ခုနှစ်ကြိမ်တော့ ရှိသွားပါပြီ။ နတ်လမ်းညွှန်လို့ပဲ ပြောလိုက်ပါတော့မယ်။ အဲဒီကို အဲဒီကနေ သွားပါတဲ့ခင်ဗျာ။
တက်ရောက်တဲ့သူတွေကို မှတ်တမ်းယူပါတယ်။ အဖွဲ့အစည်းအစုံ ကျောင်းပေါင်းစုံက လာကြပါတယ်။
စလုံးကြက်ခြေနီ သွေးလှူရှင်စုဆောင်းရေးအဖွဲ့ ညွှန်မှုးက အဖွင့်အမှာစကား ဦးစွာပြောကြားပါတယ်။
၂၀၀၉ မှာ လုပ်မယ့် သွေးစုဆောင်းမှုလုပ်ငန်းစဉ် အကြောင်းတွေကိုလည်း
ကျန်းမာရေးအာဏာပိုင် တွဲဘက်ညွှန်မှုး ဒေါက်တာတစ်ဦးက ရှင်းပြပါတယ်။
တက်ရောက်တဲ့ ဧည့်ပရိသတ်လည်း မနည်းမနှောပါပဲ။ ဒါတောင် အရင်နှစ်လောက် မများဘူးဆိုပဲ။
လက်ဖက်ရည်ချိန်မှာ ၀ါးတီးဆွဲနေကြတာပါ။ ပွဲအပြီးမှာ နေ့လည်စာလည်း ကျွေးပါသေးတယ်။
လုပ်ခဲ့ပြီးသမျှ Bloodmobile ပွဲတွေက ပိုစတာတွေ နဖူးစည်းစာတန်းတွေကို စုစည်းတင်ပြထားတာပါ။
Institute of Mental Health က ဌာနမှူးတစ်ယောက်ကလည်း အားပေးစကားတွေ ပြောသွားသေးတယ်။
Volunteer ကြက်ခြေနီဆိုတာ သိသာစေပါတယ်နော်။ ဒီမှာက Volunteerတွေ မျက်နှာမငယ်ရဘူး။
အဖွဲ့အလိုက် ကျောင်းအလိုက် သွေးလှူဒါန်းမှုအပေါ်မှာရှိတဲ့ ခံစားချက်ပီတိတွေ မျှဝေကြပါတယ်။
အဲဒီ မျှဝေချက် ပီတိတွေကို Play back အက အဖွဲ့က ထိထိမိမိ သရုပ်ဖော် ကပြပါတယ်။
Play back အကအဖွဲ့ကို ကြက်ခြေနီဝက်ဝံရုပ်တွေကို အမှတ်တရလက်ဆောင်အဖြစ် ပေးခဲ့ပါတယ်။
ပျော်စရာကြီး..
ReplyDeleteအရုပ်တွေရော ဆော့တာရော
စားဖွယ်ရာတွေ ရော..
ကောင်းကောင်း စားခဲ့ ရရဲ့လား
ကိုယ့်မောင်လေး ကို စိတ်ပူလို့ မေး တာ နော်..း)
အစ်ကိုရေ..လာရောက်ကြည့်ရှုပြီး သာဓုလဲခေါ်ခဲ့ပါတယ်။
ReplyDeleteRita said...
ReplyDeleteစကားမစပ် JulyDream က ဘာလို့ အသီးကွဲတာလဲဟင်။ သူ့မှာ ကွဲစရာ အသဲ မရှိလို့လား
http://www.ritako.blogspot.com/
ReplyDeleteအရင်တစ်ခါက မှာထားတဲ့ အတိုင်းဘဲ။
ReplyDeleteInstitute of Mental Health က ဌာနမှူးတစ်ယောက်ကလည်း အားပေးစကားတွေ ပြောသွားသေးတယ်
ReplyDeleteါ်ဏ
အခန်းအနေအထား၊ လုပ်ပုံကိုင်ပုံ အစီစဉ်တွေက တစ်ခါရောက်ဖူးတဲ့ NHU မှာ လုပ်တဲ့
ReplyDeleteScoliosis Seminor နဲ့တူတယ်။ အဲ့ဒီတုန်းက ခွဲစိတ်ကုသမှု ခံယူထားရတဲ့ scoliosis ဝေဒနာရှင် တစ်ဦးက belly အက တင်ဆက်ခဲ့တယ်။
သူတို့ဘာပြောပြော ၀ါးတီးက ကော်ပြန့်တွေပဲ မျက်လုံးထဲကမထွက်ပါကွယ်။
ReplyDelete(မှတ်ချက်။ ။ ကွန်မန့်ပေးချိန် လူခြေတိတ် ည ၁ချက်ခွဲတီးမို့ ဗိုက်ဆာသည်။)
ဖွကြီး၊မီးထိုး၊ဆီလောင်း၊အောက်ဆီဂျင် ခင်ဦးမေ
ReplyDelete