Monday, March 9, 2009

Dried fish


ငါးရံ့ခြောက်...

ပဲခူး၊ သနပ်ပင်ကို အလည်သွားတုန်းက မြစ်ကမ်းဘေးမှာ ငါးရံ့ခြောက်တွေ နေပူလှန်းထားတာကို တွေ့ခဲ့ရလို့ ဓါတ်ပုံ ရိုက်ခဲ့လိုက်တယ်။ အဲဒီနေရာမှာ ငါးရံ့ခြောက်တွေက ဈေးလည်း ပေါတယ်။ ဆားလည်း ပေါ့တယ်။ အကောင်ကြီးတွေကို တစ်ပိဿာကိုမှ ၁၂၀၀ကျပ် ဆိုလားပဲ။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ငါးရံ့ခြောက်လိုပဲ ဆားသိပ် နေလှန်းခံမိလိုက်တယ်။ အဲဒီတော့ အပူရှပ်ပြီး ဖျားနေပြီ။ ဒီနေ့ နေ့လည်စာ ထမင်းစားချိန်မှာ မိုးက ထပ်မိလိုက်တော့ ဂိတ်ကို ဆုံးတော့တာပါပဲလေ။ မိုးအေးအေးမှာ ချမ်းတာနဲ့ လွမ်းတာ နှစ်ခုရောသွားပြီး လူလည်း အဖျားတက်လာပုံပဲ။ အဟား...

အခုတော့ ငါးရံ့ခြောက် နေလှန်းခံရသလို ရင်တွေပူနေရတယ်။ ခေါင်းတွေလည်း အုံနေတယ်။ ကိုယ်အပူချိန် တက်လာလို့ ထင်ပါတယ်။ သေချာတာတစ်ခုက မနက်ဖြန် ဆေးခွင့်ပဲ။

16 comments:

  1. အဲဒီနေရာမှာ ငါးရံ့ခြောက်တွေက ဈေးလည်း ပေါတယ်။ ဆားလည်း ပေါ့တယ်။ အကောင်ကြီးတွေကို တစ်ပိဿာကိုမှ ၁၂၀၀ကျပ် ဆိုလားပဲ။

    ဒါနဲ့များ လက်ဆောင်လေးဘာလေး ပေးဖို့ ဝယ်လာပါတော့လားဗျာ... :D

    ReplyDelete
  2. အံမယ်လေး... ငါးရံ့ခြောက်တွေ စားချင်လိုက်တာ မစားရတာ အနှစ် ၂၀ ပြည့်တော့မယ်...း(

    ReplyDelete
  3. ငါးရံ့ခြောက်ကို ငမ်းရမှာလား
    လွမ်းတာနဲ့ ဖျားတာပဲ
    သနားရမလား .. အဟား..

    ReplyDelete
  4. ဒီမှာတော့ ဈေးက အာကာသပေါ်ရောက်နေလို့ ငါးရံ့ခြောက် ဝယ်မစားနိုင်တာကြာပြီပကော...

    ကျန်းမာရွှင်လန်းနိုင်ပါစေကိုယ့်ညီရေ..

    ReplyDelete
  5. ငါးရံ့ခြောက်လှန်းထားတဲ့ပုံကလည်း ပန်းချီကားတစ်ချပ်ပဲ.. လူငါးရံ့ခြောက်ပုံရော မတင်တော့ဘူးလား..:D

    ReplyDelete
  6. ညီမက ငါးရံ့ခြောက်ဆို အသေကြိုက်...။

း)

    ဒါနဲ့..စကားမစပ် ဓာတ်ပုံလေးက တော်တော်လှတယ်ဗျ

    ReplyDelete
  7. နေမကောင်းဘူးဆိုရင် ဆန်ပြုတ်သောက်ပါ ။ ဓါတ်ပုံထဲက ငါးရံခြောက်ကို မီးဖုတ်ပြီးတွဲစားပါ။

    ReplyDelete
  8. ဘာဖြစ်လို့ ဆားသိပ် နေလှန်းခံမိ တာလဲဟင်။

    ReplyDelete
  9. ငံငံလေးပဲ လွမ်းပါမည် :)

    ReplyDelete
  10. အေးအေး ...
    M သိပ်လုပ်တော့ M ဖြစ်ပြီပေါ့...
    M ဖြစ်မသွားတော့ ဂရုစိုက်ဦး...
    စင်္ကာပူမှာ ငှက်ပျောတုံးရှား သကွယ်...

    ReplyDelete
  11. နေ့ဘက်မှာ လမ်းလျှောက်သူခင်ဗျာ...
    ဓါတ်ပုံရိုက်နေတာနဲ့ ကျွန်တော်အတွက်တောင် ၀ယ်မလာမိဘူးခင်ဗျ။ စောရီးပါဗျာ။

    ကိုအောင်သာငယ်ရေ...
    ထိုင်းဘက်နေ လှမ်းပို့ခိုင်းလိုက်ပေါ့။ အဲဒါဆို အဆင်ပြေတယ် မဟုတ်လား။ ငါးရံခြောက် မစားရတာ နှစ် ၂၀ တောင် ရှိပြီဆိုတော့ ချိစ်နဲ့ပေါင်မုန့်တွေပဲ လိမ့်စားနေတယ် ထင်တယ်။

    မမသီရီ...
    ငမ်းလည်းငမ်းပါ။ သနားလည်း သနားပါ။ အဲဒါဆို နှစ်ခုစလုံး အဆင်ပြေသွားတာပေါ့။

    ReplyDelete
  12. မျိုးရေ...
    လူငါးရံ့ခြောက် တင်လိုက်ရင် အစားအသောက် ပျက်ကုန်မယ်ခင်ဗျ။ ခုနစ်ရက် သားသမီးတွေ စိတ်ချမ်းသာစေ လိုပါတယ်လေ။ =)

    မကြေးမုံရေ...
    ငါးရံ့ခြောက်က အသေပဲ လာတာလေ။ ငါးရံ့အရှင်ဆို ဘယ်ခြောက်တော့မလဲ။ အသေပဲ ကြိုက်ပါနော်။ အရှင်မကြိုက်နဲ့။ :P

    မလင်း...
    နေမကောင်းတာတော့ ဟုတ်တယ်။ ဒါပေမယ့် ဆန်ပြုတ်တော့ မကြိုက်ဘူး။ ငါးရံ့ခြောက်ကို မီးဖုတ်ဖို့ မီးဖိုလည်း မရှိဘူး ခင်ဗျ။ အဲဒီတော့ မလင်း ကိုယ့်ဘာသာ စီစဉ်ပြီး ဓါတ်စာ ပို့လိုက်လေ။ အိုခေ..?

    ReplyDelete
  13. Justoneရေ...
    စင်္ကာပူ ကြက်ခြေနီက သူငယ်ချင်း မင်္ဂလာဆောင်ကို သွားတာ နေရာကို သေချာ မသိလို့ မြို့လည်ကောင် နေပူကျဲတဲမှာ လိုက်ရှာရတာ တစ်ချက်၊ မင်္ဂလာဆောင်က အပြန် ဒူးရင်းသီးကို နေပူထဲကနေ လမ်းလျှောက် လာတာက တစ်ချက်၊ အဲဒီ နှစ်ချက်ပေါင်းပြီး လူလည်း ငါးရံ့ခြောက် နေလှန်းခံရသလို ဖြစ်သွားရပါတယ် ခင်ဗျာ။

    ကလူသစ်ရေ...
    ဆားပေါ့ပါခင်ဗျ။ သိပ်မငံပါဘူး။ ဒါပေမယ့် အလွမ်းတွေတော့ မပေါ့ပါဘူးဗျာ။ အဟား...

    သုံးဖက်မြင်အရူး...
    ငှက်ပျောတုံး မလိုတဲ့ဘ၀ဆိုတာ မကြာခင် သိစေရမယ်လို့ ကြုံးဝါးလိုက်ရမလားကွ။ =)

    ReplyDelete
  14. ငါးရံ့ခြောက်ကြီးတွေက သွားရည်ကျစရာနော်။ ဈေးကလဲ တန်လိုက်တာ လွန်ပါရောလား။
    ဒါနဲ့ သူဖျားတာ ငါးရံ့ခြောက်ကို လွမ်းလို့လား :)
    မသိလို့ မေးတာပါ။

    ReplyDelete
  15. ဟမ်... အစ်မ...
    ရက်စက်လိုက်တာနော်..
    ငါးရံ့ခြောက်ကို လွမ်းစရာလား။ ၀ယ်လို့ရနေတာကို မ၀ယ်ခဲ့တာလေ။ ဖျားတာက နေပူထဲ ရောက်လိုက်၊ အဲယားကွန်း အခန်းထဲ ရောက်လိုက် ဖြစ်ပြီး အပူရှပ်သွားလို့ပါ။ လွမ်းတာက တစ်ပိုင်းပေါ့လေ။

    ReplyDelete
  16. နောက်တစ်ခါရောက်ရင် အစ်မအတွက် ငါးရံ့ ခြောက်ဝယ်လာပေးပါ ကိုဂျူလှိုင်ရယ် ဈေး နှစ်ဆပေးပါ့မယ်။ တိုးတိုး သူများတွေမကြားစေနဲ့ ။ မစားရတာ ကြာပေါ့

    ReplyDelete