Friday, April 3, 2009

Golden Reply

ရွှေရုပ်ကလေး ကောက်ရသူ

သိပ်ပျော်လိုက်တာ ရင်တောင်တုန်တယ်
ပြန်စာ ပြန်စာ သူလေးက ပေးလာ
ဝမ်းလည်းသာ ပျော်တယ်အချစ်ရေ
ရွှေရုပ်ကလေး ကောက်ရသလို...

မာနကြီးလေး မောင့်ရဲ့ချစ်သူ
ပေးလိုက်တဲ့ စာလေးကြောင့်
အသည်းလေးရွှင်
ကိုကိုခေါ်သံ သိန်းဆုထက်ခင်
မိုးလေးအမြင့်ပေါ် ခုန်ကာတက်ချင်...

သိပ်ပျော်လိုက်တာ ရင်တောင်တုန်တယ်
ပြန်စာ ပြန်စာ သူလေးက ပေးလာ
ဝမ်းလည်းသာ ပျော်တယ်အချစ်ရေ
စိန်စီသောလမ်း ဖြောင့်တန်းစွာ။

ရှားလားလား လာလား
လားလာ လား လာလား

ဂုဏ်ရည်လေးများ တူရင်နော်
အပြေးလေး လက်ထပ်ထားမယ်
အဟုတ်တကယ်...

ချစ်သူရှိတယ် ဆိုနိုင်ပြီကွယ်
လူလူသူသူ အချစ်ကလေး ကိုယ်နံဘေးမှာ
ထမင်းလည်း မဆာ ရင်မှာပြည့်လာ
ဘယ်နတ်မင်းလေးက ကူ...

အိပ်မက်ကလေးထဲ စွဲလန်းရသူ
လှပတဲ့အချစ်ကလေး တချစ်ရှိသည်
ငွေလ၀န်းလေး မောင့်အချစ်နှင့်အတူ
နှလုံးသားလေးပေါ် ပီတိအလင်းကူ...

မေတ္တာမြို့ဝယ် အတူတူနေမယ်
အဖြူရောင် အကြင်နာ
လက်ကလေး ကမ်းလိုက်ကွယ်
မီးပင်လယ် ကျော်ကာဖြတ်မယ်
အိပ်မက်ကလေးထဲ လာခဲ့ကွယ်။

ရှားလားလား လာလား
လားလာလား လာလား

ဂုဏ်ရည်လေးများ တူရင်တော့
အပြေးလေး လက်ထပ်ကြမယ်
အဟုတ်တကယ်...

တေးရေးကတော့ ကိုလေးလွင်ပါ။ မူရင်းအဆိုတော်က မြန်မာပြည်သိန်းတန်ပါ။ ဒါပေမယ့် ကျွန်တော့်ကတော့ ချစ်ရည်းစားဆိုတဲ့ တေးစီးရီးထဲက ပိုးဒါလီသိန်းတန် သီဆိုတဲ့ သီချင်းကိုပဲ စတင် နားဆင်မိခဲ့တာပါ။ ၈ တန်း အောင်တော့ အိမ်က ကက်ဆက်တစ်လုံး ၀ယ်ပေးခဲ့တယ်။ အဲဒါနဲ့ ရတဲ့မုန့်ဖိုးတွေ စုပြီး ကက်ဆက်ခွေတွေ ၀ယ်ခဲ့တာပေါ့။ ဘယ်ကနေ ဘယ်လို အဲဒီစီရီးအခွေကို ၀ယ်ဖြစ်ခဲ့သလဲ ဆိုတာတော့ သိပ်မမှတ်မိတော့ဘူး။ မှတ်မိတာကတော့ အဲဒီအခွေထဲက သီချင်းအတော်များများကို ကြိုက်ခဲ့တယ် ဆိုတာပါပဲ။ မကြာခဏလည်း ဖွင့်ဖြစ်ခဲ့တယ်။

အဲဒီသီချင်းကိုလည်း ပါးစပ်ဖျားမှာ မကြာခဏ ဆိုနေမိလို့ အိမ်က လူကြီးတွေကတောင် "နင်... ရည်းစားများ ရနေပြီလား..." ဆိုပြီး မယုံသင်္ကာ မေးတာတောင် ခံခဲ့ရပါသေးတယ်။ အဲဒီအချိန်မှာ ရည်းစားတော့ မသိဘူး။ သေချာတာတစ်ခုက ဇီးပြားပဲ စားနေတဲ့အချိန်။ အဲဒီအရွယ်မှာ အဲဒီသီချင်းကို ကြိုက်မိတာက ရွှေရုပ်ကလေး ကောက်ရသူ ဆိုတဲ့ ခေါင်းစဉ်ကြောင့်ပါ။ ရည်းစားရဖို့ထက် ရွှေရုပ်ကောက်ရဖို့ကို ပိုစိတ်ဝင်စားနေခဲ့မိတယ်။ ရွှေရုပ်လေးသာ ကောက်ရရင် ပြန်ရောင်းစားပြီး လိုချင်နေတဲ့ ဂိမ်းစက်တွေ၊ စက်ဘီးတွေ၊ ပုံပြင်စာအုပ်တွေ ၀ယ်မယ်ပေါ့။ ပြီးတော့ ဈေးကြီးတဲ့ ရှေးဟောင်း တံဆိပ်ခေါင်းတွေလည်း ၀ယ်အုံးမှာပါ။

အခုအချိန်မှာဆိုရင်တော့ သုဝဏ္ဏသာမ ဇာတ်တော်ထဲကလို သားရွှေအိုးထမ်းတာမျိုးပဲ ဖြစ်ချင်ပါတော့တယ်။
Happy birthday, My Dear.

28 comments:

  1. အခု ဘလော့ဂ်က လူကြီးတွေကလည်း JD ပြန်စာရပြီ၊ အဖြေရပြီလားလို့ ဝမ်းသာသွားကြသေးတယ်ကွဲ့....။

    ReplyDelete
  2. အခုရော ဆိုနေပြီလား ဟင်။ :D

    ReplyDelete
  3. အခြေအနေကောင်းတယ်လား မသိဘူး ကြည့်ရတာ
    (သုဝဏ္ဏသာမ ဆိုပြီး ဏကြီး ၂ လုံးဆင့်လားလို့)

    ReplyDelete
  4. ၂ပုဒ်ထပ်ဆိုပါဗျို့၊၅၀၀တန်လျှောက်သီးဆေးပြား၂ထုပ်ထပ်ဝယ်ပါ့မယ်

    ReplyDelete
  5. စာပျံလာရင် လောက်လေးနဲ့ ပစ်ချလိုက် ကင်စားကျရအောင်......... :P

    ReplyDelete
  6. strike က ရက်စက်ပါ့။
    ကိုဂျူလှိုင်ကို ပန်းရောင်ဝမ်းဆက်နဲ့ လို့ ထင်ကုန်ပြီ။
    နွေဦး လေရူးနဲ့ တူ စိတ်တွေ မြူးနေတာပါ။
    နေမြင့်လေ ဟဲဟဲ.....
    ရေငတ်လေ လို့ ပြောတာပါ။

    ReplyDelete
  7. မစင်...
    ဘလော့ဂ်က လူကြီးတွေဆိုတာ ဘယ်သူလဲ။ မစင်က လူကြီးလား။ တော်သေးတာပေါ့။ မ ဆိုတာ တပ်ခေါ်ထားလို့။ တော်ကြာ ရိုင်းသွားမယ်လေ။ မဟုတ်ဘူးလား မစင်...

    ZT ရေ...
    တခါတလေတော့ ဆိုငြီးမိပါတယ်။ ဒီနေ့လည်း ထပ်ဆိုဖြစ်မယ် ထင်တယ်။ အဟား...

    ကိုဇနိရေ...
    စာလုံးပေါင်းအမှန်ကို ပြင်လိုက်ပါပြီ ခင်ဗျ။ အခုလို ပြောပြတဲ့အတွက် ကျေးဇူးတင်ပါတယ်။

    Strike
    ဘ၀ဟောင်းကို ပြန်တမ်းတနေတာပေါ့။ ဟုတ်လား။ ကောင်းစေချင်လို့ ဇိကုတ်ပြီး နတ်ပြည်တင်ထားတာကို မြင့်တယ်ဆိုပြီး ခုန်မချချင်နဲ့ဗျာ။ ဟုတ်ပြီလား။

    ခရောင်းလမ်းရေ...
    ကင်စားမယ် ဆိုတာကြီးပါပဲလား။ စာကလေးက သေးတယ် ခင်ဗျ။ မ၀မှာ စိုးလို့ လင်းတလောက် လုပ်ပေးမယ်ဗျာ။ ကင်စားကြပေါ့နော့။ အဟ...

    အယ်ဂျူနို...
    ရင်ပူနေပြီး ရေငတ်နေတာတော့ ဟုတ်တယ်။ အကြားအမြင် ဆရာမလား ခင်ဗျာ။ အကုန် ထိုးထွင်း သိနေလို့ အံ့တောင် သြမိပါတယ်။ အဟား..

    ReplyDelete
  8. ဟဟားး ရယ်တော့ရယ်ချင်သွားတယ် ကွန်မန့်တွေဖတ်
    ပြီးတော့...း)
    အစ်မလည်း ပိုးဒါလီသိန်းတန်ရဲ့အသံလေးတောင်
    ကြားယောင်မိသွားတယ်.. ဒီသီချင်းလေး ကြိုက်ပါတယ်.
    ဒါပေမယ့် ယောကျာင်္းလေးတစ်ယောက်က ဒီသီချင်း
    လေးကို ကြိုက်တယ်ဆိုလို့ ရယ်ချင်သားးးး)

    ဟုတ်ကဲ့ ကျမတို့မိသားစု ကျောက်မြောင်းမှာနေခဲ့ပါ
    တယ်ရှင်.. ကိုဂျုလိုင်ကရော ကျောက်မြောင်းကပဲလား.

    ReplyDelete
  9. မဗေဒါလဲ ငယ်ငယ်က အဲဒိ သီချင်းလေးတွေ ကြိုက်တယ်.. ခုထိကြိုက်တုန်းပါပဲ.. ပိုးဒါလီသိန်းတန်ခွေ အရင်နားထောင်ဖူးတာချင်းတူတယ်.. အဲဒိတုန်းက မဗေဒါက ၃ ၄တန်းလောက်ပဲ ရှိအုံးမယ်ထင်တယ်..

    ReplyDelete
  10. ဂျူလိုင်ရေ match maker အခန်းကဏ္ဍ မလိုတော့ဘူး ကိုးးးအန်ပေါင်းမရလိုက်ပေမဲ့ ၀မ်းသာပါတယ်...

    ReplyDelete
  11. ဟုတ်တော့နေပါပြီ
    :D

    ReplyDelete
  12. အင်း..... အခြေအနေကတော့..... အင်း..... မပြောတော့ပါဘူး :(

    ReplyDelete
  13. ဒီအောင်စာရင်းမှာ ဂုဏ်ထူးထွက်မယ် လို့တောင် ကြိုဟောထားပြီးသားဥစ္စာ အဖြေလာတိုက်ကြည့်ရုံပါပဲ။
    ဒါပေမဲ့ အဲဒီသီချင်းကြီးဆိုပြီး မြူးလိမ့်မယ်လို့တောင် မထင်လိုက်ဘူးကွာ.. ဒီတကွက် လျှော့တွက်လိုက်မိတယ် :'D

    ReplyDelete
  14. အောရိုက် အောရိုက်...

    ReplyDelete
  15. အင်း.. ကောင်းပါတယ်
    ဆက်လုပ် :P

    ReplyDelete
  16. ရောဂါက အတော်ရင့်နေရှာပြီ... :P

    ReplyDelete
  17. ဒီသီချင်းကို မှတ်မိသေးတယ်ဆိုတော့ ဒါ ၃၀တန်းထဲကဘဲ။ အင်း ၃၀ကျော်မှ ကံပေါ်တာလား စဉ်းစားသွားတယ်ဗျာ။ ကြုံတုန်းပြောရဦးမယ် ကျွန်တော်လဲ သူ့သီချင်းတွေကြိုက်သဗျ။

    ReplyDelete
  18. နေ့အိပ်မက်တော့ စစဖတ်လာကတည်းက ဖတ်လာတာ.. ဘာကြီးပါလိမ့်ပေါ့.. ကဗျာနဲ့လည်း မတူဘူးဆိုပြီး.. အောက်ဆုံးရောက်မှ သီချင်းမှန်းသိတယ်.. ခွိ.. ခွိ...

    ReplyDelete
  19. နောက်တပုဒ် "စိန်ချုးကြာညောင်"လုပ်ပါဗျို့

    ReplyDelete
  20. ထပ်ဖတ်သွားတယ်။ ကြည်နူးနေတုံးဘဲလား။

    ReplyDelete
  21. ဂျွမ်းကောထိုးလိုက်သေးသလား။

    ReplyDelete
  22. နောက်ဆုံးပိတ် အိပ်နဲ့လွယ်ဖို့ သူကြိုးစားထားတယ်
    see သုဝဏ္ဏကွင်းသွားပြီး ဘောလုံးကန်ချင်တယ်
    ရွှေတံဆိပ်ဆုလိုချင်တယ် ဆိုပဲ။
    သီချင်းလေး ပြန်ဆိုထားတာကို ရုပ်ရှင်တကားမှာကြည့်ဖူးတယ် သူလည်း မိဘနဲ့သားသမီး အကြောင်းပဲ... သိသူ ဇာတ်ကားနာမည်ပြောသွားပါ။

    ReplyDelete
  23. အခုအချိန်မှာဆိုရင်တော့ သုဝဏ္ဏသာမ ဇာတ်တော်ထဲကလို သားရွှေအိုးထမ်းတာမျိုးပဲ ဖြစ်ချင်ပါတော့တယ်။ ဆိုတာ
    ယောက်ျားရော ... ပိုက်ဆံရောလို့ ဆိုလိုတာလား သိဘူး
    :P

    ReplyDelete
  24. အဲ ... မိန်းမရော ... ကားရော ... ဟားဟား .....................

    ReplyDelete
  25. အဲဒီသီချင်းလေးကြိုက်တယ် .. အာဇာနည်ဆိုတာနားထောင်ဘူးတာ ..း)

    ReplyDelete
  26. အလွန်တရာကျော်ကြားလူသိများလာသည့် ကိုကိုစိုင်း
    http://www.soezeyatun.com/2009/03/blog-post_29.html

    ReplyDelete
  27. အဲဒီရွှေရုပ်က အတုဖြစ်နေ ဘယ်လိုလုပ်မလဲ ကိုယ့်ဆရာရဲ့.. ဟားဟား

    ReplyDelete