Thursday, January 8, 2009

Topsy turvy cartoon


မင်းဘက်က ကြည့်ရင်တော့ ဒါဟာ စိတ်ညစ်စရာ ပန်းချီကားတစ်ချပ်ပါ။
ငှက်ကြီးက ကောင်မလေးတစ်ယောက်ကို ကိုက်ချီလာတယ်ပေါ့။
ကောင်မလေးက သနားစရာကောင်းလိုက်တာနော်။

ကိုယ့်ဘက်ကကြည့်တော့ ဒါဟာ ကြည်နူးစရာ ပန်းချီကားလေးတစ်ချပ်ပါ။
သစ်ပင်နှစ်ပင်ရှိတဲ့ ကျွန်းကလေးနားမှာ အဖိုးအိုတစ်ယောက်က လှေနီကလေးအပေါ်မှာပေါ့။
ငါးအကြီးကြီးတစ်ကောင်တောင် လှေနီကလေးနားမှာ ရှိနေသေးတယ်နော်။

တကယ်ဆို... မင်း ကြည့်ခဲ့တဲ့ ထောင့်ပေါ်မှာ မူတည်ပြီး
အချစ်တွေဟာ အမုန်းတွေဖြစ်ခဲ့ရတာပေါ့ကွာ။

11 comments:

  1. ဟုတ်ပါ့ ဆရာရယ် ... ရှုထောင့်ပြောင်းတာနဲ့ အမြင်ပါပြောင်းသွားပါရော့လား ... ကျွန်တော်ဆို ဇောက်ထိုးလုပ် ကင်းမီးကောက်ထောင်ကြည့်မှ ကြည်နူးဖွယ်အဖိုးအိုနဲ့ ကျွန်းငယ်လေးဘေးက ငါးကြီးကို မြင်ရတယ် ... ။

    ကိုဂျူလိုင်ရဲ့ တစ်ယောက်သောသူ အချစ်ဆိုတဲ့ ရှုထောင့်ကနေကြည့်နိုင်ပါစေ ... ။

    ReplyDelete
  2. တစ်ကယ်ကောင်းတဲ့ ကာတွန်းပုံပဲဗျာ..

    မိုးကြယ်

    ReplyDelete
  3. ခေါင်းကိုပြောင်းပြန်လုပ်ပြီးကြည့်သွားရတယ်..
    :D

    ReplyDelete
  4. ၄ ၅ ၆ ခါလောက်ကြည့်မှဘဲမြင်တော့တယ်
    ဒီလိုပိန်းတာ
း)

    ပျော်ရွှင်ဖွယ်နှစ်သစ်ဖြစ်ပါစေ
း)

    ReplyDelete
  5. ကင်မြီးကောက်ထောင်ပြီးကြည့်သွားတယ်
    ကောင်းတယ ဗျ။်

    ReplyDelete
  6. လည်ပင်လိမ်ပြီး အကြောတင်သွားပြီ။ ဆေးဖိုးပြန်ပေး

    ReplyDelete
  7. သူများတွေကလည်ပင်းလိမ်တာနဲ့ ကင်းမြီးကောက်ထောင်ရတာနဲ့ မီးမီးကတော့ကွန်ပြူကိုဇောက်ထိုးလုပ်ပြီးကြည့်လိုက်တာပေါ့ ဟဲဟဲ ဘယ်လောက်သက်သာလဲ

    ReplyDelete
  8. မမြင်နိုင်တာနဲ့ပဲ ... ပုံကို စက်ထဲဆွဲချ ... ပြောင်းပြန်လုပ်ကြည့်မှပဲ ... ဟုတ်ပ .. ။ အမြင်တွေ တူနိုင်ပါစေဗျာ ...။

    ReplyDelete
  9. Ha Ha..I also upside down my computer to see the other way of pics... lol

    ReplyDelete
  10. အင်း... အိုင်းစတိုင်းကို လူမိုက်ငှားလိုက်တာပေါ့။ မိုက်တယ်။

    ReplyDelete
  11. ဟီးးးးး ကိုရုပ်ဆိုးအတိုင်းပဲ လုပ်ကြည့်လိုက်တယ် ဟား ဟား မိုက်တယ်နော့်

    ReplyDelete