Friday, July 3, 2009

Because you're special



ဘာရယ်တော့ မဟုတ်ပါဘူး။ အရည်မရ အဖတ်မရလေးပါပဲ။ ဒါကြောင့် ဘာတစ်ခုမှ မမျှော်လင့်ထားကြပါနဲ့။ မျှော်လင့်ထားပြီး မတွေ့လိုက် မမြင်လိုက်ရရင် စိတ်ပင်ပန်းမှာ စိုးလို့ပါ။ ကိုယ်ချင်းစာလို့ ကြိုပြောထားတာပါ။

ငယ်ငယ်တုန်းက အမှတ်တရ ပို့စ်ကဒ်တွေ၊ အရုပ်လေးတွေ လက်ဆောင်ရတာမျိုးကို မက်မောခုံမင်ခဲ့တယ်။ စားစရာနဲ့ အမှတ်တရ ပစ္စည်းတစ်ခုခု ဘယ်ဟာယူမလဲ မေးရင် ပစ္စည်းတစ်ခုခုကိုပဲ ရွေးမှာ အသေအချာပါပဲ။ အစားဆိုတာ စားပြီးရင် ချီးဖြစ်သွားမှာလေ။ အရွယ်ရောက်လာတော့ အမှတ်တရ ပို့စ်ကဒ်တွေ စာတိုက်ကနေ ပို့ရတာကို သဘောကျလာတယ်။ ခရစ်စမတ်မှာ ကျောင်းက ခရစ်ယာန်ဘာသာဝင် သူငယ်ချင်းတွေအတွက် ခရစ်စမတ်ကဒ်တွေ စာတိုက်ကနေ ထည့်ပေးဖူးတယ်။ သူတို့အိမ်ကို လမ်းလျှောက်ပြီး သွားပေးရင်တောင် ရောက်နိုင်ပေမယ့် စာတိုက်ကနေပဲ တကူးတက ပို့ခဲ့တာမျိုးပါ။ ဒါပေမယ့် ကျွန်တော့်မှာတော့ ဘယ်တုန်းကမှ ပို့စ်ကဒ် လက်ဆောင် ရတယ်ဆိုတာမျိုး မရှိခဲ့ပါဘူး။

မေတ္တာဆိုတာ အလျားအနံ မရှိပေမယ့် အသွားအပြန် ရှိတယ်ဆိုတာကို လက်ခံနိုင်ဖို့အတွက် ကြိုးစားခဲ့တာ အကြိမ်ပေါင်း မနည်းတော့ပါဘူး။ ဖြတ်သန်းခဲ့တဲ့ဘ၀မှာ ကျွန်တော်ဟာ ဖြူစင်တဲ့ အပေးသမား သပ်သပ်ပါပဲ။ ပြန်ရလိုက်တယ်ဆိုတာ ဘာတွေရှိမလဲကို နေ့လည်ခင်း အလင်းအောက်မှာ မီးတုတ်ကိုင်ပြီး ရှာတာတောင် မတွေ့ခဲ့ရသေးပါဘူး။ အဲဒီတော့လည်း မေတ္တာဆိုတာ ရောင်ပြန်ဟပ်တယ်ဆိုတာက ကျွန်တော့်အလှည့်ကျမှ ပြဒါးမှိန်သွားတာလားပေါ့။

ကံဇာတာ အလှည့်အပြောင်း ဆိုတာကလည်း မထင်မှတ်တဲ့အချိန်မှာ ဖြစ်တတ်ပြန်တယ်။ အဲဒီတော့လည်း အားမလျှော့တမ်း ဇွဲရှိရှိနဲ့ စောင့်ရအုံးမယ်။ ထူးခြားလာမှာပါလို့ အားတင်းရင်းနဲ့ပေါ့။

အခုတော့... ရောင်ပြန်ဟပ်တဲ့ မွေးနေ့ကဒ်တစ်ခု ရလိုက်ပါပြီလေ။ =)
Thank you, my dear.

20 comments:

  1. Because you're special, i came here in time.

    HAPPY BIRTHDAY, JULY DREAM!

    ReplyDelete
  2. ဒီနေ့က ကျွန်တော့် မွေးနေ့မှ မဟုတ်သေးတာ။ ဒွတ်ခ...

    မွေးနေ့ကို သိချင်ရင် ဘလော့ထိပ်ဆုံးက ပို့စ်တွေကို သွားဖတ်ကြပါဗျို့။

    ReplyDelete
  3. လိုချင်စောစောက ပြောရောပေါ့
    post တင်ပြီးတောင်းရင် ဆာလာအိပ်နဲ့တောင် ရဦးမယ်

    ReplyDelete
  4. အသွားအပြန်ရှိပါတယ်လေ
    အချိန်မတန်သေးလို့နေမှာပါ

    ReplyDelete
  5. ဘာကျွေးမှာလဲမသိ။

    ReplyDelete
  6. မွေးနေ့မဟုတ်သေးလို့ ဆုမတောင်းသွားသေးဘူး...

းဝ)

    ReplyDelete
  7. မွေးနေ့ေ၇ာက်ပြီလားဗျ ဘာမှလဲ မပြောဘူး
    ဘယ်နေ့လဲ ပြောပါ အမှတ်တရ ဖြစ်အောင် စာတပုဒ်ရေးထားတာရှိတယ် မတင်ခင် ပေးဖတ်မယ်။ မကြိုက်ရင်ပြော ဖျက်ပေးမယ်။

    ReplyDelete
  8. လုံလနဲ့ ဇွဲ မလျှော့ဘဲ အမြဲ ကြိုးစားမယ် ဆိုပါတော့....
်ကြိုးစား သူငယ်ချင်းရေ....

    ReplyDelete
  9. မေတ္တာက မစစ်လို့ နေမှာပေါ့ :p
    just kidding.
    မေတ္တာဆိုတာ တုံ့ပြန်မှုကို မမျှော်လင့်ရတဲ့ unconditonal love လို့ နားလည်ထားတာ။
    အမှတ်မှားတာများလားလို့ အခု ပြန်တွေးနေတယ်။
    ကိုယ့်မွေးလမှာ ph in myanmar မှာ ပထမဆုံး ပို့စ်တင်ပေးတဲ့ အတွက် အလွန်ကျေးဇူး။
    ပျော်ရွှင်စရာ ကောင်းသော မွေးလ ဖြစ်ပါစေလို့ လူလည်ကျပြီး ဆုတောင်းပေးသွားတယ်။

    ReplyDelete
  10. မျော်လင့်မထားပဲနဲ့ ရရင် ပိုဝမ်းသာစရာ ကောင်းပါတယ်..။ မွေးနေ့ ကဒ် လေးရတော့ ကိုယ့်မွေးနေ့ ကိုမှတ်မှတ်ရရ ရှိပါလား ဆိုပြီး ပိုကြည်နှုးစရာကောင်းပါတယ်..။ ပျော်ရွင်ပါစေ...။

    ReplyDelete
  11. ချစ်သူလေးက ပေးတာပဲ ဖြစ်ရမယ်။

    ReplyDelete
  12. ကွန်ပြူတာ သိပ်နှေးနေလို့ အရှေ့က ပို့စ်တွေကို သွားဖို့နေနေသာသာ ဒီကိုလာဖို့ကိုတောင် အကြာကြီး စောင့်ရတယ်။ မွေးနေ့က ဘယ်တော့လဲ။ ဇူလိုင်လဟာ ကျွန်မအတွက် အမှတ်တရတွေ သိပ်များတဲ့လ ဖြစ်တယ်။ ကျွန်မသားလေးလည်း ဒီလမှာပဲ မွေးတယ်။ PHinMM မှာ ပို့စ်တင်ပေးတာ ကျေးဇူးနော်။

    ReplyDelete
  13. ဂျစ်တူးလဲ ပို့စ်ကဒ်လေး ပေးတာ ၀ါသနာပါတယ်...။

    ဂျစ်သူငယ်ချင်းတွေကို ဂျစ်ဘယ်နိုင်ငံသွား လည်လည်
    အဲ့ဒီမြို့ရဲ့ ထူးထူးခြားခြား ဖြစ်မဲ့ ပုံပါတဲ့ ပို့စ်ကဒ်လေးတွေ ၀ယ်ပြီး ရင်းနှီးတဲ့ သူငယ်ချင်းတွေကို စာတိုက်က ပို့ပေးတတ်တယ်....။

    နောက်တစ်ခုက
    သော့ချိတ်လေးတွေ .....အမှတ်တရရှိတယ်လေ ...။

    အမြဲကံကောင်းသောသူ ဖြစ်ပါစေလို့ ဆုတောင်းပေး
    လိုက်ပါတယ်.....မေတ္တာဆိုတာ ရောင်ပြန်ပါတယ်...။

    အချိန်လေးတစ်ခု စောင့်လိုက်ပါအုံး....။

    ခင်မင်စွာဖြင့်
    ဂျစ်တူး

    ReplyDelete
  14. မွေးနေ့လက်ဆောင် online ကနေ eမေတ္တာတွေ အများကြီးရပါစေဗျာ :P

    ခင်မင်စွာဖြင့်
    သီဟသစ်

    ReplyDelete
  15. ပို့စကတ်လေးရဲ့အထဲကမှ ဒီပို့စ်ရဲ့ အသက်လို့ထင်မိတယ်..ဒါပေမယ့် အိမ်ရှင်ကဖွက်ထား
    တော့ မြင်သလောက်လေးပဲ ကြည့်ပြီးပြန်သွားပါတယ်..။
    စပ်စုတာမဟုတ်ပါဘူး ခင်ခင်မင်မင်ပြောရုံသက်သက်ပါပဲ
    ...ခင်မင်သောအားဖြင့်..

    ReplyDelete
  16. ကိုယ်ကလည်း အမှတ်တရလက်ဆောင်ရရင် သိပ်ဝမ်းသာတယ်။ ကိုယ်လည်းကြိုက်တတ်တဲ့ အရာမျိုးကို ပေးတဲ့သူတွေက အသေအချာ အချိန်ပေးပြီး စဉ်းစားရတာဆိုတော့ အဲဒီအချိန်လေးအတွက်လည်း ကျေးဇူးတင်မိတတ်တယ်။

    ReplyDelete
  17. ပထမဆုံးဆိုရင် တန်ဖိုးအထားရဆုံးဖြစ်မှာပါ။
    နောက်နောင်တွေမှာ မေတ္တာတွေ ရောင်ပြန်ဟပ်နိုင်ပါစေဗျာ။

    ReplyDelete
  18. မေတ္တာရောင်ပြန်ကဒ်လေးအတွက် ဝမ်းသာပါတယ် ကိုဂျူလိုင်ရေ။ Happy Birthday ပါ (အခုမှ စာတွေလိုက်ဖတ်နေရလို့ belated birthday wish ဖြစ်သွားတာတော့ တကယ် Sorry ပါနော်း)

    ReplyDelete
  19. သြော်
    ဂလိုလား
    ပျော်ရွှင်ပါစေ ကိုဇူလိုင်ရေ
    ထူးခြားလာမှာပါး)

    ReplyDelete
  20. အဟမ်းအဟမ်း

    ReplyDelete