Thursday, March 26, 2009

Future MRT/LRT System



နောက်အနာဂတ်ကာလမှာ ရှိလာတော့မယ့် စင်္ကာပူနိုင်ငံရဲ့ ရထားလိုင်းမြေပုံကို စင်္ကာပူလူမျိုး သူငယ်ချင်းက အီးမေးလ်နဲ့ ပို့ပေးလို့ တခြားနိုင်ငံမှာရှိတဲ့ ကျွန်တော့်သူငယ်ချင်းတွေ သိပါစေဆိုပြီး ကျွန်တော့် Blog မှာ တင်လိုက်ပါအုံးမယ်။ စလုံးတွေကတော့ Taxi ငှားစီးဖို့ မလိုလောက်တော့ဘူး ဆိုပြီး ပျော်နေကြပါတယ်။

လက်ရှိ ရထားလိုင်းတွေနဲ့တင် သွားရလာရ အဆင်ပြေနေပြီဖြစ်တဲ့ ကျွန်တော့်အဖို့လည်း ရထားလိုင်းတွေ အခုလို အများကြီး ထပ်ချဲ့ပေးလိုက်ရင်တော့ စင်္ကာပူမှာ ကိုယ်ပိုင်ကား ၀ယ်စီးဖို့ အစီအစဉ် လုံးဝ မရှိတော့မှာ သေချာသလောက်ပါပဲ။ အရင်ကတည်းက ကားဝယ်ဖို့ အစီအစဉ် မရှိပါဘူး။ အခုချိန်ထိ ကားမောင်းဖို့လည်း စိတ်မ၀င်စားသေးဘူး။

နောက်တစ်ချက်က Public Transportation System တွေကို အသုံးပြုတာက သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းပေးရာလည်း ရောက်စေတယ်လေ။ မီးခိုးထွက် သက်သာလို့ လေထုသန့်ရှင်းစေသလို ကမ္ဘာကြီး ပူနွေးမှုကိုလည်း လျှော့ချပေးရာ ရောက်ပါတယ်။ ဒါကြောင့် ကမ္ဘာကြီးကို ကယ်တင်ဖြစ်တာပေါ့ဗျာ။

14 comments:

  1. ဒါကြောင့် MRT card တွေ အတင်းလဲခိုင်းနေတာလား မသိ။ ဘယ်လို အစီအစဉ်မျိုးတွေ လာဦးမလဲ... မျှော်ကာတွေးမိရဲ့ :D

    ReplyDelete
  2. ကျုပ်တို့ ရန်ကုန်ကတော့ ကျုပ်သမ္မတ ဖြစ်မှပဲ အဲလို ရထားလိုင်းတွေ ဆင်ရမယ်။ တွေးမိရင် စိတ်တောင်ပျက်တယ်

    ReplyDelete
  3. ကမ္ဘာကြီးကို ကယ်တင်တဲ့လူတွေထဲမှာ ကိုယ်လဲပါမှာပေါ့၊ ဆက်ပြီး ရထားစီးရအုံးမယ်လေ။

    ReplyDelete
  4. မီးမြင့်တယ် မောင်ကလေး။ နဲနဲချ။

    ReplyDelete
  5. ကျွန်တော်က Bouna Vista MRT ဆောက်နေတာလေ။ တခါတလေ ရန်ကုန်မြေပုံပေါ်မှာ MRT လိုင်းတွေတင်ကြည့်မိသေးတယ်။
    နောက်မှ ပြမယ်။

    ReplyDelete
  6. စိတ်လျှော့ကြပါသားတို့ရယ်၊အဘရင်တွေတုန်လွန်းလို့ပါ။

    ReplyDelete
  7. Mass Rapid Transport စနစ်ကို သဘောကျ၊ အားပေးပါသည်။ တခရီးထဲကို တရထားကြီးစီးသွားရလို့...

    ReplyDelete
  8. ကိုယ်ပိုင်ကား မစီး ရတော့ ရင်.. ကိုယ့်ချစ်ချစ်လေး အိမ်ရှေ့ ယောင်ခြောက်ဆယ် လုပ်တဲ့ ကိစ္စ တို့ .. ကိုယ့်ချစ်ချစ်လေး ဘေးမှာထားပြီး ကားမောင်းရတဲ့ အရသာ တို့ ဘယ်ရတော့မလဲ
    တို့မြန်မာ လူကြီးမင်းများ ကို ကျေးဇူးတင်ပေးပါ...

    လေထုညစ်ညမ်းမှု ဂရုစိုက်လွန်းတာမို့.. ကားပါမစ်တွေ ဘယ်လောက် ဈေးကြီးသလဲဆိုတာလဲ ကြည့်....း)

    ReplyDelete
  9. မမသီရိပြောတာမိုက်တယ် .. ကျေးဇူးတင်သင့်တယ် .. :D

    ReplyDelete
  10. ကိုဂျူလိုင်ရေ့။ အစ်ကိုတင်ထားတာ ကျနော် ဒီမှာ တင်ထားတာထက် စုံတယ်ဗျ။
    ဒါပေမယ့် တစ်ခုခုတော့ လွဲနေတယ်။
    အစ်ကို့ဆီက DT လိုင်းက ကျနော့ဆီက DT လိုင်းနဲ့ ER လိုင်းနဲ့ ဆက်နေတယ်။ North Coast လိုင်းကလည်း ကျနော့ဆီက လိုင်းနဲ့ မတူပြန်ဘူး။ ဘယ်ဟာ အမှန်တော့ မသိပါဘူးဗျာ။

    ကျနော်သိသလောက်က အခုလောလောဆယ်
    DT လိုင်းက ဆောက်နေပြီလေ။
    ER လိုင်းကတော့ Soil Test လုပ်နေပြီ။ ၂၀၁၂ မှာ စဆောက်မယ်။ ၂၀၁၇ မှာ ပြီးမယ်လို့ ယာထားတယ်။

    ReplyDelete
  11. MRT လိုင်းတွေ ထပ်ချဲ့တော့ သွားရလာရ ပိုအဆင်ပြေလာမှာ အသေအချာပါပဲ ကိုဂျူလိုင်ရေ။ MRT Station တွေနဲ့ နီးတဲ့အိမ်တွေလည်း ပိုများလာမှာပဲ။ ကောင်းပြီးရင်းကောင်းရင်းဖြစ်နေတဲ့ သူတို့ရဲ့ Transportation စနစ်ကို အားကျပြီးရင်း အားကျရင်းပါပဲ...

    ReplyDelete
  12. ဟုတ်ပါ့ သွားရလာရ လွယ်ကူတာပေါ့

    ReplyDelete
  13. တချို့လိုင်းသစ်တွေက အမှန်အကန်မဟုတ်ဘူးထင်ပါတယ်။ အရင်တခါကလဲ အီးမေးလ်ထဲမှာ လိုင်းအတုတွေ ပြန့်ခဲ့ဘူးတယ်။

    ReplyDelete
  14. ရထားလိုင်းတွေ မတူတာတော့ အမှန်ပါပဲ။ ကိုဗီလိန်ရဲ့ ဘလော့မှာ တင်ထားတဲ့ မြေပုံနဲ့ ကျွန်တော် တင်ထားတဲ့ မြေပုံမှာ ကွဲလွဲမှုတွေ ရှိနေပါတယ်။ သူ့ဘလော့မှာ တင်ခဲ့တာ စောပါတယ်။ ကျွန်တော်ကတော့ အခုမှ အဲဒီ မြေပုံကို ရခဲ့လို့ ဘလော့မှာ တင်ပေးလိုက်တာပါ။

    အခုလောလောဆယ် Joo Koon ဘက်မှာတော့ ဆက်ပြီး လိုင်းဖောက်နေတာ မြင်နေရပါတယ်။ ကျွန်တော့် မြေပုံမှာလည်း Joo Koon ဘက်မှာ ရှေ့ဆက်ဖောက်မယ် ဆိုတာကို ဖော်ပြထားပါတယ်။ လိုင်းအတု ဟုတ် မဟုတ်တော့ ကျွန်တော်လည်း မသိခဲ့ပါဘူး။ လက်ထဲ ရောက်လို့သာ မျှဝေလိုက်တာပါ။ ရထားလမ်း ဆောက်လုပ်ရေး ပရောဂျက်တွေနဲ့ မရင်းနှီးတာဖြစ်လို့ မြေပုံကိစ္စကို သေချာတော့ မသိတာ အမှန်ပါပဲ ခင်ဗျ။ =)

    ReplyDelete