Saturday, October 3, 2009

Youth Favourites 2009

ဒီနေ့က သီတင်းကျွတ် လပြည့်နေ့ပါ။ တရုတ်လိုလည်း လပြည့်နေ့ပါပဲ။ လမုန့်ပွဲတော် ကျင်းပတဲ့နေ့ပေါ့။ ဒီနေ့မှာ Youth Donor Club က ဦးစီးကျင်းပတဲ့ Youth Favourites 2009 ကို လုပ်အားပေး သွားရင်း ဓါတ်ပုံလေးတွေ ရိုက်လာခဲ့ပါတယ်။ ဒီနှစ်ပွဲမှာ ပါဝင်တဲ့ လုပ်အားပေးဦးရေက ရှေ့နှစ်ကလောက် မများပါဘူး။ ဒီတော့ လူနည်းနည်းနဲ့ ကျဲကျဲဝိုင်းခဲ့ရတယ်။ ဒါပေမယ့် ရည်မှန်းထားတဲ့ သွေးအိတ် ၂၀၀ ထက် ကျော်လွန်ပြီး သွေးအိတ်ပေါင်း ၂၀၈ အိတ် စုဆောင်းနိုင်ခဲ့ပါတယ်။ ပင်ပန်းရကျိုးနပ်တဲ့အတွက် ကျေနပ်မိပါတယ်။


ဟိုနားဒီနား နေရာတကာမှာ ပိုစတာ...


နေရာချင်းကို လဲပစ်ချင်တယ်...


ပါပါး အပ်ဖောက်တာ နာလားဟင်...


ဟိုလုပ် ဒီလုပ် တနေကုန် အလုပ်ရှုပ်...


သွေးလှူဖို့အရေး အိုး... ဒီက စောင့်နေသူ...
Milestone: 6 Months Old

13 comments:

  1. သာဓုပါတော်...။

    ReplyDelete
  2. သူစောင့်နေတာက တစ်ယောက

    ReplyDelete
  3. သာဓုခေါ်ပါတယ်

    ငမ်းတာနဲနဲ လျှော့ရင် ပိုကုသိုလ်ရနိုင်တယ်လို့ အကြံပေးချင်ပါတယ်

    ReplyDelete
  4. သာဗုပါဗျာ ကျွန်တော်လည်း အဲ့လိုသွေးလှူချင်တာ ဘယ်တော့များမှဖြစ်နိုင်မယ်မသိ

    ReplyDelete
  5. ပရဟိတအတွက် အချိန်တွေ အများကြီးပေးဖို့ အချိန်တိုင်း တက်တက်ကြွကြွ ရှိနေတဲ့အတွက် အမြဲလေးစားရပါတယ် ကိုဂျူလိုင်...

    ReplyDelete
  6. သွေးအိတ်တွေ မှန်းတာထက် ပိုရခဲ့လို့
    ကူပျော်ပေးခဲ့တယ်

    စည်းရုံးလှုပ်ရှားခဲ့တဲ့ JD လေး လဲ ဂုဏ်ပြုပါတယ်
    ခုလို လူမှုရေး လုပ်ငန်း တွေ စိတ်အား၊ ကိုယ်အား အပြည့်နဲ့ ဆောင်ရွက်ပေးခဲ့လို့
    ချစ်သူလေးနဲ့ အမြန် မင်္ဂလာဆောင်ခွင့်ရပါစေ ..း)

    ReplyDelete
  7. ကျွန်တော်လဲ သွေးလှူချင်တယ်ဗျ တစ်ခါမှ မလှူဖူးဘူး။ ဘီသွေးဗျ နောက်လိုရင် ခေါ်ပါ။

    ReplyDelete
  8. သူတို့များလေးစားဖို့ကောင်းလိုက်တာနော်

    ReplyDelete
  9. ခေါ်ရတော့မလား သာဓုက ??

    ReplyDelete
  10. မွန်မြတ်တဲ့သွေးအလှူတစ်ခုပါပဲ အားလုံးအတွက် အကျိုးရှိစေတယ်လေ ၀မ်းသာပါတယ်

    ReplyDelete
  11. သိတောင်မသိလိုက်ဘူး သီတင်းကျွတ်လပြည့်နေဆို့ မုန့်ဖိုးပဲစိတ်ဝင်စားနေတာနဲ့တင်

    ReplyDelete
  12. သိတောင်မသိလိုက်ဘူး သီတင်းကျွတ်လပြည့်နေဆို့ မုန့်ဖိုးပဲစိတ်ဝင်စားနေတာနဲ့တင်

    ReplyDelete
  13. လေးစားဖို့ ကောင်းပါတယ်။
    မွန်မြတ်တဲ့ အလှုရှင်လေးများကို လေးစားသွားပါတယ်။

    ReplyDelete