Thursday, October 1, 2009

The red evolution

အောက်တိုဘာ ၁ ရက်နေ့ ၁၉၄၉... တရုတ်နိုင်ငံရဲ့ အမျိုးသားနေ့

အခုချိန်မှာတော့ နှစ် ၆၀ တိတိ ရှိသွားပြီပေါ့။ ဖြတ်သန်းခဲ့တဲ့ နှစ် ၆၀ သမိုင်းစာမျက်နှာမှာ ရက်စက်မှုတွေ ရူးမိုက်မှုတွေနဲ့ အရုပ်ဆိုး အကျည်းတန်တာတွေ ရှိခဲ့သလို အောင်မြင်မှု သရဖူတွေ ဆွတ်ခူးခဲ့တာတွေလည်း ရှိပါတယ်။ ၂၀၀၃ မှာ အာကာသထဲကို လူလိုက်ပါနိုင်တဲ့ အာကာသယာဉ် လွှတ်တင်နိုင်ခဲ့တယ်။ ကမ္ဘာမှာ အမေရိကန်နဲ့ ဆိုဗီယက်ပြီးရင် အာကာသထဲကို လူလွှတ်နိုင်တဲ့ တတိယမြောက် နိုင်ငံဖြစ်သွားတယ်။ ၂၀၀၈ ခုနှစ်မှာ အိုလံပစ်ပွဲကို အောင်မြင်စွာ လက်ခံ ကျင်းပပေးနိုင်ခဲ့တယ်။

နှစ် ၆၀ အတွင်းမှာ ဘာတွေ ပြောင်းလဲသွားသလဲ ဆိုတာလေး ကြည့်လိုက်ကြရအောင်။
၁၉၄၉ မှာ ပျဉ်းမျှ လူ့သက်တမ်းက ၃၅ နှစ် - ၂၀၀၈ မှာ ၇၃ နှစ်
၁၉၄၉ မှာ စာတတ်မြောက်မှုနှုန်းက ၂၀% -၂၀၀၈ မှာ ၉၃%
၁၉၅၂ မှာ တစ်ဦးချင်းဝင်ငွေက ၁၁၉ ယွမ် - ၂၀၀၈ မှာ ၂၂၆၉၈ ယွမ်
၁၉၅၉ မှာ ကမ္ဘာ့ချန်ပီယံ အားကစားသမားက ၁ ဦး - ၂၀၀၈ မှာ ၁၂၀ ဦး

တကယ်ချစ်ရဲ့လားဆိုတာ အချိန်က စကားပြောသွားပါပြီ။ သူတို့နိုင်ငံကို သူတို့ တကယ်ချစ်ပါတယ် ဆိုတာကို အလုပ်နဲ့ သက်သေပြသွားပါပြီ။ အားကျသင့်တာတွေကို အားကျပါ။ အတုယူသင့်တာကို အတုယူကြပါ။


အသီးအပွင့်တွေအတွက် ပီတိဖြာနေတဲ့ ခေါင်းဆောင်နှစ်ဦး


လေတပ်မတော်ကလည်း ဝေဟင်ထက်မှာ အလှပြ ပျံသန်း



ရေတပ်မတော် ဂုဏ်ပြုတပ်ခွဲ ချီတက်အလေးပြု


ကြည်းရေလေတပ်ဖွဲ့က စစ်သမီးတွေ


နျူကလီးယား ဒုံးပျံတင် စစ်ကားတွေလည်း ချီတက်

Photo Credit: Xinhua

10 comments:

  1. ဒုံးပျံတွေ စစ်ကားတွေ တရုတ်ကြီးတွေ ဘာလုပ်ရမတုန်း အောက်မှာရှိတဲ့ ပို့စ်ထဲက
    စမူဆာနဲ့ ကော်ပြန့်ကမှ စားလို့ ရသေးတယ်....
း) ။

    ReplyDelete
  2. အားကျစရာတွေ အားကျနေပါတယ်ဗျ။ ဒါပေမဲ့ ခွဲခြား ခွဲခြားအားကျတာ။ အာဏာဘယ်လို ထိန်းထားသလဲဆိုတာပဲ အားကျတယ်။ :)

    ReplyDelete
  3. ကျွန်တော်လည်း အဲဒီလို ခဏခဏ ချီတက်တယ်ဗျ.. Zero Hour ထဲမှာပေါ့.. :P

    yu ya

    ReplyDelete
  4. ကျွန်တော်လည်း အဲဒီလို ခဏခဏ ချီတက်တယ်ဗျ.. Zero Hour ထဲမှာပေါ့.. :P

    yu ya

    ReplyDelete
  5. ပီတိဖြာနေတဲ့ ခေါင်းဆောင်နှစ်ဦးနေရာ နောင်အခါ ဘယ်သူဖြစ်နေလိမ့်..။ ပီဘိအားကျစရာ နောင်အခါ ဘယ်တော့ ဖြစ်မည်နည်း..။

    ReplyDelete
  6. ကြိုးစားရင် အရာထင်မှာပါလေ.. ကိုယ်တွေ့ပဲ မဟုတ်လား =)

    ReplyDelete
  7. တိုးတက်မှုတွေကိုတော့ အားကျမိပါတယ် စီးပွါးရေးလဲ တိုးတက်ပါတယ် ... ဆုတ်ယုတ်နေတာတွေက လူ့အခွင့်အရေးတွေ နိုင်ငံတကာ ဆက်ဆံရေးတွေ လူသားအခွင့်အရေးတွေ အစအစအရာရာ ကျန်နေပါသေးတယ် မြန်မာပြည်က အစိုးရတွေထက်စာရင်တော့ တော်ကြပါတယ် ...

    ReplyDelete
  8. ကျွန်မလည်း စစ်ပစ္စည်း အသုံးဆောင်တွေ တိုးတက်တာကိုတော့ အားမကျဘူး ကျန်တာတွေကိုပဲ အားကျပါတယ်။

    ReplyDelete
  9. တို့လဲ ညူးကလီယား ပိုင်တော့မှာပါအေ့

    ReplyDelete
  10. ဘာပြောရမှန်းတောင်မသိတော့ဘူး တကယ်... နိုင်ငံကိုချစ်တဲ့သူတွေရှိပေမဲ့လည်း.... ရှိပေမဲ့လည်းပေါ့လေ....

    ReplyDelete