Tuesday, February 3, 2009

Flying Cambridge Shoe


ဖိနပ်ပျံကြီး ထပ်ပေါ်လာပြန်ပါပြီ။ ၂၀၀၈ ရဲ့ နှစ်ဆုံးပိုင်းမှာ ပျံတဲ့ဖိနပ်မျိုး ၂၀၀၉ နှစ်ဆန်းပိုင်းမှာ တစ်ခါ ထပ်ပေါ်လာပြန်ပါတယ်။ ရှေ့တစ်ခေါက်က အမေရိကန်သမ္မတ ဂျော့ဘုရှ်ပါ။ ဒီတစ်ခါ ဈေးဦးပေါက်သွားတာက တရုတ်ဝန်ကြီးချုပ် ၀မ်ကျားပေါင်ပါပဲ။ ဆွစ်ဇာလန်နိုင်ငံ Davos မြို့မှာ ကျင်းပတဲ့ World Economic Forum တက်ရောက်ခဲ့တဲ့ တရုတ်ဝန်ကြီးချုပ်ဝမ်ကျားပေါင်ဟာ ပြည်တော်မပြန်ခင် နောက်ဆုံးခရီးစဉ်အနေနဲ့ အင်္ဂလန်ကို ၀င်ရောက်ခဲ့ပြီး ဗြိတိန်ဝန်ကြီးချုပ်ဘရောင်းနဲ့ စီးပွါးရေးဆိုင်ရာကိစ္စတွေ ဆွေးနွေးခဲ့ပါတယ်။

မနေ့က တနင်္လာနေ့မှာ ကျင်းပတဲ့ Cambridge University က ဟောပြောပွဲမှာ မိန့်ခွန်းချွေတဲ့ ၀န်ကြီးချုပ် ၀မ်ကျားပေါင် မိန့်ခွန်းရဲ့ အဆုံးပိုင်းနားအရောက်မှာ ဂုဏ်ပြုဖိနပ်စာ အကျွေးခံရပါတော့တယ်။ ခန်းမဆောင်ရဲ့ နောက်ပိုင်းနားမှာ ထိုင်နေတဲ့ ဥရောပတိုက်သားလို့ ထင်ရပြီး ဆံပင်အနက်ရောင်နဲ့ အသက် ၂၀ ကျော်အရွယ် အမျိုးသားတစ်ဦးက ဖိနပ်နဲ့ ပစ်ပေါက်ခဲ့တာပါ။

ဒီတစ်ခါ ဖိနပ်နဲ့ ကောက်ပေါက်တဲ့သူက လက်မတည့်ရှာပါဘူး။ အဝေးကြီးကနေ လှမ်းပစ်ရလို့ ထင်ပါတယ်။ ၀မ်ကျားပေါင်ရဲ့ ဘေးဘက် ပေအနည်းငယ်အကွာကို ရောက်အောင်ပဲ ပစ်နိုင်ခဲ့ပါတယ်။ ဂျော့ဘုရှ်တုန်းကလို ခေါင်းငုံပြီး ရှောင်စရာတောင် မလိုခဲ့ပါဘူး။ ဂျော့ဘုရှ်ကတော့ ခေါင်းမငုံ့မိခဲ့ရင် နဖူးပေါက်သွားနိုင်ပါတယ်။ ဖိနပ်နဲ့ပေါက်အပြီးမှာ တက္ကသိုလ်လုံခြုံရေးတွေက သူ့ကို အပြင်ဆွဲခေါ်သွားပါတယ်။ ပရိသတ်တွေကလည်း ထွက်သွား ထွက်သွား... ရှက်ဖို့ ကောင်းတယ်လို့ ပြန်အော်နေတာကို ရုပ်သံတွေကနေတဆင့် မြင်တွေ့ ကြားသိခဲ့ရပါတယ်။ ထုံးစံအတိုင်း မိန့်ခွန်းပြောတဲ့ စင်မြင့်နားမှာလည်း လုံခြုံရေးတွေ ပိုများသွားတာပေါ့ဗျာ။

လူပုံအလည်မှာ ဖိနပ်နဲ့ ကောက်ပေါက်ခံရလို့ မအီမသာဖြစ်သွားရရှာတဲ့ ၀မ်ကျားပေါင်ကတော့ အခုလို အထင်သေးဖွယ်ကောင်းတဲ့ လုပ်ရပ်ဟာ ဗြိတိန်နဲ့ တရုတ်ပြည်အကြား ခင်မင်ရင်းနှီးမှုကို ထိခိုက်သွားစေမှာ မဟုတ်ဘူးလို့ ပြောသွားပါတယ်။ ဖိနပ်နဲ့ပေါက်တဲ့သူကိုလည်း ရဲတပ်ဖွဲ့က ထိန်းသိမ်းထားပြီး ဥပဒေအရ တရားစွဲဆို အရေးယူသွားမယ်လို့ ရဲတပ်ဖွဲ့က ပြောရေးဆိုခွင့်ရှိသူက ပြောကြားသွားပါသေးတယ်။

လွန်ခဲ့တဲ့ ၂ လက အီရတ်ကို အမေရိကန်သမ္မတ တစ်ဦးအနေနဲ့ နောက်ဆုံးခရီးအဖြစ် သွားရောက်ခဲ့တဲ့ အမေရိကန်သမ္မတ ဂျော့ဘုရှ်ကို သတင်းစာရှင်းလင်းပွဲမှာ ဖိနပ်နဲ့ပစ်ပေါက်ခဲ့တဲ့ အသက် ၂၉ နှစ်အရွယ် တီဗွီသတင်းထောက် Muntadhar al-Zaidi ကိုတော့ အာရပ်ကမ္ဘာက သူရဲကောင်းတစ်ယောက်လို့ ချီးမွန်း ဂုဏ်ပြုခဲ့ပါတယ်။ အာရပ်ကမ္ဘာမှာ ဖိနပ်နဲ့ပေါက်တာဟာ အပြင်းထန်ဆုံး စော်ကားမှူတစ်ခုလို့ ဆိုနိုင်ပါတယ်။ လောလောဆယ်တော့ အဲဒီအီရတ်သတင်းထောက်ဟာ နိုင်ငံတော်ရဲ့ အထူးဧည်သည့်တော်ကို စော်ကားမှူနဲ့ ထောင်ဒဏ် ၁၅ နှစ်အထိ အပြစ်ပေး အရေးယူခံရဖွယ်ရှိပါတယ်။

Photo credit: NECN.com

7 comments:

  1. flying cambridge shoe ဆိုလို့
    တည်ထွင်မှုအသစ်များလားလို့..း)

    ReplyDelete
  2. Flying shoe က တော်တော် ခေတ်စားသွားတာဘဲ။

    ReplyDelete
  3. ဒီကောင်ကတော့ ရူးနေတာဖြစ်မယ်

    ReplyDelete
  4. Flying shoe ကိစ္စက ထောင်ဒဏ် 15 နှစ်နဲ့ အဆင်ပြေတယ်တဲ့လား။
    တကယ်မသိလို့မေးတာနော်.။
    instructor ရှိသလိုပဲ
    :)

    ReplyDelete
  5. ဟဲ ဟဲ ဖိနပ်ပျံဆိုလို့ ကိုဂျူလိုင်များ တီထွင်မှုအသစ်လုပ်သလားလို့...နောက်တော့မှ ဖိနပ်ပျံ ဖြစ်နေတာကိုး...


    စိတ်၏စေရာနာခံလေသော
    မိုးမြင့်တိမ်

    ReplyDelete
  6. ကိုဂျူလှိုင် အားမကျလေနှင့် အတုမခိုးလေနှင့် စိုးရိမ်လို့ပြောတာပါ။
    :) :)

    ReplyDelete
  7. ဒါကြောင့် တို့ စကားတက်မပြောတာ။ အဟိ..

    ReplyDelete