Saturday, October 17, 2009

Mask covering face



ကျိုက်ထီးရိုး ရင်ပြင်တော်ကနေ မုဆိုးတောင်ဘက်ကို ဆင်းတဲ့လမ်းမှာ တောင်ပိုင်ကြီး ဘိုးဘိုးနီ နတ်နန်းဆိုတာ ရှိပါတယ်။ နတ်နန်းထဲကို ၀င်သွားပြီး မျက်နှာချင်းဆိုင် ရှေ့တည့်တည့်ကနေ ကြည့်ရင် ဘိုးဘိုးကြီးနတ်ရုပ်ကို နှုတ်ခမ်းမွေးထူထူ မျက်ခုံးမွေးထူထူ ပုံစံမျိုး တွေ့ရမှာပါ။ တကယ်တော့ အဲဒီနတ်ရုပ်က ဘိုးဘိုးနီ နတ်ရုပ် မဟုတ်ပါဘူး။ ဘိုးတော်သိကြားမင်းရုပ်တုလို့ နန်းထိန်းက ရှင်းပြပါတယ်။ အစွယ်ပြူးပြူး မျက်လုံးပြူးပြူးနဲ့ ဘီလူးပုံစံ ဘိုးဘိုးနီက ကြမ်းလွန်းလို့ လူတွေ ကြောက်ကြတယ်တဲ့။ အဲဒါကြောင့် ဘိုးတော်သိကြားမင်းရုပ်ကို ရှေ့မှာထားပြီး ဘိုးဘိုးနီကို ကွယ်ပေးထားရတယ်။ ကြမ်းလွန်းတဲ့ ဘိုးဘိုးနီကိုလည်း ဘိုးတော်သိကြားမင်းက ထိန်းပေးတဲ့ သဘောပါတဲ့။

လူတွေက ဘိုးဘိုးနီနတ်နန်းထဲမှာ ဖင်ပူးတောင်းထောင်ပြီး ကန့်တော့နေကြတာ တကယ်တော့ ဘိုးဘိုးနီမှ မဟုတ်တာ။ ဘိုးဘိုးနီလို့ ထင်ထားကြတဲ့ သိကြားမင်းရုပ်တုကြီးကို ကန်တော့နေတာပေါ့။ အဲဒီမှာ ဘာကို သွားတွေးမိသလဲ ဆိုတော့... ရှေ့ဘက်မှာ သိကြားရုပ် အကွယ်ခံထားရတဲ့ ဘိုးဘိုးနီခမျာ စိတ်ချမ်းသာရဲ့လား။ လူတွေက သူ့ကို ကန့်တော့တယ် ဆိုပေမယ့် သူရှေ့က သိကြားရုပ်ကြီးကို ကန့်တော့နေတာကို သူ ဘယ်လို ခံစားမိသလဲပေါ့။ သိကြာမင်းရုပ်ကို ကြည့်ပြီး ဘိုးဘိုးနီက ခန့်ချောကြီးလို့ ပြောနေတဲ့သူတွေ သူ့ပုံစံကိုသာ မြင်ရရင်ရော ဒီလိုပဲ ကန့်တော့ကြမှာလား ဆိုပြီး တွေးမိနေမလားပဲ။

အဲဒီလိုပဲ သိကြားမင်းဘက်က ပြန်တွေးရင် သိကြားမင်းခမျာ ရာထူးအလျှော့ခံရသလို ဖြစ်နေတယ်။ သမ္မတကို ကင်းစောင့်ခိုင်းသလိုမျိုးပေါ့။ သိကြားမင်းအနေနဲ့ တည်တည်တန့်တန့် အရှိန်အ၀ါကြီးကြီး နေလို့ရရဲ့သားနဲ့ တောင်ပိုင်ဘိုးဘိုးကြီးအဖြစ် ဟန်ဆောင်ပေးနေရရှာတယ်။ ကန်တော့တာ ခံနေရတာ သူ့ကို ကန့်တော့နေတာ မဟုတ်မှန်းလည်း သိကြားမင်းလည်း သိမှာပါလေ။ ပြီးတော့လည်း ဘိုးဘိုးနီကို ထိန်းဖို့ဆိုပြီး နတ်နန်းထဲမှာ အတူတွဲထားပေးတော့ လူဆိုးထိန်းလိုလို ဘာလိုလိုနဲ့ ခြေချုပ်မိပြီး အောင့်သက်သက်တော့ ဖြစ်ရှာမှာပဲနော်။

လောကမှာ အရှိကို အရှိတိုင်း မထားကြပဲ မျက်နှာဖုံးတွေ တပ်ကြတာ စိတ်ပျက်စရာပါပဲ။ ဒါက သိကြားမင်းကွ.. ဒါက ဘိုးဘိုးနီကွ ဆိုပြီး ဘေးချင်းကပ်ထားရင် ဘာဖြစ်မှာမို့လို့လဲ။ အခုတော့ ရှေ့တည့်တည့်က ကြည့်ရင် သိကြားမင်းရုပ်ပဲ မြင်ရတယ်။ အတွင်းနန်းထဲကို သေချာကြည့်မှ ဘိုးဘိုးနီကို မြင်ရတာ။ သူ့အရပ် သူ့ဇာတ် ဆိုပေမယ့် စိတ်ထဲမှာတော့ တကယ်ကို မနှစ်မြို့မိဘူး။ ရင်တွင်းဖြစ် စိတ္တဇပါပဲ။

ဟန်ဆောင် အပြုံးတုပင်လယ်ကြီးထဲမှာ ရှင်သန်ကူးခတ်လာခဲ့တဲ့ လူသားတစ်ဦး ဖြစ်နေလို့ပဲလား မသိဘူး... မျက်နှာဖုံးစွပ်တွေကို ပြင်းပြင်းထန်ထန် မုန်းမိတယ်။ ပျားသကာလို ချိုတဲ့စကားတွေ ကြားရရင် နောက်ကျောက ဓါးဒဏ်ရာတွေ ပြန်တွေးမိတယ်။ အတိတ်ဆိုတာ အရိပ်လိုပါပဲလေ။ ကြိုးစားပြီး မေ့ပစ်လည်း မရနိုင်ပါဘူး။ ဒါကြောင့် မိကျောင်းမင်းကို ရေကင်းမပြပါနဲ့။ ဘုန်းကြီးတစ္ဆေကို ကမ္မ၀ါ မဖတ်ပြပါနဲ့။ ကျွန်တော်ဇူလိုင်ကို တရားမဟောပါနဲ့။ မသိလို့ မိုက်နေတဲ့အထဲမှာ မပါဘူးဆိုတာ ရှင်းရှင်းသန့်သန့်လေး ယုံကြည်ပေးထားကြပါ။

ကျေးဇူးပြုပြီး မျက်နှာဖုံးတွေ ချွတ်ထားကြပါ။ အ၀တ်အစားတွေတော့ မချွတ်ခိုင်းပါဘူး။

25 comments:

  1. ပို့စ်လေးကိုဖတ်ပြီးတော့ ပြုံးမိတယ်...အာ့ ၁၂နာရီအတိပဲ ချိုးလေးကူတယ်...

    ReplyDelete
  2. ကိုဂျူလိုင်တွေးသလိုတွေးရရင် အဲ့လိုလုပ်မှ ဘိုးဘိုးနီက တကယ်ဒေါကန်မယ်ထင်တယ် ..
    အရုပ်မှားကြည့်ပြီး လေးစားကန်တော့နေတဲ့သူတွေကို ထရိုက်လို့ရရင် ရိုက်ချင်နေမလားမသိ..
    သိကြားမင်းရုပ် ကြည့်ရတာလည်း စိတ်လေနေပုံပဲ..

    ReplyDelete
  3. လက်နက်ကြီးယူဦးမလား။ ဒါက အမှတ်စဉ် (၄)
    :)
    တို့က လက်ခုပ်တီးမယ်။

    ReplyDelete
  4.ုတို့တွေက ပညာရှိပါ။

    ReplyDelete
  5. ယုံပါတယ်

    အပိုလဲမပြောချင်ပါဘူး

    ပြောရင်လဲ မနေသာ မလှုပ်သာ


    ချစ်ခင်စွာဖြင့်

    ဖိုးစိန်

    ReplyDelete
  6. ဟုတ်တယ်။
    မျက်နှာဖုံးစွပ် ဟန်ဆောင်တာ အရမ်းမုန်းတယ်။
    ဖတ်ရင်း သဘောကျသွားပါတယ်။
    ဟန်မဆောင်တဲ့ ကြည်လင်အပြုံးစစ်တစ်ခုနဲ့ ပြုံးမိသွားတယ်။
    ကိုဇူလိုင် အဆင်ပြေပျော်ရွှင်လို့ ကြည်လင်စွာ ပြုံးနိုင်ပါစေနော်။

    ReplyDelete
  7. မျက်နှာဖုံးတော့ မတတ်ပါဘူး
    အဝတ်လေးတော့လုံအောင်ဝတ်တယ်နော် ဟိဟိ

    ReplyDelete
  8. ကိုဂျူလိုင်ရေ ပမာလေးက အရမ်းလှတယ်ဗျ ... အမှန်တရားတွေဆိုလို့ ဖတ်လို့ကောင်းသွားပါတယ်ဗျာ ..

    ReplyDelete
  9. ဘီလူးခေါင်းဆောင်းနဲ့ မင်းသားလေးလား၊
    မင်းသားခေါင်းဆောင်းနဲ့ ဘီလူးကြီးလား
    ရုပ်ဖျက်ချင်လို့ Mask တပ်ထားပေမယ့် သူ့ဆီက အကုသိုလိ virus တွေတော့ ဘေးကို ပျံ့နှံ့ကုန်တယ်။

    ReplyDelete
  10. အတွေးစလေးတွေ ပွားသွားတယ် ကိုဇူလိုင်ရေ..ကျေးဇူး..

    ReplyDelete
  11. စတည်းက ကြမ်းတမ်းဆိုးသွမ်းပါတယ်ဆိုတဲ့ အရာကို လူတွေက ဘာဖြစ်လို့ ကိုးကွယ်ချင်ကြတာတဲ့လဲ။

    ကိုးကွယ်တော့ရော ကိုယ် ကိုးကွယ်တဲ့ အရာက "ဘာ" ဆိုတာကို ဘာလို့ သေချာသိအောင် မလုပ်တာတဲ့လဲ။ ရှေ့ကဟာလိုလို နောက်ကဟာလိုလို...

    ခက်တာ။

    ကျန်တာတွေ မတွေးသွားပါဘူး။ အဲဒါလေးပဲ တွေးတာပါ။

    ReplyDelete
  12. ဟင်.. ကျိုက်ထီးရိုး ဘိုးဘိုးနီက နောက်ကဘီလူးလား... ကျနော်ထင်နေတာက ဘိုးဘိုးနီရဲ့ လက်စွဲထင်နေတာ ဟီး..။
    တွေးလဲ တွေးတတ်ပါ့ဗျာ ဘလော့ဂါလို့ မပြောရဘူး အမြင်တွေစူးရှပါပေတယ်. ..။ ဟုတ်တော့လဲ ဟုတ်မယ်ဗျ ဘိုးဘိုးနီခမျာ ပြန်လဲ မလှန်ရဲတော့ အောက်သက်သက်နဲပနေမှာ သေချာတယ်။

    ReplyDelete
  13. အင်း...သိကြားမင်းလည်းအောင့်သက်သက် ၊ ဘိုးဘိုးနီလည်း အောင့်သက်သက် ဖြစ်မယ်ထင်တာပဲ....။အော်...လူတွေလူတွေ ကိုယ့်ဟာကိုယ်ဟန်ဆောင်ရတာ အားမရလို့ နတ်တွေသိကြားတွေကိုပါ လိုက်ပြီးဟန်ဆောင်ခိုင်းတော့တာပဲ...။

    ReplyDelete
  14. နိမိတ်ပုံတတ်ပြီးရေးတဲ့ဘလော့ဂါထဲမှာ ကိုဂျူလိုင်အတော်ဆုံးနဲ့တူတယ်..

    အရုပ်ဘေးချင်းကပ်ထားရင် ဘိုးဘိုးနီကလာဘ်ပိတ်သွားမှာပေါ့.. ခုက “သြော်အမှန်တော့ ငါ့ကိုကန်တော့တာပါ.. သိကြားမင်းကို ငါလို့အောက်မေ့ကြတာပါ”လို့တွေးပြီး ကျေနပ်နေလို့ရေးသေးတယ်လေ... :P

    နေ့အိပ်မက်...

    ReplyDelete
  15. ကျေနပ်နေလို့ ရေနေသေးတယ်လေလို့ ရေးသေးတယ်ဖြစ်သွားတယ်. ရှောတီး

    ReplyDelete
  16. အာ ဒီသဝေထိုးတစ်လုံးနဲ့တော့ ဒုက္ခပါပဲ.. ကျေနပ်နေလို့ ရနေသေးတယ်လို့ပြောတာ.. :( :(

    ReplyDelete
  17. ကျိုက်ထီးရိုးရောက်တုန်းက သိပ်စိတ်ဝင်စားခဲ့တဲ့ ရုပ်ထုတွေပါ။ ကိုဂျူလိုင့်အတွေးကို သဘောကျမိပါတယ်။

    မျက်နှာဖုံးတွေကတော့ မုန်းစရာကောင်းတာ အမှန်ပါပဲ ကိုဂျူလိုင်ရေ...

    ReplyDelete
  18. ဟန်မဆောင်ပဲ ပြုံးသွားတယ် အကိုရေ

    ခင်မင်လေးစားလျှက်

    ReplyDelete
  19. တော်သေးတာပေါ့ မျက်နှာဖုံးပဲချွတ်ခိုင်းလို့။ ခရေညို့ မှာတော့ဘာမျက်နှာဖုံးမှမရှိလို့ချွတ်စရာမလို။ ပြုံးပြီးပြန်သွားတယ်၊

    ReplyDelete
  20. မျက်နှာဖုံးတော့ စွပ်ထားတယ် အစ်ကို ဖြူဖြူကျော်သိန်းအားကျလို့ပါ ရင်ထဲကအတိုင်း ရိုးရာကိုင်ချင်ကိုင်ပါစေ..ရစ်ပစ်လိုက်မယ်လို့ အဲလေ ခင်မင်ပါတယ်ဗျာလို့..။ ဘိုးဘိုးကြီးတွေ ဓာတ်ပုံတင်ပေးထားတာ ကောင်းသဗျာ..နောင်လိုရင် ကူးချမယ်နော်။

    ReplyDelete
  21. ဝေလေးဆို ချွတ်ခိုင်းနေတာကြာလှပြီ။ မျက်နှာဖုံးပြောပါတယ်။ ဟိုးး ဘလော့စလုပ်ကတည်းက မျက်နှာဖုံးအကြောင်း ကဗျာရေးဖူးသေးတယ်။ (ကြော်ငြာဝင်သလိုဖြစ်သွားသလားပဲ မရည်ရွယ်ပါဘူး ) :D
    ကျိုက်ထီးရိုးသာရောက်ဖူးတယ် အဲဒီအရုပ်တွေမသိဘူး... တော်ချက်... နောက်တစ်ခါမှ သေချာကြည့်ရမယ်။ :P

    ReplyDelete
  22. ချစ်ဦးညို အသစ်ပါလား။

    ReplyDelete
  23. နှာခေါင်းစည်းတော့ တပ်ထားတယ်... တုတ်ကွေးကြောက်လို့... ဖြုတ်ပစ်လိုက်ရမလား...

းဝ)

    ReplyDelete
  24. မသိလို့ မိုက်တဲ့ထဲ မပါဘူးဆိုတော့ သိရဲ့နဲ့ပဲ မိုက်ချင် မိုက်မယ်ပေါ့ .. ဟုတ်လား .. :P
    (ရန်စသွားပါတယ် .. :D) တကယ်တော့ သမာဓိစမ်းတာ :P

    ReplyDelete
  25. ဖတ်ပြီးသိပ်သဘောကျသွားတယ်
    :D

    ReplyDelete