Wednesday, August 12, 2009

Malaria parasites



ငှက်ဖျားပိုးဟာ သွေးနီဥတွေကို မာတောင့်သွားစေနိုင်တဲ့အတွက် သွေးကြောထဲကို သွေးနီဥတွေ ဖြတ်သန်း စီးဆင်းမှုကို အနှောင့်အယှက် ဖြစ်စေပါတယ်။ ကင်ဆာကတော့ ပြောင်းပြန်ပါပဲ။ ကင်ဆာဆဲလ်တွေဟာ ပျော့ပြောင်းလွန်းတဲ့အတွက် တခြားတစ်ရှုးတွေဆီကို ကူးစက်ပျံ့နှံ့ဖို့အတွက် အလွန်လွယ်ကူတာကို ရှာဖွေ တွေ့ရှိခဲ့ပါတယ်။ အဲဒီတွေ့ရှိမှုကို စင်္ကာပူအမျိုးသားတက္ကသိုလ်နဲ့ မန်ဆာချူးဆတ် နည်းပညာတက္ကသိုလ်က သိပ္ပံပညာရှင်တွေ ပူးပေါင်း လေ့လာတဲ့ သုတေသနလုပ်ငန်းကနေ ရှာဖွေတွေ့ရှိခဲ့တာပါ။

သွေးနီဥတွေရဲ့ အချင်းဟာ ၈ မိုက်ခရိုမီတာပဲ ရှိပါတယ်။ ဆံခြည်မျှင်ရဲ့ ဆယ်ပုံတစ်ပုံစာလေးပေါ့။ ဒါပေမယ့် ဦးနှောက်ထဲမှာ ရှိတဲ့ သွေးကြောလေးတွေဟာ ၂ မိုက်ခရိုမီတာပဲ ရှိပါတယ်။ ဒါကြောင့် သွေးနီဥတွေဟာ အဲဒီလို ဆံခြည်မျှဉ်သွေးကြောလို သွေးကြောသေးသေးလေးတွေမှာ ဖြတ်သန်းနိုင်ဖို့အတွက် အ၀ိုင်းကနေ ရှည်မျှောမျှောလေးတွေ ဖြစ်အောင် ပုံစံပြောင်း ဆွဲဆန့်လေ့ရှိပါတယ်။ လိုရာနေရာကို ဖြတ်သန်းပြီးတဲ့နောက် သွေးကြောအကျယ်တွေထဲကို ပြန်ရောက်တဲ့အခါ မူလအ၀ိုင်းပုံစံကို ပြန်ပြောင်းလေ့ရှိပါတယ်။

ငှက်ဖျားရောဂါပိုး သွေးကြောထဲကို ရောက်သွားတဲ့အခါမှာ ငှက်ဖျားပိုးက သွေးနီဥတွေကို မာတောင့် စေးကပ်သွားအောင် ပြောင်းပစ်လိုက်တဲ့အတွက် ငှက်ဖျားပိုး ကူးခံထားရတဲ့ အခြားသွေးနီဥတွေနဲ့ ပေါင်းစပ်မိပြီး သွေးအစုအခဲတွေ ဖြစ်ကုန်ပါတယ်။ အဲဒီလို သွေးနီဥ အစုအခဲတွေ ဖြစ်ကုန်တဲ့အခါ ပုံစံပြောင်း ဆွဲဆန့်နိုင်ခြင်း မရှိတော့ပါဘူး။ ဒါကြောင့် ငှက်ဖျားပိုးရှိနေတဲ့ သွေးနီဥတွေဟာ ဆံခြည်မျှင် သွေးကြောလေးတွေထဲနေ ဖြတ်သန်းပြီး အခြားသွေးကြောတွေဆီကို စီးဆင်းနိုင်ခြင်း မရှိတော့ပါဘူး။ သွေးဖြတ်သန်း စီးဆင်းမှု မရှိတဲ့အတွက် ကိုယ်တွင်းအင်္ဂါတွေဟာ လိုအပ်တဲ့ အောက်ဆီဂျင်ဓါတ် မရရှိတော့ပါဘူး။ ဒါကြောင့် သတိလစ် မေ့မြောတာတွေ ဖြစ်နိုင်ပါတယ်။

ကင်ဆာဆဲလ်တွေကတော့ သွေးနီဥတွေလို မဟုတ်ပါဘူး။ ကင်ဆာဆဲလ်တွေဟာ ပိုပြီး ပျော့ပြောင်းပါတယ်။ အလွန်သေးတဲ့ ဆံခြည်မျှင် သွေးကြောတွေထဲကို ကျုံ့ဝင်နိုင်ပါတယ်။ မူလပုံစံ ပြန်မယူခင် အချိန်လေးမှာတင် ခန္ဓာကိုယ်အတွင်း နေရာဝေးဝေးကို ကူးလူး သွားလာနိုင်တာကို တွေ့ရှိရပါတယ်။

8 comments:

  1. အဲဒါကြောင့် ကင်ဆာဆဲလ်တွေ၊ အမြစ်တွေ ကိုယ်တွင်းမှာ ပျံ့နှံ့နှုန်း အရမ်းမြန်တာပေါ့နော်။

    ReplyDelete
  2. အိုးးးးးး နှစ်ခုလုံး မကောင်းဘူးနော်။
    ကြောက်စရာကြီးးးးး

    ReplyDelete
  3. ဟုတ်ပါတယ်ခင်ဗျာ.. သွေးဥနီလို့ခေါ်တဲ့ Erythrocytes (RBCs) တွေဟာ Oxygen Transport လုပ်ပေးတဲ့ တာဝန်အပြင် ကျွန်တော်တို့ ကိုယ်ခန္ဓာအတွက် (Immune Response) ခုခံအားတာဝန်ကိုလည်း ထမ်းဆောင်ပေးပါသေးတယ်။ ကိုယ်ခန္ဓာထဲကို Bacteria တွေဝင်လာရင် RBCs ထဲမှာရှိတဲ့ Haemoglobin တွေက Free Radicals တွေကို ထုတ်လွှတ်ပြီး အဲဒီ ရောဂါပိုးမွှားတွေကို သတ်ပြစ်လိုက်တာပါပဲ။

    ReplyDelete
  4. copare and comparism ဖြစ်နေတယ်။ malaria တစ်မျိုးထဲအကြောင်းမှ မဟုတ်ဘဲ

    ReplyDelete
  5. Thanks a lot, and please quote reference link or article title next time!

    ReplyDelete
  6. မှတ်သားသွားပါကြောင်း..။

    ReplyDelete
  7. မသိသေးတဲ့ ဗဟုသုတတွေပါ ကိုဂျူလိုင်ရေ။ ကျေးဇူးတင်ပါတယ်...

    ReplyDelete