Sunday, January 24, 2010

True heart

အစမ်းသပ်ခံ အသည်းနှလုံး

နွေနေပူမှာ ဖြတ်ကျော်လာဖူးမှ
ဆောင်းနှင်းကလေးများအား ပိုမြတ်နိုးမယ်
ပန်းပွင့်များခင်း ကိုယ့်ရင်ခွင်လမ်းအဝေး
မင်း ရောက်ရှိခိုက်
မညီမညာ ခယောင်းခင်းလမ်းတွေမှာ
အဆင်ပြေသလား
ကိုယ်တိုင်စမ်းလျှောက်ကြည့်တော့
မင်း သိပြီနော်...

အစမ်းသပ်ခံ အသည်းနှလုံး
သဘောထားအကြီးဆုံး
အားလုံးနဲ့ နှိုင်းယှဉ်
တို့ကတော့ မရှုံး
အစမ်းသပ်ခံ အသည်းနှလုံး
မင်း စိတ်ကြိုက်သုံး
အကောင်းဆုံးထက် ကောင်းမှ
မင်း ချစ်လိုက်အုံး...

အဖြူရောင်ဆိုတာ
အမည်းရောင်တွေကြားထဲ
ရောနှောထားမှ ကြည်လင်ပိုထင်ရှားမယ်
တစ်လောကလုံးနဲ့
ကိုယ်တစ်ယောက်တည်းလား
ဘဝနဲ့ရင်းလို့
မင်းကို ပြိုင်ချစ်ရဲသူ ရှိနိုင်မလား
မထင်ပါဘူး
မယုံရင် မင်းစမ်းကြည့်ပေါ့
မတားမြစ်ပါဘူး...

အစမ်းသပ်ခံ အသည်းနှလုံး
သဘောထားအကြီးဆုံး
အားလုံးနဲ့ နှိုင်းယှဉ်
တို့ကတော့ မရှုံး
အစမ်းသပ်ခံ အသည်းနှလုံး
မင်း စိတ်ကြိုက်သုံး
အကောင်းဆုံးထက် ကောင်းမှ
မင်း ချစ်လိုက်အုံး...

တေးရေးက မင်းချစ်သူပါ။ တေးဆိုက ဇော်ဝင်းထွဋ်ပါ။ အချစ်များ သူ့ဆီမှာ... သီချင်းကို နားထောင်ရင်း အဲဒီစီးရီးထဲမှာပါတဲ့ အစမ်းသပ်ခံ အသည်းနှလုံးဘက်ကို ရောက်သွားတယ်။ သီချင်းစာသားတွေကို ကြိုက်လို့ ခဏခဏ ဆိုငြီးမိနေတယ်။ နွေနေပူမှာ ဖြတ်ကျော်လာဖူးမှ ဆောင်းနှင်းကလေးများအား ပိုမြတ်နိုးမယ်... ဆိုတာကို အတော်လေး ကြိုက်မိတယ်။ နွေရာသီရဲ့ အပူဒဏ်ကို ကြုံလာတဲ့အခါမျိုးမှာ ဆောင်းရာသီက နှင်းမှုန်ဖွဲဖွဲလေးတွေကို ပြန်လည်တမ်းတ တန်ဖိုးထားမိမယ်။ နီးလွန်းရင် မမြင်... ဆိုသလိုမျိုး ကိုယ့်အနားမှာ ရှိနေတဲ့အရာတွေကို တန်ဖိုးမထားခဲ့တဲ့သူတွေ အဲဒီအရာတွေနဲ့ ဝေးနေတဲ့အခါမျိုးမှာ နောင်တတွေနဲ့အတူ လွမ်းဆွေးနေမှာကို မြင်ယောင်မိတယ်။

အခုတလော ဘာဖြစ်နေလို့ ညာဖြစ်နေလို့ ဒီသီချင်းကို ကြိုက်ရသလဲဆိုရင်... အထွေအထူး အထူးတလည် မှတ်ချက်ပေးစရာ မရှိပါဘူး။ အစမ်းသပ်ခံတဲ့ အသည်းနှလုံးရှိကြောင်း ကြော်ငြာဝင်တာလည်း မဟုတ်ပါဘူး။ ရွေးကောက်ပွဲရှိလို့ ချစ်ချစ်ကို စည်းရုံးရေး ဆင်းတာလည်း မဟုတ်ရပါဘူး။ အားလုံး အဆင်ပြေ အိုခေပါတယ်။ ဒါကြောင့် စုံစမ်းမေးမြန်းခြင်း သည်းခံပါ... လို့ပဲ ရေးလိုက်ပါမယ်။ ကျုပ်တို့က စုံစမ်းတာတော့ မဟုတ်ပါဘူး။ စပ်စုချင်တာပါလို့ ပြောလာမယ်ဆိုရင် စပ်စုတာလည်း မကြိုက်ကြောင်း တစ်ခါတည်း ပြောခဲ့ပါမယ်။

13 comments:

  1. ကြိုက်စရာရှိလို့ကြိုက်ရတာပေါ့။ အကြောင်းမဲ့ ဘယ်ကြိုက်လို့ရပါ့မလဲ။ အကြောင်းကို ရျှိရမယ်။ မကြိုက်လဲမေးရမှာဘဲ ဘာဖြစ်လို့ကြိုက်တာတုံး။ ကြိုက်ကြိုက်မ ကြိုက်ကြိုက် မေးစရာရှိ မေးရမှာဘဲ မေးမှာကို မကြိုက်ရင် ဘာဖြစ်လို့ကြိုကိကြောင်း တင်ထားသေးလဲ။

    ReplyDelete
  2. ဟာဒီမာမီတော့ ခလေးစိတ်ဆိုးအောင်လိုက်စနေတယ်။
    စိတ်ဆိုးပြီး ပလာတာတကယ်လိုက်ကျွေးနေဦးမယ်...

    ReplyDelete
  3. ဒီတခါတော့ ကဗျာစပ်ထားတယ် ထင်နေတယ် သီချင်းဖြစ်နေတယ်။ အစမ်းသပ်ခံစရာမလိုတဲ့ ချစ်သူလေး ရှိပြီးသားမှန်းသိနေတော့ ဘယ်သူ့အစမ်းသပ်မှ ခံစရာ မလိုတော့ဘူးဆိုတာလည်း သိလို့ ဘာမှ မမေးတော့ပါဘူး။ လာဖတ်သွားတေယ်ဆိုတာပဲ အကြောင်းကြားခဲ့ပါတယ်နော့်။ Public Health in Myanmar က C-Box ကို စာလုံးရေ နည်းနည်းပိုဝင်အောင် ချဲ့လို့ရရင် ချဲ့ပေးဖို့တော့ တောင်းဆိုချင်တယ်။

    ReplyDelete
  4. ကြိုက်လို့ တင်တဲ့ သီချင်းကို ဘာဖြစ်လို့ ကြိုက်တာလဲ လို့ မေးရင် ဘာဖြစ်လို့ မကြိုက်တာလဲ။ ဘာဖြစ်လို့ ကြိုက်တာလဲ လို့ မေးတာကို မကြိုက်ဘူးဆိုရင် ဘာဖြစ်လို့ ကြိုက်တာပါ ဆိုတဲ့ အကြာင်းကို တခါတည်း ရေးပြီး တင်ပေးထားလိုက်ပေါ့။ ဒါဆို ဘာဖြစ်လို့ ကြိုက်တာလဲ လို့ ဘယ်သူကမှ ကြိုက်ကြိုက် မကြိုက်ကြိုက် လာမေးတော့မှာ မဟုတ်ဘူး :P

    (မမ KOM လို လိုက်ရေးကြည့်တာ။ ကိုယ့်ဘာသာတောင် ရေးပြီး မျက်စေ့လည်တယ်)

    ReplyDelete
  5. ဖတ်တဲ့လူလည်းလည်သွားတယ်.ရိတာ

    ReplyDelete
  6. ဘာလို့ လည်းလို့ မေးတာကို ကြိုက်ကြိုက် မကြိုက်ကြိုက် မမေးဘူး။
    ကြိုက်လို့ တင်တင် မကြိုက်လို့ တင်တင် ကိုယ့်ကိစ္စပဲမှလား။
    စုံလည်းမစုံစမ်းဘူး စပ်လည်းမစပ်စုဘူး ။ အဲဒါတွေ မကြိုက်တာခြင်းလည်း အကြိုက်ခြင်းတူတယ်။
    အမလေး ..ကျိုက်ထီးရိုး ၊ ကျိုက်ကလော့ ..ဘုရားတွေသတိရလာပီ။

    ReplyDelete
  7. i still think it's sacrificial heart.. hiakz

    ReplyDelete
  8. ခုလောလောဆယ်တော့ ဆောင်းနှင်းဖွဲဖွဲတွေ များလွန်းလို့ နွေနေပူပူလေး တောင်းတနေတယ်

    ReplyDelete
  9. ပိုစ့်တင်တယ်ဆိုကတည်းက တစ်ခုခုတော့ တစ်ခုခု ဖြစ်ရမယ်လေ။ ဟုတ်ဖူးလား July Dream
    စပ်စုတာတော့ မကြိုက်ပါဘူး။ စူးစမ်းတာတော့ သဘောကျ တယ်။း))

    ReplyDelete
  10. ရွာပြန်ပြီး ကာရာအိုကေ ဆိုပစ်ချင်စိတ်တောင်ပေါက်သွားတယ်..အဟဲ

    ReplyDelete