Tuesday, October 20, 2009

Chilli Crab



ပြီးခဲ့တဲ့ တနင်္ဂနွေညဦးပိုင်းမှာ ငရုတ်သီးဂဏန်းချက် သွားစားတယ်။ စင်္ကာပူကျွန်းပေါ်က လက်ရာကောင်းတဲ့ စားသောက်ဆိုင်မှာပေါ့။ နေရာက မိန်းမချောလေးတွေ ပေါတဲ့နေရာ။ ဆိုင်က ဆိုင်းဘုတ်တောင် မရှိရှာဘူး။ လက်ရာကောင်းသလို ဈေးလည်းကြီးတယ်။ အနည်းဆုံး ဒေါ်လာ ၁၀၀ လောက်တော့ ကုန်လိမ့်မယ်။ မာမီနဲ့ ဒယ်ဒီကို စလုံးကျွန်း အလည်တခေါက် ခေါ်တဲ့အခါ အဲဒီဆိုင်မှာ ကျွေးအုံးမယ်။ စာမေးပွဲ ဖြေခါနီးလို့ အွန်လိုင်း မလာနိုင်ရှာတဲ့ ချစ်သူလေးကိုလည်း အလွမ်းစိတ်အခံလေးနဲ့ သတိတရရှိမိတယ်။ အစားအသောက်ကောင်း စားတဲ့အချိန်ဆို ချစ်တဲ့သူတွေကို သတိရတတ်တာ မဆန်းဘူးလေ။

အဲဒီနေ့က သိပ်မစားနိုင်ပါဘူး။ တို့ကနန်း ဆိတ်ကနန်းပါပဲ။ အခုတလော အစားအသောက်တွေ မ၀င်ဘူး။ ၀ိတ်လျှော့နေတာကြောင့် မဟုတ်ဘူး။ စိတ်ဖိစီးမှုများနေလို့ပဲ နေမှာပါ။ စိတ်ဖိစီးတာက အတိုက်အခိုက်တွေ များလွန်းလို့လည်း မဟုတ်ဘူး။ အတိုက်အခိုက်ဆိုတာ ဘေးနားမှာလည်း ရှိနေတတ်တာပဲ။ အဲဒီလောက်က ဂဏန်းစားသလိုမျိုး လက်မပေ လက်မ၀င်ဘူး။ ကလေးကစားသလို အေးဆေးပါ။ တကယ်ကတော့ ရုံးမှာ တာဝန်ကြီးကြီးတွေ ထမ်းနေရလို့။ လူကြီးက စိတ်ချယုံကြည်လို့ပဲလား အရည်အချင်းကို စမ်းချင်လို့ပဲလား။ ဘာမှန်းတော့ သေချာ မသိဘူး။ ဒါပေမယ့် တာဝန်ပေးတယ် ဆိုတော့လည်း ယူရတာပေါ့ဗျာ။

21 comments:

  1. chilli crab ဆိုရေလည်ကြိုက်သဗျ...
    ဂလု...ဂလု

    ReplyDelete
  2. ဒီလို အသောက်ကောင်းစားကောင်းတွေစားတိုင်း မိဘနဲ့ ရည်းစားကို သတိရမိလို့ ကြီးပွါးအုံးမယ်ဗျို့ ... အခုလို သတိရတတ်တာ တော်ပါပေတယ်ဗျာ...

    ReplyDelete
  3. ကလေးကစားနေတယ်ဆိုပဲ။ ကစားလို့ကောင်းလား။ အင်းပေါ့နော် သူလေးရှိတော့ ပျော်စရာလေးတစ်မျိုးပေါ့။ ဟုတ်တယ်မလား။ :)

    ReplyDelete
  4. ပုံလေးကြည့်ပြီးတော့ပဲ သွားရည်ကျသွားတယ် အကိုရာ။ မစားရအနံ့ခံ တောင်မဟုတ်ဘူးနော်။ အနံ့လေးတောင် မရရှာဘူး။း(
    အခုလို အစားကောင်းလေးတွေကို သတိတရကျွေးလို့ ကျေးဇူးပါနော်။

    ခင်မင်လေးစားလျှက်

    ReplyDelete
  5. ခုလို သတိရတာကိုပဲ ကျေးဇူးပါဗျာ


    ခင်တဲ့ ရီနို

    ReplyDelete
  6. ၁၀၀ တောင်များလှချည်လား...
    အကြိုက်ဆုံးဟင်းကတော့ ဂဏန်းဘဲဗျို့ ...

    mie nge

    ReplyDelete
  7. အော် no signboard မှာသွားစားတာကိုး။ အဲဒီက ဂဏန်းစားကောင်းတယ်

    ReplyDelete
  8. ဒီလောက်ကတော့ ပျင်းတောင် ပျင်းသေးတယ်။ ဂဏန်းလေးစားပြီးတောင် နေနိုင်သေးတယ်။
    (ကိုယ်စားလာပြောပေးတာ)

    ReplyDelete
  9. ဟေးး အားကျမခံ ပို့စ်တင်ပစ်လိုက်တယ် လာကြည့်ဦး ဟင်းးးးး

    ReplyDelete
  10. No Signboard...
    မရောက်တာတောင်ကြာပြီ...
    ဓါတ်ပုံမြင်တော့ စားချင်သွားတယ်...း))

    ReplyDelete
  11. ပြီးခဲ့တဲ့လကုန်က ဒီလိုဂဏန်းဟင်း ငတ်ငတ်နဲ့ လွတ်တွယ်လိုက်တာ
    ခု အူရောင်နေပြီခင်ဗျ...

    ReplyDelete
  12. ဗိုက်ဆာနေတဲ့အချိန်မှာမှ လာဖတ်မိတာ မှားလေစွ ကိုဂျူလိုင်ရယ်။ အလုပ်တွေကတော့ အဆင်ပြေမှာ သေချာပါတယ်။

    (Chilli Crab အကြောင်းရေးတာတောင် Default Setting က ပါတာပဲနော်... ဤကား စကားချပ်း))

    ReplyDelete
  13. သူများတွေလိုပဲ ပုံကြည့်ပြီး သွားရည်ကျသွားတယ်..စားကောင်းမယ့်ပုံပဲနော်...:)

    ReplyDelete
  14. chilli crab ကြိုက်ဘူး။
    လာကြည့်သွားတယ်။
    စားချင်စဖွယ်တော့ ကောင်းတယ်။ ဟိဟိ
    အကိုရေ... ယူထားရတဲ့ တာဝန်တွေ အကောင်းဆုံး ကျေပွန်ပါစေနော်။

    ReplyDelete
  15. ဂဏန်း ကြိုက်တော့ ကြိုက်တယ်
    အလုပ်လည်း ရှုပ်သလားမမေးနဲ့ :D
    သိပ်မစားဖြစ်ဘူး ..း)

    ReplyDelete
  16. ဂဏန်းဆို အသေရရ အရှင်ရရ

    ReplyDelete
  17. ဂဏန်းဟင်းတွေ့လို့ သွားရည်ယိုသွားတယ်။ အရသာက ဘယ်လိုနေလဲ။ တရုတ်ချက်တာ မစားဖူးဘူး။ ထိုင်းချက်တာပဲ စားဖူးတယ်။

    ReplyDelete
  18. အိမ်ကအစ်မချက်တဲ့ ဂဏန်းဟင်းလောက်ကောင်းတာ ဘယ်နေရာမှာမှ မရှိတော့ စားချင်တယ်လို့ ပြောတော့ဘူး.. ဂငယ်နဲ့စတဲ့လမ်းက ဆိုင်လား....

    ReplyDelete
  19. ဂျူလိုင်က
    ဂေလမ်းမှာ
    ဂဏန်းသွားစားပြီး
    ဂေါ်လီတော့ မလုပ်နဲ့ နော်
း))

    ReplyDelete
  20. Choa Chu Kang မှာ တစ်ဆိုင်ရှိတယ် အစ်ကိုရေ...အရမ်းကောင်း...:)

    ReplyDelete