနေရာပဲ
အချိန်တန်ရင် ပြန်လာရအုံးမှာ
တကယ်ဆို ချစ်လျက်နဲ့
အရာရာ ပေးဆပ်ခဲ့ရသူပါ...

မှောင်လွန်းတဲ့ဘ၀မှာ
သေတဲ့အထိ ဆက်ချစ်မှာ
ငါ့အသည်း ထောင့်တစ်နေရာမှာ
နေထိုင်ဆဲ...
သေသည့်တိုင် ဒီဘ၀ထဲ
ငါ... မင်းသာ အချစ်ဆုံးပဲ
ရင်မှာ အသက်နဲ့အမျှ ရှင်သန်ဆဲ

မှောင်လွန်းတဲ့ ဒီဘ၀မှာ
သေတဲ့အထိ ဆက်ချစ်မှာ
ငါ့အသည်း ထောင့်တစ်နေရာမှာ
နေထိုင်ဆဲ...
သေသည့်တိုင် ဒီဘ၀ထဲ
ငါ... မင်းသာ အချစ်ဆုံးပဲ
ရင်မှာ အသက်နဲ့အမျှ ရှင်သန်ဆဲ

ဆုံမှတ်တို့ လွှဲချော်ခဲ့
မျှော်လင့်ချက်မဲ့နေခဲ့
ဘယ်ဘ၀မှ တို့
ပြန်ဆုံတွေ့ခွင့်ရှိနိုင်မလဲ အခုတော့
သူစိမ်းတစ်ယောက်ပါ...

သူစိမ်းတစ်ယောက်ပါ...

တေးဆိုက မျိုးကြီးပါ။ တေးရေးဆရာကတော့ မောင်မောင်ဇော်လတ်လို့ ထင်ပါတယ်။ ကျွန်တော် သေချာတော့ မသိပါ။ မှားနေတယ်ဆိုရင်လည်း ပြန်ပြောပြကြပါ။ ဟိုတစ်ခါလုပ်ခဲ့တဲ့ Live Showမှာ မျိုးကြီးက အသည်းကွဲတဲ့ ဘော်ဒါတွေအတွက် ဒီသီချင်းကို ဆိုပေးခဲ့ပါသေးတယ်။ အခုတလော အဲဒီသီချင်းလေးကို ဓါတ်ကျနေမိတယ်။ ခံစားချက်တွေနဲ့ တိုက်ဆိုင်မှုရှိတယ်ပေါ့ဗျာ။

အချိန်တန်လို့ ဒီနေရာကို ပြန်လာပေမယ့်လည်း အခုတော့... သူစိမ်းတစ်ယောက်ပါပဲ။

7 comments:

  1. နောနော် ဆိုတယ်မှတ်နေတာ...
    မျိုးကြီးလား......ကျေးဇူး....

    ReplyDelete
  2. ကိုဂျူလိုင်ကြီး သူစိမ်းတစ်ယောက်ရဲ့ ခံစားချက်နဲ့  ရင်ဘတ်တူနေတယ်လား။ တခါတလေကျရင်လည်း သူစိမ်းကနေ အရင်းနှီးဆုံး ပြန်ဖြစ်သွားတတ်ပါတယ်ဗျ။ ဒီသီချင်းလေးတော့ ကျနော်လည်းကြိုက်တယ်ဗျာ။

    ReplyDelete
  3. မှားပါတယ် ဖတ်ရင်းဖတ်ရင်းနဲ့အရေးအသားတွေ မဆိုးဘူး ဆိုပြီးအထင်တွေကြီးလာမိတာ အောက်ဆုံး
    ကြမှ မျိုးကြီးသီချင်းမှန်းသိတော့တယ်။ :P

    ReplyDelete
  4. ကျနော်လည်း ဓာတ်ကျတယ်
    အဟဲ။

    ReplyDelete
  5. ကျနော် သိသလောက်တော့ အဲဒီသီချင်းက ဖိုးကာရဲ့ ကိုယ်ပိုင်သံစဉ်သီချင်းတဲ့ဗျာ။ ကောင်းလွန်းလို့ ဂစ်တာနဲ့ ဟစ်နေရဆဲ သီချင်းလေးပေါ့။ အကြိုက်ချင်းလာတူပြန်ပြီ ဒါပေမယ့် ကျနော်က မလာပါနဲ့ကို ပိုကြိုက်တယ်။

    ReplyDelete
  6. http://sueyint.blogspot.com/2008/12/blog-post_14.html

    အမှူတစ်ခုတော့တက်လာပြန်ပြီ ကိုဂျူလိုင်။

    ReplyDelete
  7. မကြီးမငယ်နဲ့ကွာ...
    စိတ်ထိန်းကိုယ့်လူ စိတ်ထိန်း ...
    ချိန်ပါကျန်ရစ်ဘွဲ့တော့ တယ်မပေးချင်လှဘူး...

    ReplyDelete