Monday, April 20, 2009

Incredible voice


Photo Credit: www.dailyrecord.co.uk

သူ့မအမည်က Susan Boyle။ သူမအသက်က ၄၇ နှစ်ရှိပါပြီ။ စကော့တလန်က West Lothian လို့ အမည်ရှိတဲ့ ကျေးရွာတစ်ရွာမှာ ကြောင်လေးတစ်ကောင်နဲ့အတူ မထင်မရှား နေထိုင်နေတဲ့ သူပေါ့။ ပြီးခဲ့တဲ့ ရက်သတ္တပတ်အထိ သူမဟာ တကယ့်ကို မထင်မရှား အလုပ်လက်မဲ့ ကျေးတောသူတစ်ဦးပါ။ ဘုရားကျောင်းမှာ သက်ကြီးရွယ်အိုတွေအတွက် လုပ်အားပေးတစ်ယောက်အဖြစ် လုပ်ကိုင်ပေးနေတဲ့ သူမဟာ အခုချိန်မှာတော့ ကမ္ဘာတလွှားမှာ ထင်ရှားကျော်ကြားနေပါပြီ။

တတိယအကြိမ်မြောက်ကျင်းပတဲ့ The Britain’s Got Talent ရဲ့ ပွဲမှာ I Dreamed A Dream ဆိုတဲ့ သီချင်းနဲ့ ၀င်ရောက်သီဆို ယှဉ်ပြိုင်ခဲ့ပါတယ်။ သူမရဲ့အိပ်မက်က အဆိုတော်တစ်ယောက် ဖြစ်ချင်တာပါလို့ ပြောတုန်းက လှောင်ပြုံးခဲ့ကြတဲ့ ပွဲကြည့်ပရိသတ်တွေ သူမ သီချင်းဆိုပြပြီးတဲ့အချိန်မှာ မရီနိုင်တော့ပါဘူး။ မတ်တပ်ရပ်ချီးမြှောက် အားပေးတဲ့ လက်ခုပ်သံတွေ အကြားမှာ... မယုံနိုင်လောက်အောင် အံ့အားသင့်နေတဲ့ ပရိသတ်တွေကြားမှာ... အကဲဖြတ်ဒိုင်လူကြီး ၃ ဦးစလုံးက အမှတ်ပြည့်ပေးတဲ့အထိ သူမရဲ့ အသံဟာ မယုံကြည်နိုင်လောက်အောင် ထူးခြားကောင်းမွန်လှပါတယ်။ အင်တာနက် Youtubeမှာ တင်ထားတဲ့ သူမရဲ့ သီဆိုယှဉ်ပြိုင်မှု ဗီဒီယိုဖိုင်ကို ကြည့်ရှူ့သူပေါင်း ၁၉ သန်း ကျော်သွားပါပြီ။

ချီးကျူးစကား သိပ်မပြောတတ်တဲ့ Simon
က မှတ်ချက်ပေးသွားတာကတော့...
“I knew there would be something extraordinary when I saw you up there and I was right. You’re a real little tiger aren’t you?”

အသက်ကြီးပေမယ့် မပျက်ဆီးသေးတဲ့ ရွက်ပုန်းသီးတွေဆိုတာ ဒါမျိုးတွေပဲနေမှာပါ။

10 comments:

  1. အသက်ကြီးပေမယ့် မပျက်ဆီးသေးတဲ့ ရွက်ပုန်းသီးဆိုတော့ "ခင်ဦးမေ"လို့နေမှာပေါ့

    ReplyDelete
  2. သူ့ဝါသနာက သူ့ကို တွန်းပို့တာပဲနော်။ youtube မှာ သွားကြည့်လိုက်အုံးမယ်။

    ReplyDelete
  3. သိနေတယ်.. သိနေတယ်.. တစ်ယောက်ယောက်တော့ ရေးမှာပဲဆိုတာ.. :)

    အန်တီကြီးက ရေလည်ပိုင်တယ်၊ ဒါတောင် အဆိုမသင်ဖူးဘူးတဲ့။

    ReplyDelete
  4. မနေ့ကပဲ သတင်းစာထဲ ဖတ်လိုက်ရတယ်၊ သူဆိုတာတော့ မကြည့်ရသေးဘူး။

    ReplyDelete
  5. အခုပဲ သွားကြည့်လိုက်တယ်။
    Really Incredible Voice!

    ReplyDelete
  6. ကျေးဇူး July ရေ...(မနေ့က သင်တန်းမှာ သူငယ်ချင်းက ကြည့်ဖို့ပြောလိုက်တာ) ကြည့်လိုက်ရပြီ...သူ့ပုံစံလေးကလည်း ချစ်စရာလေး...အသံလေးက crystal clear voice

    ReplyDelete
  7. မနက်ကပဲ နားထောင်လိုက်သေးတယ် ကိုအီဇက်အေ ဆီကနေ အသံကကြည်လင်ပြတ်သားတယ် တော်တော်ကောင်းတာပဲ ။

    ReplyDelete
  8. ရုံးရောက်နေလို့ အိမ်ကျမှ နားထောင်မယ်း)

    ReplyDelete
  9. ဟုတ်ပါ့ဗျာ တကယ့်အဆိုတော်တွေတောင် သူ့လို မဆိုနိုင်တာသေချာတယ် အသံအနိမ့်အမြင့်နဲ့ အော်ပရာတွေမှာ ဆိုတဲ့အသံမျိုးက ထူးခြားတယ်။
    ထိုက်တန်တဲ့ဆုပါပဲဗျာ။

    ReplyDelete
  10. ဖတ်ပြီးပြီးချင်းပဲ Youtube မှာ သွားကြည့်မိပါတယ်။ တကယ်ကို heart-touching ပါပဲ ကိုဂျူလိုင်ရေ။ ၄၇ နှစ်လုံးလုံး ရွက်ပုန်းသီးဘဝနဲ့ နေခဲ့တာ နှမြောစရာ ကောင်းလိုက်တာ။ အမျိုးသမီး ဒိုင်လူကြီး Amanda Holden ပြောသွားတဲ့ “I honestly think that we're all being very cynical and that's the biggest wake-up call ever” ဆိုတဲ့ စကားကိုလည်း သဘောကျမိတာပါပဲ... ဒီပို့စ်အတွက် ကျေးဇူးပါ ကိုဂျူလိုင်ရေ...

    ReplyDelete