Thursday, May 21, 2009
Life is like...
Life is like a role of toilet paper, hopefully long and useful,
but it always ends at the wrong moment.
Rudyh
အခုရက်တွေမှာ အိမ်သာစက္ကူကုန်တဲ့ အချိန်လိုမျိုး ထိုင်ရခက် ထရခက်... ဒီအတိုင်းကြီး ထွက်လာရခက် ဖြစ်နေတယ်။ ရှေ့လကုန်ခါနီးတုန်းက အိပ်တဲ့ကုတင် ကျိုးသွားလို့ ကြမ်းပေါ်ဆင်း အိပ်ရတယ်။ ကုတင်က လူကြီးဝိတ်ကို မခံနိုင်တဲ့ ယိုင်တိုင်တိုင် နဲ့တဲ့တဲ့ နှစ်ထပ်ကုတင်လေးပါ။ လူကလည်း ကြာလေကြာလေ ၀က်ရုပ်ပေါက်လာလေဆိုတော့ ကလေးဝိတ်ပဲ ခံနိုင်ရှာတဲ့ ကုတင်လည်း ကျိုးရှာပါလေရော။ သေချာတာ တစ်ခုကတော့ အဲဒီကုတင်က သွေးရိုးသားရိုး ကျိုးတာပါ။ တခြား ပယောဂ မပါပါဘူး။
အဲဒီနောက်ပိုင်း ရုံးမှာ တက်လိုက်ရတဲ့ အစည်းအဝေးတွေ... ဖင်တောင် ထိုင်ခုံနဲ့ အမြစ်တွယ်နေလို့ မနည်း ရှင်းယူရတယ်။ ဒီအစည်းအဝေးခန်းလေးထဲမှာပဲ အဲကွန်းနှစ်လုံးက ထပ်ဖွင့်ထားလိုက်တော့ တစ်နေ့တစ်နေ့ မီးယပ်ချမ်း ထမှာတောင် ကြောက်နေရတယ်။ ရေမသောက် သေးမပေါက် ပြောသမျှ နားထောင် ရှင်းပြသမျှ ထိုင်ကြည့်နဲ့ အစည်းအဝေးက ထွက်လာရင် ဖရီးကစ်ပေးခံထားရတဲ့ ရုပ်လိုမျိုး လိန်ပိန်နေတာပဲ။ အဲဒီကြားထဲ တစ်ယောက်တစ်ပေါက် နှာချေ ချောင်းဆိုးလိုက်တာ... တစ်ခန်းလုံး ဓါတ်တွေကူးပါလေရော။ အဲဒါနဲ့ပဲ ကျွန်တော်လည်း ရေကန်အသင့် ကြာအသင့် အအေးမိပြီး ဖျားပါလေရောဗျာ။
သောက်လိုက်ရတဲ့ ဆေးတွေ... လူတောင် ပျော့ဖတ်ကို ဖြစ်လို့။ ဆရာဝန်လည်း ဆေးပြင်းပြင်းတွေ ပေးပြီး ၀က်တုပ်ကွေးကို တွန်းလှန်နေပုံရတယ်။ လူနာရုပ်ကလည်း ၀က်ရုပ်ထွက်နေတော့ စင်္ကာပူရဲ့ ပထမဦးဆုံး ၀က်တုပ်ကွေး လူနာဆိုပြီး မှတ်တမ်းအတင်မခံနိုင်ပုံပဲ။ မလေးရှားမှာတော့ ၀က်တုပ်ကွေး စဖြစ်နေပြီလေ။ အဲဒီဆေးတန်ခိုးနဲ့ ၃ ရက်အကြာမှာ နာလန်ထူလာတယ်။ ဒါပေမယ့် ဆေးဒဏ်တွေနဲ့ ရင်ဘက်တွေများ အောင့်လို့။ မှောက်အိပ်တာ တစ်ခုတည်းကြောင့် မဟုတ်လောက်ပါဘူး။ ရင်နာစရာတွေ ရှိလို့နေမှာပါလေ။
နေမကောင်းဖြစ်ပြီး နာလန်ထူလာတော့ မှန်ကြည့်မိသေးတယ်။ ထူးထူးခြားခြား မျက်နှာပေါ်မှာ ဘာဝက်ခြံမှ မရှိတော့ဘူး။ ကြည့်ရတာ အပူအပုပ်တွေ ကင်းစင်သွားပုံပဲ။ နေမကောင်းတဲ့ကာလမှာ အစားအသောက် နည်းပြီး ဖျားတဲ့ဒဏ်တွေကြောင့် လူလည်း မျက်နှာလေးကို သွယ်လို့။ ၀က်ရုပ်မထွက်ပဲ ကြည့်လို့ ကောင်းတဲ့ ပုံလေးဖြစ်နေတယ်။ ဒါကြောင့် ရထားပေါ်မှာ ကောင်မလေးတွေ ခိုးခိုးကြည့်တာ ဖြစ်မယ်။ မျက်နှာလေးက ကြည်လင်လန်းရွှင်နေပေမယ့် အတွင်းစိတ်ထဲမှာ အုံ့မှိုင်းညို့ဆိုင်းနေတာ ဘယ်သူသိမှာ မှတ်လို့နော်။
လူကသာရုံး တက်နေရတယ် စိတ်က အလုပ်ထဲမှာ ရှိလှတာ မဟုတ်ဘူး။ ၁၁ နာရီကျော်ရင် ဟိုဟာပြေးဖတ် ဒီဟာပြေးဖတ်နဲ့ ဆပ်ပြာသည် လင်ပျောက်သလို ဖြစ်နေတယ်။ အထွေအထူး ဖြစ်စရာ မရှိတာ သိပေမယ့် ဘာများတွေ့လေမလဲ စိတ်ဝင်စားမိတယ်။ လူတွေကလည်း လူပဲ။ ငြိမ်ငြိမ်လေး ထိုင်ဖတ်ကြပါ။ ထူးရင် ထင်ထင်ရှားရှား ပြမယ်ဆိုတာကို တဖွဖွပြောနေလည်း ဘာထူးလဲဟင်... ဘာတွေ ကြားသေးလဲဟင်... ထထမေးနေတာ အမြင်တောင် ကတ်မိတယ်။ ရုပ်ရှင်ရုံထဲမှာ သေးပေါက်ဖို့အတွက် ခဏခဏ မတ်တပ်ရပ် အပြင်ထွက်နေသလိုပဲ။ အလိုက်မသိတော့ ခက်သားပဲဗျ။
ဒီရက်ထဲ ချစ်သူလေးကပါ စကားမတည်ဘူး။ မတည့်တာတွေ မစားပါဘူးလို့ ကတိပေးထားပြီးမှ ငပိကြော် နှိုက်စားသေးတယ်။ ငပိနဲ့မျောက် မတည့်သလို ဖြစ်နေလို့ မစားပါနဲ့ ရှောင်ပါလို့ ကတိတောင်းထားတာကို ကတိဖျက်ပြီး ခိုးစားတော့ အခုတော့ လက်ကြီး ယောင်လို့။ အိမ်ရှေ့ပူ အိမ်နောက်လည်း မချမ်းသာဘူးပေါ့။ ကျွန်တော်က စကားမတည်တဲ့သူဆို အလွန်မုန်း။ ချစ်ရတဲ့သူမို့လို့ ဒေါသကို ကျိတ်မှိတ်မျိုသိပ် ချစ်တဲ့စိတ်နဲ့ မေတ္တာရှေ့ထား ခွင့်လွှတ်ပေးလိုက်ရပေမယ့် မချစ်တဲ့သူတွေ ကြည့်လို့မရတဲ့သူတွေ စကားမတည်တာ မြင်တွေ့ကြားသိနေရတော့ သောက်မြင်အကပ်သားဗျ။ တစ်နှစ်ပြီး နောက်တစ်နှစ်... မပြီးနိုင် မဆီးနိုင် သပွတ်အူ ဇာတ်ရိုက်နေတယ်။ နဂိုကတည်းက မြို့မေတ္တာ ခံယူနေရတဲ့အထဲ ကတိမတည် စကားမတည်တာ များလွန်းနေတော့ ဒီပွဲပြီးရင် အိမ်ပြန်မယ်ဆိုတာ ဘယ်တော့လည်းလို့ မေးချင်နေမိတယ်။
ဘ၀ဆိုတာ ဒီလိုပါပဲ။ မထင်မှတ်တဲ့အချိန်မှာ အီးကုန်းဖို့ စက္ကူကုန်သွားနိုင်ပါတယ်။ မထင်မှတ်တဲ့အချိန်မှာ မထင်မှတ်တာတွေ ဖြစ်တတ်ပါတယ်။
အင်း... နောက်နေ့တွေမှာ အိမ်သာအတွက် စက္ကူလိပ်တွေ သွားဝယ်ထားအုံးမှ။
23 comments:
  1. ကိုဂျူလိုင် လင်ပျောက်နေတဲ့ ပုံတော့ အမြင်ချင်သားဗျ။
    ချစ်သူလေးကလည်းနော် ပို့စ်တိုင်းပါသလိုပဲ။ Default setting ၀င်နေသလားမသိဘူး။ တစ်ချက်စစ်ပေးပါဦးဗျ
    ReplyDelete
  2. 22 May 09, 04:10
    kom: အောင်ကြိုးစားပါ။ ခံနေရတာမကြည့်ချင်ဘူး။ ပွဲသိမ်းလိုက်ပါဆိုတော့ နေ့ရွေ့ညရွေ့။ တုတ်ခနောင်းလေး ရှာထားပါ။ စက္ကူကုန်သွား အသုံဝင်တယ။် ရေလဲ ရတယ်။
    22 May 09, 04:08
    kom: ဖတ်လို့ကောင်းတယ်။မွေ့ယာ အထူလုပ်ပါ။ အသံမထွက်ဘူးပေါ့။ မီးယ်ချမ်း။မီးယပ်ချမ်း။ အရူးမလင်။ ပက်လက်အ်ပ်ါပါ။ ကောင်မလေးများခိုးကြည့်သည်။ ရုပ်ရှင်ကြည့်ခါနိးမိတ်တပ်ရပ်သီချင်းဆို ။ ဒီလိုဘဲ မယားနေစ ကြောင်သေမှ ဖြစ်
    ReplyDelete
  3. :D မမကွမ်က ရှော့ကပ် ထုတ်ပေးသွားတယ်နော် .. မှတ်ရလွယ်သွားတာပေါ့ .. ဆက်တင်လည်းတချက်စစ်လိုက်ဦးနော့ .. :D
    ReplyDelete
  4. ငါးပိခွက်နှိုက်တာနဲ့ဘာလို့လက်ယောင်တာလဲ။
    ၂ထပ်ကုတင်နဲ့အိပ်ရသလား ကလေးလဲမဟုတ်ပဲနဲ့။NTUC မှာအိမ်သာသုံးတစ်သျှူးတွေ ဈေးချနေတယ် အမြန်သွားဝယ်နော်။
    ReplyDelete
  5. ခပ်သော့သော့လေးရေးထားပုံကဖတ်လို့ကောင်းတယ် ရယ်လည်းရယ်ရတယ် ကုတင်ကတကယ်ပဲသွေးရိုးသားရိုးကျိုးတာလားဗျာ... ဟီးဟီး စိတ်ဆိုးပါနဲ့ စတာပါ ပျော်ရွင်ပါစေ :)
    ReplyDelete
  6. ;-) အားလုံးကောင်းပါတယ်.. ကုတင်ကျိုးတာနဲ့ စက္ကူကုန်နေတာကတော့ ဂွပဲ... :-P
    ReplyDelete
  7. ကောင်မလေးတွေများ၂ကြည့်အောင် ခဏ၂ နေမကောင်းဖြစ်ပေးပေါ့ ကိုဂျူလိုင်ရယ် ဟဲ၂ (နောက်တာ)
    ReplyDelete
  8. လာ.. ဖတ်... သက်ပျင်းချ... ဟင်းးးးးးးးးးးးးးး
    ReplyDelete
  9. သြော် အကိုရယ်
    ကုတင်ကျိုးတယ်ပြောတာ ရှင်းမပြရင် ရပါတယ်
ှရှင်းပြလိုက်မှာ ရယ်မိသွားတယ်
    မျက်နှာတော့လိုက်တယ်နော့်
    ချစ်သူကိုကျတော့ကြိတ်မှိတ်ခွင့်လွှတ်တယ်ပေါ့လေ
    အခုရောနေကောင်းသွားပီးလား
    နေမကောင်းတဲ့ရုပ်ကကြည့်လို့လှတယ်ဆိုတော့
    လူမမာရုပ်ကလေးနဲ့နေပေါ့
    အိမ်သာသုံးစက္ကူ ကုန်ရင်လဲ ရေနဲ့ပြောင်းသုံးဗျာနော့်
    ပိုတောင်အဆင်ပြေမလာပဲ
    ဒီလိုပဲ မထင်မှတ်တာတွေ ဖြစ်လာတဲ့အချိန်မှာ
    ဖြစ်လာသမျှကို ခါးစည်းပဲခံတော့မယ်
    ဘဝက တစ်ခါတစ်လေလူကို လာလာစမ်းတတ်လွန်းလို့
    သူစမ်းသမျှခံနိုင်အောင်လုပ်နေတယ် တစ်ခါတစ်လေတော့လဲ အစမ်းခံရတာယားနေတယ်
    ဘာရယ်မဟုတ် စိတ်ပေါက်တာရေးမိခြင်း ခွင့်လွှတ်ပါ
    ခင်မင်လေးစားစွာဖြင့်
    ဖိုးစိန်
    ReplyDelete
  10. ဖတ်သွားတယ် ကိုဂျူလိုင်ရေ..
    ရေးထားတာလေး မြူးကြွတယ်..
    ဥပမာလေးတွေက ထိမိပြီး ပြုံးချင်စဖွယ်..
    အင်း.. အိမ်သာစက္ကူလေးတော့ များများဆောင်ထား..း)
    ReplyDelete
  11. တစ်နှစ်ပြီး နောက်တစ်နှစ်... မပြီးနိုင် မဆီးနိုင် သပွတ်အူ ဇာတ်ရိုက်နေတယ်။ နဂိုကတည်းက မြို့မေတ္တာ ခံယူနေရတဲ့အထဲ ကတိမတည် စကားမတည်တာ များလွန်းနေတော့ ဒီပွဲပြီးရင် အိမ်ပြန်မယ်ဆိုတာ ဘယ်တော့လည်းလို့ မေးချင်နေမိတယ်။
    အင်း ဘာကို မေးချင်တာလဲ သိသလိုလိုပဲ*****
    ReplyDelete
  12. သိပြီသိပြီ ဝက်ဘဝက သစ်ပင်ဖြစ်တော့ ပျော့ဖတ်ဖြစ်ပြီပေါ့.. ဒီကြားထဲ ဆပ်ပြာသည် ဘယ်တုန်းက လုပ်လိုက်တာလဲဟင် .. အင်း ကောင်မလေးကိုလည်း လူထင်တာ လတ်စသတ်တော့ မျောက်ကလေးကို ဟီး .. ဝက်ကတော့ အီးကုန်းတဲ့ စက္ကူသုံးတယ်လို့ တခါမှ မကြားဖူးပေါင် .. :P
    ReplyDelete
  13. ဖတ်ပြီး ရယ်လိုက်ရတာ။
    ကွန်မန့်တွေ ဖတ်ပြီး ပိုရယ်ရသေး။
    ထိုင်ခုံမှာ တွယ်နေတဲ့ အမြစ်တွေကိုတော့
    ဓာတ်ပုံရိုက် မတင်လိုက်နဲ့နော်။
    ReplyDelete
  14. ထရံချိုးလာပေးတယ်။
    ဖက်ခူးလာပေးတယ်။
    ငပိစားပြီး ဘာလို့ လက်ယောင်တာလဲ။
    မသိလို့ ပါ။
    ReplyDelete
  15. ဖတ်ကောင်းတယ်
    လိုသလိုတွေးလို့ကောင်းတယ်
    ပြုံးသွားတယ်
    ဒီလောက်ပြုံးခွင့်ရတာနည်းလား
    နော့
    ကျေးဇူးတင်ပါသည်။း)
    ReplyDelete
  16. ဖတ်ကောင်းတယ်
    လိုသလိုတွေးလို့ကောင်းတယ်
    ပြုံးသွားတယ်
    ဒီလောက်ပြုံးခွင့်ရတာနည်းလား
    နော့
    ကျေးဇူးတင်ပါသည်။း)
    ReplyDelete
  17. ချစ်သူက ငါးပိစားပြီး လက်ယောင်တယ် ချစ်သူရဲ့ချစ်သူက ၀ိတ်များပြီး ကုတင်ကျိုးတယ် သတင်းလုပ်ချင်လိုက်တာနော် ထူးထူးဆန်းဆန်း အင်တာဗျူးပေးပါလားဟင်..
    ဟဟဟ စတာ
    ReplyDelete
  18.် ဒီတခါ အစစ် အစစ်
    ချစ်သူလေး ပါလာပြီ
    ဒါနဲ့ ကုတင်က အိပ်နေတုန်း ကျိုးတာလားဟင်
    အောက်ကို ပြုတ်ကျသွားသေးလား။
    :D
    ReplyDelete
  19. ကလူသစ်လဲ သမီးလေးကို ပို့စ်တိုင်း သူ့အလိုလိုပါအောင်လုပ်ချင်တယ်။ ဘယ် setting မှာ ၀င်ပြင်ရသလဲဟင် :)
    ReplyDelete
  20. ကိုJuly ရေ..
    မမျှော်လင့်တာတွေ မမျှော်လင့်တဲ့အချိန်မှာ ဖြစ်လာတတ်ပါတယ် ဆိုတာ ကတော့ ဟုတ်ပါတယ်..
    ခုဇာတ်လမ်းက မမျှော်လင့်ပေမယ့်လည်း ဖြစ်လာနိုင်တယ် ဆိုတာတော့ ထင်ထားကြပြီးသားကိုဗျ..
    ReplyDelete
  21. အခုတေြာ့်ကြမ်းပေါ်အိပ်နေရပြီပေါ့လေ ကတိမတည်တာအရေးယူတာကလဲ မျက်နှာလိုက်ပါ့း)
    ReplyDelete
  22. ကိုဂျူလိုင်..ဖတ်လို့ကောင်းတဲ့ စာလေးအတွက် ကျေးဇူး..စိတ်ထဲနဲနဲပေါ့သွားရလို့...။ :)
    ReplyDelete