Tuesday, May 12, 2009

Quote for the mother


ကမ္ဘာကြီးတွေ ကမ္ဘာကြီးတွေမှာ
အာဒံနဲ့ဧဝကပဲ စတယ်လို့ပဲ ပြောပြော

ဗြဟ္မာကြီးလေးပါးက စတယ်ပဲ ပြောပြော...
သူတို့အထဲမှာ အမေဆိုတဲ့ က္ကုထ္တိလိင် သင်းဝင်ပါလာလို့သာ
ကမ္ဘာကြီးက အဆက်မပြတ်ဘဲနဲ့ ဒီနေ့အထိ ကျနော်တို့အထိ
သားစဉ်မြေးဆက်တွေဖြစ်လာတာ မဟုတ်လား အမေ...

အမေမှန်သမျှ ဘာသာ၊ လူမျိုးခြား၊ လူမျိုးမခြားရယ်လို့ ကျနော့်စိတ်ထဲမှာ မရှိဘူးအမေ
သားသည် အမေတစ်ယောက်ဟာ အမေပါပဲ အမေ...
သူက ယုတ်ညံ့လို့၊ သူက လူမျိုးခြားမို့လို့၊ သူက ဘာမလို့၊ ဘယ်ဘာသာမို့လို့
မဟုတ်ပါဘူးအမေ… မဟုတ်ပါဘူးအမေ…

ကျနော်မြင်တာဖြင့် ကျနော်ပြောအုံးမယ်… ကျနော်လွန်သွားမလား...
မလွန်ပါဘူးအမေ ကျနော်စဉ်းစားထားပြီးမှ ပြောတာပါ...
အမေမှန်ရင်လေ အမေ... နားနဲ့မနာ ဖဝါးနဲ့နာ ပြောလိုက်ပါရစေတော့…
အမေဟာ ကျနော့်လက်ထက်ထဲမှာ ကျနော့်မျက်စိအောက်မှာပဲ…
မိန်းမရွှင်ဖြစ်နေပါစေ…
အမေဟာ အမေပါပဲ ~~

ဆရာကြီး ဦးသုခ

~~~~~~~~~~~~~~

ရင်ထဲအထိ ထိုးဖောက်လွှမ်းမိုးနိုင်အား ကောင်းလွန်းလို့ မမေ့သွားရလေအောင်
အမေကိုချစ်တဲ့ သားသမီးတွေရဲ့ကိုယ်စား
မှတ်တမ်းတင်ထားပါရစေ...

12 comments:

  1. အမေ့ ကိုရော အဖေ့ကို ရော အရမ်းသတိရတယ်....

    ReplyDelete
  2. အမေရေ.. လွမ်းတယ်ဗျ....

    ReplyDelete
  3. ညီမလည်း မှတ်သွားပါတယ် ..း)
    အမေဟာ အမေပါပဲ ..

    ReplyDelete
  4. မှန်ပါ့ အမေဟာ အမေပါပဲ။
    အမေဟာ တစ်ခါတုန်းက သမီးပါပဲ ရုပ်ရှင်လည်း ကြည့်ကောင်းတာပဲ :P

    ReplyDelete
  5. အမေ ...........လို့အားရပါးရခေါ်လိုက်တယ။် စိတ်ကူးထဲမှာ.....

    ReplyDelete
  6. အမေ့ကို လွမ်းလိုက်တာ။

    ReplyDelete
  7. ဟုတ်တယ် သူများတွေအတွက် ဘာကြီးပဲ ဖြစ်နေပါစေ။ ရင်သွေးတွေအတွက်တော့ အမေဟာ အမေပါပဲ။

    ReplyDelete
  8. အမေဟာ အမေပါ ဘာဖြစ်၂ပါ..

    ReplyDelete
  9. အမေနဲ့ ရွှာကိုလွမ်းတယ်...ဟိဟိ

    ReplyDelete
  10. ဆရာကြီးဦးသုခ ဟောပြောပွဲမှာပြောတာကို မြဝတီရုပ်မြင်သံကြားကလာတာကို ကြည့်တုန်းကလိုပဲ ပြန်ခံစားရပါတယ်။
    ရင်ထဲမှာ အမေ ဆိုတဲ့အသံတွေ ပဲ့တင်ထပ်သွားရပါတယ်။

    ReplyDelete
  11. အဲဒီနေ့တုန်းက လက်ဆောင်လေးပေးရင်း အမေ့ကိုပြောခဲ့တယ် အမေကို ဖက်ပြီး အရမ်းချစ်တယ်လို့..အမေ့မေတ္တာနဲ့ သမီး ရှင်သန်နေရတာပါလို့
    တကယ်တော့ အမေကို ချစ်တဲ့သူတိုင်းအတွက၊် အမေက ချစ်ရတဲ့ သားသမီးတိုင်းအတွက် နေ့တိုင်းဟာ အမေ့မေတ္တာတွေနဲ့ ရင်သန်နေရတာပါပဲ..

    ReplyDelete
  12. ဟုတ်တယ် အမေဟာ အမေပဲ....။

    ReplyDelete