Thursday, May 14, 2009
Shame on you
တိုင်းပြည်မှာ အောက်တန်းစားတွေ တနေ့တခြား များများလာတယ်။ ပညာတတ် အောက်တန်းစား။ ပညာမဲ့ အောက်တန်းစား။ ကလေကချေတွေ များသထက် များများလာတယ်။ ပညာတတ် အောက်တန်းစားတွေထဲမှာ တချို့က တန်ခိုးပါဝါရှိကြတယ်။ ပညာမဲ့ အောက်တန်းစားတွေထဲမှာ တချို့က စည်းစိမ်ချမ်းသာရှိကြတယ်။ တချို့အောက်တန်းစားတွေက ဘာတစ်ခုမှ မရှိကြဘူး။ ပညာလည်း မရှိ။ ပါဝါလည်း မရှိ။ စည်းစိမ်လည်း မရှိ။ ကိုယ်ကျင့်တရားလည်း မရှိ။ ဒါပေမယ့် သူတို့အားလုံးကို ခြုံကြည့်လိုက်ရင် သူတို့တွေမှာ တူတာတစ်ချက်က အောက်တန်းကျတာပါပဲ။
အောက်တန်းစားတွေ များလွန်းနေတဲ့ တိုင်းပြည်ထဲမှာ အောက်တန်းစားတွေ ထပ်ပေါ်လာတာ မဆန်းပါဘူး။ အောက်တန်းစားတွေ ဖြစ်အောင်ပဲ တမင်တကာ လုပ်ထားလို့ပဲ အောက်တန်းစားတွေ များလာတာပဲ ဖြစ်မယ်။ အခြေအနေမဲ့ ပညာမဲ့ အောက်တန်းစားတွေက အောက်တန်းစားဘ၀ကနေ ရုန်းထွက်ဖို့ မကြိုးစားကြသလို စည်းစိမ်ပါဝါရှိတဲ့ အောက်တန်းစားတွေကလည်း အောက်တန်းစား ဖြစ်နေမှန်းကို မသိကြဘူး။ ဒါမှမဟုတ် အောက်တန်းစား ဖြစ်နေတာကို သိရဲ့သားနဲ့ ရူးချင်ယောင်ဆောင်တာလည်း ဖြစ်နိုင်တယ်။
ပါဝါရှိတဲ့ အောက်တန်းစားတွေကလည်း ပါဝါကို အသုံးချတယ်။ စည်းစိမ်ရှိတဲ့ အောက်တန်းစားက စည်းစိမ်ကို အသုံးချတယ်။ ပညာရှိတဲ့ အောက်တန်းစားကို ပညာကို အသုံးချတယ်။ ဘာမှကို မရှိတဲ့ အောက်တန်းစားက အရှက်သိက္ခာမရှိတာကြီးကို ပေါ်ပေါ်ထင်ထင် အသုံးချတယ်။ ကိုယ်ကျိုးအတ္တကို ရှေ့တန်းတင်လွန်းတော့ စိတ်ဓါတ်တွေ တဖြည်းဖြည်း အောက်တန်းကျလာတာ သတိမထားမိကြဘူး။ ကမ္ဘာမီးလောင် သားကောင်ချနင်း ဖြစ်သွားကြပုံပဲ။ တချို့က စည်းစိမ်ဥစ္စာအတွက် အောက်တန်းကျတယ်။ တချို့က ရာထူးအာဏာအတွက် အောက်တန်းကျတယ်။ တချို့က နေရာဌာနအတွက် အောက်တန်းကျတယ်။ တချို့က စိတ်ဆန္ဒတွေအတွက် အောက်တန်းကျတယ်။
တချို့ပညာတတ်တွေကျတော့ ကိုယ်မှန်တာ ထင်တာကို မျက်စိမှိတ် ဖင်ပိတ် ငြင်းတတ်တယ်။ တကယ်တော့ သူတို့ တွေးတော ယူဆထားတာ အမှန်တရားအစစ် မဟုတ်ပြန်ဘူး။ သူတို့ဘက်က ကြည့်ရင် လက်ဖမိုး တခြားသူဘက်က ကြည့်ရင် လက်ဖ၀ါးဆိုသလိုမျိုး။ အဲဒါကို သူတို့လို လက်ဖမိုးလို့ မြင်တာမျိုးမှ အမှန်ပါ။ တခြားသူ မြင်တဲ့ လက်ဖ၀ါးဆိုတာ အမှားကြီးပါဆိုတာ လိမ့်အော်တတ်တဲ့သူမျိုးပေါ့။ သူတို့နဲ့ အမြင်မတူရင် ရန်သူဆိုပြီး နှုတ်သီးကောင်း လျှာပါး နှိပ်ကွပ်တတ်တဲ့ ပညာတတ် အောက်တန်းစားထဲမှာ ဆရာဝန်တွေလည်း အင်ဂျင်နီယာတွေ ပါသလို ပီအိတ်ခ်ျဒီ ဒေါက်တာဘွဲ့ရကြီးတွေလည်း ပါတယ်။
ဒီနေ့မနက်စောစောမှာ အောက်တန်းကျတဲ့ အကြောင်းတွေကို ကြားသိလိုက်ရတော့ အဲဒီသတင်းအတွက် မအံ့သြပေမယ့် သမိုင်းတွင်မယ့် လုပ်ရပ်တွေကို ရွံသထက် ရွံသွားပါတယ်။ အဲဒါကြီးက တခါလာလည်း မွဲပြာပုဆိုးကြီး ဖြစ်နေပေမယ့် လက်နှီးစုတ်ကတောင် သူ့ထက် ပိုသန့်နေသလားပဲ။ ခေါင်မိုးက မလုံတော့ မိုးဒဏ်ကို ခံနေရတာ မဆန်းတော့ပါဘူး။ မိုးစိုတဲ့အတူတူ မိုးရေချိုးကြတယ်။ အများ မိုးခါးရေ သောက်တော့ ကျန်တဲ့သူတွေလည်း မိုးခါးရေ သောက်ကြရတာပေါ့။ မိုးခါးရေ မသောက်ပဲနေရင် အရူး မဖြစ်ပဲ ကျန်နေခဲ့မှာ။ အဲဒီလိုနဲ့ တိုင်းပြည်ထဲမှာ အောက်တန်းစားတွေ များသထက် များလာတယ်။ စနစ်တကျ ဖျက်ဆီးခံနေရတဲ့ လူငယ်တွေလည်း အောက်တန်းကျလာပြီ။ ရည်မှန်းချက်တွေ မရှိကြတော့ဘူး။ အွန်လိုင်းမှာ တွေ့နေရတဲ့ လူငယ်အများစုလည်း ဖွန်ကြောင်ဖို့ပဲ အားသန်နေကြတယ်။ အချိန်တွေ ဒီလိုနဲ့ပဲ ဖြုန်းတီးနေကြတယ်။
ဒီနေ့ မနက်ပိုင်းမှာ မင်္ဂလာ မရှိသလို ညနေရုံးဆင်းပြီး အိမ်ပြန်ရောက်တော့လည်း ကျက်သရေ မရှိပြန်ဘူး။ ဘာတွေ ကျက်သရေ မရှိဖြစ်ရပြန်တာလဲလို့ သိချင်ရင်... နားနဲ့ ဖ၀ါးနဲ့နာလို့ အရင်ပြောရမယ့်ကိန်းပဲ။ ဘာဖြစ်သလဲဆိုတော့ ဂျီတော့ခ်ကနေ ခင်ချင်လို့ပါဆိုပြီး ဖွန်ကြောင်ရုံတင်မကဘူး အွန်လိုင်းကနေ ဖင်ပါချ သွားလို့ပါပဲဗျာ။ ဟင်.. ဘယ်လို... ဘာ ဘာ... ဆိုပြီး အာမေဋိတ်တွေ မထွက်လာပါနဲ့။ သေချာ ရှင်းပြရရင် နှမသားချင်း မစာမနာ အောက်တန်းကျတဲ့စိတ်နဲ့ အွန်လိုင်းကနေ ပါးစပ်အရသာခံ လက်သရမ်းသွားတာပါ။
အဲဒီ ၁၈ နှစ်အရွယ် ကောင်လေးက ကျွန်တော့်ကို ကောင်မလေးလို့ ထင်ပြီး...
ဂျီတော့ခ်မှာ ဖွန်ကြောင်နေတဲ့အဆင့်ကနေ တဆင့်တိုးပြီး...
အင့် အင့်...
အား အား...
ဖီးလ်ရှိတယ်ကွာ ဆိုပြီး ???
ကျန်တာတွေ ဖြည့်တွေးကြပါကုန်။ ဖြည့်မတွေးတတ်လည်း ဒီထက် ရေးပြလို့ မရတော့ဘူးကွယ်။ ကိုဇူလိုင်က ဘာတွေ သွားပြောနေလို့ အဲဒီကောင်က အဲဒီလို ပြန်ပြောရတာလည်း မေးရင် ကျွန်တော် ဘာမှ မပြောပါဘူး။ သူ မေးသမျှကို ဖြေနိုင်သမျှ ဖြေပြီး မဖြေနိုင်တာ မှန်သမျှ မဖြေပါဘူး။ ဒီလောက်ပါပဲ။
အောက်တန်းကျတယ်ဆိုတာ အောက်တန်းကျတဲ့သူတွေကို ရည်ညွှန်းပါတယ်။ ၀ါးလုံးရှည်ကို ချီးသုတ်ရမ်းတာ မဟုတ်ပါဘူး။ လူချစ်လူခင်များအောင် မနေတတ်တဲ့ ကျွန်တော် အခုတခါ အမုန်းဆေးတွေ ထပ်ဖော်ပါတယ်။ ကြိုက်သော်ရှိ မကြိုက်သော်ရှိ.... အောက်တန်းစားတွေကို အောက်တန်းစားလို့ပဲ ပြောလိုက်ပါမယ်။
အောက်တန်းစားတွေ...
အောက်တန်းစားတွေ...
အောက်တန်းစားတွေ...
မင်းတို့အစား ငါရှက်တယ်...
25 comments:
  1. ရန်ကုန်ပြန်တုန်းက အင်တာနက်ဆိုင်မှာ မြင်ရကြားရတာတွေ.. စိတ်ကုန်စရာကောင်းလွန်းလို့ ဇာတ်ထဲကလို့ အမယ်မင်း ဆိုပြီး အော်သာငိုလိုက်ချင်တယ်.. ဆယ်ကျော်သက်ကလေးတွေ .. ကောင်မလေးတွေရော ကောင်လေးတွေပါ မထစတမ်း ကျူနေကြတာ နားရှက်လာလွန်းလို့ ထတောင်ပြေးရတဲ့ အထိ.. သူတို့ကတော့ ဘာမှ မဟုတ်သလိုပဲ..
    အင်တာနက်ဆိုတာ ကျူဖို့ ဖွန်ကြောင် ဘဲကြောင်ဖို့ သက်သက်ကြီးလို့ ထင်နေကြတဲ့ လူငယ်တချို့ အတွက် ရင်လေးမိတယ်.. အန္တရယ်တွေကိုလည်း သူတို့ တွေးမိကြရဲ့လား စိတ်ပူစရာပဲ .. အင်တာနက်ကို အကျိုးရှိရှိအသုံးချပြီး ပညာရှာ ဘဝတိုးတက်လမ်းရှာလို့ အချိန်တွေကို အကျိုးရှိရှိသုံးကြရင် နိုင်ငံအတွက်လည်း တစ်နည်းတစ်ဖုံ အကျိုးရှိလာစေမှာ....
    လူငယ် တစ်ချို့တင်လားဆိုတော့ မဟုတ်ပြန်ဘူး .. ၂၀ ကျော် ၃၀ နားနည်း လူကြီးပေါက်စတွေကလည်း.. ထိုနည်းလည်းကောင်း တွေ့ရတော့ .. အင်း .. ကိုဂျူလိုင်ရေ.. ဗိုလ်ချုပ်ပြော သလို ... ### ဖြစ်ကုန်ကြတော့မှာပဲ.... ဟင်းးးးးးးးးးးး
    ReplyDelete
  2. ဟင်း ....
    စိတ်ညစ်စရာကြီးပါလား
    ReplyDelete
  3. လူအမျိုးမျိုးစိတ်အထွေထွေပေါ့ ကိုဂျုလိုင်. ကံအဆင်မသင့်လို့ခံလိုက်ရတယ်ဘဲထင်ပါတယ်။ စိတ်မကောင်းပါဘူး။ ဒီလိုမျိုးတွေတော့မဖြစ်သင့်ဘူး။
    ReplyDelete
  4. စိတ်လျော့ပါဗျာ။ ကမ္ဘာတလွှားမှာဖြစ်ပျက်နေတဲ့ ပြဿနာပဲဗျ။ မြန်မာပြည်လို ရှားရှားပါးပါးအင်တာနက်လေးသုံးခွင့်ရတဲ့ နေရာမှာ အဖိုးတန်အချိန်တွေ ငွေတွေ အလဟသသုံးပစ်နေတာ တွေ့ရတာတော့ ၀မ်းနည်းစရာပေါ့။ ဂျီတော့မှာ အာနိုးပုံတင်ထားလိုက်ပါလား။ ဒါမှမဟုတ် ဂျီတော့နာမည်ပြောင်းထားလိုက်လေ။ ဥပမာ july dream the straight ဖြစ်ဖြစ်ပေါ့ ။ :)
    ReplyDelete
  5. ကျွန်တော်က ဂျီတော့ခ်မှာ အဲဒါမျိုးတွေ ကြုံပေါင်း မနည်းတော့ဘူး။ အဓိက တရားခံကတော့ Forward Mail တွေပဲလေ။ နောက်တစ်ခုက ဂျီတော့ခ် လူကုန်ကူးခြင်း ခံရတာပါပဲ။ လှတပတ အကောင့်တွေကို လက်ဆင့်ကမ်းတာမျိုးပေါ့။
    တွေ့သမျှ လူကို လက်မခံနဲ့လေ ဆိုပေမယ့်...
    ဘယ်သူဘယ်ဝါမှန်း မသိပဲနဲ့ Reject မလုပ်ချင်ဘူး။ တချို့တွေက သွေးလှူဖို့ သိချင်တာတွေ ရှိလို့ လာချိတ်ဆက်တာမျိုး ရှိတတ်တယ်လေ။
    ကံအကြောင်းမလှလို့ ဆိုပြီး ကံကိုတော့ ရိုးမယ် မဖွဲ့ချင်ပါဘူးဗျာ။
    ReplyDelete
  6. ကိုယ့်ဆီမှာတော့မသိရင်denyပဲ၊တူ တူမတွေတောင်denyလုပ်မိတယ်..အချင်းချင်းတောင်နဲနဲရိုင်းရင်remove and blockပဲ၊ကြီးကျယ်တယ်ထင်ထင်...
ူlife is short
    ReplyDelete
  7. အမောင်ဂျူလိုင်ငယ်
    သမဝါယမပစ္စည်း ထုတ်သလိုသာ သဘောထားပါလေ။ လိုချင်တာနဲ့ မလိုချင်တာကို တွဲယူရတာပ။ သွေးအလှူကို လက်ခံဖို့ ရှိနေမှတော့ ကိုယ့်ဆီက ပြန်အလှူခံတာလေးတွေကိုလည်း အလိမ္မာနည်းလေးနဲ့ ကြည့်ရှောင်ပေါ့ကွယ်။
    အကြံပေးလိုတာကတော့ သွေးလှူဖို့ကိစ္စအတွက် ထင်ရှားပြတ်သားတဲ့ အကောင့်တစ်ခု သီးသန့်ယူလိုက်တာ ကောင်းမည်ပ။ ဆိုလိုတာက အကောင့်နာမည်မြင်တာနဲ့ သွေးအလှူရှင်တွေသာ ဆက်သွယ်ချင်ဖွယ်ရှိတဲ့ အမည်မျိုးသာပ။
    သို့ဂလို သိသာလျက်ကယ်နဲ့ ပေါ်ပေါ်တင်တင် ဆက်ခါ ဟလာတော့လည်း ပျော်ပျော်ရွှင်ရွှင် တက်တာ ပြလိုက်ပေပ။
    ဂျူလိုင်အိပ်မက်ဆိုတဲ့ အီးမေးလ် နာမည်လေးက ကဗျာဆန်တော့ တဏှာကြံ ခံရတာ မဆန်းပေဘု အမောင်ငယ်။
    အတစ ပို့စ်မှာ အတစ စာမူခ တော့ မဟုတ်ပါဘု
    ရသမျှ အကြံဥာဏ် အပြီးပေးခဲ့ပါရဲ့
    အမြန်ဆန် အီးမေးလ် အခုလုပ်................
    ReplyDelete
  8. ကိုဂျူလိုင်ရေ..
    ပေါက်ကွဲသံစဉ်တွေများလှချည်လား..
    ကိုတောင်ငူပြောသလို အကောင့်အသစ်ဆောက်လိုက်ရင်ကောင်းမယ်ထင်တယ်..
    ReplyDelete
  9. ကိုဂျူလိုင် ပေါက်ကွဲတာကို နားလည်တယ်..
    ပိုပြီး စိတ်မကောင်းဖြစ်စရာကောင်းတာက ကိုယ်တွေက အဲဒီအောက်တန်းစားတိုင်းပြည်ကဖြစ်နေတာပဲ..။ ဟုတ်တယ်.. တကယ် ရှက်တယ်..။ သေပစ်ချင်စရာကောင်းလောက်အောင် ရှက်စရာကောင်းတဲ့ သမိုင်းကို အထပ်ထပ် အရေးခံနေရတာ.. နာလှတယ်။
    ReplyDelete
  10. ဖြစ်မှ ဖြစ်ရလေ ကိုဂျူလှိုင်ရေ
    အပေါ်က မိတ်ဆွေတွေ ပြောသလိုပေါ့။
    သွေးလှူဖို့ အကောင့်အသစ်ထားလိုက်လေ။
    နောက်ပြီး အီးမေးပို့ လိမ်ါမယ်ပေါ့။
    တစ်ခါထဲ ဂျီတော့မှာ မေးမှ ပြောမှလည်း မဟုတ်ဘူးလေ။
    အောက်တန်းစားထဲ ကိုယ်မပါအောင် သတိထားရအုန်းမယ်။ ဟေဟေဟေ။
    အယ်ဇီ
    ReplyDelete
  11. ပေးတဲ့ Message အားလုံးကို ရလိုက်တယ်။ ကိုဂျူလိုင်ပို့စ်လေးက သိပ်ကို အနှစ်သာရရှိပါတယ်။ အပေါ်က အတော်များများ အကြံပေးကြတဲ့အတိုင်းပဲ သီးသန့် Account လေး ဖွင့်လိုက်တာ ပိုကောင်းပါတယ်။ ကျွန်မလည်း ကိုယ်ပိုင် ဘလော့ဂ် တခုမှ မလုပ်ထားပဲ Profile ကို ပြည့်ပြည့်စုံစုံ ထည့်ဖြစ်သွားတာ ကိုဂျူလိုင် ခံရသလောက် မဟုတ်ပေမယ့် ငယ်ငယ်ချောချော ပညာတတ် ဆရာဝန် မလေးတယောက် အထင်ကြီးခံရပြီး မိတ်ဆွေအတုတွေက လာမိတ်ဖွဲ့တာ ကြုံရ၊ အမှန်တိုင်း ပြောပြလိုက်တော့ စွန့်ပစ်သွားကြတဲ့ ပြဿနာတွေ ကြုံရလွန်းလို့ အခုတော့ Profile မှာ နောက်ခံ သမိုင်းကြောင်းရော အခုလက်ရှိခံယူချက်ရော အကုန်ထည့်ထားလိုက်တော့ မိတ်ဆွေအတုတွေ မလာတော့ဘူး။ ကွဲကွာနေခဲ့တဲ့ မိတ်ဟောင်းဆွေဟောင်းတွေနဲ့ အရင်က မသိတဲ့သူတွေဆိုရင်လည်း တကယ်မိတ်ဆွေအစစ်တွေပဲ လာတော့တယ်။ အလုပ်မရှိ အကိုင်မရှိ လတ်လျားလျတ်လျားနဲ့ ဖွန်ကြောင်ချင်သူတွေနဲ့ မိတ်ဆွေအတုတွေရဲ့ အန္တရယ်မရှိတော့ဘူး။ မြန်မာပြည်မှာ ကြီးစဉ်ငယ်လိုက် အောက်တန်းစား ဖြစ်နေတဲ့အခြေအနေက အမြန်ဆုံး လွတ်မြှောက်ပါစေ။
    ReplyDelete
  12. ကို ကလူသစ်ပြောတာ ဟုတ်ပါတယ်ဗျ။ ဒါက မြန်မာမှာတင် မဟုတ်ပါဘူး။ ကမ္ဘာမှာပါ ဖြစ်ပျက်နေတာပါ။ Gmail မဟုတ်တဲ့ တခြားမေးလ်တွေ သုံးရင် အရမ်းကို သိသာပါတယ်။ အခုဆို VZO က အရမ်းကို Freedom ဖြစ်လွန်းတာကလည်း ပြဿနာပါ။ Accept မလုပ်ပဲနဲ့ Video chat call ခေါ်လို့ရပါတယ်။ မတော်လို့များ မကိုင်မိလိုက်နဲ့ ကိုယ်တုံးလုံးပုံတွေ ထွက်လာပါတယ်။ ဒါတွေက ကမ္ဘာအနှံ့မှာ ဖြစ်ပျက်နေတဲ့ ကိစ္စတွေပါ။ မြန်မာပြည်က အခုမှ ရောဂါ ကူးလာတာပါ။ ကိုယ့်အသိုင်းအဝိုင်းက လူငယ်တွေကိုသာ မဖြစ်အောင် ဝိုင်းဝန်းထိန်းသိမ်းကြပါစို့ဗျာ။
    ReplyDelete
  13.့ိုဗီလိန်ပြောတာကို လက်ခံတယ်..
    ဒါပေမဲ့..
    Gtalk မှာ ကိုယ့်ကို လာပြောတာ ခံရရုံးလေးနဲ့တော့
    ပြီးတော့ မမေငြိမ်း ရဲ့ comment အတွက် တကယ်ဝမ်းနည်းမိပါတယ်..
    မြန်မာပြည်က လူ ဖြစ်ရတာရှက်တယ်လို့ ပြောတဲ့ အတွက်ပါ..
    ကျမလေးစားရတဲ့ စာရေးဆရာမ တယောက် ဘယ်နိုင်ငံသူ ဖြစ်ချင်ပါလိမ့်လို့ လဲ တွေးနေမိပါတယ်..
    ကျမတို့တွေ ကိုယ်နိုငရာတာဝန်တွေကို ကိုယ်စီထမ်းနေကြတယ်..
    သမိုင်းအပြောင်းအလဲ မရနိုင်သေးတဲ့ အခြေအနေတခုမှာ ရှိနေလို့သာ ကျမတို့ အဝေးမှာ ရှိနေကြရတာ..
    လက်တဆုပ်စာရှိတဲ့ အောက်တန်းကျသူတွေအတွက်
    ဒီနိုငငံသား ဖြစ်ရတာ ရှက်တယ်ဆို.. ဘာမှ လုပ်ခွင့်မရှိပဲ လည်စင်းခံနေရတဲ့ ပြည်သူတွေ ဘယ်သူ့ သွားအားကိုးရပါ့မလဲ လို့ လဲ တွေးမိပါရဲ့...
    မောင်လေးဂျူလိုင်ရေ..၈ျီတော့ခ်မှာ နှောက်ယှက်ခံရတာ စိတ်မကောင်းပါဘူး..
    ဒါပေမဲ့.. အပေါ်က comment အတွက် ပို စိတ်မကောင်းဖြစ်မိပါရဲ့
    ReplyDelete
  14. ”သူတို့ဘက်က ကြည့်ရင် လက်ဖမိုး တခြားသူဘက်က ကြည့်ရင် လက်ဖ၀ါးဆိုသလိုမျိုး။ အဲဒါကို သူတို့လို လက်ဖမိုးလို့ မြင်တာမျိုးမှ အမှန်ပါ။ တခြားသူ မြင်တဲ့ လက်ဖ၀ါးဆိုတာ အမှားကြီးပါဆိုတာ လိမ့်အော်တတ်တဲ့သူမျိုးပေါ့။ သူတို့နဲ့ အမြင်မတူရင် ရန်သူဆိုပြီး နှုတ်သီးကောင်း လျှာပါး နှိပ်ကွပ်တတ်တဲ့ ပညာတတ် အောက်တန်းစားထဲမှာ ဆရာဝန်တွေလည်း အင်ဂျင်နီယာတွေ ပါသလို ပီအိတ်ခ်ျဒီ ဒေါက်တာဘွဲ့ရကြီးတွေလည်း ပါတယ်။”
    လို့ ကိုဂျူလိုင် ပြောတာနဲ့ ပတ်သက်ပြီး ကျွန်မ နည်းနည်း ဆွေးနွေးချင်တယ်။ ဒါကိုကျွန်မ သိပ်လက်ခံတယ်။ မြန်မာပြည်မှာ သင်ခဲ့ရတဲ့ အမြင့်ဆုံးဘွဲ့ ဆရာဝန်၊ အင်ဂျင်နီယာ ဘွဲ့ရသမားတွေဟာ ကျောင်းသားဘ၀မှာ Case တခုရဲ့ Resulotion အတွက် ရှုဒေါင့်အမျိုးမျိုးက ဆွေးနွေးရတာ၊ အဲဒီအားလုံးထဲမှ နောက်ဆုံးကိုယ်က option တခုကိုပဲ ရွေးရပြီး ဘာကြောင့် ဒါကို ရွေးရတယ်တဲ့ အားသာချက်ကို တခြား option တွေထက် ပိုသာအောင် ပြန်ဆွေးနွေးပေးရတာ စတဲ့ Critical thinking နဲ့ လုပ်ရတဲ့ Assignment တွေ၊ စာတမ်းတွေ၊ class tutorial ဒါမှမဟုတ် online tutorial တွေ လုပ်ခဲ့ရလိမ့်မယ်လို့ ကျွန်မ မထင်ဘူး။ ရှိခဲ့ရင်တောင်မှ ဘက်ပေါင်းစုံမဟုတ်ပဲ Debate လို့ခေါ်တဲ့ ဘက်နှစ်ဘက်ကိုပဲ နှစ်ဘက် အငြင်းအခုန် ဆွေးနွေးခဲ့ဖူးလိမ့်မယ် ထင်တယ်။ Debate ဆိုတာကလည်း ကိုယ့်ဘက်ကိုပဲ ကိုယ်ယက်ပြောရတဲ့ ဆွေးနွေးမှုမျိုး ဆိုတော့ အမြင့်ဆုံးဘွဲ့ကို ရထားတဲ့ ပညာတတ်တွေ ဆိုပေမယ့် တဖက်ပဲ တွေးတတ် မြင်တတ်တာ ဖြစ်နိုင်တယ်။ ပညာတတ်ဆိုသူတွေရဲ့ ဆွေးနွေးပုံ ဆွေးနွေးနည်း၊ ဆွေးနွေးရာမှာ အချက်အလက်ကို တင်ပြပုံတင်ပြနည်းကို ကြည့်ပြီး ကျောင်းသားတယောက်သာ ဖြစ်တဲ့ ကျွန်မ အတော်ကို အံ့သြခဲ့ရဖူးလို့ ခန့်မှန်းကြည့်တာပါ။ ကျွန်မသင်ခဲ့ဖူးတဲ့ နိုင်ငံခြားက အထက်တန်း ပညာရေးမှာတောင် တက္ကသိုလ်မှာလို Tutorial discussion ဆိုတာ မရှိပေမယ့် Assignment လုပ်ရင် ဘက်ပေါင်းစုံက အကုန်ဆွေးနွေးပြီး ရေးပေးရပါတယ် ကိုယ်မှန်တယ်ထင်တာကိုပဲ တဖက်သတ်သွားဆွေးနွေးပြီး တင်လိုက်ရင်တော့ ၁၀ တန်းအဆင့် (မြန်မာပြည်မှာ ၈ တန်းအဆင့်) Assignment မှာတောင် အမှတ်တမှတ်မှ ရမှာမဟုတ်ဘူး။ ဒါကြောင့်မို့ ဘယ်လိုပဲ မတူတာကို ပြောပြော သူပြောလိုက်တဲ့ အချက်ကို ကိုယ်လက်မခံနိုင်ပေမယ့် မှားတယ်လို့ မသတ်မှတ်ပဲ ကိုယ့်အတွက်မမှန်ပေမယ့် သူ့အတွက် မှန်တယ်ဆိုတာ သဘောပေါက်ပြီးသား ဖြစ်သွားတယ်။ မြန်မာပြည်က ပညာတတ်တွေ ကတော့ အခုလို တဖက်သတ်ဖြစ်ရတာ သူတို့အပြစ်မဟုတ်ဘူး ပညာရေးစနစ်ကြောင့် ဖြစ်ရတယ်လို့ ကျွန်မ သဘောထားပါတယ်။
    ReplyDelete
  15. ညီလေး ဂျူလိုင်ရေ.. ဖတ်မှတ်သွားပါတယ်...
    ဟင်း... (သက်ပြင်းချလျက်...)
    ခင်မင်စွာဖြင့်..
    ကိုနေလင်း
    ReplyDelete
  16. ကိုဂျူလိုင်ရေ... ဟုတ်ပ... တန်ရာတန်ရာ ဖြစ်နေပြီထင်တယ်ဗျာ...။ အောက်တန်းစားတွေ... အချောင်သမားတွေ... လူယုတ်မာတွေ... ဖွံ့ဖြိုးတိုးတက်နေပြီ...။ ပညာတတ်ဆိုတဲ့ အချောင်သမားအောက်တန်းစားတွေကို ပိုရွံတယ်ဗျာ...။
    ReplyDelete
  17. strike ပြောတာမှန်တယ် (ဒီတစ်ခါပဲ strike မှန်ဖူးသေးတယ် ထင်တယ်)
    မသိရင် Accept မလုပ်ပါနဲ့လား။ ဆွေးနွေးချင်ရင် mail ပို့လို့ ရတာပဲလေ။ ဒီ post ကို တင်တဲ့နေ့ကတည်းက ဖတ်ပြီးသား ခုမှ comment ရေးဖြစ်တယ်။ နိုင်ငံနဲ့ ပတ်သတ်လို့ကတော့ ကရုဏာ ဒေါသောနဲ့ ပြောဖြစ်ကြတယ်လို့ မြင်ပါတယ်။
    ကို JD ကိုလည်း အကြံပေးတာပါ။ မသိဘဲနဲ့ accept လုပ်ရင်တော့ ရွှေနိုင်ငံက ဒါမျိုးတွေ နောက်ထပ် အကြောင်ပေါင်းတထိန် (အကြိမ်ပေါင်းတထောင်) မကြုံရဘူးလို့ မပြောနိုင်ဘူးနော်။
    သူများနိုင်ငံမှာ အဲဒီလို မဟုတ်က ဟုတ်ကတွေနဲ့ စိတ်ညစ်ရတာ မတန်ပါဘူးလေ။ ကိုယ့်ဘက်ကသာ ၀င်မလာနိုင်အောင် တားပါ။ အရေးကြီးရင် အကျိုးအကြောင်း မေးလ် ပို့ပါစေပေါ့။
    ReplyDelete
  18. ကျွန်တော်တို့ လာခဲ့တဲ့ ဘ၀အစတွေ ကွာနိုင်သလို အမြင်တွေလည်း ကွာနိုင်ပါတယ်။ တချို့ကေ့စ်တွေမှာ Mail က အချိန်တိုင်း အဆင်မပြေပါဘူး။ မသိတိုင်း လက်မခံပဲ ပယ်ချရမယ်ဆိုရင် နှစ်ဦးနှစ်ဘက် နစ်နာစရာတွေ ရှိနေပါတယ်။
    တိန့်ရှောင်ဖိန် ပြောသလိုပေါ့။ ပြတင်းပေါက် ဖွင့်ထားရင် လေပြည်လေညင်းတွေ ၀င်လာသလို ဖုန်တွေ အမှိုက်သရိုက်တွေလည်း ၀င်လာနိုင်ပါတယ်။
    အဲဒါကို ကျွန်တော် လက်ခံ နားလည်မိပါတယ်။ အဲဒီလိုနဲ့ ပြတင်းပေါက် ပိတ်ထားဖို့ အဆင်မပြေဘူး ထင်လို့ ပြတင်းပေါက် ဖွင့်ထားပါတယ်။
    အဲဒါဆိုလည်းဗျာ... ရင်ဘတ်ကြီးနဲ့ ခံစား မနေပါနဲ့လို့ ပြောချင် ပြောကြအုံးမှာ မြင်ယောင်မိတယ်။ ကျွန်တော်ဟာ စက်ရုပ် မဟုတ်ပါ။ ခံစားချက်ရှိတဲ့ လူသားတစ်ယောက်ပါ။
    ဒါကြောင့် ခံစားတယ်။ ရင်ဖွင့်တယ်။ ပေါက်ကွဲတယ်။ ကြည်နူးတယ်။ ဝေမျှတယ်။ ဆဲဆိုတယ်။ ဝေဖန်တယ်။
    ဝေဖန် အကြံပြုမှုတွေကို နွေးထွေးစွာ ကြိုဆိုပါတယ်။
    ကျေးဇူးလည်း တင်ပါတယ် ခင်ဗျာ။
    ReplyDelete
  19. ရှုတ်ပါတယ်လေ..ဂတုံးမကိုရှေ့မှာထိုင်ခိုင်းပြီး သူ့ဂေါင်းသာထိုင်ပွတ်ဗျာ...
    ReplyDelete
  20. Strike...
    ယောင်လို့တောင် ဂတုံး မတုံးမိစေနဲ့ပေါ့ကွာ။ အဟက်...
    ဂတုံးနဲ့ တွေ့လို့ကတော့ လုံးဝ အလွတ်ပေးမယ် မထင်ထားနဲ့။ စိတ်ဆိုးဒေါသထွက်နေတဲ့အချိန် ကြုံဆုံလို့ကတော့ အပီအပြင်... ထိုင်ပွတ်ပစ်မယ် မှတ်...
    (ကြောက်နေပြီလား Strike) ငှဲငှဲ...
    ReplyDelete
  21. ဘုရား ဘုရား.. မတွေးရဲစရာပါလား အကိုရယ်.. ဆိုးတယ်.. ဘာညာတင်ထားတဲ့ ပိုစ့်လိုပဲ.. google မှာ ရှာရင် အရှာအများဆုံးက အော်တိုတွေ တက်လာတာလေ.. ဘာညာ့ ဘလောဂ့်ကိုသာ သွားဖတ်ကြည့်လိုက်ပါတော့ အကိုရယ်
    ReplyDelete
  22. Pinkgold ဂတုံး တုံးမိရင်JD ကိုရှောင်နော်၊နောက်တော့မှ မတွေးရဲစရာတွေဖြစ်ကုန်ပြီမလုပ်နဲ့(တသက်လုံးမယ်သီလရင်
    ReplyDelete
  23. How about you?
    Most Myanmar talk shit about others only.They don't know that they are also same.If you dare enough come back and support for community,correct some young people,teach them how to live in their life etc.I mean something good for own people,do not write bad about your brothers ans sisters.
    ReplyDelete
  24. ကို JD ရေ
    မတောင်းဘဲ အကြံပေးပါရစေဦး။ မေးပို့ပါစေ ဆိုတာ အရင်ဆုံး အကျိုးအကြောင်း အရင် ပို့ပါစေ လို့ ပြောတာပါ။ ပြီးမှ talk ချင်သပဆို ဆက် talk ကြပေါ့။ ဘယ်သူ ဘာ့ကြောင့်ဆိုတာ သိပြီးပြီကိုး။ မေးက တချိန်လုံး အဆင်မပြေတာ မှန်ပါတယ်။ ဒါပေမယ့် သေချာ ပြောချင်ဆိုချင်တဲ့သူကို မေးက အရင်ပြောပါစေပေါ့။ နောက်မှ သူ့ကို talk မှာ permit ပေးလိုက်ရင် ပို ရှင်းလင်း သွားမလားလို့ပါ။
    စိတ်အနှောက်အယှက် ဘယ်သူ့ကိုမှ မကြုံစေချင်လို့ပါ။ ပြီးတော့ ဒီ post နေရာမှာ တခြား post တခု ဆုံးရှုံးသွားတယ် လို့လဲ ခံစားမိလို့ပါ။
    Sorry for ur time!
    ReplyDelete
  25. ခုမှ အားလို့ အေးဆေး စာလာဖတ် သွားပါတယ်။ စိတ်မကောင်း စရာတွေပဲ။ အဆင်ပြေ ပါစေ။
    ReplyDelete