Friday, March 13, 2009

Golden Rock Pagoda Trip-3


တောင်တက်လမ်းဘေးနားက ရေအိုးစင်လေး


နတ်ရေကန်လို့ ရေးထားတာပဲ


လှေခါးထစ်တွေများလွန်းတဲ့ ဘိုးပြန်တောင်


ဘိုးပြန်တောင် အကျော် လမ်းပြေပြေလေး


တောကြောင် တောကြက် မြွေပါ


အေးချမ်းလှတဲ့ တောင်ပေါ်ရွာလေး


စခန်းလေးစေတီ


နဂါးပတ်စခန်း

17 comments:

  1. အလွမ်းပြေ မလား လို့
    ပိုလွမ်းသွား ပြီ..
    တချို့နေရာလေးတွေ က ကိုယ် တိုင် သွားရင် တောင်
    သတိထားမိမှာ မဟုတ်ဖူး

    ကျေး ဂျူး..

    ReplyDelete
  2. ကျောက်ထီးရိုးကို ကိုယ်တိုင်ရောက်သွားသလောက် ခံစားလိုက်ရတယ်။ ကျေးဇူးတင်လိုက်တာ ကိုဂျူလိုင်။
    ဘိုးပြန်တောင်က တကယ် မော တာနော်။ လှေခါးထစ်တွေနဲ့ မတ်မတ်ကြီးဆိုတော့ ခဏခဏ နားရတာ မှတ်မိနေတယ်။
    တို့နောက်ဆုံး တက်ခဲ့တဲ့ ၂၀၀၃ လောက်က ကားနဲ့ တက်ခဲ့တာ။ မပျော်ရဘူး။ အခုလို တောလမ်းလေးအတိုင်း တက်ပါမှ ကျိုက်ထီးရိုးရဲ့ အရသာအစစ်။

    ReplyDelete
  3. ရေအိုးလေး နှစ်လုံးဘေးက သေတ္တာလေးက အလှူခံပုံးလေးလားဗျ။ မသဲကွဲလို့ မေးကြည့်တာ။

    ReplyDelete
  4. ဆင်တူတွေဝတ်မှခြေလျှင်တက်လို့ရတာလား ဟင်

    ReplyDelete
  5. လွမ်းလိုက်တာ။။

    ReplyDelete
  6. နဂါးစက်စခန်း ၉မိုင်၁ဖာလုံ ဓာတ်ပုံ အရမ်းကောင်းတယ်

    ReplyDelete
  7. သြော်.. နဂါးပတ်စခန်း ကိုး. . . ခုမှသေချာမြင်တယ်.. အိုမင်းနေပြီကိုး . . .
    =)
    အစာသွပ်ကောင်လေးတွေ (stuffed animal) သနားဖို့ကောင်းလိုက်တာ.. အိမ်မှာဝယ်ထား .. ထိုင်ကြည့်ပြီး သနားနေချင်လိုက်တာနော် . . .

    ReplyDelete
  8. မမသီရိရေ...
    အလွမ်းပြေအောင် တင်ပေးထားတာပါ။ အလွမ်းတွေ ပိုသွားတယ် ဆိုတော့လည်း သွေ့ပုချိပါ ခင်ဗျာ။

    မချိုသင်းရေ...
    အဲဒီ အရသာအစစ်က တကယ်တမ်းကျတော့ မစားသာဘူးခင်ဗျ။ အတက်လမ်းမှာ ရေသန့်ဗူးဖိုးနဲ့ ဓါတ်ဆားထုတ်ဖိုးတင် မြန်မာငွေ တစ်သောင်းကျော်လောက် ကုန်ခဲ့တယ်။ အသက်ကြီး သွားလို့လား မသိဘူး အရင်ကလို သက်လုံ မကောင်းတော့ဘူး ခင်ဗျ။

    ကိုဖြိုးမော်ရေ...
    အလှူခံပုံလေး ဖြစ်မယ် ထင်တယ်ခင်ဗျ။ တောင်အောက်က တက်လာတဲ့ ဦးဇင်းပုံကို အပါယူဖို့ စိတ်ရောက်နေတာနဲ့ ကျွန်တော်လည်း သေချာ မကြည့်ခဲ့မိဘူး ခင်ဗျ။

    Strikeရေ...
    အားကျ မနာလို ဖြစ်နေတာလား။ အားလုံး ဆင်တူဝတ်တာတော့ မဟုတ်ပေမယ့် နှီးဦးထုပ်နဲ့ ဂျင်းဘောင်းဘီရှည်တွေကြောင့် ဆင်တူလေးတွေ ဖြစ်သွားရတာပါ။

    မကွမ်း...
    ဘာကို လွမ်းတာလဲ ဟင်။ ကျွန်တော်လည်း လွမ်းနေတာနော်။ အလွမ်းပေါ် အလွမ်းတွေ ဆင့်ကုန်မယ်။

    ရွှန်းတီရေ...
    နဂါးပတ်တောင်ပါ။ တောင်ပတ်လမ်းက နဂါးကြီး ခွေပတ်ထားသလို ဖြစ်နေတာကြောင့် နဂါးပတ်လို့ အမည်ပေးထားပုံ ရပါတယ်။ ဟိုအကောင်လေးတွေက အသေကောင်တွေပါ။ အရှင်လေးအတိုင်း ကြည့်နေရရင် ပိုကောင်းမယ်။ အခုတော့ သူတို့ခင်မျာ အသတ်ခံရရှာတယ်။

    ReplyDelete
  9. အဲတာ ကျိုက်ထီးရိုးလားဟင် ... ကျွန်တော် ရောက်ဖူးသေးဘူး ... လိုက်ပို့ပါလားဗျ ..

    ReplyDelete
  10. အော်.. သတိထားမိပြီ ကိုဂျူလှိုင်ရေ...
    အဲဒီရိုက်ချက်မျိုးကို တစ်ခါဖတ်ဖူးတယ်ဗျ...
    နဂိုအတိုင်း ရိုက်ရင် ဒီမြင်ကွင်းမှာ motion မပါဘူးလို့ သတ်မှတ်တယ်... တကယ်လို့ မပြောင်းလဲတဲ့ ရုပ်သေနောက်ခံမှာ လှုပ်ရှားနိုင်တဲ့ အကွာအဝေးတစ်ခုက သက်ရှိတစ်ခုပါလာတဲ့အခါ ပုံက အသေမဟုတ်တော့ဘူး။ နောက် အကွာအဝေး တစ်ခုကိုလည်း ပြရာရောက်သွားတယ်။
    (သိသလောက်တော့ ပြန်ပြောပြကြည့်တာပဲ :D ) ပိုတာ လွန်တာရှိသော် တို့များမသိ။

    ReplyDelete
  11. ဓါတ်ပုံတွေကြည့်ခွင့်ရတာ အရမ်းကျေးဇူးတင်တယ်
    ကိုဂျူလိုင်။

    ReplyDelete
  12. JulyDream said...

    နောင်တ မရဘူးဆိုတော့ ကောင်းတာပေါ့ဗျာ။ အားပေးနေတယ်။

    နောက်ထပ်...
    ဖုန်း
    ဒိုင်း
    အုန်း
    ခွပ်
    ^%$#@!*
    &*($%@!#
    !@#$%^&
    Mar 13, 2009 10:17:00 AM

    ReplyDelete
  13. 14 Mar 09, 10:48
    kom: july ကိုယ်စားရေးသွားသည်။ အဟိ

    14 Mar 09, 10:45
    kom: ကြီး တအံတသြဖြစ်. အတက်လေး ကတော့ဘာမှ မရှိသေး။ လမ်းကလေး ဟိုလျောက်ဒီလျောက်။ လွမ်း တယ် ကိုဂျူလိုင်ရယ် .. စိတ်ဖြေရာ ကျိုက်ထီးရိုးစိတ်ကူးနဲ့ တက်သွားတယ်။ တစ်ချိန်တော့ပြန်သွားဦးမယ်။လွမ်းစရာလေးတွေ ဖြစ်ပြီ။

    14 Mar 09, 10:44
    kom: ရောက်ရောက်ချင်း အထုပ်ကို ပြေးချိန်. ဈေးနှူန်းမေး အထမ်းသမား ရှာ။ ဦးထုပ်နဲ့ ဝါးလုံးကိုပြေးဝယ်။ ထမင်းကို နဲနဲပြေးစား ဈေးတန်းတွေ လျောက်ကြည့် ။ ငရုတ်ကောင်း မှု့်ကလေးတွေ ကို ကိုင်ကြည့် အလုံးကြီးတွေ အကြ

    4 Mar 09, 10:43
    kom: ကြည့် အသက်ကို ရှူ။ ဘေးက သူငယ်ချင်းတွေ ကိုကြည့် စကားတွေပြော အကြော်ဆိုင်ကလေး မှာ မုန့်တွေယင်စား ရေအိုးစင် မှာရေထပ်သောက

    14 Mar 09, 10:41
    kom: ဟိုကိုင်ကြည့် ဒိကိုင်ကြည့် လမ်းဖောက်တဲ့ပုံးကလေးတွေထဲ တစ်ကျပ်စီထည့်။ ကျိုက်ထီးရိုး အသေေးလကိုလည်းဝင်ဖူး။ မျော်တော်မျူစခန်းကတော့မေ့သွားပြီ။အ�

    14 Mar 09, 10:38
    kom: အဘွားပါပြန်ချင်တယ်လို့ပြောခဲ့မိကြတယ်။ တောင်ကြာလေးထဲမှာလဲသစ်ပင်လေးတွေကိုဟိုဆွဲ ဒီဆွဲ ဟိုချိုးဒီချိုး အသက်ကလေး မှန်မှန်ရု ဆိုင်ကလေးတွေ ဝင်ကြည့် ဆင်မြီးလက်စွပ်ကလေးတွေ ကောက်စွပ် ဝါးလုံးကလေးတွေ ကိုင် ဥိးထု

    14 Mar 09, 10:36
    kom: အဲဒီရေချမ်းစင်ကလေးတွေ မှာရေခတ်သောက်ခဲ့ကြတာပေါ့။ ရေတွင်းကလေးထဲလေး လက်နှိုက်ပြီး ဆော့ခဲ့ကြသေးတယ်။ လှေခါးထစ်တွေ ကမေလိုက်တာ အပေါ်ကို မော့မကြည့်ရဘဲူး တထစ်ချင်း အသက်မှန်မှန်ရှူညပီးတက်. ဘိုးပြန်တောင် အဘွားပြါ

    ReplyDelete
  14. မုဆိုးတောင် နဲ့ ရသေ့တောင် သွားခရီး ရှိသေးတယ်လေ။

    ရင်ပြင်တော်ပေါါ်မှာ.....

    ထမင်းဆိုင်ကလေးတွေ...........

    ရွေသကန်ကပ်...........

    လေကလည်း အေးလိုက်တာ............

    လွမ်းတယ်။။။။။။။။။။။။။။။။။။။။။။။။။

    ReplyDelete
  15. အထမ်းသမားက အပေါ်ရောက်နေမှ ဘာလုပ်ရတော့မှာလဲ။ ကိုယ့်ဘာသာ တလမ်းလုံး သယ်လာပြီးမှ အပေါ်ရောက်မှ အထမ်းသမား ရှာမလားဗျ။ အစ်မကလဲ... လုပ်ချလိုက်ပြန်ပြီ။

    ReplyDelete
  16. သွားဦးမှာ လိုက်ဦးမလား

    ReplyDelete
  17. ကျိုက်ထီးရိုးကို မွေးကတည်းက တစ်နှစ်သုံးခေါက်လောက် ရောက်ဖြစ်နေတာဆိုတော့.. အသေးစိတ်မှတ်မိနေတယ်.. ရေအိုးစင်ဘေးက အလှူခံဗုံးလေးပါ.. ဟုတ်ပါတယ်.. လမ်းမှာ လမ်းပြင် လုပ်သားတွေရော ရှိသေးလား.. မဗေဒါသွားရင်တော့ ရန်ကုန်ကနေ အကြွေအုပ်တွေလဲတယ်.. သကြားလုံးထုပ်တွေဝယ်သွားတယ်.. လမ်းက ကလေးတွေနဲ့ အလှူခံဗုံးတွေထည့်ဖို့... ဟင်းးးးးးးးးး .. ပြောရင်းနဲ့နော်... ပြန်ချင်လာပြီ..

    ReplyDelete