Thursday, November 12, 2009

Still very far

အဝေးကြီး

အမှောင်ယံညရဲ့ အာကာပြင်
ကိုယ်တစ်ယောက်တည်းမို့ အဖော်ရှာရင်း
ကြယ်ပွင့်လေးတစ်ပွင့် မြင်လာတယ်
ကိုယ်နဲ့ နီးနီးလေးလိုပဲ

အပြာရောင်လွှမ်းတဲ့ ပင်လယ်ပြင်
ကိုယ်ဖြတ်သန်းလို့ ခရီးတွေနှင်
ကမ္ဘာမြေသစ်တစ်ခု ရှာဖွေစဉ်
အရာရာ နီးနီးလေးထင်ခဲ့

ကိုယ်လျှောက်လှမ်းတဲ့ ဒီမြေပြင်
ဆုံလာခဲ့တဲ့ မျက်ဝန်းတစ်စုံတွင်
အကြင်နာတန်ခိုးများ မူပိုင်ရှင်
ကိုယ်လေ သိပ်ချစ်လွန်းပေမယ့်

ဟိုး... အဝေးကြီးပဲ

ကိုယ်လိုတာရတဲ့ အချိန်များနဲ့
ဒီမျှော်လင့်ခြင်းတွေ ကိုယ် လဲချင်တယ်
ကြယ်ပွင့်များလည်း ကိုယ်မနီးချင်
ပင်လယ်ကြီးလည်း ကိုယ်မဖြတ်ချင်
သိပ်ချစ်သူမျက်ဝန်းလေး မြင်ယောင်စဉ်
ကိုယ်ဟာ အနီးဆုံးရှိချင်လည်း

တကယ်တော့… အဝေးကြီးပဲ

တေးရေး တေးဆို မျိုးကျော့မြိုင်ပါ။ အတော်များများ သူ့သီချင်းတွေကို ကြိုက်ကြမယ်လို့ ထင်ပါတယ်။ သူ့သီချင်းတွေကို ကြိုက်တဲ့ ပရိသတ်ထဲမှာ ကျွန်တော်လည်း တစ်ယောက်အပါအ၀င်ပေါ့။ အဝေးကြီး ဆိုတဲ့ ဒီသီချင်းလေးလိုမျိုး သူ့သီချင်းတွေမှာ အေးအေးငြိမ့်ငြိမ့်လေး နားထောင်လို့ ကောင်းတာတွေ ရှိပါတယ်။ နည်းနည်း ဆူတဲ့ သီချင်းတွေလည်း ရှိပါတယ်။

အခုတလော အဲဒီသီချင်း တစ်ပုဒ်တည်းကို ညတိုင်း ညတိုင်း နာရီပေါင်းများစွာ ဆက်တိုက်ဖွင့်ဖြစ်နေတယ်။ သီချင်းစာသားတွေနဲ့ ရင်ခုန်သံ ထပ်တူဖြစ်နေတယ်။ ခံစားချက်က အဲဒီအတိုင်းပဲ။ ချစ်ရတဲ့ မျက်ဝန်းတစ်စုံကို ပြန်မြင်ယောင်တိုင်း ကြယ်ပွင့်တွေလည်း မနီးချင်ဘူး။ ပင်လယ်ကြီးကိုလည်း မဖြတ်ချင်တော့ဘူး။ ဒါပေမယ့် အခုထိတော့ အဝေးကြီးပဲလေ။ အနီးဆုံး ရှိချင်ပေမယ့်လည်း တကယ်ကို အဝေးကြီးပဲ။

နီးနေရဲ့နဲ့ ခပ်စိမ်းစိမ်းဖြစ်နေတဲ့ ချစ်သူတွေကိုလည်း အချိန်မဖြုန်းစေချင်ဘူး။ လက်ရှိရထားတဲ့ အခွင့်အရေးကို တန်ဖိုးထားစေချင်တယ်။ နီးလွန်းလို့ မမြင်ရရင်လည်း နည်းနည်းလေး ခွါပြီး ပြန်ကြည့်စေချင်တယ်။ မာနတွေ အတ္တတွေ ခ၀ါချစေချင်တယ်။ ကြယ်ပွင့်တွေနဲ့ နီးဖို့အတွက်... ပင်လယ်ပြာကို ဖြတ်ဖို့အတွက်နဲ့ အချစ်တွေကို လျစ်လျူ မရှုစေချင်ဘူး။ ချစ်သူရဲ့ မျက်ဝန်းတွေကို ပြန်လည် မြင်ယောင်ကြည့်စေချင်တယ်။

ကျွန်တော်ကတော့ အဝေးကြီးမှာရှိနေတဲ့ အနီးဆုံးရှိချင်သူ တစ်ယောက်ပါလေ။

11 comments:

  1. ရုပ်တည်ကြီးနဲ့ ချွဲတယ်ဟေ့..

    (လူကြမ်းမှာလဲ အသည်းနဲ့ပါ လို့ ပြောမလို့လား..လစ်ပြီ)

    ReplyDelete
  2. မင်းကုလ လမင်းကြီး မော့ကြည့်ပြီး သီချင်းဆိုနေတာကို မျက်စိထဲ ပြေးမြင်တယ်

    ReplyDelete
  3. ငိုချင်ရက် လက်တို့
    :(

    ReplyDelete
  4. တစ်ယောက်သောသူကို ဒါ ဖတ်စေချင်ပါတယ်...

    ReplyDelete
  5. အစ်ကိုရေ...အနော်လည်း မျိုးကျော့မြိုင်ကို သေလောက်အောင် ကြိုက်တဲ့ သူပါ။

    မျှဝေပေးတာ ကျေးဇူးနော်။

    ReplyDelete
  6. သီချင်းကဘယ်မှာလဲ။

    ReplyDelete
  7. မမ သီချင်းက ခေါင်းစဉ်မှာလေ..
    နှိပ်လိုက်ပါ။။
    အဝေးဆုံး အဝေးကြီးမှာ...

    ReplyDelete
  8. ဒီ သီချင်း အရမ်း ကြိုက်တယ်။
    တခါတလေ လူတွေမှာက နီးနီးနားနားရှိနေတော့ တယောက်ကို တယောက် တန်ဖိုး မထား တတ်မိဘူးလေ။ ကိုယ် ကိုယ် တိုင်လည်း တခါတလေ ဒီလိုပဲ ဖြစ်ဖြစ်သွားတယ်။


    တော်ပြီ ဒီနေ့ ကစ သေချာ ချစ်တော့မယ်။:)

    ယူတော့လေ။ ဘာစောင့်နေတာလဲ။ မအယ်သာ အနားရှိလို့ကတော့ ပွဲပြီးနေပြီ။ သီတင်းကျွတ်ပြီလေ။:))


    မအယ်

    ReplyDelete
  9. ဒီသီချင်းလားသိတာပေါ့
    ကြိုက်တယ်
    အခုမှ နိပ်ကြည့်ရတယ်။ ပေါက်ကယ်ပေလို့။ စာသားတွေ မှာသွားနိပ်နေတာ.

    ReplyDelete
  10. စနားထောင်ဖူးတဲ့ ၇ တန်း ၈ တန်း ကတည်းက ကြိုက်တာ ခုထိပဲ..။ ဘယ်အချိန် ဘယ်နှစ်ခါ နားထောင်ထောင် ..အရမ်းကြိုက်...:)

    ReplyDelete