Thursday, April 1, 2010

We do at April Fool



ဧပြီ ၁ ရက်နေ့ဆိုတာ အပျော်သဘောနဲ့ အရူးလုပ်တဲ့နေ့ပေါ့။ အပြောင်အပျက်တွေ သတင်းအမှားတွေ ပေါက်ကရတွေ ပြောကြ၊ ချောက်ချကြ၊ ယုံတဲ့သူကို ဝိုင်းဟားကြပေါ့။ ဒါကြောင့် လူငယ်တွေကြားမှာတော့ ပျော်စရာရက်လေး တစ်ခုပေါ့။ ဒါပေမယ့် ပျော်စေပျက်စေ ကျီစယ်တဲ့နေရာမှာ ပျော်စေဖြစ်တာ ကောင်းပေမယ့် ပျက်စေဖြစ်တဲ့အထိ မလုပ်မိအောင်တော့ ထိန်းကြရမှာပဲလေ။

လူငယ်တွေဆိုတဲ့အတိုင်း ပျော်ချင်ပါးချင်ကြတယ်။ ဟီးဟီးဟားဟား လုပ်ချင်ကြတယ်။ လက်ရှိဘဝလေးကို ပေါ့ပေါ့ပါးပါးလေး နေချင်ကြတယ်။ ဧပြီဖူးလ်နေ့မှာ လူငယ်တွေ အရူးလုပ်ချင်ကြတယ်။ အရူးက တမူးသာ ဆိုသလို ရူးတာကနေ ထူးတာလေး ဖြစ်သွားကြရင် ပိုတောင် ကောင်းမလားပဲလေ။ ဒီလိုနဲ့ပဲ လူငယ်တစ်စု ဧပြီဖူးလ်နေ့ကို ထူးဖို့အတွက် ရွေးလိုက်ကြတယ်။ ဒို့တတွေ စုပြီးသွေးလှူကြရအောင်လား။ အင်တာနက်မှာ လူငယ်အချင်းချင်း ချိတ်ဆက် သတင်းပေးကြတယ်။ သွေးလှူဖို့ တိုက်တွန်းပေးတယ်။ ဂျာနယ်ကလည်း သတင်းယူသွားတယ်။

ဆေးရုံတွေမှာ သွေးလှူရှင် ရှာရခက်တဲ့ ဒုက္ခကို လူနာရှင်တွေ အသိဆုံးပါ။ သွေးလိုနေတဲ့ ဝေဒနာရှင်ရဲ့ ဒုက္ခနဲ့ သွေးရှာနေတဲ့ လူနာရှင်ရဲ့ သောကပင်လယ်ကြားမှာ သွေးလှူရှင်တစ်ယောက်ဟာ ကယ်တင်ရှင်တစ်ပါးလိုပဲ။ ဒါပေမယ့် မြန်မာပြည်မှာ သွေးလှူတဲ့ အလေ့အထ အတော်ကို နည်းပါးပါတယ်။ အလှူအတန်း ရက်ရောလှတယ် ဆိုတဲ့ မြန်မာပြည်သားတွေ သွေးလှူဖို့ကိုတော့ နည်းနည်းတွန့်နေကြပါတယ်။ ဘယ်လို သွေးလှူရမလဲဆိုတာ မသိတာလည်း ဖြစ်နိုင်သလို သွေးလှူတာနဲ့ ပတ်သက်ပြီး အယူအဆ အမှားတွေ ရှိနေတာလည်း ဖြစ်နိုင်ပါတယ်။

သွေးလှူတယ်ဆိုတာ ထပ်ကာတလဲလဲ ပြုလုပ်လို့ရတဲ့ ဇီဝတဒါနဆိုတာ လူငယ်ထုကြားမှာ သိစေချင်တယ်။ သွေးလှူဖို့ မခက်ဘူး၊ သွေးလှူရှင်ဖြစ်ဖို့ မခက်ဘူး ဆိုတာ နားလည်စေချင်တယ်။ ဘွဲ့ထူးဂုဏ်ထူးတွေ ရထားဖို့ မလိုဘူး။ လူကြီးသားသမီး ဖြစ်ဖို့ မလိုဘူး၊ ကားရှိဖို့ ဖုန်းရှိဖို့ မလိုဘူး။ အသားဖြူဖို့ ရုပ်လှဖို့ မလိုဘူး။ ဒါပေမယ့် ကျန်းမာရေးကောင်းဖို့နဲ့ ရောဂါပိုးမရှိ သန့်စင်တဲ့ သွေးဖြစ်ဖို့တော့ အရေးကြီးတယ်။ သွေးလှူရှင်တစ်ယောက် ဖြစ်ပြီဆိုရင် ကျန်းမာရေးလည်း ကောင်းနေတယ်လို့ လက်မထောင် ပြောလို့ရပြီ။

ဒီနေ့တော့ သွေးလှူရှင် ၃၄ ယောက် သွေးလှူဖြစ်ခဲ့တယ်။ အများစုက တစ်ခါမှ မလှူဖူးသေးတဲ့ လူငယ် သွေးလှူရှင် အသစ်စက်စက်တွေပါ။ လူငယ် သွေးလှူရှင်အသစ်တွေ ပါလာတာက တကယ့်ကို ကောင်းတဲ့ လက္ခဏာပါ။ လူငယ်ဆိုတာ တက်ကြွလန်းဆန်းသလို သူတို့ဆီက သွေးသန့်သွေးကောင်းရနိုင်ဖို့ အခွင့်အရေး ပိုများပါတယ်။ လူငယ်ဆိုတော့ နောက်ထပ် အကြိမ်များစွာ သွေးလှူဖို့ အခွင့်အလန်းတွေ ရှိနေပါတယ်။ သွေးလှူရှင်ဖြစ်သွားတဲ့ လူငယ်တစ်ယောက်ဟာ သူ့ရဲ့ကျန်းမာရေး အမူအကျင့်တွေကို စောင့်ရှောက်နိုင်သမျှ ရောဂါပိုး ကင်းစင်တဲ့ သွေး ဆက်လက် လှူနေနိုင်မှာပါ။

ဧပြီဖူးလ်နေ့မှာ ပထမဆုံးအကြိမ် စုပေါင်းသွေးလှူပွဲကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါပြီလေ။ လာရောက် သွေးလှူဒါန်းပေးသွားသော စေတနာသွေးလှူရှင်လူငယ်များ၊ စုပေါင်းသွေးလှူဒါန်းပွဲအတွက် စီစဉ်ပေးသော သင်္ဃန်းကျွန်းစံပြဆေးရုံအုပ်ကြီး၊ သွေးလှူဘဏ်နှင့်ရောဂါဗေဒတာဝန်ခံဆရာမ ဒေါက်တာဒေါ်အေးအေးဝင်း၊ သွေးလှူဘဏ်ဦးစီးနှင့် သွေးလှူရှင်များကို စေတနာဖြင့် ကျန်းမာရေးစစ်ဆေးပေးသော တာဝန်ခံဆရာဝန်များ၊ အားဆေးနှင့် လက်ဆောင်ပစ္စည်းများ စီစဉ်ပေးသော ဆေးကုမ္ပဏီများ၊ အကျွေးအမွေးကိစ္စ အရပ်ရပ်အတွက် စီစဉ်ပေးသော ဆေးရုံဝန်ထမ်းများ၊ သွေးဘဏ်ဝန်ထမ်းများ၊ ပြည်တွင်းပြည်ပမှ အလှူရှင်မိတ်ဆွေများ၊ ဝိုင်းဝန်းကူညီ လုပ်အားပေးသွားသော လူငယ်များကို ဧပြီအရူးနေ့မှာ ထူးအောင် လုပ်သွားကြတဲ့အတွက် ဂုဏ်ယူမိပါကြောင်း.... ပြောလိုက်ချင်ပါရဲ့ဗျာ။

21 comments:

  1. အိုးးးး
    ၃၄ ယောက်တောင် ဟုတ်လားးး
    ပျော်စရာကြီးးး
    ဂုဏ်ယူပါတယ် Raven.
    ရှေ့ဆက်ပြီး အောင်မြင်မှုကို
    ထိန်းသိမ်းနိုင်ပါစေ။

    ReplyDelete
  2. လေးစားဂုဏ်ယူပါတယ် ... လှုချင်တဲ့အချိန် လှုနိုင်ရအောင်လို့ သွေးလှုရှင်များ အားလုံး ကျန်းမာကြပါစေ ...

    mie nge

    ReplyDelete
  3. ကောင်းပါလေ့။

    ReplyDelete
  4. မြန်မာပြည်မှာသွေးလှူတဲ့အလေ့နည်းတာမဟုတ်ပါဘူး။
    ရှိပ။ ကျူပ်လူမှန်းသိကတည်းကလှူတာ။
    လှူတော့သိတယ်။သွေးဆိုတာ ၆လတကြိမ် ပြန်အားပြည့်တာ. ပိုကောင်းတယ်ဆိုတာသိတယ်။
    ကျုပ်သွေးလှူတာ လှူချင်လို့လှူတာဖြစ်တဲ့အတွက် ဘယ်လောက် ဘယ်၂ကြိမ်ကို ဂရုစိုက်ခဲ့တာမဟုတ်ဘူး။
    ကျုပ်ဂရုစိုက်တာတခုပဲ..အဲတာဘာလဲဆိုတော့ ကိုယ်ကလှူလိုက်တာ .. အလှူရှင်ဆီကို ဘယ်လိုဘယ်ပုံရောက်သလဲဆိုတာကို စိတ်ဝင်စားတာ။ ကိုယ်အလီလီလှူပီးတဲ့ အခါမှာ ကိုယ်ကြာားရတဲ့ သတင်းက ဆေးရုံတွေမှာ ကိုယ်တို့လှူထားတဲ့ သွေးကို အလှူရှင်တွေဆီ ပြန်ရောင်းသတဲ့။ အဲဒီသတင်းကို ကျုပ်ကြားပီးကတည်းက အဲလိုအဖွဲ့တွေမှာ လှူဖို့ မစဉ်းစားတော့ဘူး။ အဲဒါပေမဲ့ တိုက်ရိုက် အလှူရှင်တွေလိုပီဆိုရင် တော့ ကိုယ်ကတော့ အချိန်မရွေးပဲဆိုပီး ကြွေးကြော်နေဆဲပဲ။ ကိုယ်ဘာပြောချင်တာလဲ ဆိုတာ သဘောပေါက်လား ဂွစာ။

    လိုနေတဲ့အချိန်မှာ လိုနေတဲ့သူကို တိုက်ရိုက်လှူချင်တယ်။
    ပီးတော့ ဘယ်နှစ်ကြိမ်သွေးလှူခဲ့တယ်ဆိုတဲ့ မှတ်ချက်ထက် ကိုယ်က တကယ်လိုနေတဲ့သူဆီသွေးလှူလိုက်ရတဲ့ ပီတီကိုပဲ စားသုံးခြင်းတယ်။
    ကိုယ်ဒီနိုင်ငံမှာတော့ သွေးလှူဖို့ကြိုးစားနေပေမဲ့ ခုထိတော့ မအောင်မြင်သေးဘူး။ ကိုယ်နဲ့တွေ့တဲ့ ဆရာဝန်ညံ့လို့ ကိုယ့်သွေးကြောမရှာနိုင်သေးလို့ပဲ။
    ဒီနိုင်ငံကတော့ ကိုယ်လှူတဲ့သွေးကို လူနာရှင်ဆီတော့ မရောင်းစားဘူးလို့ ကိုယ်ထင်တယ်။

    ဒါပဲ ဂွစာ။

    ReplyDelete
  5. ချီးထုပ် စူး...
    တချို့ဟာတွေကို မပြင်နိုင်သရွေ့ ပြင်ဖို့ မကြိုးစားသရွေ့အချိန်မှာ ညည်း ခံယူချက်နဲ့ သွေးမလှူပဲ နေမယ်ဆိုရင် သွေးမရလို့ သေရမယ့်လူနာက ညည်းအမျိုး မဟုတ်ရင် ညည်းအတွက် အေးဆေးပဲလေ။

    တခါတလေ တလွဲမာနတွေကို ခဝါချပစ်ရတယ်ဟ။ ကိုယ့်ခံယူချက်က မှန်ပေမယ့် ခေတ်စနစ်ကြီး မကောင်းသရွေ့ ကြားထဲကနေ သားကောင်တွေ ဖြစ်နေရတဲ့ လူနာတွေက ဥမမယ် စာမမြောက် ကလေးတွေ ဖြစ်နေတာ ကျုပ် တွေ့ပြီးကတည်းက တချို့မာန်တွေ အားမတန်လို့ လျှော့ခဲ့ရတယ်ဆိုတာ ဝန်ခံတယ်။

    မင်း ဘာကောင်လည်း ငါ ဘာကောင်လည်း ခြေရာတိုင်းနိုင်တဲ့ နေရာမှာတောင် ရို့ရို့ကျိုးကျိုးလေး နေပေးခဲ့ရတယ်။ လှူပေးရတဲ့သူက ဆရာခေါ်ရတဲ့ ကိစ္စတွေ၊ ရွာသားဘုရား သူကြီးကောင်းမှုလို ကိစ္စတွေ သိတယ် မဟုတ်လား။

    သူများကို လက်ညိုးထိုးရတာ လွယ်ပါတယ်ဟာ။ မင်းကြောင့် နင့်ကြောင့်... နင်မှ အသုံးမကျတာ နင်က လူညစ်... ပြောရတာ သိပ်လွယ်တာပေါ့။ ဒါပေမယ့် ကောင်းအောင် ဘယ်လိုလေး ပြင်မလဲ။ အဲဒီမှာ ခက်ချေပြီ။ မင်္ဂလာသုတ်အတိုင်း နေကြရင် ကောင်းမယ်ဆိုတာ ငယ်ငယ်ကတည်းက သိတယ်။ အဲဒီလို နေနိုင်တဲ့သူ ရှိတော့ ရှိတယ် ဒါပေမယ့် ရှားတယ်ဆိုတာ ဟုတ်တယ် မဟုတ်လား။

    ကဲ... သွေးပွဲစားတွေကို ထောင်ချမလား။ တရားစွဲမလား။ နပ်စ်တွေ ဆေးရုံဝန်ထမ်းတွေကို အလုပ်ဖြုတ်မလား။ အဲဒါတွေ လုပ်လို့ သွေးလုပ်ငန်းကြီး ပိုကောင်းသွားရင် မြန်မာပြည်က အကျဉ်းထောင်တွေ နိုင်ငံရေးအကျဉ်းသား မဟုတ်တဲ့ လူတွေနဲ့တင် ပြည့်နေမှာပဲ။ သူတို့တတွေ ထောင်က ထွက်လာရင်ရော ပြန်ကောင်း သွားမယ် ထင်သလား။ မူရင်းဖြစ်စဉ်နဲ့ အဖြေကို ရှာကြည့်ပါ။ Revolution and Evolution ကို ညည်းလည်း နားလည်ပါတယ်လေ။ ဘုန်းကြီး စာမချနေတော့ဘူး။ ဟုတ်ပြီလား။ =)

    အခု သွေးလှူနေတဲ့သူတွေရော သွေး ဘယ်နှကြိမ်လှူပြီးပြီ ဆိုတာ ဂရုစိုက်တယ် ထင်သလား။ မြန်မာပြည်မှာ အလွန်ဆုံးရလှ လူမှုထူးချွန်ဆုပဲ ရှိတယ်။ သွေးလှူတဲ့အကြိမ် ၅၀ အထက်မှ ရတာ ထင်တယ်။ ဒါတောင် မြို့နယ်ဦးစီးမှူးက ထောက်ခံ တင်ပြပေးတဲ့သူကိုမှ ပြန်ရွေးသေးတာ။ အလိုအလျောက် ဂုဏ်ပြုခံရတာ မဟုတ်ဘူး။ ဆိုင်ရာပိုင်ရာ အကပ်တွေလည်း လိုသေးတယ်။

    နောက်တစ်ခု သွေးလှူရှင်အဖွဲ့တွေက သွေးရောင်းစားတယ် ဆိုတာ... ညည်း ချီးကို ဝါးလုံးထိပ်မှာ သုတ်ပြီး သိမ်းကျုံးရမ်းတာပဲ။ ရန်ကုန်မှာ သွေးလှူရှင် အဖွဲ့အတွေ အများကြီးပဲ။ သွေးလှူရှင် အဖွဲ့ဆိုကတည်းက သွေးလှူတာ။ သွေးရောင်းတာ မဟုတ်ဘူး။ ဒါပေမယ့် အဖွဲ့အစည်းတိုင်းမှာ စုန်းပြူးတွေ ရှိတယ်။ တယောက်တလေ မကောင်းတာကို တဖွဲ့လုံး လုပ်တယ်လို့ မြင်ပေးလို့ မရဘူး။

    ဂျပန်ခေတ်မှာ ငပုတွေ မြန်မာမတွေကို ဘာလုပ်ခဲ့သလဲ။ ပြန်စဉ်းစားလိုက်လေ။ အဲဒီလို ငပု တကောင် မကောင်းတာနဲ့ ဂျပန်က ကောင်တွေ အားလုံး နှာဘူးတွေ၊ မုဒိန်းကောင်တွေ၊ ဖင်တုံးလုံးနဲ့ ရေချိုးတဲ့ သောက်ရှက်မရှိတဲ့ကောင်၊ အရိုင်းအစိုင်းကောင်လို့ ဘယ်ပြောလို့ ဖြစ်မလဲ။ မဟုတ်ဘူးလား။ ဂျပန်တွေ ချစ်ဖို့ ကောင်းတယ်ဆိုတာ ညည်းအသိဆုံးပါလေ။ အဟက်...

    နောက်တစ်ခုက ညည်းက သတင်းကြားတာပဲ ရှိတယ်။ ဆေးရုံတွေကို ခဏခဏ ရောက်ပြီး ဒါမျိုးတွေကို မြင်နေ တွေ့နေရတဲ့ ကျုပ်တို့လောက် သိနိုင်မယ် မထင်ဘူး။ ဒါမျိုးတွေ သိနေ တွေ့နဲ့တဲ့ ကျုပ်တို့တောင် ဒါမျိုးတွေ နည်းနိုင်သမျှ နည်းသွားအောင်... စေတနာ သွေးလှူရှင်တွေ ပေါ်ထွန်းလာဖို့ ကြိုးစားနေတာ ဘာဖြစ်လို့ ညည်းက မာန်မာနတွေ ခဝါမချနိုင်သေးတာလဲ။ စေတနာသွေးလှူအဖွဲ့တွေ များများ ပေါ်လာလေ သွေးရောင်းတဲ့ ကိစ္စတွေ နည်းသွားနိုင်မယ်လေ။

    မြန်မာပြည်မှာ သွေးလှူတာ နည်းလား မနည်းလား ဆိုတာ သိချင်ရင် ညည်းနဲ့ ကျုပ် တရက်လောက် မြန်မာပြည် ပြန်ပြီး သွေးဘဏ် တာဝန်ခံ ဆရာမ ဒေါက်တာသီတာအောင်နဲ့ သွားတွေ့ကြမယ်လေ။ အချိန်မရှိဘူးဟာ ဆိုရင်လည်း country presentation လုပ်ထားတဲ့ slide show တွေ အင်တာနက်မှာ ရှာကြည့်ပါ။ ဖတ်ကြည့်ပါ။ လေ့လာပါ။

    ကဲ... ချစ်တဲ့စိတ်နဲ့ ရှင်းပြတာပါ။ အမြင်တွေ ရှင်းလင်းစေချင်တယ်။ အမှောင်တွေ ဖုံးနေတဲ့ အသိတရားကို လင်းထင်းစေချင်တယ်။ အခုလောက်ဆို နားလည် ခံစားတတ်မယ် ထင်ပါတယ် ချီးထုပ်။

    Snack တွေ စားတာ ဝတယ်ဆိုတာ သိရဲ့သားနဲ့ စိတ်အလိုကို လိုက်ပြီး ဆက်မိုက်နေရင်တော့ အမိုက်နင့်ပြင် ရှိအုံးမလားကွယ်။ ဟဟ...

    ညည်းရဲ့သူငယ်ချင်း
    ဂွစာဇူလိုင်

    ReplyDelete
  6. nop...
    I didn't say donor organization.
    After donation,they have to give in blood bank,right?????

    After ....then... happening facts what I told to u,ok?

    This one I pointing.

    I didn't say blood brokers. all brokers r in the hospital. I didn't say anything what they are done.

    These days, our country have blood donation groups such as like ur group can find out for patient who need blood .This is better.

    I am not pride in this case.
    If patient needs blood ,their owner can find out ur group. This is better. So, your group should inform in front of hospital.

    We are ready to donate for blood if you need urgently. Contact xxxxxxxx
    That's is better I think in Myanmar.

    Most of donors want to get satisfy for their blood donation to patients.
    Because , if someone donate for patients . He/she donated naw.They didn't see anyone get their blood,right??/

    In that case.....
    what will happen in blood bank.

    Even in blood bank,they have a lot of bloods .But..they need money, so.. patients have to buy for getting blood.
    Don't say.it never happened.I met such kind of case,right?

    Do u know what i mean???

    Hon.. Lada .

    Nae Ohn mae.

    ReplyDelete
  7. ဂုဏ်ယူပါတယ်။ သွေးလှူရှင်များ ကျန်းမာရွှင်လန်းကြပါစေ။

    ReplyDelete
  8. အဟမ်း
    ကွန်မန့်တွေ ဖတ်ပြီး ဘာပြောရမှန်းတောင် မသိတော့ဘူး။

    ဂုဏ်ယူပါတယ်။ လိုနေတာတွေဟာ လိုနေတဲ့လူတွေ လက်ထဲ တကယ်ရောက်ပါစေ။ (ခက်တာက သွေးဘဏ်က ဝန်ထမ်းတွေလည်း ငွေလိုနေကြလား မသိဘူးလို့ တဆက်တည်း တွေးမိသွားတယ်)

    ReplyDelete
  9. ဘာပဲဖြစ်ဖြစ် ၀မ်းသာတယ်။ တကယ်သွေးလိုနေတဲ့သူတွေအများကြီးပဲတွေ့နေရလို့ အမြဲစိတ်မကောင်းဖြစ်နေရတယ်။
    သွေးလှူရှင်များကို သာဓုခေါ်ပါတယ်။
    ပိုစ့်တင်ပေးတဲ့July Deam ကိုလည်း ကျေးဇူးပါ။
    အဆင်ပြေပျော်ရွှင်ပါစေ။

    ReplyDelete
  10. Generally, there are 3 kinds of blood requested for the patients.
    1) Fresh Blood -- It can be distributed by simple blood container ( For example- Glass Bottle)
    2, 3) Packed cells and Plasma-- It can only be stored and distributed by special container ( Expensive Bags)

    For number 1 Blood bank can distribute free of charge to the patients.
    For number 2 and 3 they ask attendants( patient' relatives) for the price of bag ( not for blood)
    For number 2 and 3 , if the patient unable to pay, in-charge from ward produces a letter for free of charge and request to blood bank.

    For these special bags, blood bank need to buy from private company.

    ReplyDelete
  11. MinSuAung ပြောပြသွားတဲ့ အချက်တွေကလည်း အမှန်ပါပဲ။ ဆေးရုံမှာ သွေးဘဏ်က ငွေတောင်းတယ် ဆိုတာ သွေးအိတ်ဖိုးတွေ သွေးစစ်ခတွေလည်း တောင်းတာမျိုး ရှိတတ်ပါတယ်။ လူတွေက သွေးဘဏ်ကနေ သွေးကို အလကား ရမယ်လို့ မျှော်လင့်ထားပေမယ့် သူတို့ မသိတဲ့ ကုန်ကျစရိတ်ကို ပြန်လည် တောင်းခံတဲ့အခါမှာ သွေးရောင်းတယ် ဆိုတဲ့ အသံတွေ ထွက်လာတတ်ပါတယ်။

    ဒါပေမယ့် သွေးရဖို့အတွက် လူနာရှင်ဆီက ပိုက်ဆံတောင်းတဲ့ ကိစ္စအချို့လည်း တချို့နေရာတွေမှာ ရှိနိုင်ပါတယ်။ သွေးတပုလင်း ယူရင် သွေးတပုလင်း အစားထိုး ပြန်လှူခိုင်းတာလည်း ရှိပြန်တယ်။

    စေတနာ သွေးသန့်အလှူရှင်တွေ နိုင်ငံတဝှန်း များများစားစား မပေါ်ထွန်းသရွေ့တော့ တချို့နေရာတွေမှာ ခြကိုက်ထားတဲ့ ဟာကွက်တွေ ရှိနေအုံးမှာပါဗျာ။

    ReplyDelete
  12. ဂျေဒီ့ပို့စ်တွေဖတ်ပြီး..သွေးလှူချင်စိတ်ပေါက်လာတယ်..
    တစ်ခါမှတော့မလှူဖူးပါ..။။

    ReplyDelete
  13. လှူတဲ့သွေး သွေးလှူဘဏ်မရောက်လို့ ပိုက်ဆံထုတ်ချေးတဲ့ဘဏ်ကိုရောက်မလား။ လူနာကိုတိုက်ရိုက်လှူတယ်ဆိုတာ ကောင်းပါတယ်။ လုပ်နေကြတာပဲ။ ဒါပေမဲ့ တကွက်တည်းကို စဉ်းစားမိပြီးပြောတာဆိုရင်တော့ မှားမယ်။ သွေးလှူရှင်တွေဆိုတာ အမြဲတမ်းအားယားနေတဲ့သူတွေမဟုတ်ကြပါဘူး။ သူတို့မှအချိန်နဲ့ အခြေအနေတွေလည်းရှိကြပါတယ်။ ရုတ်တရက်သွေးလိုလို့ ဖုံးဆက်ခေါ်တိုင်းသွားပေးနိုင်မဲ့ အလှူရှင်တွေရှိသလို၊ မသွားနိုင်တဲ့သူတွေလည်းရှိပါတယ်။

    ဒီလိုဆိုတခုမေးမယ်နော် စိတ်မဆိုကြေး အဲဒီလိုဖုံးဆက်လို့ သွားလှူတယ်ဆိုတာ အချိန်ကြန့်ကြာမှု ရှိနိုင်တယ်။ သွေးလှူရှင်ရှာ သွေးလိုတဲ့ဆေးရုံသွား။ သွေးမလှူခင်ပိုးစစ်၊ အမျိုးအစားစစ်၊ grouping and matching လုပ် ဒါတွေအတွက်အချိန်တွေပေးရတယ်။ သွားလာချိန်မပါပဲ တွက်မယ်ဆိုရင်တောင် အနည်းဆုံး ၁ နာရီလောက်ကိုကြာတယ်။ ဒီလိုဆိုချက်ချင်းသွေးလိုတဲ့သူတွေ စောင့်နိုင်မလား။ အကုန်သေကုန်လိမ့်မယ်။ သွေးကို သွေးဘဏ်မှာထားခြင်းဟာ ရုတ်တရက်လိုအပ်တဲ့လူနာတွေကို ထုတ်ပေးဖို့ပါပဲ။ ပြန်တောင်းတယ်ဆိုတာကလည်း သွေးဆိုတာအမြဲလိုအပ်နေတဲ့အတွက် အဆင်သင့်ပြန်ဖြစ်အောင်တောင်းကြတာပါပဲ။ ပြဿနာအရင်းမြစ်ကိုရှာမယ်ဆိုရင် စနစ်မှာချို့ယွင်းချက်ရှိသလို။ သွေးလှူရှင်နဲ့ သွေးလိုအပ်ချက်မမျှတသေးပါဘူး။ သွေးလိုအပ်လို့သေဆုံးသွားတဲ့သူတွေလဲ ဒုနဲ့ထေးပါပဲ။

    သွေးဘဏ်ဝန်ထမ်းတွေ ပိုက်ဆံယူတယ်ပိုက်ဆံယူတယ်ဆိုတာ ကိုဂျူလိုင်ပြောသလို ဆေးစစ်ခ၊ သွေးအိတ်ခတွေလည်းဖြစ်နိုင်ချေအများကြီးရှိပါတယ်။ သွေးလှူရှင်က သွေးလည်းလှူရ၊ ပိုက်ဆံလဲစိုက်ရဆိုသိပ်တော့ သဘာဝမကျသေးဘူး။ အဲဒီလိုမဟုတ်ပဲ သွေးလှူရှင်ရှာပေးမယ် ဘယ်လောက်ပေးဆိုပြီးရောင်းစားတာ ၊ ပွဲစားလုပ်တာတွေလည်း အများကြီးရှိပါတယ်။ ဆိုလိုတာက မျက်လုံး ၁ ဘက်တည်းနဲ့ဘောင်ကျဉ်းကျဉ်းလေးကိုမကြည့်ပါနဲ့။ အတွေးအခေါ်လေးနည်းနည်းဖြန့်ကျက်ပြီးတွေးပေးပါ။ မှားနေရင် ရှုံ့ချနေမဲ့အစား။ ပြင်ဆင်ဖို့ကြိုးစားတာဟာ တန်ဖိုးချင်းမတူပါဘူး။

    စူး ပြောသလသိာု သွေးလှူရှင်တွေကို တိုက်ရိုက်သာလှူတဲ့စနစ်ပဲအကောင်းဆုံးလို့ဆိုကြပါစို့။ ဖြစ်လာမဲ့အကျိုးဆက်တွေကို ကိုယ်တိုင်ပဲ စဉ်းစားကြည့်ဖို့တိုက်တွန်းပါတယ်။

    နောက်တခုက သွေးလှူတဲ့သူတွေဆိုတာ ဘာမှပြန်လိုချင်လို့ လှူတာမဟုတ်ပါဘူး။ လှူတယ်ဆိုတာနဲ့ ရောင်းစားတယ်ဆိုတာ တော်တော့်ကိုကွာပါတယ်။ ငါဘယ်နှကြိမ်လှူထားတယ်ကွဆိုပြီး ဖြစ်ချင်လို့လှူတာမျိုးမရှိပါဘူး။ လှူရင်းဖြစ်သွားတဲ့ အရေအတွက်ကို ဂုဏ်ယူပြီးပြောတာပဲရှိတယ်။ သူတို့ဟာ "၀" ရှိလို့ "၀ိ" လုပ်နိုင်တဲ့သူတွေပါ။ ကြွားဝါတယ်ဘယ်သူမှမကြိုက်ပါဘူး။ ဒါပေမဲ့ သွေးဘယ်နှခါလှူဒါန်းဖူးတယ်ဆိုတာကို ကြွားရင်လက်မခံနိုင်တဲ့သူလောက် မနာလိုဖြစ်တဲ့သူ ကမ္ဘာပေါ်တော်တော်ရှားပါလိမ့်မယ်။

    ReplyDelete
  14. သွေးလှူတာ ကောင်းပါတယ် ။ အနဲဆုံးတော့ လှူတဲ့သူ စိတ်ချမ်းသာ မှာပါပဲ။

    အပြင် Private ဆေးရုံ တွေက သွေးလိုရင် ရန်ကုန် ဆေးရုံကြီး ကဝယ်ရတယ်ဆိုတာလဲ ကြားဘူးတယ်။ ငွေဘယ် လောက်ပဲ ပေးရပါစေ လူ့ အသက်ကယ်ရတယ်ဆိုရင် အဲဒီသွေးက တန်ဖိုးဖြတ်လို့ မရပါ။

    ဒါပေမဲ့လဲ သွေးသွင်းလိုက်တဲ့ အတွက် Cause of death က သွေးထွက်လွန်ပြီး မသေပဲ နဲ့ Heaptits C, HIV နဲ့သေရမယ်ဆိုရင်တော့လဲ မဟုတ်သေးဘူးပေါ့။ မြန်မာမှာတော့ ဒီရောဂါတွေ ဆက်မပြန့်ဖို့ လှူတဲ့ သွေးတွေကို ကျပ်ကျပ် မတ်မတ် screen လုပ်နေပြီလို့ ယုံကြည်ပါတယ်။

    ReplyDelete
  15. သွေးစစ်တဲ့နေရာမှာ အားနည်းချက်တွေရှိနေသေးတာတော့ အမှန်ပါပဲ။ ငွေကြေးနဲ့ သွေးလဲလှယ်တာကိုတော့ တိုက်ဖျက်ဖို့ အားလုံးပူးပေါင်း လုပ်ကိုင်နိုင်ဖို့လိုအပ်တယ်။ မလွယ်ဘူးဆိုတာပဲရှိပါတယ် မဖြစ်လာဘူးဆိုတာတော့ လုံးဝမရှိပါဘူး။ ဘာပဲပြောပြော သွေးလှူဒါန်းတဲ့ သူတွေများလာရင် တနည်းအားဖြင့် လျော့ကျသွားနိုင်တယ်လို့ ယူဆမိပါတယ်

    ReplyDelete
  16. ok, Mr Jade.
    I am so Jealous for those thing,u thought, right.
    It may be ok.

    I wrote down this massage for loudly laughing.

    har har har har...
    I am Jealous to blood donation .

    Har har har har

    How much Jealous me.....har har..
    I never think i am Jealous.

    Har har har

    ReplyDelete
  17. Discussion for blood donation.

    not Jealous.
    Why I am J??/
    Why???

    Some people never say what they r done.
    har har..
    I know July so I say to him for like that.


    har ha..
    I m J.
    woooo..
    funny Jade.

    ReplyDelete
  18. စူး ပြောသလသိာု သွေးလှူရှင်တွေကို တိုက်ရိုက်သာလှူတဲ့စနစ်ပဲအကောင်းဆုံးလို့ဆိုကြပါစို့။ ဖြစ်လာမဲ့အကျိုးဆက်တွေကို ကိုယ်တိုင်ပဲ စဉ်းစားကြည့်ဖို့တိုက်တွန်းပါတယ်။

    This is my desire. I think all ppl have different idea.
    I don't care what u say for those things.

    If those specific group can do systemically,then they can do exactly.
    1) blood group
    2) nearest place
    and so on.
    This may be possible in group.

    Before donation to patient.

    All the interesting member contact to this group. Then group may check donors' health condition.

    (i cannot type more...think yourself , ok..)

    ReplyDelete
  19. ဟုတ်ကဲ့ လူတစ်ယောက်ကို ရယ်အောင် ရေးနိုင်လို့ ကိုယ့်ကိုကိုယ် ဂုဏ်ယူမိပါတယ်ခင်ဗျား :)

    ReplyDelete
  20. ကျွန်တော်တစ်ခုရှင်းပြပါရစေဗျာ ကိုကိုးအိမ်လည်း သွေးလှူခဲ့တာ ကိုးကြိမ်ပြည့်ခဲ့ပါပြီ။ တစ်ကယ်တမ်းက သွေးတွေကို ပြန်ေ၇ာင်းတာမဟုတ်ပါဘူး။ သွေးထုတ်ဖို့အတွက် လိုအပ်တဲ့ အိတ်တွေ အပ်တွေ နောက်ပြီး သိုလှောင်တဲ့အတွက် ကုန်ကျစရိတ်တွေ နောက်ပြီး ဆရာဝန်တွေအတွက်တွေ သွေးစစ်ခတွေ အားလုံးပေါင်းမှ 3000 လောက်ပဲကျတာပါ။ အပြင်မှာသွေးစစ်မယ်ဆို သွေးစစ်ခတင်ကို သောင်းကျော်ကျတာပါ။ ဒိတော့ ရောင်းစားတာလား ကုသိုလ်ဖြစ်လုပ်နေကြတာလားဆိုတာသိဖို့ ကောင်းပါတယ်။ တကယ်တမ်းက အမြင်လွဲနေကြတာပါ။ စူးဆိုတဲ့ အမျိုးသမီးရေ ကိုယ်လှူတဲ့သွေးဟာ တစ်ဖက်သားဆီကို ကောင်းမွန်စွာရောက်အောင် ပို့ဆောင်ပေးနေတဲ့ စေတနာရှင်တွေကို မလေးစားဘဲစော်ကားတာတော့ မကောင်းပါဘူးဗျာ.

    ကိုကိုးအိမ်

    ReplyDelete