Saturday, January 3, 2009

Photography is hard work

သူငယ်ချင်းနှစ်ယောက် တစ်ရက်တည်းမှာ ပို့ပေးလိုက်တဲ့ အီးမေးလ်ထဲက ဓါတ်ပုံလေးတွေပါ။ အဲဒီတုန်းက Nikon D90 ၀ယ်ဖို့ ကြံစည် အားထုတ်နေတဲ့အချိန်ပေါ့။ ဒင်းတို့က ကင်မရာဝယ်ဖို့ တိုက်တွန်းတာလား ကြောက်သွားအောင်ပဲ ခြောက်တာလား သူတို့ပဲ သိနိုင်မှာပါ။ ဓါတ်ပုံတွေ ကြည့်ပြီး နည်းနည်းတောင် တွန့်သွားတယ်။ ဒီလို ပြောင်းရှည်ကြီးတွေသာ ၀ယ်စုရရင် မွဲရချည်ရဲ့ပေါ့ဗျာ။

အခုဒီပို့စ်မှာ ကြိုက်နှစ်သက်မိတဲ့ ပုံအချို့ကို ပြန်လည်ဝေမျှတာပါ။ ကြည့်ဖူး မြင်ဖူးတဲ့ သူတွေ ရှိနိုင်သလို မမြင်ဖူး မကြည့်ဖူးသေးတဲ့ သူတွေလည်း ရှိနိုင်ပါတယ်။ မူရင်းပိုင်ရှင် ဘယ်သူမှန်း ကျွန်တော် မသိပါ။ အဲဒီလိုပဲ ကျွန်တော် မသိတဲ့ Blog တစ်ချို့မှာ အဲဒီလိုပုံတွေ တင်ထားလည်း ရှိနိုင်ပါတယ်။ အဲဒီ Blog ပိုင်ရှင်တွေကို တစ်လက်စတည်း ပြောချင်တာက... ကျွန်တော် ခိုးချကူးယူတာ မဟုတ်ပါကြောင်းပါ။ ပုံနေရာချထားမှု အထားအသိုက အစ အကုန်ထပ်တူညီနေခဲ့ရင် မတော်တဆ တိုက်ဆိုင်မှု ရှိသွားတယ်လို့ပဲ မှတ်ယူပေးကြပါ။









Credit to: Original owners of these photos.

6 comments:

  1. ဒါတ်ပုံ့ဆရာ လုပ်ရတာ မလွယ်ပါလား။။ ဒါနဲ့တောင်လုပ်ချင်နေသေးတယ။်.. ဆင်ခြင်ပါလေ။

    ReplyDelete
  2. အပေါ်ဆုံးကပြောင်းစိမ်းပြာလေးကမဆိုးဘူးနော် :P

    ReplyDelete
  3. အေးပါကွာ...
    နောက် ဒါမျိုး မပို့တော့ ပါဘူး

    ReplyDelete
  4. အော် ဝါသနာတစ်ရပ်ကို လိုက်စားဖို့ဆိုတာ ပေးဆပ်ရမှာတွေက များသားနော်

    ReplyDelete
  5. ဒုက္ခခံရသလောက် ပိုက်ပိုက်လဲ တထောကြီး ရ
    တယ်လေဗျာ

    ReplyDelete
  6. I also like those Photographic gears

    ReplyDelete