ဒီတစ်ပတ်လုံး နေ့ရောညပါ စိတ်ရောကိုယ်ပါ အားသွန်ခွန်စိုက် ကြိုးစားပမ်းစား စီစဉ်ထားသမျှ အနားကပ်မှ တေ့ဖြုတ်ခံလိုက်ရတယ်။ ဖေ့စ်ဘွတ်ခ်မှာလည်း ကွန့်မန့်တစ်ခုကို စ နောက်ပြီး ရေးခဲ့မိတာနဲ့ ဆွမ်းခံရင်း ငှက်သင့်ခံလိုက်ရတယ်။ ချစ်သူလေးခမျာ သွေးလွန်တုပ်ကွေးဖြစ်လို့ ဆေးရုံတင်ထားရပြန်တယ်။ ဗူးလေးရာ ဖရုံဆင့်၊ မြွေပူရာ ကင်းမှောက်သလိုမျိုး စိုးရိမ်စိတ်တစ်ဝက် နှောက်ကျိနေတဲ့ စိတ်တစ်ဝက်နဲ့ ပေါက်ကွဲခါနီး ယမ်းအိုးကြီးကို စနက်တံ ဆွဲဖြုတ်ပေးတဲ့ သတင်းက ၀င်ချလာတော့ ဒေါသလှိုင်းလုံးကြီးတွေ ဆူနာမီထက် မြင့်သွားတယ်။
ကိုယ်ကျိုးလည်း မရှိ အများအတွက် အကျိုးလည်း မရှိ... ဘာလို့များ ဖျက်လိုဖျက်ဆီး လုပ်ချင်သလဲ မသိဘူး။ မျောက်ပြပြီး ဆန်တောင်းတယ် ဆိုပဲ။ တတိယကြိမ်မြောက် တိုင်ကြပြန်ပြီ။ ကြိုးစားစီစဉ်ထားတဲ့ ပွဲက ဘာလို့ ပျက်သွားသလဲဆိုတာ အဲဒီတော့မှ ဇာတ်ရည်လည်တော့တယ်။ စေတနာ ထားမိတော့ ပိုပြီး စိတ်နာရတယ်။ အကျိုးခံစားရမှာက တို့သွေးလည်းမဟုတ် တို့သားလည်းမဟုတ်ပါ။ မွေးရပ်မြေဆိုတဲ့ နှောင်ဖွဲ့မှုတစ်ခုကြောင့် ရုန်းမထွက်နိုင်တာပါ။ ကိုယ့်ပိုက်ဆံနဲ့ ကျွန်ခံနေတယ်ဆိုပြီး အသိုင်းအ၀ိုင်းက လှောင်နေတာ ကြာလှပြီ။
အွန်လိုင်းမှာရှိနေတဲ့ ကိုမင်းအိုနဲ့ ပြဿနာတွေကို ရင်ဖွင့်ဖြစ်တယ်။ သူက ကျွန်တော်နဲ့ စကားပြောနေရင်း ဖေ့စ်ဘွတ်ခ်မှာ စာတွေ တင်နေပြန်တယ်။ မင်းဖတ်ဖို့အတွက် တင်နေတာလို့ ပြောသေးတယ်။ သူပေးထားတဲ့ အကြံအတိုင်း ခံစစ်ကနေ တိုက်စစ်တွေ ပြန်ဖွင့်ရမယ်။ ထာဝရ ရန်သူဖြစ်နိုင်လား ဆိုတာ ဆန်းစစ်ရပါမယ်။ ဒီလိုပဲ မိတ်ဆွေတွေကို ရန်သူ မဖြစ်အောင် စီစဉ်ရပါပြီ။ မနက်ဖြန်မှာ တိုက်ပွဲတွေ စပါပြီ။
ဖေ့စ်ဘွတ်ခ်မှာ သူရေးတင်ထားတဲ့ စာတွေကို ပြန်ဖတ်နိုင်ဖို့အတွက် အခုလိုပဲ သိမ်းထားလိုက်ပါတယ်။

မိတ်ဆွေများနဲ့ နီးအောင်နေ... ရန်သူနဲ့တော့ ပိုနီးအောင်နေပါ...။
နည်းလမ်းရှာလို့ ကုန်တာမှ ဖြေရှင်းလို့မရသေးရင် ပြသနာကို ပိုကြီးအောင် လုပ်ရတယ်...။
သူရဲကောင်းလိုချင်ရင် စစ်ပွဲတော့ တိုက်ရမှာပဲ။ တိုက်ပွဲမရှိဘဲ သူရဲကောင်းဘွဲ့ပေးချင်ရင် လူရယ်စရာပဲဖြစ်မယ်။
ခံစစ်ကြောင်းက နောက်ဆုံးအဆင့်ကို ရောက်နေပြီလို့ ပြောလာရင် သေချာရဲ့လား မေးမနေပါနဲ့။ တိုက်စစ်ကို စပါတော့...။
ကိုယ့်အစီအစဉ်အတိုင်း မဖြစ်တော့ဘူးဆိုရင် သူ့အစီအစဉ်အတိုင်း မသွားမိအောင် အရင်ကြိုးစားဖို့ မမေ့ပါနဲ့။
ရန်သူနဲ့ ပူးပေါင်းတော့မယ်ဆိုရင် မိတ်ဆွေတွေကို ရန်သူမဖြစ်လာစေဖို့ အရင် စီစဉ်ထားပါ...။
ရန်သူကို အပြီးသတ်ချေမှုန်းဖို့ စဉ်းစားရင် သူဟာ ထာဝရ ရန်သူဟုတ်ရဲ့လားကို အရင်စုံစမ်းပါ...။
ကိုယ့်ပြိုင်ဘက်က ကိုယ့်အရပ်မှာ ကိုယ်နဲ့အတူကြီးပြီး ကိုယ်နဲ့အတူ နှစ်ပေါင်းများစွာ နေခဲ့တာဆိုရင် သူလည်း ကိုယ့်ထက်ပိုပြီး မဟာဗျူဟာတွေ တတ်မနေဘူးဆိုတာ သဘောပေါက်ထားပါ...။
သြော် ဒါနဲ့ ဒီနေ့ဟာ World First Aid Day ပါ။ ဒီနှစ် ၂၀၀၉ အတွက် ဆောင်ပုဒ်က...
"First Aid skills should be available to all and not only for those who can afford it"

ကျေးဇူး..
ReplyDeleteအဆင်ပြေပါစေ brother!
ကိုဂျူလိုင်ရေ ဖတ်ကောင်းဗျ အမှတ်လဲ အခုမှ ရသွားပါတယ်
ReplyDeleteလိုရင်ပြောပါ။
ReplyDeleteချသာချ ။ နောက်နားက ရပ်ကြည့်နေပေးမယ် :)
ReplyDeleteအင်း.....................
ReplyDeleteဟမ်.. မောင်ဇူလိုင် ဘာတွေဖစ်.
ReplyDeleteစိတ်လျှော့ ကောင်လေး စိတ်လျှော့..
ဘာတွေဖြစ်လဲတော့ မသိပါဘူး။
ReplyDeleteစာသားတွေကတော့ အမိုက်စားပဲ။
:D
အမြန်ဆုံး အဆင်ပြေ စိတ်ချမ်းသာပါစေ။
ဆော်ဗျာ ကိုယ်မှန်တယ်ထင်ရင် ချသာချ။ အင်္ဂလိပ်စကားတောင် ရှိတယ် ဘာတဲ့ အိုင်အမ်အေ လပ်ဖ်ဗာ နော့အေ ဖိုက်တာ ဘပ် အိုင်ဝေလ်ဖိုက်ဖော် ဝက်စ် အိုင် လပ်ဖ် တဲ့။
ReplyDelete